February 1, 2013

စာဖတ်သူ သူငယ်ချင်းများသို့ အကြောင်းကြား အသိပေးခြင်း။



သူငယ်ချင်းများအားလုံး မင်္ဂလာပါ။

ကျွန်တော့် ရဲ့ ဘလော့ဒ် ဆိုဒ် ကို အစဉ်အမြဲ အားပေးခဲ့ကြသော သူငယ်ချင်းများအားလုံးကို ကျေးဇူး အထူး တင်ရှိပါကြောင်း ဦးစွာ ပြောကြားလိုပါတယ်။ ကျွန်တော် အလုပ်တွေ မအားလပ်တဲ့ အတွက် ပို့စ် တွေ ဆက်တိုက် မတင်ဖြစ်သည်ကို နားလည် ပေးကြပါလို့လည်း တောင်းပန် လိုက်ပါတယ်။ ယခု ကျွန်တော် အွန်လိုင်းပေါ်ကို ပြန်ရောက် ရှိချိန်မှာ ကျွန်တော့် ရဲ့ နဂို ဘလော့ဒ် ဖြစ်တဲ့ Rocker77blog.blog spot.com  သည်  Network  ပိုင်းဆိုင်ရာ  Error  ဖြစ်ပေါ်နေသည်ကို တွေ့ရှိရရ်ျ ဘလော့ဒ် ဆိုဒ် တစ်ခုကို အသစ်ပြန်လည် ရေးဆွဲ လိုက်ရပါသည်။ သို့ပါရ်ျ ထို ပြန်လည် ရေးဆွဲလိုက် သော ဘလော့ဒ် ဆိုဒ်တွင် နဂို မူရင်းဆိုဒ်မှာ ရေးသားခဲ့ သော ပို့စ် များအားလုံးကို ပြန်လည် ရွှေ့ ပြောင်း ထားပြီး အသစ်တင်မည့် ပို့စ် များကိုလည်း ဘလော့ဒ် အသစ် တွင်သာ ဆက်လက် တင်သွား မှာ ဖြစ်သည့်အတွက်  သူငယ်ချင်း စာဖတ်သူများအနေဖြင့် ဘလော့ဒ် ဆိုဒ် လိပ်စာအသစ်သို့ ပြောင်းလဲ  Add  ပေးကြပါလို့ မေတ္တာရပ်ခံ အကြောင်းကြား လိုက်ပါသည်။ စိတ်အနှောင့် ယှက် တစ်စုံတရာ ဖြစ်ပေါ်ခဲ့ပါက နားလည်အားပေးကြပါလို့ လည်း မေတ္တာရပ်ခံ လိုက်ပါတယ်ဗျာ။ သူငယ် ချင်းများအားလုံး ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ ကြပါစေလို့ ဆုမွန်ကောင်း တောင်း ပေးလိုက်ပါတယ်။
ဆိုဒ် လိပ်စာအသစ်ကတော့ အောက်ဖော်ပြပါအတိုင်းပါပဲဗျာ။

Light of Knowledge 

Rocker77


January 8, 2013

အိမ်....................



အဝေးကို ကြည့်တယ် 
ခပ်လှမ်းလှမ်းကို ကြည့်တယ်
မျက်စိ တစ်ဆုံးပါပဲ
အသိုက်ဝန်းလေးတွေ
မိသားစုလေးတွေ
သာယာတဲ့ အိုးအိမ်လေးတွေ ။           ။


အိပ်ကပ်ကို ငုံ့ကြည့်မိတယ်
ရင်ဘတ်ထဲမှာ စူးနစ်နေတယ်
နှလုံးသားက မေးတယ်
သူ့ အိမ် ဘယ်မှာလဲတဲ့  ။             ။



 ဦးနှောက်တွေ ခြောက်ခြားနေတယ်
ရှက်စိတ်တွေ ဖုံးလွှမ်းနေတယ်
ဒေါသတွေ မြိုသိပ်ထားရတယ်
ထိန်းချုပ်နေရတယ် 
ဖျက်ဆီးနေရတယ် ။           ။


 အဝေးကို  ပြန်ကြည့်မိတယ်
နှုတ်ခပ်ကို ပြုံးမိတယ် 
မျက်ဝန်းက မျက်ရည် တစ်စ ငါ ရခဲ့တယ် ။                 ။



မွန်းကြပ်တဲ့ စိတ်တွေ
လေလွင့်တဲ့ ခြေရာတွေနဲ့
မြို့ပြရဲ့ အသက်ရှုသံတွေ ကြားမှာ
အိမ် ဆိုတဲ့ အရာကို ဖမ်းဆုပ်နိုင်ဖို့ ကြိုးစားရင်း
 ကြိုးစားရင်းနဲ့ ........... ငါ ............... ငါ ..............။              ။



ခပ်ဝေးဝေးကို ငါ လှမ်းကြည့်နေမိတယ်။             ။



Rocker77
( 8.1.2013 )
01:02 ( PM )