October 26, 2011

ငါ့ သွေး ငါ့ မြေ ငါ့ အရည်သွေး ။ အပိုင်း ( 22 )



အခန်း ( 22 )


                       မယ်မြ နှင့် ဒီမိုရာတို့ ခရီးထွက်လာခြင်းသည် ယနေ့ဆိုလျှင် ဒုတိယမြောက်နေ့ ဖြစ် လေသည်။ ဒီမိုရာ သည် ရှေ့မှဦးဆောင်ပြီး ခရီးကို အပြင်းနှင်လျက် ရှိနေရာ ယနေ့ ခရီးအတော် လေးပင် တွင်ခဲ့လေသည်။ သို့သော် မြင်းက တော့ အလွန်ပင်ပန်းရ်ျ နေခဲ့လေသည်။ ထိုသို့ ဖြင့် လွင်ပြင် ၊ တောအုပ် ၊ တောင်ကုန်း ၊ တောင်းတန်း များပေါ်တွင် ခရီး နှင်လာခဲ့ကြရာ ညနေပိုင်း အချိန်သို့ တိုင်ခဲ့ကြလေသည်။ 

                       ဒီမိုရာသည် ခရီးနှင်လာရင်း တောင်ကုန်းမြင့်လေး တစ်ခုသို့ အရောက်တွင် မြင်းကို ခဏရပ်နားကာ ရှေ့ဆက်ရန် ခရီးလမ်းကြောင်း အခြေအနေ နှင့် မိုးကောင်းကင်ကို တစ်ချက် လှမ်း ကြည့်လိုက်လေသည်။ ထို့နောက် အနီးရှိ မယ်မြအား ............

ညီမ .......
ဟိုးက မြင်နေရတဲ့
လွင်ပြင်ကို ဖြတ်ပြီးရင်
နားကြရအောင်
မြင်းတွေ ပန်းနေကြပြီ။

ဟုတ်ကဲ့ပါ ၊ အကို .......

                       ထို့နောက် မယ်မြ နှင့် ဒီမိုရာ တို့သည် ခရီးကို ဆက်လက် ထွက်ခွာလာခဲ့ကြလေသည်။

*********************************

ခံတပ်ဖြူ တိုက်ပွဲနေရာ။


တောက်.........
ရိုင်းလိုက်လေခြင်း။


                        ယုဒီပ နိုင်ငံ၏ ရွှေဓါးကိုင် စစ်သူကြီး လော်ဒီယာသည် တိုက်ပွဲတွင် အကျအဆုံး များ စွာဖြင့် ရှုံးနိမ့် လာခြင်းအတွက် မိမိ စစ်တဲနန်းအတွင်း၌ ခံပြင်းဒေါသထွက်လျက် ရှိနေလေသည်။ ထိုသို့ ရှိနေစဉ် သူ၏ တဲနန်းအတွင်းသို့ စစ်သေနာပတိ ၀က္ကနော် ရောက်ရှိလာလေသည်။ လော်ဒီယာ သည် စစ်သေနာပတိ အား အရိုသေ ပေးလိုက်လေသည်။ ထို့နောက် စစ်သေနာပတိက ...........

မောင်ရင် ........
ဖြစ်ကြောင်းကုန်စင်
ပြောပြပါအုံး။

ဟုတ်ကဲ့။
ခံတပ်မှာ ရန်သူ့တပ်အသစ်တွေနဲ့
စစ်သူကြီး အသစ်ပါ ထပ်မံ ရောက်ရှိနေပါတယ်။
အနောက်ပိုင်းမှာ လှုပ်ရှားခိုင်းထားတဲ့
တပ်ဖွဲ့လည်း ကျဆုံးသွားပါပြီ။
ရန်သူတွေဘက်က ဗျူဟာကျကျ
စီမံ ထားမှုကို ခံလိုက်ရတာပါ။

အင်း ............
ရန်သူ့ ဘက်က
စစ်သူကြီးက
ဘယ်သူတုန်းကွယ့်။

ဆာဂျန်း လို့
သိထားရပါတယ်။

ဘာ ...........
မောင်ရင် ဘာပြောလိုက်တယ်။
ဆာဂျန်း ဟုတ်လား။

ဒီလူက ဘယ်လို
ပြန်ပေါ်လာရတာလဲ။

သူ့ကို သိထားလို့လား။


သိတာပေါ့ကွာ။
ရင်းရင်းနှီးနှီးကို သိတာ။
အရည်ချင်းပြည့်ဝပြီး
တိုက်ရည်ခိုက်ရည် ရှိတဲ့
လူ တစ်ယောက်ပဲ။
ဗျူဟာပိုင်းလည်း
ကျွမ်းကျင်ပိုင်နိုင်မှု
ရှိတဲ့ လူ တစ်ယောက်ပဲ။
ဒီ ခံတပ်မှာ ဒီလူ ရှိနေရင်
တိုက်ရ ခက်ချေပြီ။

မောင်ရင် ........
တပ်ခေါင်းဆောင်တွေကို
စုစည်း လိုက်ပါ။
ပြန်စည်းဝေးရမယ်။
ဗျူဟာ အသစ် ပြန်ချမှတ်ရတော့မယ်။

ကောင်းပါပြီ။
သေနာပတိ
အမိန့်အတိုင်းပါ။

                        ထို့နောက် ယုဒီပနိုင်ငံ၏ စစ်သေနာပတိ ၀က္ကနော်သည် လော်ဒီယာ၏ စစ်တဲနန်း အတွင်း မှ ပြန်လည် ထွက်ခွာသွားလေသည်။

**********************************


                         ညသည် တိတ်ဆိတ်ငြိမ်သက်လွန်း လှနေလေသည်။ ကောင်းကင်၌ ကြယ်တွေ စုံညီ နေသော်လည်း လမင်း ရှိမနေသည့်အတွက် ပြည့်စုံမှုတော့ ကင်းမဲ့နေလေသည်။ တစ်ချက်တစ်ချက် တိုက်ခိုက်လာသော ညလေစိမ်းတွေ ကြောင့် ရာသီဥတုမှာ တစ်စတစ်စ အေးမြလာခဲ့လေသည်။ စခန်းချရာနေရာ၌ အလင်းရောင် နှင့် အနွေးဓါတ်ကို ရရှိစေရန် မီးပုံတစ်ခုကို ဖိုထားပြီး မလှမ်း မကမ်းနေရာတွင်တော့ တစ်နေကုန် ပြေးလွှားနေခဲ့ရသော မြင်းနှစ်ကောင်သည် ကောင်းမွန် စွာ အနားယူလျက် ရှိနေပေသည်။ မီးပုံရဲ့ ဘေး တစ်ဘက်တစ်ချက် စီမှာတော့ လူနှစ်ဦးသည် ညအချိန် ကို ဖြတ်သန်းရင်း အနားယူလျက် ရှိနေကြလေသည်။ ထိုသူတို့မှာ မိန်းခလေး တစ်ဦး နှင့် လူရွယ် တစ်ဦး ဖြစ်ပြီး မယ်မြ နှင့် ဒီမိုရာ လည်း ဖြစ် လေသည်။

                        မယ်မြ သည် တစ်နေကုန် အပြင်းနှင်လာသော ခရီးစဉ်ကြောင့် ညစာ သုံးဆောင်ပြီး ချိန် မှ စကာ စတင် မှေးစက် အနားယူရ်ျ နေလေသည်။ မီးပုံဘေး တစ်ဖက်တွင်တော့ ဒီမိုရာ တစ် ယောက် မအိပ်စက်နိုင်သေးပဲ နောက် တစ်နေ့ လုပ်ဆောင်ရမည့် ခရီးစဉ်အတွက် တွေးတော နေ လေ လျက်ရှိနေ ပေသည်။ ဒီမိုရာသည် အိပ်စက်နေသော မယ်မြ ကို တစ်ချက်လှမ်းကြည့် လိုက် လေရာ ပိုမိုအေးလာသော ရာသီဥတုကြောင့် ခွေခွေလေး အိပ်စက်နေသည်ကို မြင်တွေ့ရလေ သည်။ ထို့ကြောင့် ဒီမိုရာသည် တစ်ချက်ပြုံးလိုက်မိပြီး အနီးရှိ ခြုံထည်တစ်ခုကို ယူကာ မယ်မြအား အသာ အယာ လွှမ်းခြုံ ပေးလိုက်လေသည်။ ဒီမိုရာ ၏ ခြုံထည် လွှမ်းခြုံပေးမှုကြောင့် မယ်မြ သည် အိပ်စက် နေရာမှ နှိုးသွားလေသည်။ ထို့နောက် မယ်မြ သည် ဒီမိုရာအား တစ်ချက် ပြုံးပြလိုက်ပြီး ...........

အကို ........
မအိပ်သေးဘူးလား။

အိပ်တော့မှာပါ။
ညီမ ချမ်းနေတာကို တွေ့လို့ .......

ကျေးဇူးပါ အကို
အိပ်ပါတော့လေ။
မနက်ခရီးဆက်ရအုံးမှာ
ပင်ပန်းနေပါ့မယ်။

                      မယ်မြ ရဲ့ စကားဆုံးတော့ ဒီမိုရာသည် အပြုံးနဲ့အတူ မယ်မြရဲ့စကားကို အသိမှတ်ပြု ခေါင်းညိတ်ပြလိုက် ပြီး မျက်ဝန်းများ ဆုံမိ ကြလေပြန်သည်။ ထို မျက်ဝန်းများ၏ အနက်သဘောကို နှစ်ဦးသား ရင်ထဲတွင်တော့ ပုံဖော်မိကြ လေသည်။

*******************************


                       ယုဒီပ တပ်များ၏ စခန်းချရာ တပ်တွင်းရှိ စည်းဝေး တဲနန်းဆောင်အတွင်း၌ စစ် သေနာပတိ ၀က္ကနော် နှင့် စစ်သူကြီး လော်ဒီယာ တို့ အပါအ၀င် တပ်ခေါင်းဆောင်များ အားလုံးသည် စုံညီစွာဖြင့် စည်းဝေးလျက် ရှိနေကြလေ သည်။ တဲနန်းအတွင်းရှိ စားပွဲ ရှည်ကြီးပေါ်တွင်တော့ ခံတပ်ဖြူကြီး၏ မြေပုံကို ကျနသပ်ရပ်စွာ ခင်းကျင်း ထားရှိကြ လေသည်။ ထို့နောက် စည်းဝေးပွဲကို ဦးဆောင်ထားသော စစ်သေနာပတိ ၀က္ကနော်က ...........

မောင်မင်းတို့ အားလုံးရဲ့
တင်ပြမှုကို သဘောကျမိပါတယ်။
တစ်ဖက်ခံတပ်မှာ ရှိနေတဲ့
ဆာဂျန်း ဆိုတဲ့သူက
တော်တန်ရုံမဟုတ်တဲ့
အရည်ချင်းကောင်းတွေကို
ပိုင်ဆိုင်ထားနိုင်သူဖြစ်တယ်။
ဒီ လူပျောက်ကွယ်နေတာ
နှစ်ပေါင်း နှစ်ဆယ်ကျော်လောက်
ရှိနေတော့မယ်။ ဒီ အချိန်မှာ
ပြန်ပေါ်ထွက်လာတာကို
ကြည့်ရရင် ရန်သူတွေ ဘက်က
အသေချာ ပြင်ဆင်ထားတယ်ဆိုတာကို
မှတ်သားလို့ရတယ်။ ဒီတော့ ....
ရှေ့ဆက် တိုက်ပွဲတွေမှာ
အစစအရာရာ ပိုပြီး အားစိုက်ကြရလိမ့်မယ်။

ဒီ စစ်ပွဲမှာ ခံတပ်ဖြူက
အခရာ အကျဆုံးပဲ။
ဒီ ခံတပ်ကို ကျော်လွန်နိုင်ရင်
ချီတက်ဖို့ လမ်းကြောင်း
နှစ်ခု ပွင့်သွားလိမ့်မယ်။
နောက်ပြီး နောက်ထပ်
တိုက်ပွဲတွေက မြို့သိမ်း
တိုက်ပွဲတွေ ဖြစ်လာလိမ့်မယ်။
မြို့သိမ်းတိုက်ပွဲတွေ ဖြစ်လာရင်
ရိက္ခာနဲ့ တခြား လိုအပ်တာတွေကို
စုစောင်း ရရှိ နိုင်ကြလိမ့်မယ်။
ဒီတော့ ဒီ ခံတပ်ကို ကျုပ်တို့
အပြီး သိမ်းပိုက် ထားနိုင်ဖို့
မဖြစ်မနေ လိုအပ်တယ်။

                        စစ်သေနာပတိ ၀က္ကနော်သည် စကားကို ခေတ္တရပ်နားကာ အနီးရှိ စစ်သူကြီး လော်ဒီယာ ကို တစ်ချက် လှမ်းကြည့်ကာ ...........

စစ်သူကြီး ........
မောင်ရင့်မှာ
ဘာများ တင်ပြစရာ
ရှိနေအုံးမလဲ။

ဟုတ်ကဲ့။
စဉ်းစားမိတာ
တစ်ခု ရှိနေပါတယ်။
ဒီ ခံတပ်ဟာ
တည်ဆောက်ထားပုံ
ကောင်းမွန်တယ်။
ရန်သူ့ဘက်က စစ်ဦးစီးက
အရည်ချင်းတယ်။
ရဲမက်တွေက စိတ်ဓါတ် မာကျေနေကြတယ်။
ဒီတော့ သုံးသပ်ကြည့်ရင်
ခံတပ်ကို အပြင်ကနေ
ဝိုင်းဝန်းပိတ်စို့ ပြီး လုပ်ကြံရင်
အကျဆုံးနဲ့ ထိခိုက်မှု များလာနိုင်တယ်။
အချိန်တွေကြာလာလို့ ရိက္ခာတွေ
မလုံလောက်တော့ရင် နောက်ဆုတ်ရဖို့ ရှိတယ်။
တိုက်ပွဲ နိုင်ပြီး အကျဆုံးများနေရင်လည်း
ရှေ့ဆက်တိုက်ဖို့ အားလျော့ သွားလိမ့်မယ်။
ဒါကြောင့် တခြား ပိုကောင်းမယ့်
နည်းစနစ် တစ်ခုကို အသုံးပြုစေချင်ပါတယ်။

ကောင်းပြီ မောင်ရင်
ဒီတော့ မောင်ရင် ဘယ်လိုများ
စဉ်းစားထားလဲ။

ဒီ ခံတပ်ဖြူ က
ကျောက်တုံးတွေနဲ့
တည်ဆောက်ထားတာဖြစ်တယ်။
ဒီတော့ ကျောက်တုံးတွေကို
တစ်တုံး နဲ့ တစ်တုံး ချိတ်ဆက်ရာမှာ
ချော်စဉ့်ကို အသုံးပြုရလိမ့်မယ်။
ချော်စဉ့် က မီး နဲ့ အပူကို ကြောက်တယ်။
ဒီ အချက်က ဒီ ခံတပ်ရဲ့
အားနည်းချက် တစ်ခုပဲ။

မောင်ရင် ပြောချင်တာက
ခံတပ်တံတိုင်းတွေကို
ဖြိုချ ပစ်ချင်တာလား။

ဟုတ်ပါတယ်။
တံတိုင်းတွေ ကျိုးပေါက်သွားရင်
ရန်သူတွေ တောင့်ခံထားနိုင်ဖို့
မဖြစ်နိုင်တော့ပါဘူး။

                        စစ်သူကြီး လော်ဒီယာ ၏ စကားဆုံးလေတော့ စစ်သေနာပတိ ၀က္ကနော် က မျက် မှောင် ကုတ်ကာ အနည်းငယ် စဉ်းစားကြည့်လေသည်။ ထို့နောက် ...........

ဟုတ်ပြီ ..........
မောင်ရင်ပြောတာ
နည်းလမ်းကျတယ်။
ကျုပ် တို့ ဒီတစ်ချက်ကို
မေ့လျော့နေကြတာ။
ဒီတော့ ဒီနည်းစနစ်ကို
နောက်တိုက်ပွဲမှာ
အသုံးပြုကြတာပေါ့။
ပြင်ဆင်စရာ ရှိတာတွေကို
အားလုံး ပြင်ဆင်ထားကြပါ။
ဒီကြားထဲမှာ သတိ လုံးဝ
မလစ်ဟင်းကြပါစေနဲ့။


                         စစ်သေနာပတိ ၀က္ကနော်သည် ထိုနေ့ စည်းဝေးပွဲ၌ အသီးသီး တင်ပြလာကြသော တပ်ခေါင်းဆောင် များရဲ့ စကားများနှင့် စစ်သူကြီး လော်ဒီယာ ၏ စကားများကို သုံးသပ် ဆွေးနွေး ပြီး ဆုံးဖြတ်ချက်တစ်ခု ချမှတ်ကာ နောက် တိုက်ပွဲအတွက် ပြင်ဆင်စရာရှိတာများကို ပြင်ဆင်စေ ကာ စည်းဝေးပွဲကို ပိတ်သိမ်း လိုက်လေတော့သည်။

*********************************



                          ဒီမိုရာသည် အိပ်နေရာမှ နိုးသည်ဆိုလျင်ပဲ မျက်လုံးကို ဖွင့်ကြည့် လိုက်လေရာ နေအတော်မြင့် နေကြောင်း တွေ့ရလေသည်။ ထို့ကြောင့် အိပ်ရာမှ ထလိုက်ပြီး ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်လေရာ မလှမ်းမကမ်း တွင် ခရီးထွက်ရန် အသင့် ဖြစ်နေသော မယ်မြကို တွေ့ရ လေသည်။ ထို့ကြောင့် ဒီမိုရာသည် ပါလာသော ရေဗူးထဲမှ ရေ အနည်းငယ်ဖြင့် မျက်နှာသစ်လိုက်ပြီး ပြင်ဆင်စရာရှိတာများကို ပြင်ဆင်လိုက်လေသည်။ အားလုံး ပြင်ဆင်ပြီးသည့်နောက် သူ့အား တလျှောက်လုံး ထိုင်ကြည့်နေသော မယ်မြက ...........

အကို .......
မနက်စာ စားလိုက်ပါအုံး။

ညီမ ပြင်ထားတာလား။
ကျေးဇူးပါပဲ။

                         ထို့နောက် ဒီမိုရာသည် မယ်မြ ပြင်ဆင်ပေးထားသော မနက်စာကို ကောင်းမွန်စွာ စားသောက်ပြီး သည့်နောက် ..........

ကဲ ညီမ .........
ခရီးစကြစို့။
အချိန်က လင့် နေပြီ။

                         ဒီမိုရာသည် ပြောပြောဆိုဆိုနှင့်ပင် မြင်းပေါ်သို့ တက်လိုက်လေသည်။ ထို့နောက် သူတို့ နှစ်ဦးသား သည် တတိယနေ့ ခရီးစဉ်ကို စတင်လိုက်ကြပြီး မြင်းများကို ဒုန်းစိုင်းကာ ထွက်ခွာ သွားကြလေတော့သည်။

( ဆက်လက်ဖော်ပြပါမည်။ )

Rocker77



October 21, 2011

ငါ့ သွေး ငါ့ မြေ ငါ့ အရည်သွေး ။ အပိုင်း ( 21 )


အခန်း( 21 )

ခံတပ်ဖြူ တိုက်ပွဲ နေရာ ။


                            ဟန်သော်ဝေနိုင်ငံ၏ စစ်ဦးစီး ဆာဂျန်းသည် နောက်လိုက်နောက်ပါ ရဲမက် စစ်သည်များအားလုံး သည် ခံတပ်ဖြူအတွင်းသို့ ၀င်ရောက် ရောက်ရှိကြပြီးနောက် လောင်ကျွမ်းနေ သော မီးများကို ၀ိုင်းဝန်းငြှိမ်းသတ်ကြလေရာ မီးတောက်များအားလုံး ငြိမ်းအေးသွားလေသည်။  ခံတပ်ဖြူတွင်း ၌ ရှိသမျှ အင်အားဖြင့် တောင့်ခံထားနိုင်ခဲ့သော ခံတပ် မှူး ကိုလည်း ခေါ်ယူ တွေ့ ဆုံကာ အရှေ့ဘက်စစ်မျက်နှာပြင် အခြေနေကို စုံစမ်းမေးမြန်းလေသည်။

                                   ထို့နောက် စစ်ဦးစီး ဆာဂျန်းသည် နောက်ထပ် တိုက်ပွဲအတွက် ဗျူဟာများကို ပြင်ဆင်ရေးဆွဲ လေတော့သည်။ ဆာဂျန်းသည် ခံတပ်တွင်းရှိ ရိက္ခာများကို ခံတပ်အနောက်ပိုင်းသို့ ပြောင်းရွေ့ ထားရှိစေလေသည်။ အကြောင်းမှာ ရန်သူ့ထံမှ နောက်ထပ် မီးကောက်ရိုးလုံးများဖြင့် တိုက်ခိုက်ခံရပါက ရိက္ခာများ မီးလောင်ပျက်စီးခြင်းမှ ကင်းလွတ်စေရန် မီး မကျရောက်နိုင်သော နေရာများသို့ ကြိုတင် ပြောင်းရွေ့ထားခြင်း ဖြစ်လေသည်။ ထို့နောက် အရှေ့ ဘက် ခံတပ်တံတိုင်း အား ကာကွယ်နိုင်စေရန် လေးတပ် ၊ ဒိုင်း နှင့် ဓါး ကိုင် ခြေလျင်တပ်များကိုလည်း တံတိုင်းပေါ်သို့ ထပ်မံအားဖြည့် စေလေသည်။ ထို့နောက်တွင်တော့ မြင်းတပ်ကို နှစ်ပိုင်းခွဲကာ ခြေလျင် လှံတပ် ၊ ဒိုင်း နှင့် ဓါးကိုင် တပ် များနှင့် ပေါင်းစည်းကာ ခံတပ်ဖြူ အနောက်ပိုင်းမှ ထွက်ခွာစေပြီး တောအုပ် အတွင်း ၌ တပ်နှစ်ဖြာ ဆင်းစေကာ အရှေ့ ဘက်စစ်မျက်နှာပြင်အနီး တပ်စွဲ ထားရှိလေသည်။ ထိုသို့ ပြုလုပ်ခြင်းမှာလည်း အရှေ့ဘက် စစ်မျက်နှာပြင်ကို အာရုံစိုက် နေစဉ် အနောက်ဘက်ပိုင်းသို့ တော အုပ် အတွင်းမှ ရန်သူများ ချီတက်မလာစေရန် နှင့် အရှေ့ဘက်စစ်မျက်နှာပြင်ကို အထောက်ကူ ပြု စေရန် စီစဉ်ထားခြင်း ဖြစ်လေသည်။

                           ထို့အပြင် ခံတပ်တွင်း၌လည်း စက်ဝိုင်းပုံစံ မြောင်းငယ် သုံးထပ်ကို တူးစေကာ ထို မြောင်း ငယ် ထဲများတွင် ကောက်ရိုးများကို သစ်စေးများဖြင့် ရောနယ်စပ်စေပြီး ထားရှိလေသည်။ ထို့နောက် အပေါ်မှ ထပ်ကာ ဆီများ ကို ထပ်မံလောင်းချ ထားရှိစေသည်။ ကျန်ရှိသော ဆီ အိုးများ ကို အရှေ့ဘက် ခံတပ် တံတိုင်းပေါ်သို့ တင်ထားစေလေသည်။ ဆာဂျန်းသည် အရှေ့ဘက် တံတိုင်းပေါ် ၌ စစ်ကို ကိုယ်တိုင်ကွပ်ကဲ ဦးစီးပြီး တောအုပ်တွင်းသို့ ထွက်ခွာသွားသော မြင်းတပ် နှင့် ခြေလျင်တပ် များ ပေါင်းစည်းထားသော တပ်နှစ်သွယ်တွင် အနောက်ဘက် တိုက်ပွဲတွင် စွမ်းရည်ပြသခဲ့သော တပ် မှူး ငယ် ခွန်ဒီနောင် နှင့် အရှေ့ဘက် တိုက်ပွဲတွင် ခံတပ်ကို တောင့်ခံထားနိုင်သော ခံတပ်ဖြူ တပ်မှူး တို့အား အသီးသီး ခေါင်း ဆောင်များအဖြစ် တာဝန်ပေးအပ်ကာ ကြိုတင်စေလွှတ် ထားရှိလေသည်။ ထို့သို ဖြင့် အချိန်သည် နောက်တစ်နေ့ နံနက် သို့ တိုင်လာခဲ့လေသည်။


*****************************************



                            ယုဒီပ နိုင်ငံ၏ ရွှေဓါးကိုင် စစ်သူကြီးလော်ဒီယာ သည် ခံတပ်ဖြူဘက်သို့ လေ့လာ အကဲခတ်လျက် ရှိနေလေသည်။ ခံတပ်ဖြူ၌ အစောပိုင်းက လောင်ကျွမ်းနေသော မီးတောက်များကို မမြင်တွေ့ရတော့ချေ။ တံတိုင်းပေါ်ရှိ ရဲမက် အင်အားမှာလည်း ပုံမှန်အခြေနေအတိုင်းသာ တွေ့မြင် နေရလေသည်။ သို့သော် ခံတပ်အနောက်ပိုင်း၌ လှုပ်ရှား ခိုင်း ထားသော အတပ်ဖွဲ့၏ သတင်းပို့မှုကို တော့ အဆက်ပြတ်ရ်ျ နေလေသည်။ ထိုအချက်ကို လော်ဒီယာသည် စိတ်ထဲတွင် မသိုး မသန့် ဖြစ်ရ်ျ နေလေသည်။ အစီစဉ်အတိုင်းဆိုပါက ယခုနံနက်တိုင်လျှင် ခံတပ်ဖြူအား တရှိန်ထိုး ထိုးစစ်ဆင်ကာ တိုက်ခိုက် ရန်သာ ဖြစ်လေသည်။ သို့သော် စိတ်လေးလံရ်ျ နေပြန်သည်။ အကြောင်းမှာ ခံတပ်အရှေ့ ပိုင်းတွင် အခြေနေမှာ အားလုံးပုံ မှန် အတိုင်းဖြစ်နေသော်လည်း အနောက်ဘက်သို့ စေလွှတ်လိုက် သော တပ်ဖွဲ့များ၏ အချက်ပြမှု ကင်းမဲ့နေခြင်းက အရှေ့ နှင့် အနောက် ကျိုးကြောင်းမညီမှုကို လှစ် ဟာ ပြလျက် ရှိနေခြင်းကြောင့် ဖြစ်လေသည်။ ထို့နောက် လော်ဒီယာသည် ယုဒီပနိုင်ငံ ၏ စစ်သေနာ ပတိ ဖြစ်သူ ၀က္ကနော် ထံသို့ သွားရောက်ကာ အနည်းငယ် တိုင်ပင်ကြည့်လေရာ သေနာပတိ ၀က္ကနော် က ..............

မောင်ရင် စိတ်ထင်နေတာပဲ ဖြစ်မှာပါ။
ကျုပ် တို့ရဲ့ အောင်မြင်မှုက လက်တကမ်းပဲ လိုတော့တာ။
ဘာမှ တွေဝေနေစရာ အကြောင်းမရှိဘူး။
အချိန်ရောက်တာနဲ့ ထိုးစစ်ကို စတင်လိုက်တော့။
ရာဇ၀င်သစ်ကို ကျုပ် တို့ရေးထိုးကြမယ်။

                            စစ်သူကြီးလော်ဒီယာသည် သေနာပတိ နှင့် စကားပြောဆိုပြီးသည့်နောက် နောက် ပိုင်း စစ်တဲနန်း အတွင်းမှ အရှေ့ဘက် တပ်များဆီသို့ ပြန်လည် ထွက်ခွာလာခဲ့လေသည်။ ထို့နောက် မိမိရဲ့ တပ်များအားလုံးကို လိုက်လံ စစ် ဆေးကြည့်ရာ တပ်များအားလုံးသည် တိုက်ခိုက်ရန် အသင့် အနေအထားတွင် ရှိနေကြလေသည်။



**************************************

                             
ဘော် .........................

                             ဆွဲငင်စွာဖြင့် အသံပြုလိုက်သော စစ်ချီ တံပိုးမှုတ်သံ ပေါ်ထွက် လာလေသည်။

ဟိတ် ..... ဟိတ် ...... ဟိတ် .......

                              တံမှုတ်သံရဲ့ အဆုံး၌ ယုဒီပ စစ်သည်များသည် တောခြောက်သံ ကဲ့သို့ အသံများ ပေး ကာ တပ်များကို စက်ဝိုင်းခြမ်းပုံစံဖြန့်ခင်းလျက် ခံတပ်ဖြူဘက်သို့ ညီညာစွာ ချီတက်လာ ကြ လေ သည်။ ထိုသို့ ချီတက်လာ ရာတွင် ခံတပ်တံတိုင်းပေါ်သို့ တက်ရောက်တိုက်ခိုက်ရန် နှင့် ခံတပ် ကျုံး အား ကျော်ဖြတ်နိုင်ရန် ရည်ရွယ်လျက် စစ်သည် များလိုက်ပါနိုင်သော ဘီးတပ်ငြမ်းစင်ကြီးများ လည်း ပါဝင်ကြလေသည်။ ယုဒီပ တပ်များသည် ခံတပ်ဖြူသို့ ချီတက် လာကြရာ ခံတပ်နှင့် မလှမ်း မကမ်းနေရာသို့ ရောက်ရှိကြလျှင် ခံတပ်ဖြူပေါ်မှ ဟန်သော်ဝေ ရဲမက်များသည်လည်း ခံတပ် တံ တိုင်း ပေါ်မှနေရ်ျ အသင့်နေရာယူ စောင့်ဆိုင်းနေကာ လေးမြှားတို့ကို အသင့်ပြင်ဆင် ထားရှိကြ လေသည်။ သို့သော် ချီတက်လာသော ယုဒီပ တပ်များသည် ခံတပ်ဖြူ၏ မြှားပစ်ကွင်းအတွင်းသို့ မရောက်ခင်တွင် ရပ်တန့်လိုက်ကြခြင်း ဖြစ်လေ သည်။ ထို့နောက် ယုဒီပတပ်များ၏ စစ်သူကြီး လော်ဒီယာသည် ခံတပ်ရှေ့သို့ မြင်းကိုစီးနှင်းလျက် ထွက်ခွာလာပြီး ......

ဟေ့ ...........
ဟန်သော်ဝေ ခံတပ်မှူး
မောင်ရင်တို့ အခုချိန်မှာ
လက်နက်ချမယ်ဆိုရင်
အချိန်မှီသေးတယ်နော်။
မသက်မသေချင်သေးရင်
လက်နက်ချ ကြပါ။

ဟား .... ဟား .... ဟား ......
ဒီမယ် မောင်ရင်
မောင်ရင့် ကြည့်ရတာ
အသက်ငယ်ပါသေးတယ်။
မောင်ရင် လောက ကြီးထဲမှာ
ပျော်ပျော်နေချင်သေးတယ်ဆိုရင်
မောင်ရင့် ရဲ့ တပ်တွေကို
နောက်ပြန်ဆုတ်ခိုင်းလိုက်ပါ။
ကျုပ်တို့က အသက်ကြီးနေပြီကွယ့်။
လူ လုပ်ခဲ့တဲ့ အချိန်တွေ သိပ်များနေခဲ့တော့
သေ ဖို့ အဆင့်သင့် ဖြစ်နေပြီကွ။

                               ခံတပ်ဖြူ ရဲ့ တံတိုင်းပေါ်မှ ပြန်လည် ချေပ ပြောဆိုသော အသံရှင်မှာ မိမိ ပထမ အကြိမ် လာရောက်စကားပြောသော ခံတပ်မှူး၏ အသံမဟုတ်မှန်းကို စစ်သူကြီးလော်ဒီယာ ကောင်း စွာ ရိပ်မိလေသည်။ ထို့ကြောင့် လော်ဒီယာ က .............

ဟေ့ ....အဘိုးကြီး ........
အသက်လည်းကြီးနေပြီ
အခုထိ အချိန်မစီးသေးပါလား။
အချိန်မစီးသေးလဲ
အချိန်စေ့အောင်တော့
လုပ်ပေးနိုင်ပါတယ်။

ဟေ့ ...... မောင်ရင်
မှတ်ထားအုံးကွယ့်။
ကျုပ် နာမည် ဆာဂျန်း
မောင့်ရင့် အစွမ်းအစကို
ကျုပ် ကြည့်ရသေးတာပေါ့။
လောလောဆယ် မောင်ရင့်အတွက်
ကျုပ် လက်ဆောင် တစ်ခု စီစဉ်ထားတယ်။
ရော့ ................

                                  စစ်ဦးစီး ဆာဂျန်းသည် စကားဆုံးသည်နှင့် တပြိုင်နက် ခံတပ်တံတိုင်းပေါ်မှ နေ ရ်ျ တစ်စုံ တစ်ခုကို ပစ်ချပေးလိုက်လေသည်။ မြေပြင်ပေါ်သို့ ကျလာသော ထိုအရာကို စစ်သူကြီး လော်ဒီယာသည် အနားသို့ သွားကာ ကြည့်လိုက်လေရာ မိမိ ခံတပ်အနောက်ပိုင်းသို့ လှုပ်ရှား တိုက် ခိုက် ရန် စေလွှတ်ခဲ့သော တပ်ခေါင်းဆောင်၏ ဦးခေါင်းပြတ် ဖြစ်နေသည်ကို တွေ့မြင်ရလေရာ အနည်းငယ် တုန်လှုပ်သွားလေသည်။ ထို့နောက် လော်ဒီယာသည် မြင်းပေါ်မှ ဆင်းကာ ထို ဦးခေါင်း ပြတ်အား ကောက်ယူမည်အပြု ............

ဝှစ် .......................

                                 အသံ နှင့်အတူ မြှားတစ်စင်း ကျရောက်လာပြီး ထို ဦးခေါင်းပြတ်အား ထုတ်ချင်း ဖောက်ထွက် သွားလေသည်။ လော်ဒီယာ သည် အခြေအနေကို သဘောပေါက်မိပြီး မြင်းပေါ်သို့ ပြန်တက်ကာ မိမိရဲ့ ရွှေရောင်းဓါးကို တဖက်မှ ရန်သူများအားလုံးမြင်သာအောင် ထောင်ပြ လိုက်လေ သည်။ ထို့နောက် မြင်းဇက်ကြိုးကို ဆွဲလှည့်ကာ မိမိရဲ့ တပ်များ ဘက်ဆီသို့ ပြန်လည်ထွက်ခွာ လာခဲ့ လေသည်။ ထိုခေတ်ထိုအခါက စစ်မက်သဘောအရ တစ်ဖက်ရန်သူမှ ပစ်လွှတ် လိုက်သော မြှား သည် စစ်တိုက်မည်ဟု စိန်ခေါ်သော သဘောကိုဆောင်ပြီး လော်ဒီယာ၏ ဓါး ပြန်ထောင်ပြမှုမှာ ထို စိန်ခေါ် မှုကို လက်ခံကြောင်း ပြန်လည်ပြသခဲ့ခြင်း ဖြစ်လေသည်။ ထို စိန်ခေါ်မြှားအား ပစ်လွှတ်ခဲ့သူ မှာ ဟန်သော်ဝေ နိုင်ငံ၏ စစ်ဦး စီး ဆာဂျန်း ကိုယ်တိုင်ပင် ဖြစ်လေသည်။

*************************************


                                 ယုဒီပနိုင်ငံ၏ စစ်သူကြီး လော်ဒီယာသည် မိမိ တပ်များဘက်ဆီသို့ ပြန်ရောက် သည် နှင့် တပြိုင်နက် မြင်းအား တပ်များအားလုံး၏ ရှေ့မှောက်တွင် ရပ်တန့် လိုက်လေသည်။ ထို့ နောက် မိမိရဲ့ ဓါးအား ဓါးအိမ် တွင်းမှ ဆွဲထုတ်လိုက်သေလည်။ ဓါး ကိုင်ထားသော လက်အား လေ ပေါ် သို့ ဆန့်တန်း မြှောက်ပြလိုက်လေရာ ယုဒီပ စစ်သည်များ အားလုံးသည် မိမိတို့ရဲ့ လက်နက်များ အားလုံးကို အသင့်ပြင်ဆင်ကြလေသည်။ ထို့နောက် စစ်သူကြီး လော်ဒီယာက မြှောက် ထားသော လက်ကို အပေါ်မှ အောက်သို့ ချကာ အချက်ပြ အမိန့်ပေးမှုကို ပြုလုပ်လိုက်လျှင် .........

ယား ................
ဟေး .................

                               ယုဒီပ စစ်သည်များအားလုံးသည် ညာသံပေးလျက် ခံတပ်ဖြူကြီးဆီသို့ တရှိန်ထိုး ပြေးဝင် တိုက်ခိုက်လေတော့သည်။ ထိုသို့ ပြေးဝင်တိုက်ခိုက်သော စစ်သည်များတွင် ခြေလျင် စစ် သည် များ အများဆုံး ပါဝင်ပြီး တံတိုင်းပေါ်သို့ တက်ရောက်တိုက်ခိုက်ရန်အတွက် ဘီးတပ် ငြမ်းစင် များ နှင့် လှေခါးရှည်များ သည်လည်း ပါဝင်ကြလေ သည်။

                               ခံတပ် တံတိုင်းပေါ်၌ အသင့်စောင့်နေသော စစ်ဦးစီး ဆာဂျန်းခေါင်းဆောင်သော ဟန်သော်ဝေ ရဲမက်များသည်လည်း လေးမြှားများကို အသင့်ပြင်ကာ ပစ်လွှတ်ရန် အမိန့်ကို စောင့် ဆိုင်းလျက် ရှိနေကြလေသည်။ စစ်ဦးစီး ဆာဂျန်းသည် ပြေးဝင်လာသော ရန်သူ့စစ်သည်များကို မြှားပစ်ကွင်း ထဲသို့ အပြည့်အ၀ ၀င်ရောက်စေရန် ခေတ္တ စောင့်နေလိုက်ပြီး သတ်မှတ် ဧရိယာ အတွင်းသို့ ရန်သူများ ပြေးဝင် ရောက်လာလျှင် ပစ်လွှတ်ရန် အမိန့်ပေး အချက်ပြ လိုက်လေရာ ...........

ဝှစ် ..... ၀ှစ် ...... ၀ှစ် ........
ဝှီး ...... ၀ှီး ...... ၀ှီး ..........
အား ..... အု .... အား ......

                               ပစ်ကွင်းပေါ်သို့ ဟန်သော်ဝေ ရဲမက်များ၏ မြှားမိုးများ တရပ်စပ် ရွာချလေရာ ယုဒီပ စစ်သည် များသည် တတော်များများ ထိခိုက် ဒဏ်ရာ ရရှိကြကုန်လေသည်။ မြှား ဒဏ်မှ လွတ်ကင်းလာသော ယုဒီပ စစ်သည် များသည် လှေခါးများကို ခံတပ်အပြင်ဘက် ကျုံးစပ်မှနေရ်ျ တံတိုင်းပေါ်သို့ မှီထောင်လျက် ဓါးများကို လက်မှကိုင်ဆောင် ကာ သွေးဆာနေသော သရဲသဘက် များသဖွယ် အတင်းဝင် တက်တိုက်ကြလေတော့သည်။ ဘီးတပ်ငြမ်းစင် ကြီးများသည် မြှားဒဏ်ကို ကြိုတင် ကာကွယ်ထားသောကြောင့် ဖြေးဖြေးမှန်မှန် နှင့် ခံတပ်ဖြူဆီသို့ ချီတက်လာလေသည်။ စုစုပေါင်း ငြမ်းစင် ခုနှစ်ခု ခန့် ဖြစ်လေသည်။

                                ထိုသို့ ထိုးစစ် ဆင်လာသော ယုဒီပ စစ်သည်များကို ခံတပ်ပေါ်ရှိ ဟန်သော်ဝေ ရဲမက်တို့က မြှားများဖြင့် တရစပ် ပစ်ခတ်လျက် ရှိနေလေသည်။ တံတိုင်းသို့ ကပ်ကာ ထောင်လာ သော လှေခါးများကိုလည်း ပြန်လည် တွန်းချ ပစ်ကြလေသည်။ လှေခါးများပေါ်မှ ဒဏ်ရာရ ယုဒီပ စစ်သည် တချို့သည် ကျုံးရေအတွင်းသို့ ပြုတ်ကျကုန်ကာ ဇီဝိန် ချုပ်ငြိမ်း ကြကုန်လေသည်။ ထို့ နောက် ဘီးတပ်ငြမ်းစင်ကြီးများသည် တံတိုင်းအနီးသို့ ရောက်ရှိလာကြပြီး အရှေ့ဘက်ရှိ အကာ ကွယ်များကို ဖြုတ်ချလိုက်လေရာ ထိုအကာကွယ်များသည် ခံတပ်ကျုံးပေါ်သို့ ကျရောက်ကုန်ပြီး တံတားများသဖွယ် ဖြစ်သွားလေသည်။ ထို့နောက် ငြမ်းစင်ကြီးများအတွင်းရှိ လိုက်ပါလာကြသော ယုဒီပစစ်သည်များသည် ငြမ်းစင်ထဲမှ လှေခါးများကို ထုတ်ကာ ခံတပ်တံတိုင်းနှင့် ချိတ်ဆက် လိုက် ကြလေသည်။

                                 ထို လှေခါးများကို ဖယ်ခွာရန် ရောက်ရှိလာသော ဟန်သော်ဝေ ရဲမက်များကို ငြမ်းစင်ပေါ်ရှိ လေးသည်တော်တို့က မြှားများဖြင့် ပစ်ခတ်ကာ ထိန်းသိမ်း ကာကွယ်ပေးထား လေ သည်။ ထို့နောက် ဒိုင်း နှင့် ဓါးများ ကိုင် ဆောင်သော ယုဒီပ စစ်သည်များသည် ထိုလှေခါးများပေါ် တွင် တက်ရောက်ဖြတ်သန်းကာ ခံတပ် တံတိုင်းပေါ်သို့ အတင်း ၀င် တိုက်ခိုက်ကြလေသည်။ ထိုသို့ ဖြင့် ငြမ်းစင်များ နှင့် ခံတပ်တံတိုင်းကို လှေခါးများဖြင့် ချိတ်ဆက်ထားခြင်း ၊ ကျုံးရေ ပေါ်သို့ တံတား သဖွယ် ခင်းထားခြင်း ၊ ငြမ်းစင်ပေါ်များမှ လေးသည်တော်တို့က ကူပစ် ပေးထားခြင်းကြောင့် ယုဒီပ စစ်သည် များသည် ခံတပ်တံတိုင်းပေါ်သို့ အဆက်မပြတ် တက်ရောက် ထိုးစစ်ဆင်နိုင်ကြလေသည်။ ၄င်းအပြင် ငြမ်းစင် ခုနှစ်ခု ၏ လွတ်နေသော နေရာလွတ်များကြားမှလည်း လှေခါးရှည်များဖြင့် ခြေ လျင်စစ်သည်များကလည်း ဒိုင်းများကို အကာကွယ်ယူလျက် ခံတပ်တံတိုင်းပေါ်သို့ တက်ရောက် တိုက်ခိုက် ကြပြန်သေးသည်။

                                  ခံတပ်ဘက်မှလည်း တက်ရောက်လာသော ယုဒီပ စစ်သည်များကို ပစ်ခတ် တိုက်ခိုက် နေသည့် လေးတပ်၏နောက်တွင် အသင့်နေရာယူထားသော ဒိုင်း နှင့် ဓါး ကိုင်ရဲမက် များကလည်း ပြန်လည်ခုခံ တိုက်ခိုက်လျက် ရှိနေ ပေရာ အနီးကပ်တိုက်ပွဲ မှာ အလွန်ပြင်းထန်လှပြီး သွေးချင်းချင်းရဲကာ ညှိနံ့စို့စို့ ဖြင့် နံနက်သစ်တစ်ခုကို ဖွင့်လှစ်လိုက်ကြ လေသည်။ တိုက်ပွဲသည် လွန်စွာပြင်းထန်လှသောကြောင့် နှစ်ဘက်စလုံး အသေနှင့် ထိခိုက် ဒဏ်ရာရ စစ်သည်ရဲမက် များ သည်လည်း များပြားကြလေသည်။ ခံတပ် တံတိုင်းကို တာဝန်ယူထားသော စစ်ဦးစီး ဆာဂျန်းသည် လည်း ငြမ်းစင် ခုနှစ် နေရာများ၌ မိမိဘက်မှ အားနည်းသွားသော နေရာများကို ဖြည့်ဆည်းကာ တိုက်ခိုက်လျက် ရှိနေပေသည်။ ထိုသို့ တိုက်ခိုက် နေရင်းမှ .............

ဆီအိုးတွေ သုံးကြ ............

                                စစ်ဦးစီး ဆာဂျန်းသည် ကျယ်လောင်သော အသံဖြင့် အမိန့်ထပ်ပေးလိုက်လေရာ ဟန်သော်ဝေ ရဲမက်များသည် ငြမ်းစင်များပေါ်သို့ ဆီအိုးများကို ပစ်ပေါက်ကြလေသည်။ ထိုသို့ ဆီအိုးများ ပစ်ပေါက်ကြပြီးနောက် တံတိုင်းပေါ်ရှိ ဟန်သော်ဝေ လေးသည်တော်အချို့သည် မြှား ထိပ်၌ မီးစာများကို မီးရှို့ကာ ဆီအိုးများ ထိမှန်ထားသော ငြမ်းစင်များကို မီးမြှားများဖြင့် ပစ်ခွင်း လေရာ ငြမ်းစင်များ မီးစွဲ လောင်ကုန်တော့သည်။ ထိုသို့ ငြမ်းစင်များ မီးစွဲလောင် ကုန်သောကြောင့် ယုဒီပစစ်သည်များ၏ တံတိုင်းပေါ်သို့ တက်ရောက်တိုက်ခိုက်သော စစ်သည်အင်အားသည်လည်း တဖြည်း ဖြည်း အားပျော့လာလေသည်။ ထို့ကြောင့် ခံတပ် တံတိုင်းပေါ်ရှိ ဟန်သော်ဝေ ရဲမက်များ သည် အခြေအနေကို ထိန်းချုပ် လာနိုင်ပြီး ရန်သူ့ တပ်များကို အသာစီးရလာကာ ယုဒီပစစ်သည် များ ကို ပိုမို သုတ်သင် လာနိုင်လေသည်။

                                ထို့နောက် ဟန်သော်ဝေ စစ်ဦးစီး ဆာဂျန်းက .............

အချက်ပြလိုက်တော့ ဟေ့ ............

                                 နောက်ထပ်တစ်ကြိမ် ကျယ်လောင်သော အသံဖြင့် အမိန့်ထပ်ပေးလိုက်ရာ ခံတပ်အစွန်း နှစ်ဘက်ရှိ လေးသည်တော် တချို့သည် မီးမြှားများကို ကောင်းကင်ပေါ်သို့ ပစ်လွှတ်ကာ အချက်ပြလိုက်လေရာ ကြိုတင် နေရာယူ စောင့်ဆိုင်းနေသော တပ်မှူးငယ် ခွန်ဒီနောင် နှင့် ခံတပ်ဖြူ တပ်မှူးတို့ ဦးဆောင်သော မြင်းတပ်ပါသော တပ် ပေါင်းစု နှစ်ခုသည် တောအုပ်တွင်းမှ တရှိန်ထိုး ပြေးထွက်လာကာ စက်ဝိုင်းခြမ်းပုံစံဖြင့် လာရောက်တိုက်ခိုက်သော ယုဒီပ စစ်သည်များကို စက်ဝိုင်းစွန်း နှစ်ဘက်မှနေရ်ျ စတင် ထိုးစစ်ဆင်လေတော့သည်။

                                 ထိုသို့ဖြင့် တိုက်ပွဲသည် ပိုမို ရှုပ်ထွေးလာတော့ လေသည်။ ယုဒီပ တပ်များ၏ ငြမ်းစင် ကြီးများ သည်လည်း မီးစွဲလောင်မှုကြောင့် တဖြည်းဖြည်း ယိုင်နဲ့လာကုန် လေသည်။ မြေပြင်ပေါ်ရှိ ခြေလျင် စစ်သည်များသည် လည်း မြင်းတပ်ပါသော တပ်ပေါင်းစု နှစ်ခု၏ ထိုးစစ် ဆင်မှုကြောင့် အကျဆုံးများကာ ဖရိုဖရဲ ဖြစ်ကုန်ကြလေသည်။ ထိုအချင်းရာများကို တိုက်ပွဲနောက် ပိုင်းမှ ကြည့်နေသော စစ်သူကြီး လော်ဒီယာ မြင်လေသော် မြင်းတပ်ကို ဦးစီးကာ တရှိန် ထိုးပြေးဝင် တိုက်လေသည်။ စစ်သူကြီး လော်ဒီယာ စတင်တိုက်ခိုက်သော အခြမ်းသည် ခံတပ်ဖြူ တပ်မှူး ဘက် အခြမ်း ဖြစ် လေသည်။ ထို့ကြောင့် ထိုဘက်အခြမ်းသည် ပိုမို ရှုပ်ထွေးလာကာ တိုက်ပွဲမှာလည်း ပိုရ်ျ ပြင်းထန်လာလေသည်။

                                   တဖက်ခြမ်းရှိ တပ်မှူးငယ် ခွန်ဒီနောင် သည် မီးစွဲလောင်နေသော ခံနိုင်ရည် အား ချိနဲ့ လာ သော ငြမ်းစင်ကြီးများကို အဓိက ပစ်မှတ်ထားကာ ဖြိုခွင်းလျက်ရှိနေရာ ငြမ်းစင် လေးခုမျှ ပြိုပျက်သွားလေသည်။ ထို့နောက် နောက်ထပ် နောက်ထပ် ငြမ်းစင်များကို ဖြိုဖျက် တိုက် ခိုက်လာရင်း ခံတပ်မှူးဘက်အခြမ်းသို့ နီးကပ်လာ လေရာ အလည်ရှိ ယုဒီပ စစ်သူကြီး လော်ဒီယာ သည် နှစ်ဘက်ညှပ်ကာ ပိတ်မိ လေတော့သည်။ ထို့ကြောင့် ယုဒီပ စစ်သူကြီး လော်ဒီယာသည် အခြေ အနေကို ရိပ်စားမိပြီး ရှိသမျှ တပ်သားတို့ကို ရသလောက် စုစည်းကာ နှစ်ဘက်ညှပ်တိုက်ခိုက် လာ သော ရန်သူများ လက်မှ တိုက်ထွက် ဖောက်ထွက် လေတော့သည်။

ဆုတ် ........ ပြန် ဆုတ် .............
အားလုံး ပြန်ဆုတ် ကြ .........

                                   ယုဒီပ စစ်သူကြီး လော်ဒီယာ၏ အမိန့်ပေးသံနှင့်အတူ ယုဒီပစစ်သည် များသည် လည်း မိမိ တို့၏ တပ်များကို အကောင်းဆုံး ပြန်လည်စုစည်းကာ ဆုတ်ခွာစစ်ကို ပြုကြရလေသည်။ ထိုအချိန်တွင် ချဉ်းကပ် ငြမ်းစင် ခုနှစ်ခုသည်လည်း အားလုံး ပြိုပျက်သွားလေသည်။ ခြေလျင် စစ် သည် ၊ လေး စစ်သည် နှင့် တခြား စစ်သည်များ သည် လည်း အများအပြား ကျဆုံးလျက်ရှိကုန် ကြ လေသည်။ တပ်မှူးငယ် ခွန်ဒီနောင် နှင့် ခံတပ်ဖြူ တပ်မှူး တို့သည် မြှားပစ် ကွင်း ဧရိယာအစပ်အထိ လိုက်လံတိုက်ထုတ် ကြပြီး ထိုမှ ရှေ့ဆက် တိုး မတိုက်ကြတော့ပေ။ အကြောင်းမှာ ထိုးစစ် ကျွံမည် စိုးရ်ျ ဖြစ်လေသည်။

                                   ထို့နောက် ခံတပ်ဖြူကြီး၏ ဂိတ်တံခါးကြီးများသည် ပွင့်လာပြီး တံတားများ ကျုံးပေါ်သို့ ကျရောက်လာကာ ထို တံတားများပေါ်မှ တပ်မှူးငယ် ခွန်ဒီနောင် နှင့် ခံတပ်မှူးတို့ ဦး ဆောင်သော တပ်ပေါင်းစု နှစ်ခုသည် ခံတပ်တွင်းသို့ ပြန်လည်ဝင်ရောက် ကြကုန်လေသည်။ ခံတပ် ဖြူကြီး အတွင်းမှာတော့ တပ်များအားလုံး ပြန်လည် စုပေါင်း မိကြချိန်တွင်တော့ ရဲမက် စစ် သည် များ အားလုံးသည် ယခုတစ်ကြိမ် အနီးကပ် တိုက်ပွဲကို အောင်မြင်လိုက်သဖြင့် စစ်သွေး စစ်မာန် များ ပိုမို တက်ကြွလာကာ စိတ်ဓါတ်များသည် မိုးထိအောင် မြင့်မား ကြကုန်လေတော့သည်။


( ဆက်လက်ဖော်ပြပါမည်။ )

Rocker77






October 18, 2011

ငါ့ သွေး ငါ့ မြေ ငါ့ အရည်သွေး ။ အပိုင်း ( 20 )


အခန်း ( 20 )


                      ကောင်းကင်၌ တိမ်များကင်းစင်လျက် ပြာသောအရောင်များက အာကာပြင်ကို လွှမ်း ခြုံ ထား လေ သည်။   နေမင်းကြီး၏ သာယာငြိမ့်ညောင်းသော ရောင်ခြည်တို့ကလည်း လောက ကို အလှဆင်ထားလေရာ မြင်ရသူ လူသားတို့အဖို့  လောကသည် လှချင်တိုင်း လှနေပေသည်။ မြင့်မား သော တောင်ကုန်းတောင်တန်းများ နှင့် စိမ်းစိုသော မြက်ခင်း လွင်ပြင် တို့ကလည်း လောက အလှ တရားကို ပါဝင်ကူညီအားဖြည့်လျက် ရှိနေလေသည်။

                            ထိုသို့ လှချင်တိုင်းလှနေသော လောက ပန်းချီကားထဲ၌ အညိုရောင်အဆင်းရှိပြီး သန်းမာထွားကြိုင်း သည့်  မြင်းနှစ်ကောင်သည် ဒုန်းစိုင်းလျက် ရှိနေလေသည်။ ထို မြင်းများကို စီးနှင်းနေကြသူများအနက် တစ်ဦးမှာ အနက် ရောင်ဝတ် စုံကို ၀တ်ဆင်ထားပြီး ကျော၌ လှံတို နှစ်ချောင်းကို လွယ်သိုင်းထားလေသည်။ စီးတော် မြင်းရဲ့ ညာဘက်တွင် တော့ မြှားကျည် အိတ်ကို ချိတ်ဆွဲထားပြီး ဘယ်ဘက်တွင်တော့ လေးကို ထားရှိလေသည်။ နောက်တစ်ဦးက ကျောပေါ်တွင် လက်ရာအလွန်     ကောင်းမွန်သော ဓါးကောင်းတစ်လက်ကို ကျောပိုးလျက် အညိုရောင်ဝတ်စုံကို ကျနသပ်ရပ်စွာ ၀တ်စား ထား လေသည်။ ထိုသူ တို့သည် မိန်းခလေးတစ်ဦး နှင့် လူရွယ်တစ်ဦး ဖြစ် လေရာ ထို့ထက်ပိုရ်ျ အတိကျဆိုရလျှင် မယ်မြ နှင့် ဒီမိုရာ ပင်ဖြစ်ကြ လေသည်။

                         သူတို့နှစ်ဦးရဲ့ တာဝန်မှာ ဟန်သော်ဝေနိုင်ငံ နန်းတွင်းဆေးတိုက်မှ မယ်ခ အား ကုသရန်အတွက် ဆေးပင် တစ်မျိုးကို ယူဆောင်လာရန် ဖြစ်လေသည်။ အချိန်အားဖြင့် ဆယ် ရက်ခန့်သာ ရသဖြင့် ယခုကဲ့သို့ ခရီးအပြင်း နှင်နေကြ ခြင်း ဖြစ်လေသည်။ ထိုသို့ဖြင့် သူတို့ နှစ်ဦး သည် ခရီးနှင်လာကြလေရာ တဖြည်းဖြည်းနှင့် ညနေစောင်းအချိန်သို့ တိုင်ခဲ့ ကြလေသည်။ ဒီမိုရာ သည် မြင်းကို စီးနှင်းလာရင်း လမ်းကြောင်း အနည်းငယ်ပြောင်းကာ မလှမ်းမကမ်းရှိ တောင်ကုန်း လေးတစ်ခုပေါ်သို့ တက်ရောက်လိုက်လေသည်။ ထို့နောက် ထိုတောင်ကုန်းလေးရဲ့ အဆုံးနေရာ၌ မြင်းကို ရပ်တန့် လိုက်လေ သည်။ သူနှင့်အတူ မနီးမဝေးမှ လိုက်ပါလာသော မယ်မြ သည်လည်း ဒီမိုရာ၏ ဘေးသို့ ရောက်ရှိလာရာ သူတို့ နှစ်ဦးသည် ထိုတောင်ကုန်းလေးပေါ်မှ အောက်သို့ ငုံ့ ကြည့် ကြလေရာ တောင်းများပတ်လည်၏ အလယ်၌ တည်ဆောက်ထားသော မြို့ ငယ်လေး တစ်မြို့ ကို တွေ့မြင်ရလေသည်။ ထို့နောက် ဒီမိုရာက မယ်မြအား .........

ညီမ ..........
ဒီည ဒီမြို့လေးမှာပဲ
နားကြရင် ကောင်းမယ်။
အချိန်က လင့် နေပြီ။

ဟုတ်ကဲ့ပါ။

                     ဒီမိုရာသည် မယ်မြ ထံမှ ထိုစကားတစ်ခွန်းကို ကြားရပြီးနောက် မယ်မြကို တစ်ချက် ကြည့်ကာ ခေါင်း တစ်ချက်ငြိမ့်ပြလိုက်ပြီး မြင်းဇက်ကြိုးကို ဆွဲကာ မြင်းအား ထို မြို့ငယ်လေးဆီသို့ ဦးတည် လိုက်လေသည်။ မယ်မြ သည် လည်း မနီးမဝေးမှ လိုက်ပါသွားလေသည်။

                      ဒီမိုရာ နှင့် မယ်မြသည် ထိုမြို့ငယ်လေးသို့ ရောက်လေသော် ဟိုဟိုဒီဒီ အကဲခတ် နားစွင့် ကြည့် ကြလေ သည်။ ထို့နောက် တည်းခိုဆောင်တစ်ခု၏ အောက်ထပ်ရှိ အောက်ထပ်ရှိ စားသောက် ဆိုင် တွင်းသို့ ၀င်ရောက်လိုက်ကြလေ သည်။ ဒီမိုရာ နှင့် မယ်မြ တို့ စားသောက်ဆိုင် အ၀သို့ ရောက် လျှင် ဆိုင်အတွင်းမှ အသက် ( 40 ) ၀န်းကျင်ရှိ အမျိုးသမီး တစ်ဦး က .............

ကြွပါရှင် ...... ကြွပါ ......... ကြွပါ ..........
ဟေ့ ....ကောင်လေး ... ဒီကိုလာစမ်း....
ဧည့်သည်တွေကို နေရာချပေးပါအုံး ။

                       ထို အမျိုးသမီး၏ စကားသံအဆုံးနှင့်အတူ အသက် ( 15 ) နှစ် အရွယ် စားပွဲထိုးကောင်း လေး ရောက် ရှိလာပြီး ဒီမိုရာ နှင့် မယ်မြ တို့နှစ်ယောက်ကို စားပွဲလွတ်တစ်ခုတွင် နေရာ ချပေးလေ သည်။ ထို့နောက် စားပွဲထိုးလေးက ဒီမိုရာအား .............

အကိုတို့ ညအိပ်လား မသိဘူး။

အေး ... ဆိုပါတော့။
တစ်ယောက်ခန်း နှစ်ခန်း
စီစဉ်ပေးပါ။ ပြီးတော့
ညစာ ပြင်ပေးပါအုံး။
အပြင်မှာ မြင်းတွေ
ထားခဲ့တယ်။ အစာနဲ့ ရေ
ဝအောင် ကျွေးပေးထားပါအုံး။

                        ဒီမိုရာသည် စကားဆုံးသည်နှင့် အိတ်တွင်းမှ ငွေစ အနည်းငယ်ထုတ်ကာ စားပွဲထိုး လေးအား ပေး လိုက် လေသည်။ ထို့နောက် စားပွဲထိုးလေးသည် ပြန်လည် ထွက်ခွာသွားပြီး များ မကြာမီအချိန်တွင် စားစရာများ ယူဆောင် ကာ ပြန်လည်ရောက်ရှိလာခဲ့လေသည်။ ဒီမိုရာ နှင့် မယ်မြ တို့သည် ညစာကို စားသုံးကြပြီးနောက် မိမိတို့ရဲ့ အခန်းများဆီ သို့ အသီးသီး ၀င်ရောက်ကာ မှေးစက် အနားယူ လိုက်ကြလေသည်။

************************************

                       အခန်းအနီးရှိ သစ်ပင်ပေါ်မှ ကျေးငှက်တို့၏ ဆူညံသံကြောင့် ဒီမိုရာ တစ်ယောက် အိပ်ရာမှ နိုးသွား လေသည်။ ဒီမိုရာ မျက်လုံးကို ဖွင့်ကြည့်လိုက်တော့ မိုးစင်စင် လင်းရ်ျ နေလေ သည်။ ထို့ကြောင့် ဒီမိုရာသည် အိပ်ရာမှ ထလိုက်ပြီး ကိုယ်လက်သန့်စင် ကာ တည်းခိုဆောင် အောက် သို့ ဆင်းလာခဲ့လေသည်။ ထို့နောက် စားပွဲလွတ် တစ်လုံးတွင် ထိုင်လိုက်လေရာ ဆိုင်မှ စားပွဲထိုး ကောင်လေး ရောက်လာပြီး ............

အကို .........
ဘာများသုံးဆောင်မလဲဗျ။

အေး ........
တစ်ခုခု ပြင်ပေးပါကွာ။

                        ဒီမိုရာ ရဲ့ စကားဆုံးတော့ စားပွဲထိုးလေးမှာ ပြန်လည် ထွက်ခွာသွားပြီး သိပ်မကြာမီ အချိန်တွင် ပြန် လည်ရောက်ရှိလာကာ ဒီမိုရာအတွက် မနက်စာကို ယူဆောင်လာလေသည်။ ဒီမိုရာသည် စားပွဲထိုးလေး လာချပေးသော မနက်စာကို တစ်ချက်ကြည့်လိုက်ပြီး ............

မြင်းတွေကို သေချာ
ဂရုစိုက်ထားရဲ့လားကွ။

ဟုတ်ကဲ့ ..........
အစာကော ရေကော
၀၀လင်လင် ကျွေးထားပါတယ်။
မနက်က ကျုပ် အစာကျွေးနေတုန်း
အမ လေးတောင် တွေ့ပါသေးတယ်ဗျ။

ဟုတ်လား ........
သူ ဘာပြောသွားသေးလဲ။

အကို နိုးလားရင်
ဒီကပဲ စောင့်နေပါလို့
မှာ သွားပါတယ်။

အော် ..... အေး ...အေး ....

ဒါနဲ့ ........
အမလေးက တတော်လှတယ်နော်။
သဘောလည်းကောင်းတယ်။
အကို နဲ့လည်း တကယ်လိုက်ဖက်တယ်။

                       ဘာရယ်မဟုတ်ပဲ ပြောလိုက်သော စားပွဲထိုးလေး စကားကြောင့် ဒီမိုရာ မျက်ခုံး နှစ် ဖက် ကို အပေါ်သို့ ပင့်လိုက်မိလေသည်။ ထို့နောက် စားပွဲထိုးလေးအား ပြုံးပြလိုက်ပြီး ခါးမှ ငွေ စ အနည်းငယ်ကို ထုတ်ကာ မနက်စာဖိုး ရှင်း ပေးလိုက်ပြီး ပိုသောငွေ အနည်းငယ်အား စားပွဲထိုးလေး အား ပေးခဲ့လေသည်။ ထို့နောက် ဒီမိုရာသည် မနက်စာကို စားသောက်ပြီးနောက် စားပွဲမှ ထကာ တည်းခိုဆောင်အ၀ သို့ ထွက်လာလိုက်လေသည်။ မြို့ရဲ့ အခြေနေကိုလည်း ဝှေ့ဝိုက် အကဲခတ် ကြည့် လိုက်လေသည်။ အားလုံးကတော့ ပုံမှန်အတိုင်း လိုလိုသာ ရှိနေလေသည်။ ထိုသို့ ဒီမိုရာ တစ် ယောက် တည်းခိုဆောင်ရှေ့၌ ရှိနေစဉ် မယ်မြ တစ်ယောက် မြင်းကိုစီးလျှက် ပြန်လည် ရောက်ရှိလာ လေသည်။ မယ်မြ သည် မြင်းပေါ် မှ ဆင်းကာ မြင်းအား ချည်တိုင်မှာ ချည်လိုက်ပြီးနောက် ဒီမိုရာ အား ............

အကို ..........
နိုးနေပြီကိုး ။

                     ဒီမိုရာက မယ်မြ၏ နှုတ်ဆက်စကားကို ပြုံးလျက် ခေါင်းငြိမ့်ပြကာ မသိမှတ်ပြု လိုက်လေ သည်။ ထို့နောက် မယ်မြ က ဒီမိုရာ အား ...............

အကို့ အတွက် ..........

                     မယ်မြ ပေးသော ပစ္စည်းလေးအား ဒီမိုရာ သေချာ ကြည့်လိုက်မိသည်။ ငွေစများ ထည့် သိမ်းသော ကတ္ကီဘာ ရှုံ့အိတ်လေး တစ်ခု ဖြစ်လေသည်။ ထို့နောက် မယ်မြ က ..............

အကို့ ကို တောင်းပန်တဲ့
အနေနဲ့ကော ၊ ကျေးဇူး
တင်တဲ့ အနေနဲ့ပါ
လက်ဆောင်ပေးတာပါ။

ဟင် .......ဘယ်လို ။

ဒီလိုလေ။
တောင်ပေါ်မှာတုန်းက
ညီမ လုပ်ခဲ့တာတွေနဲ့
နောက် အကိုက
ချောက်ထဲ ကျမသွားအောင်
ကူညီခဲ့တဲ့ အတွက်ကြောင့်ပါ။
တကယ်ဆို ........
ညီမ က လွန်နေခဲ့တာပါ။

                      မယ်မြ ရဲ့ စကားဆုံးတော့ ဒီမိုရာ တစ်ချက် ပြုံးလိုက်မိလေသည်။ ထို့နောက် ဒီမိုရာက ..........

အကို့ စိတ်ထဲမှာ
ဘာမှ မရှိပါဘူး။
စိတ်လည်းမဆိုးပါဘူး။
လက်ဆောင်ပေးတဲ့အတွက်
ကျေးဇူးတင်ပါတယ်။

                      ဒီမိုရာ ၏ စကားဆုံးလေသော် ဒီမိုရာ နှင့် မယ်မြ တို့သည် အပြုံးကိုယ်စီဖြင့် မျက်လုံး ချင်း ၊ အကြည့် ချင်း ဆုံမိကြလေသည်။ အတန်ငယ် မင်သက်မိနေကြပြီးနောက် မယ်မြ သည် မျက် လွှာ လေးကိုချကာ ..........

ညီမ ပြင်ဆင်လိုက်အုံးမယ်နော်။

                     ဟုဆိုကာ တည်းခိုဆောင် အပေါ်သို့ တက်သွားလေသည်။ ထို့နောက် ဒီမိုရာသည် မိမိလက်ထဲ၌ ရှိနေ သော ကတ္ကီဘာ ရှုံ့ အိတ်လေးကို ကြည့်ကာ သက်ပြင်းတစ်ချက် ချလိုက်မိ လေသည်။

                      ထိုနေ့၌ ဒီမိုရာ နှင့် မယ်မြ တို့သည် သူတို့၏ ခရီးစဉ်ကို ဆက်လက်ထွက်ခွာ ခဲ့ကြလေ သည်။ သူတို့ နှစ်ဦး သည် ဟန်သော်ဝေ နန်းတော်သို့ ရောက်ရန် နှင့် ဆေးပင်ကို ရယူရန် အချိန်လေး ရက်သာ ကျန်ရှိလေတော့သည်။ အသွား အပြန် ဆယ်ရက်ခန့်သာရသော အချိန်အတွင်းမှ အသွား ငါးရက်ထဲမှ တစ်ရက် ကုန်ဆုံးသွားခြင်းလည်း ဖြစ်လေသည်။ ထို့ ကြောင့် ဒီမိုရာသည် ပုံမှန် လမ်း ကြောင်းမှ သွေဖယ်ကာ ဖြတ်လမ်းဖြစ်သော တောတွင်းလမ်းကို ရွေးချယ်ခဲ့လေသည်။ ခရီး အတွက် လိုအပ်သော ရိက္ခာများကအစ စီစဉ်စေခဲ့ပြီး ခရီးစဉ်ကို ဆက်ခဲ့ကြလေသည်။

ညီမ .............
ဒီနေ့ကစပြီး
တောလမ်းခရီးချည်းပဲနော်။
အစစ အရာရာ ဂရုစိုက်ပါနော်။
သတိမပြတ်စေပါနဲ့။

ဟုတ်ကဲ့ ၊ အကို။
အစ်ကိုလည်း ဂရုစိုက်ပါနော်။

                    ဒီမိုရာ နှင့် မယ်မြ တို့သည် တစ်ယောက်ကို တစ်ယောက် အပြုံးကိုယ်စီဖြင့် ပြိုင်တူ ကြည့်မိ ကြလေသည်။ ထို့နောက် ဒီမိုရာသည် မြင်းကိုညာသံပေးလျက် ဒုန်းစိုင်းကာ ခရီးစဉ်ကို စတင်လိုက်လေသည်။ မယ်မြ သည်လည်း မနီး မဝေးမှ လိုက်ပါသွားခဲ့လေသည်။


( ဆက်လက်ဖော်ပြပါမည်။ )

Rocker77



October 14, 2011

လက်ဝါးစောင်း


လောက .........
သင်သည် မည်ကဲ့သို့ နည်း
ငါသည် အဘယ်သို့ နည်း
သင် နှင့် ငါ
ငါ နှင့် သင်
မည်သူက မည်ကဲ့သို့ အဘယ်သို့နည်း ။ 

ရှေးခေတ်က ပြောကြတယ်
ဆီသည် က ဆီသည်
ဆင်ထိန်း က ဆင်ထိန်း တဲ့
အခုကော ဘယ်လို ပြောကြမလဲ
ဘာကို ပြောကြမလဲ ။

လက်ဖမိုးပေါ်က အရာတစ်ခု
လက်ဖ၀ါး ဘက် အကြောင်းတရားတစ်ခု
သေချာစွာ ဆန်းစစ်ကြည့်မိတော့
လက်ဝါးတစ်ခုကို တွေ့ရတယ်
လက်ဝါးစောင်းတစ်ခုကို မြင်ရတယ် ။

ဒီတော့ ........
အသင်လောက
သင် ပဲ မှားလား
ငါ ပဲ မမှန်တာလား
ငါသည်လည်း မတွေးချင်တော့ ။

လက်ဝါးစောင်းအတိုင်းပဲ
ခရီးဆက်ကြရုံပဲပေါ့ ။

13 . 10 . 2011
23း0 AM
Rocker77




October 13, 2011

ငါ့ သွေး ငါ့ မြေ ငါ့ အရည်သွေး။ အပိုင်း ( 19 )



အခန်း ( 19 )

ခံတပ်ဖြူ တိုက်ပွဲနေရာ ။


                           ခံတပ်ဖြူကြီး ၌ မိုးသောက်ယံအချိန်မှ စရ်ျ တိုက်ပွဲ ဖြစ်ပွားနေလေရာ ယခု ဆိုလျှင် မွန်းလွဲ အချိန်သို့ တိုင်ခဲ့လေသည်။ စစ်သေနာပတိ ၀က္ကနော် နှင့် ရွှေဓါးကိုင် စစ်သူကြီး လော်ဒီယာ တို့ဦးစီးသော ယုဒီပ နိုင်ငံ တပ်များ၏ တိုက် စစ်ဆင်မှုကြောင့် ခံတပ်ဖြူကြီးမှာလည်း အထိနာလျက် ရှိနေပေသည်။ သို့သော် ခံတပ်ဖြူကြီး၏ အ နောက် ဘက်ခြမ်း၌ ဟန်သော်ဝေနိုင်ငံ ၏ စစ်ဦးစီး ဆာဂျန်း ၏ တပ်များက အချိန်မီ ရောက်လာသဖြင့် ခံတပ်ဖြူအတွင်း တောင့်ခံနေသော ဟန်သော် ဝေ စစ်သည်များသည် စိတ်ဓါတ်များ ပြန်လည် တက်ကြွလာကြလေသည်။ ဟန်သော်ဝေ ၏ စစ်ဦးစီး ဆာဂျန်းသည် တိုင်းပြည်တွင်းရှိ လက်ကျန်တပ်များထဲမှ တပ်ပေါင်းကို စုစည်းကာ စစ်သည်အင်အား နှစ်သိန်းဖြင့် ရောက်ရှိလာခြင်းလည်း ဖြစ်လေသည်။ စစ်ဦးစီး ဆာဂျန်း ရဲ့ တပ်မ မှာတော့ သားဖြစ် သူ တပ်မှူးကလေး ခွန်ဒီနောင် က ရှေ့ပြေးတပ်ဖွဲ့အဖြစ် လိုက်ပါ လာခဲ့လေသည်။

သတင်းပို့ပါတယ် ဦးစီး ........
ခံတပ်အနောက်ပိုင်းမှာ
ရန်သူ့ တပ်တွေ ရှိနေပြီး
ခံတပ်ဘက်ကို တိုက်ခိုက်နေပါတယ်။

ရန်သူ့ အင်အား ဘယ်လောက်ရှိလဲ။
ဘယ်လို တပ်အမျိုးစားတွေ ပါလဲ။

နှစ်သောင်း နီးပါး ရှိပါတယ်။
မြှားတပ် နဲ့ ခြေလျင်တပ်တွေပါ။

ကောင်းပြီ။
ရန်သူ ရှိနေမှတော့
တိုက်ရ ပြီပေါ့။

ခွန်ဒီနောင်ကို မြင်း တပ်
နှစ်သောင်းနဲ့ သွားတိုက်ခိုင်းပါ။

အမိန့်တော် အတိုင်းပါ။
ဦးစီး ..............


                            စစ်ဦးစီး ဆာဂျန်းသည် သတင်းပို့ရောက်လာသော တပ်မှူးအား စီမံ ပေးကာ ပြန်လည် ပြန်စေ လွှတ်လိုက်လေသည်။ မိမိရဲ့ သားဖြစ်သူကို တိုက်ပွဲ အတွေ့ကြုံမရှိပါပဲနဲ့ သွား တိုက်ခိုင်းရသည်မှာ စွန့်စားလွန်းရာ ကျနေ သော်လည်း ငယ်စဉ်ကပင် ပညာရပ်များကို စုံလင်စွာ သင်ကြားလေ့ကျင့် ပေးထားသောကြောင့် လည်းကောင်း ၊ ခွန်ဒီနောင် ၏ စိတ်ဓါတ်ပိုင်း အရ မဖြစ်မနေ လုပ်ဆောင် တက်သည်က တစ်ကြောင်းကြောင့် သိပ်တော့ စိတ်မပူချေ။ ခွန်ဒီနောင် အတွက်လည်း အတွေ့ကြုံကောင်းတစ်ခု ရနိုင်သလို အရည်ချင်း စစ်ပြီးသား လည်း ဖြစ်နေပေ လိမ့်မည်။

                             ခံတပ်ဖြူ အနောက်ဘက်ခြမ်း၌ ယုဒီပ နိုင်ငံ လက်ရွေးစင်တပ်များက ခံတပ်ကို တိုက်ခိုက်လျှက် ရှိနေရာ အနောက်ဘက် တံတိုင်းပေါ်၌ ဟန်သော်ဝေ တပ်များကလည်း ပြန်လည် ခုခံနေလျက် ရှိနေပေသည်။ သို့သော် ယုဒီပ တပ်များက ဗျူဟာကျစွာဖြင့် ဟန်သော်ဝေ တပ်များ ဆီမှ မြှားများကို မကျရောက်လာစေရန် ဒိုင်း များကာပြီး ထို ကာထားသော ဒိုင်း များရဲ့ နောက်ကွယ် မှ မြှားတပ်ဖြင့် အဓိက ထား တိုက်စစ်ဆင်နေသဖြင့် ယုဒီပ တပ်များက အသာရ လျက် ရှိနေ ပေ သည်။

                             ခွန်ဒီနောင်သည် အမိန့် ရရခြင်းပင် မြင်းတပ်ကို ဦးစီးကာ ယုဒီပ တပ်များ၏ အနောက်ဘက် တောအုပ်တွင်းသို့ မြင်းတပ်ကို ရန်သူများ မရိပ်မိစေရန် အနှေးချီလိုက်လေသည်။ တောအုပ်တွင်းသို့ ရောက်လေသော် ကင်းထောက်သား စေလွှတ်ကာ ရန်သူ့ အခြေနေကို ထပ်ပြီး စုံစမ်း ခိုင်းလေသည်။ ထို့နောက် တပ်သား ၏ သတင်းပို့ချက် အရ မြင်းတပ်ကို အသင့်ပြင်ကာ တော အုပ်တွင်းမှ ထွက်ကာ ရန်သူကို စတင် တိုက်စစ်ဆင်လေတော့သည်။ ဟန်သော်ဝေ မြင်းတပ်သည် ယုဒီပ တပ်များ၏ နောက်ကျောဘက် တောအုပ်တွင်းမှ ရုတ်တရက် ထွက်ပေါ်လာပြီး တိုက်ခိုက် လေရာ ယုဒီပ လေးတပ်သည် ပြင်ဆင်ချိန် မရလိုက်ပဲ အထိနာကာ အကျဆုံး များသွားလေသည်။

                              တိုက်ပွဲ ပုံစံမှာလည်း ပြောင်းလဲသွားလေသည်။ ယုဒီပ တပ်များသည် ခံတပ်ဖြူ ဘက်သို့သာ မျက်နှာမူပြီး တိုက်ခိုက်နေခြင်း ၊ အရှေ့ အနောက် နှစ်ဘက်ညှပ် တိုက် ခံရခြင်း ၊ မြင်းတပ်နှင့် လေးတပ် ၊ ခြေလျင်တပ် တို့၏ ဖွဲ့စည်မှု ကွာဟခြင်း တို့ကြောင့် အစောပိုင်းက ဗျူဟာ ကျကျ တိုက်ခိုက်နေပြီး အသာရနေသော်လည်း ယခု မူ တပ်များသည် တစ်ကွဲ တစ်ပြားဖြစ်ကုန်ကာ မရှု့မလှ အတုံးအရုန်း ကျဆုံးကုန်တော့လေသည်။ နောက်ဆုံးတွင် ယုဒီပ နိုင်ငံ၏ လက်ရွေးစင် တပ်ဖွဲ့ကို ဦးဆောင်လာသော တပ်မှူး ပါဝင်သည့် လူနည်းစုကို ခွန်ဒီနောင် ၏ မြင်းတပ်ကြီးက ၀ိုင်း ထားနိုင် လိုက်လေသည်။ ယုဒီပ တပ်များကလည်း ထို  အချိန်အထိ အညံ့မခံသေးပဲ လက်ကျန် လူများကို စုစည်းကာ စက်ဝိုင်းပုံစံ နေရာယူလိုက်ပြီး ဒိုင်းများကို ဆင့်ကဲ ကာရံထားပြီး မြင်းတပ်ကို ပြန်လည် ရင်ဆိုင်လေသည်။ ထို့ကြောင့် တိုက်ပွဲ မြင်ကွင်းသည် စက်ဝိုင်းနှစ်ထပ် ပုံစံ ဖြစ်သွား လေ သည်။

                               ယုဒီပ တပ်များသည် လက်ရွေးစင် တပ်ဖွဲ့ ဖြစ်သည့် အလျောက် နှစ်ဘက်ညှပ် တိုက်ခံရခြင်း ကို အပြင်းထန် ခုခံသော်လည်း ပြင်ဆင်ချိန်မရသဖြင့် အရှုံးနီးပါးဖြစ်သွားလေသည်။ ထို့ကြောင့်လည်း ယခုအထိ လက်နက်ချ အညံ့မခံသေးပဲ ခံတပ်ဖြူဘက်မှ မြှားစက်ကွင်း လွတ်သည့် နေရာတွင် စက်ဝိုင်းပုံစံဖြင့် ဟန်သော်ဝေ မြင်းတပ်ကို ပြန် လည် ရင်ဆိုင်နေခြင်းလည်း ဖြစ်လေ သည်။ ယုဒီပ တပ်များသည် အနီးသို့ ကပ်လာသော ဟန်သော်ဝေ မြင်းတပ်ကို ဒိုင်း များကို ဓါးများ ဖြင့် ထုရိုက်ကာ တောခြောက်သလို အသံပေးလျက် ခြောက်လှန့် နေသဖြင့် မြင်းတပ်မှ မြင်းများ သည် လန့်လန့် နေသဖြင့် ရှေ့သို့ ဆက်မတိုးနိုင်ပဲ မြင်းသည်တော်များက မြင်းများကို ပြန်လည် ထိန်းကျောင်းနေရလေသည်။ ထိုအခြင်းရာကို သဘောပေါက်မိသော ခွန်ဒီနောင်က အရှေ့ဆုံးသို့ ထွက်လာပြီး ..........

ဟေ့ .........ရန်သူကောင်တွေ
မင်းတို့ ပြေးလို့ လွတ်နိုင်သေးလို့လားကွ။
အခုချက်ချင်း လက်နက်ချလိုက်ပါ။

ဟား........ဟား ........ ဟား ........
ငါတို့မှာ လက်နက်ချရိုး ထုံးစံမရှိဘူးကွ။
မင်းမှာ အရည်ချင်းရှိရင် နိုင်အောင်
လာ တိုက်လှည့်ကွ။

                                ယုဒီပ တပ်စု ထဲမှ ခေါင်းဆောင် ဖြစ်ဟန်ရှိသူက ပြန်လည် ချေပ ပြောဆိုလိုက် ခြင်း ဖြစ်လေ သည်။ ထိုအခါ ခွန်ဒီနောင်က ..........

ကောင်းပြီလေ။
မောင်ရင့် အရည်းချင်းကို
ကြည့်ရတာပေါ့။

                                ထိုသို့ ပြောဆိုနေစဉ် ခံတပ်ဖြူကြီး၏ အနောက်ဘက် ဂိတ် တံခါးသည် ပွင့်လာပြီး ခံတပ်တွင်းမှ တပ်မ တစ်ခု ထွက်လာလေသည်။ ထို တပ်မတွင် လှံတပ်သားများ ၊ လေး တပ်သားများ လည်း ပါဝင်လာလေသည်။ ထို့ကြောင့် ထိုတပ်မ သည် မြင်းတပ်၏ အနောက်မှ နေရာယူလိုက်ပြီး လေးသည်တော်များက လေးများကိုတင်ကာ ခုခံနေ သော ယုဒီပ တပ်များပေါ်သို့ မြှားမိုးရွာ ချ လေသည်။ ယုဒီပ တပ်များက ဒိုင်းများကို ခေါင်းပေါ်သို့ တင်ကာ ကျလာသော မြှားများကို ပြန်လည် ကာကွယ်လိုက်လေသည်။ ထိုအချိန် စက်ဝိုင်းပုံစံ ယူထားသော ယုဒီပ တပ်များရဲ့ အရှေ့တန်းဘက် ၌ ဟ သွားသော ဒိုင်းများ နေရာအတွင်း သို့ လှံရှည်များကို ထပ်မံ ပစ်သွင်းလိုက်လေရာ ယုဒီပ တပ်များ သည် ထပ်မံ ကျဆုံး ကုန်လေသည်။ သို့သော် ယုဒီပ ခေါင်းဆောင်က လက်ကျန်လူများကို ပြန်စုလိုက် ပြီး ဒိုင်းများကို အရှေ့ ပတ်ပတ်လည်နှင့် ခေါင်းပေါ်သို့ စုစည်းကာ ကာကွယ် ထားလိုက်လေရာ လူ များကို မမြင်ရတော့ပဲ ဒိုင်းများကိုသာ မြင်နေရတော့လေသည်။

                                ထို အခြင်းရာကို မြင်သော ခွန်ဒီနောင်သည် တိုက်ပွဲကို အမြန် အဆုံးသတ်လို သဖြင့် ယုဒီပ ခေါင်းဆောင်အား ..........

ဟေ့ ...... ရန်သူ့ ခေါင်းဆောင်
မောင်ရင် အရည်ချင်းကို
တကယ် သဘောကျမိတယ်ကွာ။
ကျုပ်နဲ့ တစ်ယောက်ချင်း
လက်ရည် စမ်းကြည့်ပါလား။
ကျုပ် ရှုံး ရင် ကျုပ်တပ်တွေကို
နောက်ပြန်လှည့် ပေးမယ်။
မောင်ရင် ရှုံးရင် မောင်ရင် ရဲ့
အသက်ကို ကျုပ် ယူမယ်။
ဘယ်လိုလဲ ။
သဘောကျရဲ့လား။

ဟား ..... ဟား ......... ဟား ........
သိပ်ကြိုက်တာပေါ့ကွာ။
ကျုပ်က လက်ရွေးစင် တပ်ဖွဲ့ ခေါင်းဆောင်ကွ။
မောင်ရင့် လိုအရည်ချင်းမရှိသေးတဲ့ လူကို
ပညာတွေ သင်ပေးရသေးတာပေါ့ကွာ။

                                    စကားဆုံးသောအခါ ယုဒီပ ခေါင်းဆောင်သည် ဓါးကို ကိုင်ဆွဲလျက် သူ၏ တပ်များအတွင်း မှ ထွက်လာလေရာ ၀န်းရံ ထားသော မြင်းတပ်သည် အနည်းငယ် အနောက်သို့ ဆုတ်ပေးလိုက်လေသည်။ ထို့နောက် ခွန်ဒီနောင်သည် မြင်းပေါ်မှ ဆင်းကာ ဓါးကို ယူလျက် ရင်ဆိုင် တိုက်ခိုက်ရန် အသင့်ပြင်လိုက်လေသည်။ သူတို့ နှစ်ဦး တိုက်ခိုက်မည့် နေရာသည် ဟန်သော်ဝေ မြင်း တပ် နှင့် ယုဒီပ တပ်တွေရဲ့ ကြားနေရာ စက်ဝိုင်းနှစ်ထပ်ရဲ့ အလည်တွင် ဖြစ်လေသည်။ နှစ်ဖက်သော တပ်များကလည်း သူတို့ နှစ်ဦးရဲ့ တိုက်ခိုက်မည့် အခြေနေကို အကဲခတ် စောင့်ကြည့်လျက် ရှိနေကြ ပေသည်။

                                    နှစ်ဦးစလုံး အသင့် အနေထားသို့ ရောက်လေသော် ယုဒီပ ခေါင်းဆောင်သည် ဓါးကို ကိုင် ဆောင်လျက် တရှိန်ထိုး ပြေးဝင်ကာ စတင်တိုက်ခိုက်တော့လေသည်။ ခွန်ဒီနောင် ကလည်း တိုက်ခိုက်မှုကို ပြန်လည် တုန့် ပြန်ကာ ဓါးကွက်များ ပြန်လည် ထုတ်သုံးလိုက်လေသည်။ ထိုသို့ နှစ်ဦးသား တိုက်ခိုက်နေရင်း ခွန်ဒီနောင်သည် ရန်သူ၏ ပျော့ကွက်ကို ရှာဖွေနေလေသည်။ သိပ်မကြာမီ အချိန်အတွင်း ခွန်ဒီနောင် သည် ရန်သူ၏ တိုက်ကွက်ကို ရိပ်စားမိသွားကာ တိုက်ကွက် ကို ပြောင်းလဲ လိုက်လေသည်။ ခွန်ဒီနောင်က ရန်သူအား အောက်ခြေပိုင်းကို အဓိက ထားပြီး တိုက် ခိုက်လေရာ ယုဒီပ ခေါင်းဆောင်သည် တိုက်စစ်အနေထားမှ ခံစစ်အနေထားသို့ ပြောင်းလဲ သွား လေသည်။ ထိုသို့ အဆက်မပြတ် တိုက်ခိုက်နေရာ နောက်ဆုံးတွင် ယုဒီပ ခေါင်းဆောင်သည် တာ ရှည်စွာ တောင့်ခံမထားနိုင်တော့ပဲ သူ၏ ညာဘက် ပေါင် ကြွက်သား နှင့် ဘယ်ဘက် တကောက် ကြော တို့၌ ဓါး ဒဏ်များရရှိ သွားကာ မြေပြင်ပေါ်သို့ ဒူး တစ်ဖက် ထောက်ကာ ကျသွားလေသည်။

                                    ထို့ကြောင့် ခွန်ဒီနောင် သည် ရသည့်အခွင့်ရေးကို လက်လွှတ်မခံတော့ပဲ ဓါးဖြင့် အပေါ်မှ အုပ်မိုးကာ ခုတ်ချလိုက်လေသည်။ ယုဒီပ ခေါင်းဆောင်သည် ခေါင်းပေါ်သို့ ကျလာ သော ဓါးချက်ကို မိမိ ဓါးဖြင့် ပြန်လည် ပက်ထုတ်လိုက်လေရာ ရန်သူ့ ဓါးချက်မှာ လွဲချော်သွားသော် လည်း သူ၏ ဓါးမှာ ဓါးခြင်း ထိရိုက်မိပြီး အားမမျှသဖြင့် လက်မှ လွတ် ထွက်သွားလေသည်။ ထို့ နောက် ခွန်ဒီနောင်က ရန်သူကို အလွတ်မပေးတော့ပဲ ကိုယ်ကို တစ်ပတ်လှည့်ကာ ဓါးဖြင့် ခုတ် ပိုင်းချလိုက်လေရာ ယုဒီပ တပ်ခေါင်းသည် ဘယ်ဘက် ရင်အုံမှ ၀မ်းဗိုက်နားအထိ ဓါးသွားက ဖြတ် သန်းသွားပြီး နှလုံး ကို ထိခိုက်မိပြီး လှုပ်ရှားမှု ရပ်တန့်သွားကာ မြေပြင်ပေါ်သို့ မှောက်လျက်လဲ ကျ ကာ သေဆုံးသွားလေသည်။ ထို့နောက် ခွန်ဒီနော် က ရန်သူ့ ခေါင်းဆောင်ရဲ့ ခေါင်းကို ဓါးဖြင့် ခုတ် ပိုင်း လိုက်ပြီး ဖြတ်ယူလိုက်ကာ အ၀တ်တစ်ခု ဖြင့် ထုပ် သိမ်း လိုက်လေသည်။

                                      ထို အခြင်းရာကို မြင်သော ယုဒီပ လက်ကျန်တပ်သားများသည်လည်း မိမိတို့ ခေါင်း ဆောင် ကျဆုံးသွားခြင်း၊ လက်ကျန်အင်အား နည်းပါးနေခြင်း တို့ကြောင့် ဆက်မတိုက်ဝံ့ ကြ တော့ပဲ လက်နက်ချ အညံ့ ခံလိုက်ကြတော့လေသည်။ ထို့နောက် စစ်ဦးစီး ဆာဂျန်း ရဲ့ နောက်ပါ တပ်များအားလုံးသည်လည်း ရောက်ရှိလာလေသည်။ ထို့နောက် ဟန်သော်ဝေ တပ်များအားလုံး သည် ခံတပ်ဖြူ အနောက်ဘက်ခြမ်း တိုက်ပွဲ၌ အောင်ပွဲဆင်ကာ ခံတပ်ဖြူကြီး အတွင်းသို့ အသီးသီး ၀င်ရောက်သွားကြလေသည်။ ထို တိုက်ပွဲတွင်တော့ အကောင်းဆုံး စွမ်းဆောင် နိုင်ခဲ့သော တပ်မှူး ကလေး ခွန်ဒီနောင် မှာတော့ တပ်သားများကြားတွင် သူရဲကောင်းကြီးသဖွယ် ဖြစ်နေပြီး စစ်ဦးစီး ဆာဂျန်း ရဲ့ မျက်နှာ ပေါ်မှာတော့ အပြုံးရိပ်များ ဖြတ်သန်း လျက် ရှိနေလေတော့သည်။

( ဆက်လက်ဖော်ပြပါမည်။ )

Rocker77


October 10, 2011

အီရန်နိုင်ငံ၏ ရှေ့ဟောင်း သမိုင်းနောက်ခံ အကြောင်း။



                            အီရန်နိုင်ငံသည် ခရစ်တော်မပေါ်မီ နှစ်ပေါင်း 5000 ကျော်အရင်ကပင် အာရှတိုက်၏ အရှေ့ အလယ်ပိုင်းဒေသတွင် တည်ရှိခဲ့ပါသည်။ တောင်ဘက်တွင် ပါရှန်းပင်လယ်ကွေ့ နှင့် အိုမန် ပင်လယ် ကွေ့၊ အရှေ့ဘက်တွင် အာဖဂါနစ်(စ)တန် နှင့်ပါကစ်(စ)တန်၊ မြောက်ဘက်တွင် ရုရှနှင့်ကစ္စပီရန်ပင်လယ်၊ အနောက်ဘက် တွင် အီရတ်နိုင်ငံတို့ နှင့် နယ်စပ်ချင်း ထိစပ်လျက်ရှိပါသည်။

                           အီရန်နိုင်ငံသည် ရှေးကျပြီး၊ယဉ်ကျေးမှု ထွန်းကားသောနိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ ရိုးရာယဉ်ကျေးမှု အသိပညာနှင့် အနုပညာကျွမ်းကျင်မှုများကို သမိုင်းဦးအစကပင်ခြေရာခံ နိုင်ခဲ့ပါသည်။ မူလနေထိုင်သူ လူမျိုးများမှာ အာရီယန်မျိုးနွယ်စုဝင်များ ဖြစ်ကြ ပါသည်။ ခရစ်တော်မပေါ်မီ နှစ်ပေါင်း ( 500 ) ကျော် အရင်ကပွင့်ခဲ့သော တမန်တော်နှင့် အတွေး အခေါ် ပညာရှင် ဇိုရိုအက်(စ)တာမှ ပြဌာန်း သော ဘာ သာ ကို လက်ခံခဲ့ကြသူများဖြစ်ကြပါသည်။ မီးကိုးကွယ်သူများ ဖြစ်ခဲ့ကြပြီး ၄င်းတို.ကို Parsi ဘာသာဝင်များဟု ခေါ်ကြသည်။ အီရန်ဘုရင် Cyrus The Great သည် အင်ပါယာရှင် တစ်ဦးဖြစ်ပြီး (ဘီစီ ၅၅၀) တွင် အာရှ အရှေ.ဖျားမှ အနောက်ဘက် အီဂျစ်နိုင်ငံအထိ ကျယ်ဝန်းသော ပါရှန်းအင်ပါ ယာ ကြီးကို ထူထောင် ခဲ့သူဖြစ် ပါသည်။

                         ( ၇ ) ရာစုတွင် အာရပ် ခေါင်းဆောင်များသည် အီရန်နိုင်ငံ အပေါ်ကျူးကျော်စစ်များ ဆင်နွဲ ကြပြီး နောက်ပိုင်းတွင် အီရန်လူမျိုး  များသည် အစ္စလာမ်ဘာသာဝင်များ ဖြစ်လာခဲ့ကြပါသည်။   ( ၁၃ ) ရာစုတွင် အီရန်နိုင်ငံသည် မွန်ဂိုလူမျိုးများ၏ ခေါင်းဆောင်ဖြစ်သော Jenghis Khan (ဂျန်ဂစ်(စ)ခါးန်) ၏ ကျူးကျော်ခြင်းကိုခံခဲ့ရပြီး မွန်ဂိုဘုရင်များမှာ အီရန်နိုင်ငံသို့ ရောက်ရှိလာရာမှ အီရန်နိုင်ငံသုံး ဖာရ်စီ စကားကို နန်းသုံး စကားအဖြစ် အသုံးပြုပြီး အီရန်စာပေ၊ ယဉ်ကျေးမှု၊ ထုံးတမ်းအစဉ်အလာများနှင့် ကိုးကွယ်မှုပါမကျန် လက်ခံ ကျင့်သုံး ခဲ့လေရာ ထိုသူများကို (Persianized People) ပါရှန်ဆန်သောလူမျိုးများ ဟုခေါ်တွင်ကြသည်။ မွန်ဂို လူမျိုးများ ယခင်အသုံးပြု ခဲ့သော Chagadai ဘာသာစကားမှာ ယခုပျောက်ကွယ်နေပြီဖြစ်သော တူရကီ ဘာသာ စကားဖြစ်ပြီး ဖာရစီ အရဘစ် စကားလုံးများ ထည့်သွင်း သုံးဆွဲထားသော ဘာသာစကား ဖြစ်သော ကြောင့် နောက်ပိုင်းတွင် ဖာရ်စီစကားအား မိမိတို့၏ ကိုယ်ပိုင်စကား အဖြစ်လွှဲပြောင်း သုံးစွဲရာ တွင် လွန်စွာ လွယ်ကူလှပေ သည်။

                         ထိုမွန်ဂို လူမျိုးများမှာ စစ်ခင်းရာတွင် ကျွမ်းကျင်၍ နယ်မြေသစ်များအဖြစ် အာရှ အရှေ့ပိုင်း ဒေသ များကို စစ်ခင်း၍ သိမ်းပိုက်ခဲ့ကြသည်။ မွန်ဂိုလူမျိုးများမှာ တာကိုမွန်ဂိုအနွယ်ဝင်များဖြစ်ကြရာ အီရန် နိုင်ငံရောက်မွန်ဂိုလူမျိုး များအား အီရာနီလူမျိုးများက မဂို (Mogul) လူမျိုးများဟုခေါ်တွင်ခဲ့ကြရာမှ မဂိုအီရာနီ များဟူ၍ ပေါ်ပေါက်ခဲ့ပါ သည်။ အီရန်နိုင်ငံအား အုပ်ချူပ်ခဲ့သော မွန်ဂိုဘုရင်များ အနက် တီးမူး (Timur) ဘုရင်မှာ အထင်ရှားဆုံး ဘုရင်တစ်ပါးဖြစ်ပါ သည်။ တီမူး ဘုရင်၏ သား Sharukh  Mirza Timury ၏ မိဖုရား ဖြစ်သူ Gouhar Shad မှာ အီရန် နိုင်ငံ မရှ်ဟဒ်မြို့ရှိ Rouza-e-Imam-Reza တွင် Jamay Masjid တစ်လုံး တည် ဆောက် ခဲ့ ရာ ယင်း မဇ်ဂျစ် ( ဘုရားကျောင်း ) မှာ- Masjid-e-Gouhar Shad အမည်ဖြင့်တွင် ခဲ့သည်။ နောက် ပိုင်းတွင် Timur ဘုရင်၏သားစဉ်မြေးဆက်ဖြစ်သော Zahiruddeen Mohammed Babur မှာအိန္ဒိယနိုင်ငံ၌ မဂို အင်ပါယာကြီးကို တည်ထောင်ခဲ့သူတစ်ဦးဖြစ်ပါသည်။

 
အင်တာနက်စာမျက်နှာများပေါ်မှ စုစည်းရ်ျ  ပြန်လည်ဝေမျှပါသည်။

Rocker77




October 8, 2011

ငါ့ သွေး ငါ့ မြေ ငါ့ အရည်သွေး။ အပိုင်း ( 18 )


အခန်း ( 18 )


                               မယ်ခ တစ်ယောက် သတိလစ် မေ့မျော နေသည်မှာ နှစ်ရက်ခန့် ရှိရ်ျ နေလေ သည်။ တောင်ပေါ် ဆေးဆရာကြီးသည်လည်း  မယ်ခ ကို ကြိုးစားကုသလျှက်ရှိရာ မယ်ခ သတိပြန် လည်လာစေရန်နှင့် ကိုယ်တွင်းမှ အဆိပ် များ ပြယ် လွင့်သွားစေရန်အတွက် လိုအပ်သော ကုထုံး အစုံ ဖြင့် အစွမ်းကုန် နေ့ကောညပါ ကြိုးကြိုးစားစား ကုသလျှက် ရှိနေပေ သည်။ လိုအပ်သော တခြား အကူညီများနှင့် ဧည့်သည်တွေရဲ့ နေထိုင်စားသောက်ရေးကိုတော့ ဒီမိုရာက တာဝန် ယူကာ ဖြည့် ဆည်းပေးလျှက် ရှိနေလေသည်။ ဘိုးခေါင်းဖြူ နှင့် မယ်မြ တို့ကတို့ စိတ်ပူရုံမှ တပါး အခြားဘာမှ မတက်နိုင် ကြချေ။

                              အချိန်အားဖြင့် နောက်တစ်နေ့ နံနက် သို့ တိုင်ခဲ့လေသည်။ မယ်မြ သည် နံနက် စာကို စားသုံးပြီး သည့်နောက် ခြံထဲသို့ လမ်းဆင်းလျှောက်လာလေသည်။ ခြံထဲတွင် ဟိုဟိုဒီဒီ လျှောက် လှမ်းနေရင်း တောင်ပေါ်ဒေသ၏ လတ်ဆတ်တဲ့ လေနုလေးများကို ရှု ရှိုက်ရင်း ခြံဝင်း၏ တောင်ဘက် ဆင်ခြေလျော လေးသို့ ဆက်လျှောက်လာခဲ့လေသည်။ မယ်မြ သည် ဆင်ခြေလျော အဆုံးနားသို့ ရောက်လျှင် တစ်ဦးတည်း သိုင်းလေ့ကျင့်နေသော ဒီမိုရာကို တွေ့ရလေသည်။ မယ်မြသည် ဒီမိုရာ သိုင်းလေ့ကျင့်နေသည်ကို ဆင်ခြေလျော လေး၌ ထိုင်ကြည့် နေမိလေသည်။ မယ်မြ သည် ထိုသို့ ထိုင် ကြည့်နေရင်း ဒီမိုရာ ၏ သိုင်းပညာအဆင့်မြင့်မားပုံကိုလည်း သတိပြုမိ လေသည်။ ထို့နောက် ခေါင်းထဲတွင် အကြံတစ်ခု လင်းလက်သွားကာ ဒီမိုရာ နှင့် သိုင်းပညာချင်း ဖလှယ်ရန်အတွက် အနီးရှိ ကျောက်တုံးငယ် တစ်ခုကို ယူလိုက်ပြီး ဒီမိုရာ ဆီသို့ လက်နက်ပုန်း တစ်ခု သဖွယ် ပစ်လွှတ်လိုက်လေသည်။

ဝှစ် ..................

                           ဒီမိုရာ သည် သိုင်းလေ့ကျင့်နေရင်းမှ အသံလာရာဆီကို အာရုံပြုမိလိုက်ပြီး အလျင် အမြန် ရှောင် တိမ်းလိုက်လေသည်။ ထို့နောက် ကျောက်တုံးခဲငယ် လာရာဆီသို့ လှမ်းကြည့် လိုက် လေ သော် မယ်မြ ကိုတွေ့ရလေသည်။ ထို့ကြောင့် ဒီမိုရာသည် လေ့ကျင့်ခြင်းကို ရပ်ကာ မယ်မြ ဆီသို့ သွားလိုက်လေသည်။ မယ်မြ နှင့် မလှမ်းမကမ်း နေရာသို့ အရောက်တွင် မယ်မြ က အပြုံးလှလှ လေး တစ်ခု ကို ဖန်ဆင်းလိုက်ပြီး ကြိုဆိုလိုက်သည်ကို တွေ့ရလေသည်။ ထို့ကြောင့် ဒီမိုရာ သည် ပြန်လည် ပြုံးပြလိုက်ပြီး သူမ ၏ အနီးသို့ရောက်လေသော် မယ်မြ က ရုတ်တရက် တိုက်ခိုက်တော့လေသည်။ ထို့ကြောင့် ဒီမိုရာ သည် ဆင်ခြေလျော အတိုင်း နောက်ကျွမ်းပစ်ကာ ရှောင်းတိမ်းလိုက်သောလည်း မယ်မြက ဆက်လက် ဖိတိုက်သဖြင့် နောက်ဆုံးတွင် ရှောင်တိမ်းရင်းဖြင့် နှစ်ဦးစလုံးသည် ဆင်ခြေ လျော အောက်ပိုင်းရှိ မြေပြန့်နေရာလေးသို့ ရောက်ရှိ သွားကြလေသည်။ ထိုနေရာလေးမှာ အစော ပိုင်း က ဒီမိုရာ သိုင်းလေ့ကျင့်နေသော နေရာလည်း ဖြစ်လေသည်။

                           မယ်မြ သည် ဆက်လက်တိုက်ခိုက်နေသဖြင့် ဒီမိုရာ သည် ပြန်လည် ခုခံကာ ခြောက် လှန့်ရုံမျှ ပြန် လည် တိုက်ခိုက်လေသည်။ မယ်မြ သည် ဒီမိုရာအား ဖိရ်ျ တိုက်ခိုက်နေသော်လည်း သိုင်းကွက်များအသုံးပြုမှု တွင် အားသိပ် မပါလှချေ။ ထို့ကြောင့် ဒီမိုရာ သည်လည်း ထိုနည်းအတိုင်း ပင် ပြန်လည် တုံ့ပြန်တိုက်ခိုက်နေခြင်း ဖြစ်လေသည်။ ထို့သို့ နှစ်ယောက်သား ပညာဖလှယ်ကာ စမ်း သပ် နေကြရင်း မြေပြန့်နေရာလေး၏ အစွန်းရှိ ခြောက်ကမ်းပါးနားသို့ မသိမသာဖြင့် တဖြည်းဖြည်း နီးကပ်လာကြလေသည်။ သို့သော် နှစ်ယောက်သားသည် တိုက်ခိုက်ခြင်းကို မရပ်သေးပဲ ဆက်လက် ယှဉ်ပြိုင် နေကြရာ ဒီမိုရာ ၏ တန်ပြန်တိုက်ကွက်တစ်ခုကို မယ်မြ က ရှောင်တိမ်းလိုက်လေရာ အနီးရှိ ကျောက်ခဲတုံးငယ်ပေါ်သို့ ခြေ တစ်ဖက် ထောက်မိပြီး ဟန်ချက်ပျက်သွားလေသည်။ ထိုသို့ ဟန်ချက် ပျက်သွားပြီး မယ်မြသည် ခြောက်ကမ်းပါးဆီသို့ ပက်လက်လှန် ယိုင်လဲကျသွားလေရာ ဒီမိုရာက သူမ ရဲ့ လက်ကို ပြုတ်မကျစေရန် လှမ်းဆွဲလိုက်လေရာ ဟန်ချက်ပျက်နေ သော မယ်မြ သည်  အရှိန် မထိန်း နိုင်ပဲ ဒီမိုရာ၏ ရင်ခွင်ထဲသို့ တိုးဝင်မိသွားပြီး နှစ်ဦးစလုံး လဲကျသွားလေသည်။ လဲကျပုံ မှာ အရှိန်ကြောင့် ဒီမိုရာ သည် ပက်လက်လှန် ကျပြီး မယ်မြက ဒီမိုရာ ၏ ကိုယ်ပေါ်သို့ မှောက်လျှက် ကျ ခြင်းဖြစ်လေသည်။

                         ထိုသို့ လဲကျစဉ် ဒီမိုရာ နှင့် မယ်မြ တို့သည် တစ်ဦးနှင့်တစ်ဦး မျက်နှာချင်းဆိုင် ကပ် လျက် မျက်လုံး ခြင်းဆုံမိ ကြလေသည်။ နှစ်ဦးစလုံးသည် တစ်ခဏတာမျှ ကြက်သေ သေနေကြပြီး နောက်မှ သတိဝင်လာကြကာ မယ်မြ သည် ဒီမိုရာ၏ ကိုယ်ပေါ်မှ ဖယ်ကာ မြေပြင်ပေါ်၌ ထိုင်လိုက် လေသည်။ မယ်မြသည် ရှက်သွေးဖြာကာ ထူပူသွားပြီး နီရဲသော သူမ ရဲ့ မျက်နှာကို တဖက်သို့ လွှဲ ထားလိုက်လေသည်။ ထို့နောက် ဒီမိုရာသည် ပက်လက်လှန်နေရာမှ ထ ထိုင်လိုက် ကာ မယ်မြကို တစ်ချက် ကြည့်ပြီး ..............

ညီမ ............
ဘာဖြစ်သွားသေးလဲဟင်။
လန့်သွားတယ်ထင်တယ်။

                         ဒီမိုရာ ၏ ရုတ်တရက် အမေးကြောင့် မယ်မြသည် ဘာဖြေရမှန်း မသိပဲ ခေါင်းညိတ် ပြ လိုက်မိပြီး ...

ညီမ သွားနှင့်တော့မယ် ..........

                         ဟု ဆိုကာ ရှက်ကိုးရှက်ကန်းဖြင့် အိမ်ဘက်ဆီသို့ ပြေးထွက်သွားလေသည်။

**********************************


                          ည ရဲ့ လ သည် ကောင်းကင်ယံ၌ သာယာစွာ ထွန်းလင်းတောက်ပ လျှက်ရှိ နေလေ သည်။ ထို လမင်း ၏ ဘေးနားပတ်လည် ၌ ကြယ်လေးတွေ၏ ၀န်းရံခစားမှုသည် ညကို လှပစွာ ကဗျာ ဆန်ရ်ျ နေလေသည်။ ဒီမိုရာ သည် ဆေးမြစ်များထားရာ အိမ်ဆောင်ကလေး၏ ခေါင်းမိုးပေါ်သို့ တက် ကာ ညရဲ့ အလှတရားကို တစ်ကိုယ်တည်း မျှော်ကြည့်နေ ရင်း မနက်က ဖြစ်ပျက်ခဲ့သော အဖြစ် များကို ပြန်လည် တွေးတော နေမိလေသည်။

                         မနက်က သူ ပထမ ဦးဆုံးတွေ့မြင်ခဲ့ရသော မယ်မြ ၏ အပြုံးတို့သည် သူ့ ရဲ့ အာရုံတို့ကို ဖမ်းစားထား ကာ ထို အပြုံး၏ အလှတရား၌ ရုန်းထွက်မရ ဖြစ်နေလေသည်။ ထို့နောက် သူတို့ နှစ် ယောက် တိုက်ခိုက် ကြသည်များကို မျက်ဝန်းထဲ၌ ပြန်မြင်နေမိရင်း နောက်ဆုံး သူမ အား ပြုတ်ကျ မသွား စေရန် လှမ်းဆွဲလိုက်ခြင်းကြောင့် အရှိန်လွန်ကာ သူ့ ကိုယ်ပေါ်သို့ သူမ ပြုတ်ကျခိုက် တွေ့မြင် ခဲ့ရသော မျက်ဝန်းတစ်စုံကိုလည်း ဖယ်ခွာမရ ဖြစ်ရ်ျ နေလေသည်။ ထို့နောက် ရှက်ကိုးရှက်ကန်းဖြင့် ပြေးထွက်သွားသော သူမ၏ ပုံရိပ်တွေမှာလည်း လွန်စွာမှ လှပလျှက်  ညရဲ့ ကဗျာဆန်မှုကို ပိုမို အ သက် ၀င်စေသလို ရှိနေလေသည်။ မနက်က သူသည် မယ်မြအား ပြုတ်မကျစေရန် ရိုးသားစွာ လက် လှမ်းဆွဲ လိုက်မိ သော် လည်း မယ်မြက သူ့ကို ဘယ်လို ထင်မြင်မည်ကိုလည်း သိချင်နေမိသည်။

                         မယ်မြ တစ်ယောက် မိမိကို စီစဉ်ပေးထားသော အိပ်ခန်းတွင်း၌ မှေးစက် နေသော် လည်း အိပ်ရ်ျ မပျော်နိုင်ပဲ ရှိနေလေသည်။ မနက်က ဖြစ်ပျက်ခဲ့သော အဖြစ်ပျက်များကြောင့် ဒီမိုရာ ကို သူမ လွန်စွာမှ အားနာမိသွား လေသည်။ အမှန်ဆိုလျှင် ဒီမိုရာသည် သူမ၏ သိုင်းပညာ အဆင့် ထက် အနည်းငယ်ပိုရ်ျ မြင့်မားကြောင်းကို သူမ အစောပိုင်း တည်းက သိနေပါလျှက် အကဲ စမ်းလို သော သဘောဖြင့် တိုက်ခိုက်ခဲ့ခြင်းက မလုပ်သင့်သော လုပ်ရပ်တစ်ခုဟု ထင်မိလာ လေသည်။ ထို့ပြင် ဒီမိုရာက သူမအား ခြောက်ကမ်းပါးမှ ပြုတ်မကျစေရန်လည်း ကာကွယ်ပေးခဲ့လေသည်။ မယ်မြ သည် မနက်က အဖြစ်ပျက်များကို တစ်ခုခြင်းစီ ပြန်လည် စဉ်းစားကြည့်မိပြီး ဒီမိုရာကို အား နာ မိသလို ရင်လည်းဖိုမိ လေသည်။ နှစ်ယောက်သားလဲကျတဲ့အခိုက် တွေ့မြင်လိုက်ရသော မျက်ဝန်း များသည် အလွန်စိုးရိမ်နေသည်ကိုလည်း သူမ သိခဲ့ရလေ သည်။ မည်သို့ပင်ဖြစ်စေ နောက် တစ်နေ့ တွင်တော့ သူမ သည် ဒီမိုရာကို တောင်းပန်လိုက်မည်ဟု ဆုံးဖြတ်မိလိုက်လေသည်။

**************************************

                       
လူလေး ..........
ဟေ့ - လူလေး ...............
အာ ... ဘယ်သွားနေတာလဲကွာ။
အခန်းထဲလည်း ရှိမနေပြန်ဘူး။

                          ဆေးဆရာကြီး၏ ခေါ်သံကြောင့် ဒီမိုရာသည် အိပ်နေရာမှ လန့်နိုးသွားလေသည်။ မျက်လုံးကို ဖွင့် လျှင် ဖွင့်ခြင်းပဲ စူးရှသော နေရောင်တို့က မျက်လုံးဆီသို့ တန်းဝင်လာလေသည်။ ထို့ကြောင့် သူရောက်နေသော နေရာကို ပြန်ကြည့်လိုက်မိသော် ဆေးမြစ်များထားသော အိမ် ဆောင် လေးရဲ့ အပေါ် ခေါင်းမိုးတွင် ဖြစ်ရ်ျ နေလေသည်။ နောက်မှ ညက မယ်မြ အကြောင်းတွေး ရင်း ခေါင်းမိုးပေါ်၌ အိပ်ပျော်သွားဟန်တူသည်ကို သတိပြုမိကာ တစ်ချက်ပြုံးမိ လိုက်လေ သည်။ ဒီမိုရာသည် ခေါင်းမိုးပေါ်မှ မြေပြင်ပေါ်သို့ ခုန် ဆင်းလိုက်ပြီး ဆေးဆရာ အဘိုးအို ဆီသို့ သွားလိုက် လေသည်။

အဘ ..............
ကျုပ် ကို ခေါ်လိုက်သလားဗျို့။

                        ဆေးဆရာ အဘိုးအိုသည် အသံလာရာဆီကို ကြည့်လိုက်လေရာ ဒီမိုရာကို တွေ့ရပြီး .........

အေး ..........
ဟုတ်တယ်။
ဒါနဲ့ ..........
မင်း ကြည့်ရတာ
ခုမှ နိုးလာတဲ့ပုံပဲကွ။

ဟုတ်ပါတယ် ၊ အဘ ။

ကဲ - ကဲ ..........
ဒါဆိုလည်း သွား
မျက်နှာ သွားသစ်ချေအုံး
ပြီးရင် မင်း လုပ်ရမယ့်
အလုပ်ရှိတယ်။

ဟုတ်ကဲ့ပါ အဘ ။

                             ဒီမိုရာသည် ဆေးဆရာ အဘိုးအိုအား ပြောဆိုပြီးနောက် ကိုယ်လက်သန့်စင် ရန် ထွက်ခွာ သွားလေသည်။

                             ဒီမိုရာ တစ်ယောက် ကိုယ်လက်သန့်စင်ပြီးနောက် ဆေးဆရာ အဘိုးအို ဆီသို့ သွားလိုက်လေ သည်။ ဆေးဆရာ အဘိုးအို ဆီသို့ ရောက်လေသော် မယ်မြ နှင့် ဘိုးခေါင်းဖြူပါ ရှိနေသည်ကို တွေ့ရလေသည်။ ထို့နောက် ဒီမိုရာက ဆေးဆရာကြီးအား ............

အဘ ............
ကျုပ်ကို ဘာခိုင်းမလို့လဲဗျ။

အေး .........
ဒီလိုကွ။
အခု အဆိပ်မိထားတဲ့ ကလေးမက
အတွင်းဒဏ်တော့ သက်သာနေပြီကွ။
သွေးခုန်နှုန်းလည်း ပုံမှန်အတိုင်းပြန် ဖြစ်နေပြီ။
ဒါပေမယ့် သတိမလည်လာသေးတော့
စိတ်မချရသေးဘူးကွ။
နောက်ပိုင်း ကုထုံးက သတိလည်မှ
ဆက်ကုပေးလို့ ရမှာကွ။

ဒါဆို သူ့ကို သတိလည်အောင်
လုပ်ပေးဖို့ အရေးကြီးနေတာပေါ့။

ဒါပေါ့ကွ။
ဒီလိုသာ ဆက်ပြီး
နောက်ထပ် ဆယ်ရက်လောက်
သတိမေ့နေမယ်ဆိုရင်
တစ်သက်လုံး ဒီအတိုင်း
ဖြစ်သွားလိမ့်မယ်ကွ။

သဘောပေါက်ပြီ အဘ ........
သူ့ကို နှိုးတဲ့ ကုထုံးကို
သုံးရတော့ မယ်ပေါ့။
ဒါပေမယ့် အဘ။
ကျုပ် တို့ဆီမှာ ဆေးပင် တစ်မျိုးမှ
မရှိနေတာ။ ဘယ်လို လုပ်မှာတုန်းဗျ

အင်း ..... ဟုတ်တယ်။
အဲ့ဒါ မင်း ကို ခိုင်းမလို့ပဲ။
ရှိတဲ့ နေရာကို မင်းကို ပြောပြမယ်။
မင်း သွားယူချေ။
အချိန်တော့ မကြာစေနဲ့။

ဟုတ်ကဲ့ပါ အဘ .........
ဘယ်မှာ သွားယူရမှာလဲဗျ

ဟန်သော်ဝေ နန်းတွင်းက
ဆေးတိုက်မှာ။

ဗျာ ....................

သူတို့က ကျုပ်တို့ကို
ဘယ်လိုလုပ် ပေးမှာတုန်းဗျ။

အဘ သိပါတယ်ကွ။
ဒါပေမယ့် ဆေးလုပ်ဖို့ကလည်း
လိုနေတယ် မဟုတ်လား
ဒီတော့ သွားယူရမှာပဲလေ။
အဘ မင်းကို ပစ္စည်းတစ်ခုပေးလိုက်မယ်။
အဲ့ဒါကို အရေးကြုံမှ ထုတ်သုံး။
ကျန်တာ မင်း နည်း မင်းဟန် နဲ့
ကြည့်သာလုပ်ခဲ့ပေတော့။
ဟုတ်ပြီလား။
ဆေးပင် ပါလာရင် ပြီးတာပဲကွာ။

                             ဆေးဆရာ အဘိုးအို ရဲ့ စကားအဆုံးမှာတော့ ဒီမိုရာသည် စိတ်ပျက်စွာ သက်ပြင်း ရှည်ကြီး တစ်ချက် ချလိုက်မိလေသည်။ ထို့နောက် ဆေးဆရာ ကြီးက ............

လူလေး .............
မင်း အဖော်ရအောင်
မယ်မြ ကို မင်းနဲ့ အတူထည့်ပေးလိုက်မယ်။
လမ်းမှာ တိုင်တိုင်ပင်ပင် နဲ့ လုပ်ကြပေါ့ကွာ။

                            ဒီမိုရာသည် ဆေးဆရာကြီးရဲ့ ထို စကားကို ကြားလေသော် စောစောက စိတ်ပျက် ခြင်း များ ဝေး လွင့်သွားကာ မျက်လုံးများ အရောင်တောက်ပ ခဲ့လေသည်။

ဟုတ်ကဲ့ပါ အဘ .........
ကျုပ်လည်း အပြင်ကို မလည်ရတာ
ကြာနေပြီပဲ။ အပြင်ထွက်ချင်နေတာနဲ့
အတော်ပဲဗျာ။ ကျုပ် ရအောင်
ယူလာခဲ့ပေးမယ်ဗျာ။

                          ဒီမိုရာသည် စကားဆုံးလေတော့ မယ်မြ အား တစ်ချက် အကဲခတ်ကြည့်လိုက်လေ သည်။ မယ်မြ က တော့ သူ့ကို ရှိလေတယ်ဟုပင် သဘောမထားပဲ အရေးစိုက်ဟန် အပြချေ။

ကဲ ...... လူလေး။
အချိန်သိပ်မရှိဘူး။
ပြင်ဆင်စရာတွေကို
ပြင်ဆင်ပြီး ဒီနေ့ပဲ
ခရီးစတော့ ........

ဟုတ်ကဲ့ပါ ။ အဘ ........


( ဆက်လက်ဖော်ပြပါမည်။ )

Rocker77