Showing posts with label အထွေထွေ သုတ. Show all posts
Showing posts with label အထွေထွေ သုတ. Show all posts

June 17, 2012

မော်တော်ကား ပါကင်တာဝါ။



 ပုံမှာ မြင်ရတဲ့ အတိုင်းပါပဲဗျာ။ အဆင့်မြင့် နည်းပညာတွေနဲ့ တည်ဆောက်ထားတဲ့ မော်တော်ကား ပါကင် တာဝါ တစ်ခုပါ။ ဒီ တာဝါကိုတော့ ဂျာမဏီ နိုင်ငံ ၀ုဖ်လ်ဘတ်ဖ် မြို့ မှာ တည်ဆောက်ထားတာပါ။ ဒီ တာဝါထဲ ကို တစ်ကြိမ်တည်းမှာ မော်တော်ကား ခြောက်စီးခန့် မောင်းဝင်ပြီး သိမ်းဆည်း ရပ်တန့်နိုင် ပါတယ်။ တာဝါထဲမှာ ကြီးမားတဲ့ စက်ယန္တားတွေကို တပ်ဆင်ထားပြီး မော်တော်ကားတွေကို အလွှာလိုက် အထပ်လိုက် သိမ်းဆည်းပေး နိုင်ပါတယ်။ စုစုပေါင်း မော်တော်ကား  အစီးရေ ( 800 ) ခန့်ကို တပြိုင်တည်း သိမ်းဆည်းရပ်တန့် ထားလို့ ရပါတယ်။ ဒီလို မော်တော်ကားတွေကို တာဝါထဲမှာ ထည့်ထားနိုင်တော့ မြေပြင်ပေါ်မှာ နေရာပေးရမှုကို သက်သာ စေတဲ့အပြင် သိမ်းဆည်းတဲ့ ပိုင်ရှင်တွေအတွက်လည်း လုံခြုံစိတ်ချမှုကို ရရှိစေနိုင်ပါတယ်။ ဒီ အကြောင်းရာလေးကို ဗဟုသုတ တစ်ခုအနေနဲ့ မျှဝေပေး လိုက်ပါတယ်။ 












သူငယ်ချင်းများအားလုံး ရွှင်လန်းချမ်းမြေ့ နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း ..........

မူရင်း ...http://xsefoto.blogspot.com



November 14, 2011

Titanic သင်္ဘော တည်ဆောက်ခဲ့စဉ်က ရှားပါး ဓါတ်ပုံများ။


သူငယ်ချင်းများအားလုံး မင်္ဂလာပါဗျာ။

Titanic သင်္ဘောအကြောင်းကို အားလုံး သိပြီးသား ဖြစ်မှာပါ။ ဒီ သင်္ဘောကြီးကို ( 1909 ) ခုနှစ်ကနေ 
( 1911 ) ခုနှစ် အထိ အင်္ဂလန်နိုင်ငံ လီဗာပူးလ် ဆိပ်ကမ်းမှာ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ ထိုကဲ့သို့ တည်ဆောက်နေခဲ့ ကြပုံများကို မှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးခဲ့ကြတဲ့အတွက် ဒီကနေ့မှာ ပြန်လည် ရှု့ခံစားနိုင်ကြမှာ ဖြစ်ပါတယ်။ အောက်ပါတော့  ဒီသင်္ဘောကြီး တည်ဆောက်ခဲ့စဉ်ခါက ဓါတ်ပုံများကို ဗဟုသုတ အနေဖြင့် တင်ပြပေးလိုက်ပါတယ်။


















မူရင်း ... http://www.planitikos.com

သူငယ်ချင်းများအားလုံး ရွှင်လန်းချမ်းမြေ့ နိုင်ကြပါစေဗျာ။

Rocker77



ကမ္ဘာ့ထိပ်တန်း အကြီးဆုံး စာကြည့်တိုက် ( 10 ) ခု ။


သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ။

ဒီ တစ်ခါတော့ လေးစားအားကျ အတုယူဖွယ် ကောင်းပြီး စိတ်ဝင်စားစရာ ကောင်းတဲ့ 
 ကမ္ဘာ့စာကြည့်တိုက်ကြီးတွေ အကြောင်း ကို ဖော်ပြပေးလိုက်ပါတယ်ဗျာ။ 
 အလုပ်တွေ အရမ်းများပြီး အချိန်လုနေရလို့ ပို့စ်တွေ အတင်နည်းနေ
 တာလေးကို ဒါလေး နဲ့ ကျေနပ်ပေးကြပါလို့လည်း တောင်းပန်လိုက်ပါတယ်ဗျာ။

စာအုပ်စာပေဆိုတာ ဗဟုသုတတွေရဲ့ ပြတင်းပေါက်ရယ်လို့ တင်စားခေါ်ဝေါ်ကြလေတော့
စာတွေ များများဖတ်လေ အသိပညာ ဗဟုသုတတွေ များများတိုးလေပေါ့ဗျာ။
ဒီတော့ ဒီလို စာအုပ်စာပေတွေကို တစ်နေရာတည်းမှာ များများ ဖတ်နိုင်တဲ့ နေရာတွေဖြစ်တဲ့
ကမ္ဘာ့စာကြည့်တိုက်ကြီးတွေကို စုစည်းပေးလိုက်ပါတယ်။ သူငယ်ချင်း တို့ သွားရင်းလာရင်းနဲ့
လမ်းကြုံတော့လည်း သွားရောက်ဖတ်ရှု့နိုင်ကြတာပေါ့ဗျာ။း)




01. Library of Congress, Washington, DC.



Library of Congress, Washington, DC စာကြည့်တိုက်ဟာ အမေရိကန်နိုင်ငံ ၊ ၀ါရှင်တန် မြို့မှာ
တည်ရှိပြီးတော့အမေရိကန် နိုင်ငံရဲ့ အကြီးဆုံး စာကြည့်တိုက် တစ်ခုလည်း ဖြစ်ပါတယ်။
ဒီ စာကြည့်တိုက်ထဲမှာ စာအုပ်စာပေ မျိုးစုံကိုဘာသာစကားအမျိုးမျိုး နဲ့ အုပ်ရေ
သန်း ( 30 ) ကျော် စုစောင်းထားရှိပါတယ်။ ဒီ စာကြည့်တိုက်ကို ( 1800 ) ပြည့်နှစ်မှာ
စတင်တည်ထောင် ထားခဲ့ပြီး စာကြည့်တိုက် အဆောက်အအုံ ဒီဇိုင်းလက်ရာကြောင့်လည်း
နာမည် ကျော်ကြားလှပါတယ်။

02. National Library of China.


 National Library of China စာကြည့်တိုက်ကတော့ တရုတ်နိုင်ငံ ဘေဂျင်းမြို့မှာ တည်ရှိပါတယ်။
ဒီ စာကြည့်တိုက်ဟာ တရုတ်နိုင်ငံရဲ့ အမျိုးသား စာကြည့်တိုက်လည်း ဖြစ်သလို
ဘေဂျင်းမြို့ရဲ့ အထင်ကရ တစ်ခု လည်းဖြစ်ပါတယ်။
ဒီ စာကြည့် တိုက်ထဲမှာ စာအုပ်စာပေပေါင်း ( 22 ) သန်းကို စုစောင်းထားရှိ ပါတယ်။
ဒီ စာကြည့်တိုက်ကို ( 1909 ) ခုနှစ်မှာ စတင် တည်ထောင် ထားခဲ့ပါတယ်။

03. Library of the Russian Academy of Sciences.



Library of the Russian Academy of Sciences စာကြည့်တိုက်ကတော့ ရုရှနိုင်ငံ စိန့်ပီတာစဘတ်မြို့မှာ
တည်ရှိ ပါတယ်။ ဒီ စာကြည့်တိုက်ကို ( 1714 ) ခုနှစ်မှာ အပြီးသတ် တည်ထောင်ထား ခဲ့ပါတယ်။
ဒီ စာကြည့်တိုက် ထဲမှာ စာအုပ်စာပေ ပေါင်း သန်း ( 20 ) ကျော်ကို စုစည်းထားရှိ ပါတယ်။
 ထူးခြားတာကတော့ ဒီ စာကြည့်တိုက်ထဲမှာ သိပ္ပံပညာရပ်ဆိုင်ရာ စာအုပ်ပေါင်း သန်းနဲ့ချီ ရှိနေပြီးတော့ စာအုပ်အများစုမှာ ရုရှ ဘာသာနဲ့ ရေးသားထားတာတွေ ဖြစ်ပါတယ်။

 04. National Library of Canada.



National Library of Canada ဆိုတဲ့ စာကြည့်တိုက်ကတော့ ကနေဒါ နိုင်ငံ Ottawa City မှာ
တည်ရှိပါတယ်။ ဒီ စာကြည့်တိုက်ဟာ ခေတ်သစ် ဒီဇိုင်းလက်ရာတွေ နဲ့ အတူ တည်နေရာ အကွက်ကွင်း ကျခြင်းတို့ကြောင့် ကျော်ကြားလှပါတယ်။ ဒီ စာကြည့်တိုက်ကို ( 1953 ) ခုနှစ်မှာ တည်ထောင်ခဲ့ပြီးတော့ စာအုပ်စာပေပေါင်း ( 18.8 ) သန်း ခန့်ကို စုစည်း ထားရှိပါတယ်။

05. German National Library.



German National Library စာကြည့်တိုက်ကတော့ ဂျာမဏီနိုင်ငံ ဖရန့်ဖတ်မြို့ မှာ တည်ရှိပါတယ်။ 
ဒီ စာကြည့်တိုက်ကို ( 1990 ) ကျမှသာ တည်ထောင်ထားပြီး စာအုပ်ရေ ( 18.5 )သန်းကျော်ကို
စုစောင်းထားရှိပါတယ်။

06. British Library.



British Library ဆိုတဲ့ စာကြည့်တိုက်ကတော့ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့မှာ တည်ရှိပါတယ်။
ဒီ စာကြည့်တိုက်ကိုတော့ ( 1753 ) ခုနှစ်မှာ တည်ထောင်ခဲ့ပြီးတော့ ရှေးကျလှတဲ့ စာကြည့်တိုက်
တစ်ခုလည်း ဖြစ်ပါတယ်။ ဒီ စာကြည့်တိုက်ထဲမှာ စာအုပ်စာပေပေါင်း ( 16 ) သန်းခန့်ကို
စုစောင်း ထားရှိ ပါတယ်။

07. Institute for Scientific Information Russian Academy of Sciences.



Institute for Scientific Information Russian Academy of Sciences စာကြည့်တိုက်ကိုတော့ ရုရှနိုင်ငံရဲ့ 
 မြို့တော် မော်စကို မှာ တည်ထောင်ထားပါတယ်။ စာကြည့်တိုက်ကို တည်ထောင်ထားတဲ့ ခုနှစ်ကတော့ ( 1969 ) ခုနှစ် ဖြစ် ပါတယ်။ ဒီ စာကြည့်တိုက်ထဲမှာတော့ စာအုပ်ပေါင်း 
( 13.5 ) သန်းကို စုစောင်းထားရှိပြီး စာအုပ်များအားလုံးက သိပ္ပံဆိုင်ရာ ဆွေးနွေးချက် စာအုပ်များသာဖြစ်ပြီး ရုရှ ဘာသာနဲ့ပဲ ရေးသားထားတာတွေ ဖြစ်ပါတယ်။

08. Harvard University Library.



Harvard University Library ကတော့ သိပ်ပြီး အထွေထူး ပြောဖို့ လိုမယ် မထင်ပါဘူး။
ဒီ စာကြည့်တိုက်ဟာ Harvard တက္ကသိုလ်ရဲ့ စာကြည့်တိုက်လည်း ဖြစ်ပြီး တက္ကသိုလ်
ကျောင်းသား ကျောင်းသူတွေကို ပညာရပ်တွေ များစွာကိုလည်း မျှဝေ ပေးနေခဲ့တာ ဖြစ်ပါတယ်။
ဒီ စာကြည့်တိုက်ကို ( 1638 ) ခုနှစ်မှာ တည်ထောင်ခဲ့ပြီး စာအုပ်စာပေါင်း ( 13.1 ) သန်းကို
စုစောင်းထား ရှိပါတယ်။

09. Vernadsky National Scientific Library of Ukraine.



 Vernadsky National Scientific Library of Ukraine ကတော့ ယူကရိန်းနိုင်ငံ Kiev မြို့မှာ တည်ရှိပါတယ်။ ဒီ စာကြည့်တိုက်ကို ( 1919 ) ခုနှစ်မှာ တည်ထောင်ထားခဲ့ပြီးတော့ 
တစ်ကမ္ဘာလုံးမှာရှိတဲ့ သိပ္ပံပညာရပ်ဆိုင်ရာ စာအုပ်ပေါင်း ( 13 ) သန်းကို စုစောင်းထားရှိပါတယ်။

10. New York Public Library.



New York Public Library ကတော့ အမေရိကန်နိုင်ငံ ၊ နယူးယောက်ခ် မြို့မှာ တည်ရှိပါတယ်။
ဒီ စာကြည့်တိုက်ကို ( 1895 ) ခုနှစ်မှာ တည်ထောင် ခဲ့ပြီး စာအုပ်စာပေါင်း ( 11 ) သန်းကို
စုစောင်းထား ရှိပါတယ်။


ကဲ သူငယ်ချင်းတို့ရေ.........
လမ်းကြုံလို့ပဲ ဖြစ်ဖြစ်၊ တမင်တကာပဲ ဖြစ်ဖြစ်
သွားရောက်လေ့လာ နိုင်ဖို့
မျှဝေ ပေးလိုက်ပါတယ်ဗျာ။
အားလုံးပဲ ရွှင်လန်းချမ်းမြေ့ နိုင်ကြပါစေဗျာ။


http://www.blogobo.com/read/2488/0/top-10-biggest-libraries-in-the-...  အား ဆီလျော်အောင်
ပြန်ဆိုလိုက်ပါတယ်ဗျာ။ တစ်စုံတစ်ရာ အမှားယွင်းမှာ ပါရှိ နေခဲ့ပါက ကျွန်တော်၏ တာဝန်သာ ဖြစ်ပါကြောင်း .....


Rocker77





September 18, 2011

မော်ကင်း ( ခေါ် ) ဆလုံ တိုင်းရင်းသားတို့ရဲ့ ဘာသာစကား နှင့် စာပေ။


                      ဆလုံ တိုင်းရင်းသားတို့သည် မြန်မာနိုင်ငံ တောင်ဘက်စွန်း တနင်္သာရီတိုင်းရှိ မြိတ်ခရိုင် နှင့်

ကော့သောင်း ခရိုင် အတွင်းရှိ ကျွန်းများတွင် လူနည်းစုအဖြစ် သီးခြားနေထိုင်ကြသည်။ မြိတ်ခရိုင် နှင့် ကော့ သောင်း ခရိုင် အတွင်း ဆလုံ တိုင်းရင်းသားများ နေထိုင်ကြသော မြို့နယ်နှင့် ကျွန်းများမှာ မြိတ်မြို့နယ် ၊ ကျွန်းစုမြို့နယ် ၊ ပုလောမြို့နယ် ၊တနင်္သာရီမြို့နယ် ၊ ကော့သောင်းမြို့နယ် ၊ ဘုတ်ပြင်းမြို့နယ် ၊ ဒုန်းကျွန်း ( Done Island ) ၊ ဇာဒက်ကြီးကျွန်း ၊ လန်းပိကျွန်း ( Lumpi Island ) ၊ မကြုံကလက်ကျေးရွာ နှင့် ညောင်ဝိကျေးရွာ တို့ ဖြစ်ကြသည်။
                      ဆလုံ တိုင်းရင်းသားများ ပြောဆိုသော စကားမှာ ( 4 ) မျိုးရှိပြီး လောတ( Lawta ) ၊ လဘီ( Lbi ) ၊ ဂျအိ( Jait ) ၊ ဒန်း ( Dung ) ဘာသာစကားတို့ဖြစ်ကြပြီး ထို လေးမျိုးတွင် ဒန်းဘာသာစကားသည် စံ ဘာသာ စကား (သို့) မူရင်း ဘာသာစကားဖြစ်ကြောင်းကို  Walter Grainge Whtie  ဆိုသူက  The Sea Gypsies pf Malaya စာအုပ်တွင် ဖော်ပြထားပေသည်။
                      ဆလုံ ဘာသာစကားနဲ့ ပါတ်သက်ပြီး ပညာရှင်တွေရဲ့ အယူအဆက ( 2 ) မျိုးကွဲလျက် ရှိပေ သည်။ တစ်မျိုးမှာ ဆလုံ တို့သည် မလေးလူမျိုး အဆက်အနွယ် ဖြစ်သည်ဟူသော အဆိုဖြစ်သည်။ အဘယ် ကြောင့်ဆိုသော် ဆလုံ တိုင်းရင်းသားတို့ ပြောဆိုသော စကားတွင် မလေး အခေါ်ဝေါ်များ ပါဝင်နေ သော ကြောင့် ဖြစ်ပေသည်။
                      နောက်တစ်မျိုးမှာ မွန်-ခမာ အနွယ်ဖြစ်သည် ဟူသော ယူဆချက်ဖြစ်သည်။ မြန်မာပြည်တောင် ပိုင်း၊ အင်ဒိုချိုင်းနား ကျွန်းဆွယ် ၊ ထိုင်းနိုင်ငံ တို့ဘက်မှ မြန်မာပြည်အတွင်းသို့ ၀င်ရောက်လာသော မွန်-ခမာ များထဲတွင် ဆလုံတိုင်းရင်းသားများသည် မွန်များနဲ့အတူ ၀င်ရောက်လာသည် ဟူရ်ျ လည်းကောင်း၊ မွန်-ခမာ တို့ဧ။် အပြောအဆို အသုံးအနှုံန်းတို့သည် ဆလုံတိုင်းရင်းသားတို့ ပြောဆိုသော အသုံးနှုံန်း နှင့် ဆင်သော ကြောင့် မွန်-ခမာ အနွယ်မှ ဆင်းလာသည်ဟု ယူဆ ကြခြင်းဖြစ်ပေသည်။
                      ဆလုံ ဘာသာစကားမျိုးရိုး နှင့် သမိုင်းကြောင်းကို ပြန်ကြည့်လျှင် မြန်မာပြည်တွင် တိဗက် တရုတ်မျိုးရိုး နှင့် သြစထရပ် မျိုးရိုးဟူရ်ျ ဘာသာစကားမျိုးရိုးကြီး နှစ်ခု ရှိရာ ဆလုံဘာသာစကားသည် သြစထရစ်မျိုးရိုးတွင် ပါဝင်ပေသည်။ သြစထရစ်မျိုးရိုးသည် တိဗက်တရုတ်မျိုးရိုး ထက် ရှေးကျသော ဘာသာစကားတစ်ခု ဖြစ်ပေသည်။ သြစထရစ်ဘာသာစကားကိုပြောဆိုသော လူမျိုးများထံမှ တရုတ်တိဗက် ဘာသာစကားပြောဆိုသော လူမျိုးများက အတက်ပညာများကို သင်ကြားခဲ့ရပေသည်။ သို့ဖြစ်ရ်ျ မွန်တို့ထံမှ ဗမာ တို့က သင်ကြားခဲ့ရသည်။ ခမာ တို့ထံမှ ရှမ်းတို့က သင်ကြားခဲ့ရလေသည် ဟု ဦးဖေမောင်တင် ရေးသား သော ဘာသာလောကကျမ်းတွင် တွေ့ရှိရပါသည်။
                      သြစထရစ် ဘာသာစကားမျိုးရိုးကြီးတွင် သြစထရိုနီရှန်း ခေါ် ပင်လယ်ပိုင်းတွင် ပြောသော စကား နဲ့ သြစထရိုအေရှတစ် ဟု ခေါ်သော ကုန်းပိုင်းတွင်ပြောသော စကားဟူရ်ျ နှစ်မျိုးရှိပေရာ ဆလုံ တိုင်းရင်းသား ဘာသာစကားသည် သြစထရိုနီရှန်း အုပ်စုတွင် ပါဝင်ပေသည်။ သြစထရိုနီရှန်း ဘာသာ စကား ကို ပြောဆိုသော လူမျိုးမှာ တောင်ဘက်စွန်းရှိကျွန်များတွင် နေထိုင်သော မော်ကင်း ခေါ် ဆလုံ တိုင်းရင်း သားများ နှင့် ပသျှူး တိုင်းရင်းသား တို့ ဖြစ်ကြသည်။
                      စာပေအနေဖြင့် လေ့လာကြည့်လျှင် ဆလုံတိုင်းရင်းများတွင် ကိုယ်ပိုင် စာပေ မရှိချေ။ 1846 ခုနှစ် တွင် ဒေါက်တာ ဘရေတန်ကလည်းကောင်း ၊ 1900 ပြည့်နှစ်တွင် ခရစ်ယာန်သာသနာပြုဆရာမကြီး ဒေါက်တာဒေစီ အဖွဲ့ က လည်းကောင်း ၊ 1988 ခုနှစ်တွင် ခရစ်ယာန်သာသနာပြု ဆရာမကြီး နော်ဆေးဘေ နှင့် နော်ဖိုးလေ တို့ကလည်းကောင်း အင်္ဂလိပ်အက္ခရာ ၊ ပိုးကရင် အက္ခရာတို့ဖြင့် ဆလုံစာပေကို တီထွင် ပေးခဲ့ကြသည်။ ( 19 ) ရာစု နှစ်ဦးပိုင်းတွင်လည်း အမေရိကန်နှစ်ချင်းခရစ်ယာန်သာသနာပြု မစ္စတာ စတီဗင် ( Mr. Stevens ) ဆိုသူက ရောမ အက္ခရာများကို အသုံးပြုကာ စာပေတီထွင်ပေးခဲ့ပြီး ခေါင်းစဉ်မှာ  A Primer of the Selong Larnguage ဖြစ်ပေသည်။ ၄င်းစာအုပ်မှာ ဖတ်စာအုပ်ငယ်ဖြစ်ပြီး အတော်အတန် ပင်ပြည့်စုံမှုရှိ ကြောင်း၊ ယခု အခါ ရှာဖွေရ်ျ မရတော့ကြောင်း သိရပေသည်။
                      ဆလုံ တိုင်းရင်းသားတို့သည် စာပေသင်ကြားခြင်းထက် ပင်လယ်လုပ်ငန်းခွင်သို့သာ ၀င်ရောက်လုပ် ကိုင်လိုစိတ်ပြင်းပြသောကြောင့် ယခုအချိန်အထိ စာပေဟူရ်ျ တိကျခိုင်မာစွာ ပေါ်ထွက် လာခြင်း မရှိသေးချေ။ ဆလုံ တိုင်းရင်းသားတို့ပြောသော ဘာသာစကား လေးမျိုးအနက် မလေးနှင့် အဆက် သွယ်ရှိသော လူမျိုးများက လောတ ၊ လန်းပိကျွန်းနှင့် ဘုတ်ပြင်းမြို့နယ်တွင်နေထိုင်ကြသော ဆလုံ တိုင်းရင်း သား များက ဂျအိ စကားကိုပြောဆိုကြပေသည်။ မြိတ်ခရိုင်အတွင်းမှာ နေထိုင်ကြတဲ့ ဆလုံတိုင်းရင်းသား တွေ က ဒန်း ဘာသာစကားကိုပြောဆိုကြပြီး ကော့သောင်းခရိုင် ကျွန်းစုများအတွင်းမှာ နေထိုင်ကြသူများကတော့  လဘီ ဘာသာစကားကို ပြောဆိုနေထိုင် လျက်ရှိ ကြပေသည်။

 စာကိုး ---- ဒေါ်အေးနုခိုင် ( လုပ်သားကောလိပ် ) ဧ။် ဆလုံရွာသို့ ခရီးသွားမိတ်ဆက်မှ ကောက်နုတ်ဖော်ပြပါသည်။

                                                                                                                 Rocker77