December 28, 2012

မွန်ဂို အင်ပါယာ အပိုင်း ( 2 )





မွန်ဂိုလီးယားကုန်ပြင်မြင့် သည် တီမူဂျင် ငယ်စဉ်ကာလ ( 1200 ) ခုနှစ် လောက်တွင် လူမျိုးစုများ ၊ မဟာမိတ် အဖွဲ့များဖြင့် အစိတ်စိတ်အမွှာမွှာကွဲကာ တည်ရှိနေခဲ့လေသည်။ ထို လူမျိုးစုများ ၊ မဟာ မိတ် အုပ်စုများ ထဲတွင် နိုင်မန်း ၊ မားကစ် ၊ ယူဂါ့ ၊ တာတာ ၊ မွန်ဂို နှင့် ကာရစ် တို့မှာ အချင်းချင်း မသင့်မမြတ် ဖြစ်လေ့ ရှိကြပြီး ဓါးပြတိုက်မှုများ ၊ လက်စားချေမှုများ ၊ စစ်ပွဲများ ဖြင့် ဖုံးလွှမ်းနေခဲ့ ကြလေသည်။ 


ထိုအချိန်တွင် မိသားစု ခေါင်းဆောင် အဖြစ်သာရှိနေသေးသော တီမူဂျင်သည် ဇနီးဖြစ်သူ ဘုတ်အူဂျင် အား ကယ်တင်ရန် အတွက်  သူ့ ဖခင်ဧ။် သွေးသောက် ညီအစ်ကို ဖြစ်ခဲ့သော ကာရစ် လူမျိုးစုဧ။် ခေါင်းဆောင် တော့ဂ်ဟရု အား မဟာမိတ် ပြုရန် တောင်းဆို ခဲ့လေသည်။ ထိုအခါ ကာရစ်လူမျိုးစု ခေါင်းဆောင်က တီမူဂျင်ဧ။် ဇနီးဖြစ်သူ ဘုတ်အူဂျင်အား မားကစ်လူမျိုးစုမှ  ကယ်တင်ပေးရန် တီမူဂျင်ဧ။် ငယ်သူငယ်ချင်းဖြစ်သူ ဂျမူကာ ကို ကာရစ်လူမျိုးစုမှ တိုက်ပွဲဝင် လူအင်အား နှစ်သောင်း နှင့် အတူ စေလွှတ်ပေးခဲ့လေသည်။ ထို တိုက်ပွဲတွင် တီမူဂျင် သည် အောင်မြင်ခဲ့ပြီး ဇနီးသည် ကိုလည်း ကယ်တင်နိုင်ခဲ့ကာ မားကပ် လူမျိုးစု ကိုလည်း တိုက်ခိုက် အနိုင် ယူလိုက်နိုင်လေသည်။ ထို တိုက်ပွဲပြီးနောက် တီမူဂျင် နှင့် ဂျမူကာ တို့သည် သွေးသောက် ညီအစ်ကို များ ဖြစ်လာခဲ့ကြလေသည်။ နောင်အခါတွင် ဂျမူကာသည်လည်း ဂျဒါရန် လူမျိုးစုဧ။် ခေါင်းဆောင် တစ်ဦး ဖြစ်လာခဲ့လေသည်။ 

ထို အချိန်က မွန်ဂို လူမျိုးစုမဟာမိတ်များဧ။် အဓိက ရန်သူများမှာ အနောက်အရပ်တွင် နိုင်မန်း ၊ မြောက်အရပ်တွင် မားကစ် ၊ တောင်အရပ်တွင် တန်ဂပ် နှင့် အရှေ့အရပ်တွင် ဂျင် နှင့် တာတာ လူမျိုးများ ဖြစ်ကြလေသည်။ ( 1190 ) ခုနှစ် အထိ တီမူဂျင် သည် အကြံပေးများ ၊ နောက်လိုက် များ နှင့် တကွ အသေးစား မွန်ဂိုလူမျိုးစု မဟာမိတ် အဖွဲ့လေးကိုသာ ထူထောင်နိုင်သေးသည်။ သူဧ။် အုပ် ချုပ်မှု ကာလအတွင်း တီမူဂျင် သည် ရန်ဘက် လူမျိုးစုများကို တိုက်ခိုက် ရာတွင် ရိုးရာဓလေ့ ထုံးတမ်း တတော်များများကို ချိုးဖျက်ခဲ့လေသည်။ သူသည် သူ့ဧ။် ခေါင်းဆောင်မှုကို မိသားစု ခေါင်းဆောင် အုပ်ချုပ်မှု ပုံစံထက် သစ္စာရှိမှု အပေါ်တွင် အခြေခံ ခဲ့လေသည်။ တီမူဂျင် သည် သူဧ။် အမိန့် နှင့် ဥပဒေကို တိတိကျကျ လိုက်နာခြင်းဖြင့် သူဧ။် နောက်လိုက် ပြည်သူများ နှင့် စစ်သည်များ ကို ချမ်းသာကြွယ်ဝစေရမည် ဟူ ဆိုခဲ့လေသည်။ တီမူဂျင်သည် ရှေးအစဉ်လာ လုပ်ထုံးလုပ်နည်း အရ ရန်သူကို တိုက်ခိုက် အောင်မြင်ပါက ရန်သူများကို နှင်ထုတ်ရ်ျ ပစ္စည်းများကို သိမ်းယူခြင်း မျိုး မလုပ်ပဲ ရန်သူဧ။် လူမျိုးစုကို သူ့ လက်အောက်သို့ သိမ်းသွင်းကာ သူဧ။် လူမျိုးစုဟု သတ်မှတ် စေခဲ့ လေသည်။ တချို့ တိုက်ပွဲများတွင် မိဘမဲ့ ကလေးများကိုလည်း သူ့မိခင် ထံ ပေးပို့ရ်ျ မွေးစား ခဲ့သည် များလည်း ရှိသည်။ ထိုသို့ ဖြင့် စစ်ရှုံး ရ်ျ သိမ်းသွင်းခံရသူများနှင့်လည်း လေးစားမှု ရှိလာကာ အောင် မြင်သည့် တိုက်ပွဲ တိုင်းတွင် တီမူဂျင် နှင့် သူ့ဧ။် မဟာမိတ် မွန်ဂို တပ်ဖွဲ့သည် ပိုရ်ျ ပိုရ်ျ အင်အား ကြီးမား လာလေသည်။ 

ထိုသို့ ရှိနေစဉ် ကာရစ်လူမျိုးစု ခေါင်းဆောင် တော့ဂ်ဟရု ဧ။် သား စန်ဂမ်မှာ တီမူဂျင် ဧ။် အောင်မြင်မှု အပေါ် မနာလိုဝန်တိုမှု ကြီးမားလာ လေသည်။ ထို့ကြောင့် သူသည် သူဧ။် ဖခင် နှင့် ပူးပေါင်းကာ တီမူဂျင်ကို လုပ်ကြံရန် ကြံစည် ခဲ့လေသည်။ တော့ဂ်ဟရု တို့ သားအဖဧ။် မလေးစားမှု သည် သူ့သမီး နှင့် တီမူဂျင် ဧ။် အကြီးဆုံးသား ဂျိုချီ တို့ လက်ထပ်ရန် စီစဉ်ထားမှုကို ဖျက်သိမ်းသည် အထိ ဖြစ်လာခဲ့လေသည်။ ထို စေ့စပ်ထားသည်ကို ဖျက်သိမ်းခြင်းသည် မွန်ဂိုယဉ်ကျေးမှုကို ပါ မလေးစား သကဲ့သို့ ဖြစ်လာလေသည်။ အဆိုပါ ဖြစ်ရပ်ကြောင့် တော့ဂ်ဟရု နှင့် တီမူဂျင် တို့ အုပ်စု ကြားတွင် စစ်ပွဲဆီသို့ ဦးတည် လာလေသည်။ တော့ဂ်ဟရုသည် နဂိုတည်းက တီမူဂျင်း အားဆန့်ကျင် နေသော ဂျမူကာ နှင့် ပူးပေါင်းလေသည်။ သို့သော် တော့ဂ်ဟရု နှင့် ဂျမူကာ တို့သည် ပဋိပက္ခ ဖြစ်သောကြောင့် နောက်ဆုံးတွင် တီမူဂျင် သာ အနိုင်ရလိုက် လေသည်။ ဂျမူကာ မှာမူ တိုက်ပွဲ အတွင်း၌ ထွက်ပြေးလွတ်မြောက်သွားလေသည်။ ထို တိုက်ပွဲဧ။် ရလဒ် အဖြစ် ကာရစ် လူမျိုး စုမှာ လုံးဝ ပျက်သုန်းခြင်း သို့ ရောက်ရှိ သွားလေသည်။ 

ထို့နောက်ပိုင်းတွင် တီမူဂျင်သည် မွန်ဂိုဟူသမျှကို တစ်စည်းတစ်လုံးတည်း ဖြစ်အောင် ထပ်မံ ဆောင်ရွက်လေသည်။ သဘောကွဲလွဲလျက် ရှိသော ခေါင်းဆောင်များကို သိမ်းသွင်းသည်။ အချို့ကို သတ်ပစ် သည်။ မွန်ဂိုလူမျိုးစုများကို အောင်မြင်ပြီးနောက် တန်းဂွတ်ဒေသကို တိုက်ခိုက် သိမ်းပိုက် ခဲ့လေသည်။ ( 1206 ) ခုနှစ်တွင် ပီးဂူးဝါးတို့ဧ။် တိုင်းပြည်ကို အလွယ်တကူ အောင်မြင်ရ်ျ မိမိအောင်ပွဲ ရခဲ့သည်များကို ထင်ရှားစေသောငှာ ဂျန်ဂစ်ခန် ဟူသောအမည်ကို ခံယူခဲ့လေသည်။ ထိုအချိန်တွင် သူဧ။် အသက်မှာ ( 48 ) နှစ် ရှိနေပြီ ဖြစ်လေသည်။ 

ဂျန်ဂစ်ခန် သည် အင်အားပြန်လည် တောင့်တင်းလာသောအခါ မွန်ဂို နယ်နိမိတ်ကို ကျော်လွန်ကာ နယ်ပယ်ချဲ့ထွင်မှုများကို ဆောင်ရွက်လေသည်။ ( 1209 ) ခုနှစ်တွင် တရုတ်နိုင်ငံ တံတိုင်းကြီးကို ကျော်ဖြတ်ရ်ျ မြောက်ပိုင်းသို့ ၀င်ရောက်တိုက်ခိုက် လေသည်။ ထိုအရပ်ရှိ တာတာ လူမျိုးတို့ကို မိမိ လက်အောက်သို့ သိမ်းသွင်းပြီးနောက် ယခင်က ယင်ကင်း ၊ ယခု ပီကင်းမြို့တော်တွင် အတန်ကြာ အုပ်ချုပ်နေခဲ့လေသည်။ ထိုမှ ငါးနှစ် အကြာတွင် ကိုးရီးယားကျွန်းဆွယ်သို့ သွားရောက် တိုက်ခိုက် ခဲ့လေသည်။ ထို့နောက် ဧရယ်ပင်လယ်ဧ။် တောင်ဘက်ရှိ ခွာရစ်ဇံ နိုင်ငံရှိ ရှားဘုရင်သည် မွန်ဂို သူပုန်ခေါင်းဆောင်တစ်ဦးကို ချီးမြောက်ခဲ့သည့် အတွက် ဂျန်ဂစ်ခန် သွားရောက် တိုက်ခိုက်ကာ ရှားဘုရင်နှင့်တကွ သူပုန်ခေါင်းဆောင်ကို လက်ရ ဖမ်းဆီးမိလေသည်။ သို့သော် ရှားဘုရင်အား အမျက်မထားပဲ သဘောထားကြီးစွာဖြင့် မဟာမိတ်ဖွဲ့ကာ နိုင်ငံအချင်းချင်း ကူးသန်းရောင်းဝယ်ရန် စာချုပ်ကိုပင် ချုပ်ဆိုခဲ့လေသည်။ ရှားဘုရင်က စာချုပ်ကို ဖောက်ဖျက်ကာ မွန်ဂို ကုန်သည်တို့ကို သတ်ပစ်ခဲ့သည်။ ထို ကိစ္စအတွက် သံတမန်များ စေလွှတ်ခဲ့ရာတွင်လည်း သံတမန်များကို မလေး မခန့် ပြုလုပ်ရုံသာမကပဲ တစ်ဦးကိုပင် ခေါင်းဖြတ် သတ်ပစ်ခဲ့လေသည်။ ထို့ကြောင် ဂျင်ဂစ်ခန် သည် စစ်သည် ( 7 ) သိန်းဖြင့် သွားရောက်တိုက်ခိုက် ခဲ့လေသည်။ မွန်ဂိုတပ်များကို ကြီးမားသည့် ခံတပ်ကြီးပင် မခံနိုင်ပဲ ရှားဘုရင်မှာလည်း ခွာရစ်ဇံ နိုင်ငံမှ လက်လွတ်ထွက်ပြေး တိမ်းရှောင် ခဲ့ရ လေသည်။ ဗူးခါးရား နှင့် ဆမားကန်း မြို့ ( 2 ) မြို့ မှာလည်း စစ်ဒဏ်ကြောင့် ကြေမွ ပျက်စီးသွား ရလေတော့သည်။ 

ဂျန်ဂစ်ခန် သည် ခွာရစ်ဇံ နိုင်ငံတွင် ရှိနေစဉ် ရုရှနိုင်ငံ အသီးသီးသို့ သံတမန်များကို လက်ဆောင် ပဏ္ဍာများဖြင့် မိတ်ဖွဲ့ရန် စေလွှတ်ခဲ့လေသည်။ သို့ရာတွင် ထိုနိုင်ငံများသည် မွန်ဂိုလူမျိုးဟူရ်ျ ကြား ပင်မကြားဖူးသည့် အပြင် မိမိတို့ နိုင်ငံများသည်သာ ကြီးကျယ်ခမ်းနားသည်ဟု ထင်နေကြသဖြင့် မွန်ဂို သံတမန်များကို မချေမငံ ပြုမူ ဆက်ဆံ ကြလေသည်။ ထိုအခါ ဂျင်ဂစ်ခန် သည် မွန်ဂိုတို့ ဧ။် အစွမ်းကို ပြသရန် အနောက်ဘက်သို့ အလုံးရင်းဖြင့် ချီတက်လျက် နိုင်ငံပေါင်းများစွာကို မှုန့်မှုန့် ညက်ညက် ချေမှုန်း လိုက်လေသည်။ ထို့နောက်တွင်မှ ယင်းနိုင်ငံများသည် အညံ့ခံလာကြပြီး သံတမန်များ ၊ လက်ဆောင်ပဏ္ဍများဖြင့် သစ္စာ ခံလာကြလေသည်။ 

ထိုသို့ ဂျန်ဂစ်ခန်ဧ။် တပ်မတော် ကြီးသည် ရုရှ နိုင်ငံများကို တိုက်ခိုက် ချေမှုန်းပြီးနောက် ယခင် ရှား ဘုရင်ဧ။်သား ဂျလားလွတ်ဒင် က မွန်ဂို စစ်သည်တို့အား လာရောက်ထိပါး ပြန်သဖြင့် မွန်ဂိုတို့က ယှဉ်ပြိုင်တိုက်ခိုက် ရာတွင် ဂျလားလွတ်ဒင်မှာ မခံမရပ်နိုင်ပဲ တောင်ဘက်သို့ ဆုတ်ခွာပြေးရလေ သည်။ မွန်ဂို တို့ကလည်း ထပ်ကြပ်မကွာ လိုက်လံ တိုက်ခိုက်ပြန်ရာ အိန္ဒူမြစ်ကမ်း၌ ရန်သူတို့ တပ် လုံးပြုတ်သွားပြီး ဂျလားလွတ်ဒင် တစ်ဦးတည်းသာ ဒေလီ မြို့သို့ ထွက်ပြေးပုန်းအောင်း နေရလေ သည်။ ထိုသို့ ဖြင့် ဂျန်ဂစ်ခန် ဧ။် စစ်တပ်သည် အနောက်ဘက်တွင် အရှုံးမရှိ စစ်ပွဲများကို အောင်နိုင် ခဲ့ပြီး ကယ်ရကိုးရမ်း နေပြည်တော်သို့ ပြန်လေသည်။ နေပြည်တော်သို့ ရောက်သောအခါ ဂျန်ဂစ်ခန် သည် သက်တော် ( 60 ) သို့ ရောက်နေပြီ ဖြစ်သော်လည်း တရုတ်ပြည် အနောက် မြောက်ပိုင်းကို ချီတက်တိုက်ခိုက်ကာ အောင်ပွဲ ခံလိုက်သေးသည်။


 ဂျန်ဂစ်ခန် ကွယ်လွန်ချိန် တည်ရှိခဲ့သော မွန်ဂိုအင်ပါယာ

ထိုသို့ဖြင့် မရပ်မနားတမ်း အောင်ပွဲအလီလီ ခံခဲ့ပြီးနောက် ( 1227 ) ခုနှစ် သြဂုတ်လတွင် ရုတ်တရက် နာမကျန်းဖြစ်ကာ ဂျန်ဂစ်ခန် ကွယ်လွန်ခဲ့လေသည်။ သူ ကွယ်လွန်သွားသော်လည်း သူ စည်းရုံး တည်ထောင်ခဲ့သော နိုင်ငံတော်ကြီးမှာ အရှေ့ဘက် ပင်လယ်ဝါ မှ အနောက်ဘက် ပင်လယ် နက် အထိ ကျယ်ပြန့်လေသည်။ က်ျမျှ ကျယ်ဝန်းသော နိုင်ငံတော်ကြီးကို ကမ္ဘာ့သမိုင်းတွင် အကြီးမားဆုံး အဆောက်အအုံ တစ်ခု ဖြစ်ခဲ့သည်ဟု မှတ်တမ်းတင်နိုင်ခဲ့လေသည်။ သူဧ။် သြဇာ လွှမ်းမိုးမှု အရပ် ဒေသများတွင် ယခုခေတ် အီရန် နိုင်ငံ ၊ အိန္ဒိယ မြောက်ပိုင်းနှင့် ရုရှနိုင်ငံ တစ်စိတ်တစ်ဒေသ ၊ တရုတ်နိုင်ငံ မြောက်ပိုင်း ၊ မွန်ဂိုလီးယားနယ်မြေများ အပါအ၀င် ဖြစ်သော အာရှ တစ်ခွင် စသည်ဖြင့် ကြီးမားကျယ်ပြန့် ခဲ့လေသည်။ သူ့အတွက် အားထားရဆုံး စစ်သည်များကား နာမည် ကျော် မွန်ဂို မြင်းစီး စစ်သည်တော် များပင်ဖြစ်လေသည်။ဂျန်ဂစ်ခန် ဧ။် သက်တမ်းတစ်လျှောက် တွင် စစ်မက်ဖြင့်သာ ရင်းနှီးခဲ့သည် ဖြစ်ရာ စစ်ရေးစစ်ရာ အထူးကျွမ်းကျင်လှပြီး သူဧ။် စစ်တပ်မှာ လည်း စည်းကမ်းကောင်းမွန်ရ်ျ ဖွဲ့စည်းပုံ စနစ်ကျသဖြင့် အထူးချီးကျုးဖွယ်ရာ ဖြစ်ခဲ့လေသည်။ 

၎င်းအပြင် မိမိ အောင်နိုင်ရာတိုင်းပြည်များမှ ကျွမ်းကျင်သူများစွာကို မိမိထံတွင် အမှုတော်ထမ်း စေခြင်းဖြင့် စစ်ပညာများ ဖွံဖြိုးစေကာ စစ်အောင်နိုင်ရန် များစွာ အထောက်ကူရရှိ ခဲ့လေသည်။ မိမိကိုယ်တိုင် ပညာအားနည်းခဲ့သော်လည်း ပညာရပ်အသီးသီးကို အားပေး ချီးမြှောက်ခဲ့လေသည်။ ဂျန်ဂစ်ခန် မင်းကြီးသည် မိမိကိုယ်တိုင် ကြမ်းတမ်းသော စစ်သားကြီး တစ်ဦးဖြစ်လင့် ကစား နိုင်ငံ တ၀န်းလုံးက လက်ခံယုံကြသော အယူဝါဒ အသီးသီးကိုလည်း လေးစား ခဲ့လေသည်။ ကိုးကွယ် ဆည်းကပ်ခွင့် ဆိုင်သော အခွင့်ရေးများကိုလည်း ပေးခဲ့လေသည်။ သူကွယ်လွန်သွားသောအခါ မွန်ဂိုလူမျိုးတို့သည် နိုင်ငံခြား ယဉ်ကျေးမှုအစုစုတို့ကို လက်ခံသိမ်းသွင်းပြီးနောက် ယဉ်ကျေးစွာ တိုးတက်ကြီးပွားဖို့ကိုလည်း အခြေတည်မိကြလေသည်။ 

သူကွယ်လွန်သွားပြီးနောက် လက်ငုတ်လက်ရင်းဖြစ်သော နိုင်ငံတော်ကြီးကို သူဧ။် သားတော် သုံး ဦးက ခွဲခြမ်း တာဝန်ယူ အုပ်ချုပ် ခဲ့ကြလေသည်။ ဂျန်ဂစ်ခန် မင်းကြီးသည် ကွယ်လွန်ခါနီးတွင် တရုတ် ပြည်တောင်ဘက်ပိုင်းကိုပါ တိုက်ခိုက် သိမ်းယူရန် သူ့အား ဆက်ခံသူများကို မှာကြားခဲ့ သေးပြန်သည်။ ထိုထဲကမှ ဂျန်ဂစ်ခန် မင်းကြီးဧ။် ကြီးမားကျယ်ပြန့်သည့် နိုင်ငံတော်ကြီးကို အအောင်မြင်ဆုံး ပြန်လည် အုပ်ချုပ် နိုင်သူမှာ ဂျန်ဂစ်ခန် မင်းကြီးဧ။် မြေးဖြစ်သူ ကူဗလိုင်ခန် ဖြစ်လေတော့သည်။ 



အထက်ဖော်ပြပါ သမိုင်းအကြောင်းရာများနှင့် ဓါတ်ပုံများအား ၀ီကီဒီပီးယား အခမဲ့ လွတ်လပ် စွယ်စုံကျမ်း မှ  ကူးယူကောက်နုတ် ဖော်ပြ ပါသည်။ တစ်စုံတစ်ရာ လွဲမှားမှုများ ရှိပါက ကျွန်ုပ် ဧ။် ညံ့ဖျင်းမှုသာ ဖြစ်ပြီး မူရင်း ရေးသားသူများ နှင့် လုံးဝ သက်ဆိုင်ခြင်း မရှိပါကြောင်း ..........

 
( ဆက်လက်ဖော်ပြပါမည်။ )

Rocker77





မွန်ဂို အင်ပါယာ









မွန်ဂို အင်ပါယာ သည် အေဒီ ( 13 ) ရာစု မှ ( 14 ) ရာစု အတွင်း တည်ရှိခဲ့သော ကြီးမားကျယ်ပြန့် သော အင်ပါယာကြီး တစ်ခု ဖြစ်သည်။ မွန်ဂို အင်ပါယာသည် အာရှ အလယ်ပိုင်း ဒေသမှ အစပြုကာ ကိုးရီးယားကျွန်းဆွယ် မှ အရှေ့ ဥေ၇ာပ အထိ ကျယ်ပြန့်ကာ မြောက်ဘက်တွင် ဆိုက်ဗေးရီးယား ၊ တောင် ဘက်တွင် အရှေ့တောင် အာရှ ၊ တောင်အာရှ နှင့် အရှေ့အလယ်ပိုင်း ဒေသ များပါဝင်သည်။ အလျား မိုင် ( 6000 ) ခန့် ရှိပြီး ဧရိယာအားဖြင့် စတုရန်းမိုင်ပေါင်း ( 12.741 ) သန်းခန့် ရှိပြီး လူဦးရေ အားဖြင့် သန်း ( 100 ) ကျော် ခန့် ရှိခဲ့သည်။ ထို ဧရိယာသည် ကမ္ဘာ့မြေ စုစုပေါင်း ဧရိယာဧ။် ( 22 ) ရာခိုင်နှုန်းခန့် ရှိသည် ဖြစ်ရာ ကမ္ဘာ့ သမိုင်းတွင် အကြီးမားဆုံး အင်ပါယာကြီး ဖြစ်ခဲ့သည်။



                                    ဂျန်ဂစ်ခန် အား အရှေ့တိုင်း လက်ရာဖြင့် ရေးဆွဲထားသော ပုံတူ


မွန်ဂို အင်ပါယာသည် မွန်ဂိုခေါင်းဆောင် ဂျန်ဂစ်ခန် ဧ။် ဦးဆောင်မှု အောက်တွင် မွန်ဂိုလူမျိုးစုများ နှင့် တာခစ် လူမျိုးစု များသည် ယနေ့ မွန်ဂိုလီးယား ဒေသတွင် စုပေါင်းစည်းလုံးလာပြီး ( 1206 ) ခုနှစ် တွင် မွန်ဂို အင်ပါယာ အဖြစ် စတင်ထူထောင် ခဲ့ကြသည်။ 




                                                မွန်ဂို အင်ပါယာ ကြီးမားကျယ်ပြန့် တည်ရှိခဲ့ပုံ


ဂျန်ဂစ်ခန် နှင့် ၄င်းနောက် မျိုးဆက်များသည် မွန်ဂိုတပ်သားများကို အရပ်မျက်နှာ အဘက်ဘက် သို့ စေလွှတ်တိုက်ခိုက်ခဲ့ကြကာ နယ်မြေများကို သိမ်းပိုက်ခဲ့သောကြောင့် မွန်ဂိုအင်ပါယာသည် အရှိန် အဟုန်ဖြင့် ကြီးထွားလာ ခဲ့လေသည်။ မွန်ဂိုအင်ပါယာ လက်ထက်တွင် အရှေ့ နှင့် အနောက် (သို့ ) ဥရောပ နှင့် အာရှ ပေါင်းစည်း မိပြီး ကုန်စည် ကူးသန်းရောင်းဝယ်ရေး ၊ နည်းပညာရပ် အသစ် များ ၊ တွေးခေါ်မှုဆိုင်ရာ သဘောတရား အသစ်များကို ဖြန့်ဖြူးဖလှယ် နိုင်ခဲ့ကြပြီး အောင်မြင် ပေါင်းများစွာကို ပိုင်ဆိုင် နိုင်ခဲ့ကြလေသည်။

( 1260 ) ခုနှစ်တွင် ကူဗလိုင်ခန် နှင့် အရိဘိုကဲ ညီအစ်ကို နှစ်ဦး ထီးနန်းဆက်ခံ နိုင်ရေး အားပြိုင် ကြရာ သွေးကွဲမှုများ ရှိလာခဲ့သည်။ ကူဗလိုင်ခန် က အောင်မြင်စွာ နန်းတက်နိုင်ခဲ့ပြီး ယွမ်မင်းဆက် ကို စတင် ထူထောင်ခဲ့လေသည်။ သို့သော် သွေးကွဲမှုများကို အဆုံးမသတ်နိုင်ခဲ့သောကြောင့် ကူဗလိုင်ခန် ကွယ်လွန်ပြီးနောက် မွန်ဂိုအင်ပါယာကြီးသည် နယ်မြေ ( 4 ) ခု ကွဲထွက် သွားလေသည်။ ( 1368 ) ခုနှစ်တွင် ဟန် တရုတ်လူမျိုး ကျူးယွမ်ကျန်း က ယွမ်မင်းဆက်ကို တွန်းလှန်ကာ မင် မင်းဆက် ကို ထူထောင်လိုက်ချိန်တွင်မှ မွန်ဂိုအင်ပါယာသည် ပြိုကွဲ အဆုံးသတ်ခဲ့ ရလေသည်။ 

 ဂျန်ဂစ်ခန်

နှစ်ကာလသည် အလွန်တရာ ရှေးကျပြီး ရေးသားမှတ်တမ်းတင်ခဲ့သော မှတ်တမ်းမှတ်ရာများ ရှားပါး မှုကြောင့် ဂျန်ဂစ်ခန်ဧ။် ငယ်ဘ၀အကြောင်းရာများကို တိကျစွာ ဖော်ပြရန်မှာ များစွာ ခက်ခဲလှပေသည်။ 

ဂျန်ဂစ်ခန် သည် ( 11 ) ရာစု မှ ( 12 ) ရာစု အကြား မွန်ဂိုမြက်ခင်းပြင်ဒေသ၌ ရွေ့လျားသွားလာ နေကြသော မွန်ဂိုမျိုးနွယ်စုဝင် လူမျိုးများကို စုစည်း စည်းရုံးရ်ျ အာရှ နှင့် ဥရောပ တစ်ခွင်လုံးကို ကြီးမားသော ကျူးကျော်စစ်များကို ဆင်နွှဲအောင်နိုင်ခဲ့သည့် စစ်ဘုရင် တစ်ဦး ဖြစ်သည်။

 ဂျန်ဂစ်ခန် ကို ( 1162 ) (သို့ ) ( 1155 ) ခုနှစ် တွင်  ဘာခန် ခါဒန် တောင် ရှိ အိုနွန် နှင့် ခါလန် မြစ်အနီး ယနေ့ မွန်ဂိုလီးယားနိုင်ငံဧ။် မြို့တော် အူလန်ဘာထာ နှင့် အနည်းငယ်မျှ ကွာဝေးသော ဒယ်လီဂန် ဗူလဒွတ် အရပ်တွင် မွေးဖွားခဲ့သည်။ ဂျန်ဂစ်ခန် ဧ။် ငယ်နာမည်မှာ သံလုပ်သားဟု အနက်ရသော တီမူဂျင် ဖြစ်လေသည်။ ထိုအမည်မှာ သူမွေးဖွားခါနီး သူ့ ဖခင် တိုက်ခိုက်အနိုင်ရခဲ့သော တာတာ လူမျိုးစု ခေါင်းဆောင်ဧ။် အမည်ကို ယူခြင်း ဖြစ်သည်။ 

ရွေ့လျားနေထိုင်ကြသော မွန်ဂိုလီးယားမှ တခြားမျိုးနွယ်စုများ နည်းတူ တီမူဂျင် ဧ။် ငယ်ဘ၀သည် လည်း ခက်ခဲ ကြမ်းတမ်း ခဲ့လေသည်။ တီမူဂျင် ကိုးနှစ်သားအရွယ်တွင် မွန်ဂို တို့ဧ။် ရိုးရာဓလေ့ ထုံးစံ အတိုင်း ကြိုတင်စေ့စပ်ထားမှု အရ နောင်အခါတွင် လက်ထပ်ရမည့် သူဖြစ်သော ဘုတ်အူဂျင် ဧ။် အွန်ဂီရက် မျိုးနွယ်စုဆီသို့ သူ့ဖခင် အမိန့်ဖြင့် ပို့ဆောင်ခြင်း ခံရလေသည်။ ထိုအချိန်မှ စရ်ျ သူသည် လက်ထပ်နိုင်သည့် အရွယ်ဖြစ်သော အသက် ( 12 ) နှစ်အရွယ်အထိ ထို မျိုးနွယ်စု မှ ဒိုင်စီချန် ထံတွင် နောက်လိုက်တစ်ဦး အဖြစ် လိုက်ပါခဲ့ရလေသည်။ 

တီမူဂျင် အိမ်ပြန်ခွင့် ရသည့်အချိန်တွင် သူဧ။် ဖခင်မှာ နယ်မြေချင်း ဆက်စပ်ရ်ျ မကြာခဏ စစ်မက် ဖြစ်ပွားလျက်ရှိသော တာတာ တို့ဧ။် ထမင်းစားပွဲတွင် အဆိပ်ခတ်ခံရကာ သေဆုံးသွားလေသည်။ ထို့ကြောင့် တီမူဂျင် သည် လူမျိုးစုခေါင်းဆောင် ခန် တစ်ဦးအဖြစ် ကြေငြာရန် ဖြစ်လာခဲ့လေသည်။ သို့သော် သူဧ။် လူမျိုးစုများက အသက်ရွယ်ငယ်လွန်းသော တီမူဂျင် ဧ။် အုပ်ချုပ်မှုကို လက်မခံပဲ သူဧ။် မိသားစုကိုပါ အကာကွယ် မပေးတော့ပဲ စွန့်ပစ် ထားကြလေတော့သည်။ 

နောက်ထပ် နှစ်အတော်ကြာသည်အထိ တီမူဂျင် နှင့် သူဧ။် မိသားစုမှာ အလေ့ကျပေါက်သော သစ်သီးများကို ဆွတ်ခူး စားသောက်ခြင်း ၊ တီမူဂျင် တို့ ညီအစ်ကို မောင်နှမ တစ်စုဧ။် အမဲလိုက် ခြင်းမှ ရရှိသော အသားတို့ကိုသာ ဝေငှ စားသောက်ပြီး ဆင်းရဲစွာ ရုန်းကန် နေထိုင်ခဲ့ကြ ရလေ သည်။ ထိုသို့ နေထိုင်လာရင်း တစ်နေ့တွင် တီမူဂျင်သည် အမဲလိုက်ပွဲ တစ်ခုတွင် သူဧ။် အဖေတူ အမေကွဲ ညီအစ်ကို ဖြစ်သူ ဘတ်ခ်ထာ ကို အမဲဝေမျှရင်း စကားများကာ သတ်လိုက်မိလေသည်။ ထို ဖြစ်ရပ်ကြောင့်ပင် တီမူဂျင် သည် သူဧ။် မိသားစုတွင် မိသားစုခေါင်းဆောင် ဖြစ်လာခဲ့လေသည်။ 

( 1182 ) တွင် သူ့ ဖခင် ရှိစဉ်က မဟာမိတ်များ ဖြစ်ခဲ့သော ထရီချိုင်ရစ် လူမျိုးစုများမှ တိုက်ခိုက်ခြင်း ခံရကာ ဖမ်းဆီးခံခဲ့ရလေသည်။ သို့သော် တီမူဂျင် ကို သနားစိတ်ဝင်ခဲ့သော ( နောင်အခါတွင် ဂျန်ဂစ်ခန် ဧ။် စစ်ဗိုလ်ချုပ် တစ်ဦးဖြစ်လာခဲ့သူ ) ချေးလ်လောင် ဧ။် ဖခင်က တီမူဂျင်အား လွတ် မြောက်အောင် ကူညီခဲ့လေသည်။ ထိုအချိန်တွင် နောင်အခါ ဂျန်ဂစ်ခန် ဧ။် စစ်ဗိုလ်ချုပ်များ ဖြစ်လာ ကြမည့် ဂျာလ်မီ နှင့် ဘော်ရ်ချူ တို့လည်း လာရောက်ပူးပေါင်း လိုက်ပါကြလေသည်။ ထို ထရီချိုင် ရစ်  လူမျိုးစု လက်ထဲမှ လွတ်မြောက်ချိန်မှ စတင်ကာ တီမူဂျင်သည် သူဧ။် အစောဆုံး ကျူးကျော် စစ်များအတွက် လိုအပ်သည့် လူအင်အားကို သူဧ။် ညီအစ်ကို များကို ဗဟိုပြုရ်ျ စုစောင်း ခဲ့လေ သည်။

ထိုအချိန်တွင် မွန်လီးယား မြက်ခင်ပြင် ဒေသသည် ကြိုတင်စေ့စပ် လက်ထပ် ပွဲများကြောင့် တစ်ခဏတာ မဟာမိတ် ဖြစ်ကြသည်မှ လွဲရ်ျ လူမျိုးစုများအကြားတွင် စစ်ပွဲများ ၊ ခိုးဝှက် ဓါးပြ တိုက် လုယက်မှုများ ၊ မသမာ မှုများ နှင့် အပြန်အလှန် လက်စားချေ မှုများသာ စိုးမိုး နေခဲ့လေ သည်။ ၄င်း အပြင် တောင်းပိုင်းရှိ တရုတ် မင်းဆက်များဧ။် သြဇာလွှမ်းမိုးရ်ျ ၀င်ရောက်စွက်ဖက် မှုများလည်း ရှိနေပြန်သည်။ 

တီမူဂျင် သည် သူဧ။် ဖခင် စေ့စပ် ပေးခဲ့သော အွန်ဂူရက် မျိုးနွယ်စုမှ ဘုတ်အူဂျင် ကို အသက် ( 16 ) နှစ် အရွယ်တွင် လူမျိုးစုခြင်း မဟာမိတ်ပြုလုပ်ရန်အတွက် လက်ထပ် ခဲ့လေသည်။ လက်ထပ်ပြီး မကြာမီတွင် ဘုတ်အူဂျင် အား မားကစ် လူမျိုးစုမှ ဖမ်းဆီးခေါ်ဆောင်သွားရာ တီမူဂျန်က သူဧ။် မိတ်ဆွေ ဖြစ်သော ဂျမူကာ ( နောင်အခါ ၄င်းဧ။် ပြိုင်ဘက် ) နှင့် သူဧ။် သက်တော်စောင့် ဖြစ်သူ ကာရစ်မျိုးနွယ်စုမှ အွန်ခန် တို့နှင့် ပူးပေါင်းကာ သွားရောက် ကယ်ဆယ် ခဲ့လေသည်။ 

( ဆက်လက်ဖော်ပြပါမည်။ ) 

အထက်ဖော်ပြပါ သမိုင်းအကြောင်းရာများနှင့် ဓါတ်ပုံများအား ၀ီကီဒီပီးယား အခမဲ့ လွတ်လပ် စွယ်စုံကျမ်း မှ  ကူးယူကောက်နုတ် ဖော်ပြ ပါသည်။ တစ်စုံတစ်ရာ လွဲမှားမှုများ ရှိပါက ကျွန်ုပ် ဧ။် ညံ့ဖျင်းမှုသာ ဖြစ်ပြီး မူရင်း ရေးသားသူများ နှင့် လုံးဝ သက်ဆိုင်ခြင်း မရှိပါကြောင်း ..........


Rocker77










 

December 27, 2012

Blog ပိုင်ရှင်များအတွက် Face Book Like Box ထည့်နည်း ။





မင်္ဂလာပါ...။
G-Mail ကနေ ခဏခဏမေးလာလို့ ဒီပို့စ်ကလေးကို အချိန်ယူပြီးရေးတင်လိုက်ပါတယ်၊

တစ်ခါမေးရင်တစ်ခါဖြေနေရတာကြောင့်ခဏခဏမဖြေရအောင်၊မသိသေးတဲ့သူများလည်းသိသွားအောင်ပါ။

ကိုယ်ပိုင် Blog တွေရှိတဲ့သူများ မိမိရဲ့ Blog Site မှာစည်စည်ကားကားလေးဖြစ်သွားအောင် 
Facebook like box (သို့မဟုတ်)Facebook like button ထည့်လိုသူများအတွက်ပါ။

ပထမဦးဆုံး မိမိရဲ့ Facebook Account စာမျက်နှာကို ဖွင့်ပါ။


Address bar အတွင်းက မိမိစာမျက်နှာရဲ့ Link (အနီရောင်ပြထားသည်။)ကို Copy ကူးပီး Notepad မှာဘဲဖြစ်ဖြစ် ထည့်ပြီးခဏထားလိုက်ပါ။ ပြီးရင် ဒီလင့်ကိုနှိပ်ပြီး likebox စာမျက်နှာသို့ သွားပါ။


အနီရောင်ပြထားတဲ့ အကွက်ထဲမှာ ခုနက Notepad မှာကူးယူထားတဲ့ သင့် Facebook စာမျက်နှာရဲ့ 
Link ကိုထည့်ပေးလိုက်ပါ။ ကျန်တဲ့သူ့အောက်ကအကွက် တွေမှာ Box အရွယ်အစား နဲ့ Box 
နောက်ခံအရောင်ကို ရွေးပေးရမှာပါ၊ အဲဒါတွေကတော့ မိမိ Blog ရဲံ့ Background ပေါ်မူတည်ပြီး  
ကိုယ့်ဘာသာကိုယ်ရွေးချယ်ပါ။ အဲဒါတွေအားလုံးစိတ်ကြိုက်ရွေးချယ်ပြီးရင် အောက်မှာရှိတဲ့ Get 
Code အကွက်ကိုနှိပ်လိုက်ပါ။


နှိပ်ပြီးတာနဲ့ Box တစ်ခုပေါ်လာပါမယ်။

အဲဒီ Box ထဲက အကွက် (၁) နဲ့ (၂) ကုဒ်တွေ ကို ခုနကလိုဘဲ Notepad မှာ ခဏကူးထားပါ။

 ပြီးရင် သင့်ရဲ့ Blogger Account page ကိုဖွင့်ပါ။


အနီရောင်ပြထားတဲ့နေရာကိုနှီပ်ပြီး ပေါ်လာတဲ့ Box ထဲက Template ကိုကလစ်ပါ။


Eddit HTML ကိုကလစ်ပါ။


နောက်ထပ် Box တစ်ခုပေါ်လာပါမယ်။


 အရင်ဆုံး သင့်ရဲ့ Blog Template ကို Backup လုပ်ပါ။ ဘယ်လိုလုပ်ရမယ်မသိရင်တော့ သင့်ရဲ့ Blog Template Code တွေကို Copy ကူးပြီး Notepad နဲ့သိမ်းလိုက်ပါ။
ပြီးရင်ပုံထဲကအတိုင်းလုပ်ပါ။

</body> ကိုရှာပါ (Ctrl+F) ကိုနှိပ်ပြီးရှာရင်ပိုမြန်ပါတယ်။

တွေ့ရင် သူ့ရဲ့အပေါ်မှာ ခုနကကူးထားတဲ့ နံပါတ် (၁) အကွက်ထဲကကုဒ်ကိုထည့်ပြီး (Save Template) ကိုနှိပ်ပြီးခဏစောင့်ပါ။

သူ Save ပြီးလို့ Erro မဖြစ်ရင် ကုဒ်ထည့်တာနေရာမှန်သွားပါပြီ၊ ပိတ်လိုက်ပါ။


နောက်တစ်ဆင့်ကိုသွားပါမယ်။

Layout ကိုနှိပ်ပါ။

ပေါ်လာတဲ့စာမျက်နှာမှာ Add a Gadget ကိုနှိပ်ပြီး HTML/JavaScript Add တစ်ခုဖွင့်ပြီး နံပါတ်(၂) အကွက်ထဲကကုဒ်ကိုထည့်၍ Save ပြီး သင့်စာမျက်နှာရဲ့ကြိုက်နှစ်သက်ရာနေရာမှာထားနိုင်ပါတယ်။

မှတ်ချက်။ ။ကိုယ်ထားတဲ့နေရာနှင့် အရွယ်အစားအံဝင်ဂွင်ကျဖြစ်အောင် HTML ကုဒ်ကိုပြင်နိုင်ပါတယ်။

အဆင်ပြေပါစေဗျာ...။

ပုံတွေကိုဒီအတိုင်းကြည့်လို့အဆင်မပြေရင် မိမိကြည့်မည့်ပုံအား ကလစ်နှိပ်ကာ ပုံကြီးချဲ့ကြည့် နိုင်ပါသည်။



Online Reading Site မှ ပြန်လည် ကူးယူ မျှဝေဖော်ပြပေးပါသည်။

Rocker77

 

December 21, 2012

3 trusted friends ဖြင့် Facebook အကောင့်ယူနည်း နှင့် ကာကွယ်နည်း ။

 



           အခုပြောပြမယ့် လမ်းကတော့ လူတိုင်းသတိမထားမိတဲ့ အချက်တွေပါ ။ သတိပြုမိတဲ့ သူတွေ လည်း ရှိမှာပါ ။ မရှိတဲ့သူတော့ တော်တော်များပါတယ် ။ ကျွန်တော်တွေ့သမျှကတော့ သတိ မထား မိကြတာ တော်တော် များပါတယ။် ဒါပေမယ့်လည်း မပြောရဲဘူး။ တော်ကြာ ကိုယ်က ပြောပြီးမှ သူ့အကောင့်တစ်ခုခု ဖြစ်တယ်ဆို ပြသနာရှာမှာဆိုလို့။ ကျွန်တော်တွေ့သမျှထဲက တချို့ အကောင့် တွေလောက်ပဲ သတိပေးတဲ့ အနေနဲ့ ပဲ ပြောပါတယ်။ ခုတော့ ဒီ ပို့စ် လေးနဲ့ပဲ ပြောပြ လိုက် ပါတယ်။
 

အထက်ပါပုံအတိုင်း ကျနော်တို့ ပြစ်မှတ် ရဲ့ဖေ့ဘုတ် အကောင့်က About  ကိုနှိပ်ပြီး ဝင်လိုက်ပါ မယ်။   Contact Info မှာ အကောင့်ကိုဖွင့်ထာတဲ့ Email ကိုဖွတ်ပေးမယ့် ဖေ့ဘုတ်မေးလ် ကိုတော့ မဖွက်ထားတဲ့အတွက် အဲဒီပုံမှာပါတဲ့အတိုင်း အဲဒီမေးလ်နဲ့အကောင့်ကို ယူပါမယ်။ ပုံမှာပါတဲ့မေးလ် ကို Copyကူးယူလိုက်ပါ..ထို့နောက်...

အဆင့်-1

Facebook – Browser ထဲကို ဝင်လိုက်ပြီးနောက် အထက်ပါပုံအတိုင်း Email or Phone ဆိုတဲ့ Box မှာ စောစောက ကူးယူလာတဲ့ ဖေ့ဘုတ်မေးလ်ကိုဖြည့်လိုက်ပါမယ်။ ထို့နောက် Forgot your password? ဆိုတာကိုနှိပ်လိုက်ပါ။
အဆင့်-2


Email, phone or Facebook username ဆိုပြီး အထက်ပါပုံအတိုင်း ပေါ်လာပါတယ်။ Email, phone or Facebook username ဆိုတဲ့ Box မှာ စောစောက ကူးယူလာတဲ့ ဖေ့ဘုတ်မေးလ်ကို ဖြည့်လိုက်ပါ။ ..ဖြည့်ပြီးပါက Search ဆိုတာကို နှိပ်ပါက ကျွန်တော်တို့လိုချင်နေတဲ့ ဖေ့ဘုတ် အကောင့် ပေါ်လာ ပါမယ်။
အဆင့်-3

အထက်ပါ ပုံအတိုင်း သင့်အကောင့်လားလို့ဆိုပြီး မေးလာပါမယ်.. အဲဒီမှာပါတဲ့ Yes , This is my account ကိုနှိပ်ပေးလိုက်ပါ။
အဆင့်-4


အထက်ပါပုံအတိုင်း Pasword ပြန် rest လုပ်မလားလို့ မေးပါလိမ့်မယ် ခဏနေဦး။ ဘာမှမနှိပ်ပါနဲ့။ အရေးကြီးတဲ့ အပိုင်းစလာပါပြီး ကျွန်တော်တို့ ရယူမို့ကြိုစားနေတဲ့ ဒီအကောင့်ကို အသုံးမပြုတာ အတော်ကြာနေတယ်ဆို I have on longer use this account  ဆိုတာ ပေါ်နေပြီး လက်ရှိ အသုံးပြု နေဆဲ ဆိုပါက No longer have access to these? ဆိုပြီးပေါ်နေပါမယ်။ အခု ကျွန်တော် ယူမယ့် အကောင့်က သုံးနေဆဲအကောင့်ပါ။ အဲဒီတော့  No longer have access to these?  ဆိုတာကို နှိပ်လိုက်ပါမယ်။ 

အဆင့်-5
I have no longer use this account ကို နှိပ်လိုက်ပြီးပါက အထက်ပါပုံအတိုင်း  
Please enter an email address that you know you can access. We'll use this address to send you messages about recovering your account. ဆိုပြီးတော့ box ထပ်ကျလာပါမယ်။ အဲဒီမှာ  email address  ဖြည့်စွက်ရမယ့်မေးလ်က Facebook အကောင့် လုံးဝမဖွင့်ရသေးတဲ့ မေးလ် အသစ်ဖြစ် ရပါမယ်။ အဲဒီမှာ ပုံအတိုင်း မေးလ်ကို နှစ်ကြိမ် ဖြည့်ရပါမယ်။ သို့သော် ကျွန်တော်တို့ဖြည့်လိုက်တဲ့ မေးလ်ကို ဖေ့ဘုတ်ကနေ မေးလ်ပို့လာမှာမဟုတ်ပါဘူး။ ဘာဖြစ်လို့လည်ဆိုတော့  Security layer ကြောင့်ပါ။ ကဲ..ကျွန်တော်တို့မေးလ် အသစ်ဖြည့်ပြီးပါက Continue ဆိုတာကိုနှိပ်လိုက်ပါမယ်..။
အဆင့်-6

 အထက်ပါပုံကတော့ ဒီအကောင့်ကို ရယူရန်အတွက် လုပ်ဆောင်ရမယ့် အဆင့်ကို ပြထားတာပါ။ ထို့နောက် Continue ဆိုတာကိုပဲ ဆက်နှိပ်ပါ။
အဆင့်-7

စပါပြီ။ 3 trusted friends အစီစဉ်ကျနော်တို့ရယူမယ့်  Facebook အကောင့်ထဲက 3 trusted friends ရွေးရပါတော့မယ။် အဲဒီအကောင့်ထဲမှာ ကျနော်တို့အနေနဲ့ 3 trusted friends အစီစဉ် အောင်မြင် အောင် အကောင့်တွေ ကြိုတင်အက်ထားပြီးတော့ အဲဒီထဲက ကျွန်တော်တို့ အက်ထား တဲ့အကောင့် ( 3 ) ခုကို ရွေးလိုက်ပါမယ်။ အကောင့် ( 3 ) ခုရွေးပြီးပါက Continue ဆိုတာကိုနှိပ်ပါ။ (မှတ်ချက်-အကောင့်တစ်ခုရွေးပြီးတိုင်Continue ဆိုတာကို နှိပ်ပါ။ )
အဆင့်-8


အထက်ပါပုံအတိုင်း သူငယ်ချင်း ( 3 ) ယောက်ရွေးပြီးပါက Send Codes to Friends ဆိုတာ ကိုနှိပ် လိုက်ပါ..။
အဆင့်-9


အထက်ပါ ပုံအတိုင်း ကျွန်တော်တို့ရွေးချယ်လိုက်တဲ့ အကောင့် ( 3 ) ခုကို ကုဒ် တွေပို့လာပါမယ်။ အဲ့ဒီ ကုဒ် တွေကို ဖြည့်ပြီးပါက  Submit Condes ဆိုတာကို နှိပ်ပါ။ အဲဒီ အဆင့်ပြီး တာနဲ့ ကျွန်တော် တို့ရယူမယ့် အကောင့်ကို Recover လုပ်ရပါပြီ..။ ဒီလို အရမ်းလွယ်ကူတဲ့ ဟက် နည်းလမ်းပါ။  ဘာTool မှမသုံးပဲ ဟက် သွားတာ ဖြစ်ပါတယ်။ ဒီလောက်လွယ်တာဆိုတော့ Security Question ကိုမခံထာလို့ပါ။ တကယ်လို့ Security Question ခံထားလည်း လွယ်တဲ့ Security Question ပြုလုပ် ထားပါကလည်း ရယူသွာပါမယ်။ ကျွန်တော်တို့ အနေနဲ့ အကောင့်ယူလို့ မအောင်မြင်ရင်တောင် အဲဒီအကောင့် သေချာပေါက် Lock ကျပါမယ်။ အင်မတန် ကြောက်စရာ ကောင်းပါတယ်။
ကာကွယ်ရမယ့် အချက်တွေကတော့....
1-  Facebook ဖွင့်ထားတဲ့ Emailကို Only Me လုပ်ထာပါ။
2- Facebook ကပေးတဲ့  Email ကိုလည် Only Me လုပ်ထာပါ။
3- Security Question ကို လေးလေးနက်နက် ပြုလုပ်ထားပါ။
4-ကိုယ့်မသိတဲ့ သူတွေ  လာအက်ရင် လက်မခံပါနဲ့။

Security Question ကို ပြီးပြီးရောဆိုပြီး အလွယ်တကူတွေထားတော့ ရယူမယ့်သူက အေးဆေး ယူသွားမှာပါ။ Security Question လေးလေးနက်နက် ပြုလုပ်ထားရင် အကောင့် ဟက် ခံရခြင်းမှ စိတ်ချရပါမယ်။ အဓိက သတိပေးချင် တာကတော့ Security Question လေးလေးနက်နက် ပြုလုပ်ထားပါလို့အကြံပြုချင် ပါတယ်။
အခုပိုစ့်လေးကို မိတ်ဆွေ သူငယ်ချင်းအချင်းချင်း အကောင့် ပျောက်ဆုံးခြင်းမရှိစေရန် လက်ဆင့် ကမ်း မျှဝေးပေးပါရန် တိုတ်တွန်းလိုက်ပါသည်။

သူငယ်ချင်း ဂျွန်ဂျွန် ရဲ့ ပိုစ့် ကို ကူးယူ မျှဝေ ပေးပါသည်။
  
 Rocker77