September 18, 2011

သိထားသင့်သော သမိုင်းကြောင်း တစ်ခု ။


                              ဗုဒ္ဓ၀ါဒ နှင့် ဂျိန်း ၀ါဒ တို့သည် အိန္ဒိယ ၌ တစ်ချိန်တည်းလိုလိုပင် ပေါ်ထွန်းခဲ့ကြသည်။ ဂျိန်း ၀ါဒဆရာကြီးတစ်ဆူ  အဖြစ်ထင်ရှားကျော်ကြားခဲ့သော မဟာဝိရ ၊ ဗုဒ္ဓ၀ါဒရှင်ဖြစ်သော ရှင်ဂေါတမ နှင့် တရုတ် ပညာရှိကြီး ကွန်ဖြူးရှပ် တို့သည် ( 6 ) ရာစု ဘီစီတွင်ပြိုင်တူ ပေါ်ပေါက်ခဲ့သော ပုဂ္ဂုလ်ထူးများ ဖြစ်ကြသည်။ မဟာဝိရ နှင့် ဂေါတမဗုဒ္ဓ နှစ်ဦးစလုံးပင် ခတ္တိယ အနွယ်ဝင်များ   ဖြစ်ကြပေသည်။ဗြဟ္မဏတို့ ရဲ့ အဆောင်ယောင် အခမ်းနားများဖြင့် ဘုရားများစွာကို ပူဇော်ခြင်းကို ကန့်ကွက်ရှုံ့ချလျက် စိတ်အလို ဆန္ဒကို  ထိန်းသိမ်းရ်ျ မွန်မြတ်သော အကျင့်ကို ကျင့်ကြံရန် လှုံ့ဆော် အားပေးခဲ့ကြလေသည်။ အိန္ဒိယတွင် သက်ဝင် ယုံကြည် ကိုးကွယ်သူ မနည်းခဲ့သော်လည်း ဂျိန်း ၀ါဒ သည် အိန္ဒိယမှ ကမ္ဘာသို့ ပြန့်နှံ့လာခြင်း မရှိခဲ့ချေ။ ဗုဒ္ဓ၀ါဒမှာမူ ယခုအခါ မူလ ဖြစ်သော အိန္ဒိယတွင် သက်ဝင်ယုံကြည်သူ နည်းပါး သော်လည်း အလယ်ပိုင်းနှင့် အရှေ့ပိုင်းအာရှတွင် များစွာ ပျံ့နှံ့ရ်ျ ကမ္ဘာသာသနာကြီး တစ်ခု ဖြစ်လာပါတော့သည်။


                            နောင်အချိန်များစွာတွင် ဂေါတမဗုဒ္ဓ ဟု အမည်တွင်မည့် သိဒ္ဓတ္တမင်းသား သည် ကပ္ပိလ တိုင်း ခေါ် ယခု မြောက်ပိုင်း အိန္ဒိယမှ နီပေါ နှင့် ကပ်လျက်ရှိသော ပြည်ငယ်လေး၏ ဘုရင်မျိုးဖြစ်ရ်ျ ကား အမျိုး ကိုလိုက်ရ်ျ သကျသာကီဝင်တို့၏ အထွက်မြတ်ပညာရှင် ဟူသော သကျမုနိဘွဲ့တော်ဖြင့် ခေါ်စမှတ်ပြု သော်လည်း လောက အလုံးစုံကို ထိုးထွင်းရ်ျ သိမြင်တော်မူသော ဂေါတမ ဟု အဓိပ္ပါယ်ရသော ဂေါတမဗုဒ္ဓ ဘွဲ့တော်ဖြင့်  လူသိများထင်ရှားခဲ့လေသည်။

                             ဂေါတမ ရှင်တော်မြတ်၏  မွေးဖွားရာ နှစ်ကို အတိကျမပြောနိုင်ကြသေးပေ။ ၀ိဝါဒ ကွဲပြား လျက်ပင် ရှိနေ ကြသေးသည်။ မြန်မာနိုင်ငံမှ ဗုဒ္ဓဘာသာဝင်တို့ရဲ့ မှတ်တမ်းများအရ သာသနာနှစ်ဖြင့် တိုက် ဆိုင် ကြည့်ပါမူ မြတ်စွာဘုရား ဖွားတော်မူသော နှစ်မှာ (623 ) ဘီစီ ဖြစ်ရ်ျ ပ၇ိနိဗ္ဗာန်ပြုသော နှစ်မှာ ( 543 ) ဘီစီ ဖြစ်လေသည်။ သို့သော် သုတေသီတို့ကမူ ( 563 ) ဘီစီတွင် မွေးဖွားရ်ျ( 483 ) ဘီစီ တွင် ပရိနိဗ္ဗာန် ပြု သည် ဟု ပြင်ဆင်လိုကြသည်။


                              သိဒ္ဓတ္တမင်းသားသည် နန်းစည်စိမ်ဖြင့် တင့်တယ်စွာနေခဲ့ရသော်လည်း အိုခြင်း၊ နာခြင်း၊ သေခြင်း စသော ဆင်းရဲ့ခြင်းတို့ကို ဆင်ခြင်အောက်မေ့ မိရ်ျ စိတ်၏ချမ်းသာမှုကို မရနိုင်သဖြင့် အသက် ( 29 ) တွင် တောထွက်ခဲ့လေသည်။ လွန်သော အကျင့်ဖြင့် ( 6 ) နှစ်တိုင် ကြိုးစားခဲ့သော်လည်း အချည်းနှီး ဖြစ်သော ကြောင့် နောက်ဆုံး၌ပြုပြင်ကာ မယုတ်မလွန်သော အကျင့်ဖြင့် ငါ ဟူသော အစွဲကိုပျောက်အောင် ကျင့်ကြံ လျက် လောကအလုံးစုံကို ထိုးထွင်းရ်ျ သိမြင်သော ဥာဏ်ကို ရရှိလေသည်။ ထို အခါဝယ် သက်တော်  ( 35 ) နှစ် ရှိပြီဖြစ်ရ်ျ ပရိနိဗ္ဗာန် မပြုမီ ( 45 ) နှစ်တိုင်တိုင် တပည့်ရဟန်းများအား အမှန်တရားကို ဟောပြော ဆုံးမခဲ့ လေသည်။
                             ဂေါတမ ရှင်တော်မြတ်၏ ဟောကြားချက်များတွင် ဟိန္ဒူနတ်များကို အသိမှတ်မပြုခဲ့ချေ။ ဗေဒကျမ်းများ၏ အသုံးဝင်ပုံကိုလည်း ငြင်းဆိုခဲ့လေသည်။ သံသရာကျင်လည်ခြင်း နှင့် ကံ ကံ၏အကျိုးကို ယုံကြည်ခြင်းဟူသော မူလ အိန္ဒိယခေတ်ဦး ယုံကြည်မှု့များကိုသာ ထုတ်ဖော်ရ်ျ လောက အကြောင်းကို ကြံ စည် ခြင်း မပြုရန် လုံးဝ တားမြစ်ခဲ့လေသည်။ ဘ၀ထိုထိုတွင် ကျင်လည် ကျက်စားခြင်းမှာ ဒုက္ခသာဖြစ်ရ်ျ် ၄င်း တို့၏ ချုပ်ငြိမ်းရာ မြတ်သောနိဗ္ဗာန်ကိုေ၇ာက်ရာရောက်ကြောင်း လမ်းကောင်းကိုသာ ညွန်ပြခဲ့သည်။

                             နိဗ္ဗာန်ကို လွန်သောအကျင့်ဖြင့် မိမိခန္ဓာကိုယ်ကို မိမိ ညှင်းဆဲခြင်းဖြင့် မရနိုင်။ ပူဇော် ပသ ပွဲများနှင့်လည်း ဆုတောင်း ရ်ျ မရနိုင်။ ကိုယ် ၊ နှုတ် ၊ နှလုံး သုံးပါးလုံး စင်ကြယ်မှ ရနိုင်သလို ထိုသို့ စင်ကြယ် သန့်ရှင်းနိုင်စေရန် အင်္ဂါရှစ်ပါး ရှိသော အကျင့်ကို ကျင့်ရန် ညွန်ကြားခဲ့လေသည်။ ထို ရှစ်ပါးမှာ ဖြူစင် ဖြေင့် မတ် ကောင်းမြတ်စင်ကြယ်သော ဥာဏ်အမြင်၊ အကြံအစည်၊ ၀စီကံမှု့ ၊ ကာယကံမှု ၊ အသက်မွေးမှု ၊ လုံ့ လ ၀ီရိယ ၊ မမေ့မလျော့မှု နှင့် စိတ်တည်ကြည်လင်မှု တို့ပင် ဖြစ်သည်။ ထို ကိုယ်၊ နှု့တ် ၊ နှလုံး သုံးပါးတို့၏ စင်ကြယ်ခြင်းအတွက် အရံအတားဖြင့်လည်း အင်္ဂါငါးပါး၊ ရှစ်ပါးနှင့် ဆယ်ပါးရှိသော သီလတရားတို့ကိုလည်း ထားရှိခဲ့သေးသည်း။ ဗုဒ္ဓ၀ါဒမှာ ဗြဟ္မဏတို့၏ ဇာတ်ဝါဒကို တိုက်ရိုက်ပြစ်တင် ရှုံ့ချခြင်းမပြုသော်လည်း လုံးဝ လျစ်လျူရှုံ့ထားသဖြင့် ဇာတ်ခွဲခြားမှုကို ဗုဒ္ဓ ၀ါဒီများက တကယ်ပင် ဂရုမပြုကြတော့ချေ။

                             ဂေါတမရှင်တော်မြတ် ပရိနိဗ္ဗာန်ပြုသော ( 438 ) ဘီစီတွင် ရဟန်းများ၏ အစည်းဝေး ကြီးတစ်ရပ် ပြုလုပ်ရ်ျ ပထမ သင်္ဂါယနာ တင်ခြင်းကို ပြုလုပ်ခဲ့ကြသည်။ထို ပွဲ၌ အရှင်မြတ်ဟောကြား တော် မူခဲ့သော ဒေသနာအားလုံးကို သုံးဆစ်ပိုင်းရ်ျ သုတ် ၊ ၀ိနည်း၊ အဘိဓမ္မာ ဟုခေါ်သော ပိဋိကတ်သုံးပုံကို စီရင် ကြလေသည်။  ပထမ သိင်္ဂါယနာပွဲ၌ ရှင်တော်မြတ် ဟောကြားတော် မူခဲ့သော သြ၀ါဒ များ အတိုင်း အစင် ကြယ်ဆုံးရအောင် ပြုစုခဲ့ကြသော်လည်း နောင်အခါ၌ ဂေါတမရှင်တော်မြတ်ကို ဘုရားတစ်ဆူအဖြစ်ဖြင့် ချီး ပရ်ျ ဂါထာရွတ် ဆိုလျက် ရှစ်ခိုးခြင်းနှင့် ဆုတောင်းခြင်း ၊ ဆုယူခြင်းများပြုခါ ဗြဟ္မဏတို့၏ ရှုပ်ထွေးသော အကျင့် များေ၇ာနှော ပေါင်းစပ်ရ်ျ လာခဲ့ လေသည်။

                             ထိုသို့ အသစ်ထွင်သူများနှင့် ရှေးဟောင်းမူအတိုင်း ကြိုက်သူများသည် နှစ်ဂိုဏ်းကွဲကာ  ဂိုဏ်းသစ်ကို မဟာယန ဟု ခေါ်ရ်ျ ဂိုဏ်းဟောင်းမူရင်းကို ဟိနာယန ဟု ခေါ်ကြလေသည်။ ထို နှစ်ဂိုဏ်း စလုံး ပင် အိန္ဒိယ မှ ပြင်ပသို့ ပျံ့နှံ့ လာရာ မဟာယန ဂိုဏ်းသည် အလယ်အာရှ၊ တိဗက်၊ တရုတ် ၊ ကိုးရီးယား ၊ ဂျပန် တို့သို့ ပေါက်ရောက်သွားကာ ရောက်ရာနိုင်ငံနှင့် ဆီလျော်အောင် ပြောင်းလဲခဲ့ကြပြန်သည်။ ဟိနာယန ဂိုဏ်း မှာ သိဟိုဠ် ၊ မလေး ၊ အင်ဒိုချိုင်းနား နှင့် အထူးသဖြင့် မြန်မာနိုင်ငံတွင် ထွန်းကားလာခဲ့လေသည်။ ဂိုဏ်းနှစ် ဂိုဏ်း သည် ပေါင်းစပ်ရောနှောခြင်း မရှိသော်လည်း တစ်ဖက်နှင့် တစ်ဖက် ရန်ပြုခြင်း မရှိသည်ကို ထူးခြား စွာတွေ့မြင်ရလေသည်။

                             ဂျိန်း ၊ ဗုဒ္ဓ နှင့် ဗြဟ္မတို့၏ စာပေအရေးသားများကို ( 6 ) ရာစု ဘီစီ နောက်ပိုင်းတွင် ဂင်္ဂါမြစ် ၀ှမ်း ရာဇ၀င်ကို အသင့်တင့် ထုတ်နုတ်ရ်ျ ယူနိုင်ပေသည်။ ဂင်္ဂါလွင်ပြင်တွင်  နိုင်ငံပေါင်းများစွာ ရှိသော်လည်း အရေးပါဆုံး သုံးပြည်ထောင်ရှိခဲ့လေသည်။ ပထမမှာ အဗန်တီ နိုင်ငံ ဖြစ်ရ်ျ အနောက်တောင်လွင်ပြင် ဒေသ တွင် တည်ရှိလျက် မြို့တော်မှာ ဥဇ္ဇေနီခေါ ဥဂျိန်း ဖြစ်လေသည်။ ၄င်းမှာ အိန္ဒိယမြောက်ပိုင်းတွင် တန်ခိုး အကြီး ဆုံး ဖြစ်သည်ဟု ခန့်မှန်းရလေသည်။ အလယ်ဂင်္ဂါလွင်ပြင် မြောက်ဘက်၌ ကောသလ နိုင်ငံ ရှိပြီး မြို့တော်မှာ သာဝတ္တိ ဖြစ်လေသည်။ အရှေ့ဘက်တွင် မဂဒ နိုင်ငံရှိပြီး မြို့တော်မှာ ရာဇဂြိုလ် ဖြစ်လေသည်။ ကောသလ နှင့် မဂဒ နိုင်ငံ များမှာ နောင်အခါတွင် ကြီးပွားလာပြီး မဂဒသည် ပထမ အိန္ဒိယ လက်နက်နိုင်ငံတော်ကိုပင် ထူထောင်နိုင်ခဲ့လေသည်။

                              အိန္ဒုမြစ်ဝှမ်း၏ ပန်ဂျပ်ခေါ် မြစ်ငါးသွယ်ဒေသကို သာသနာစာပေများတွင် ထည့်သွင်း ရေး သား ထား ခြင်း မတွေ့ရသော်လည်း ( 6 ) ရာစု ဘီစီခန့် လောက်ကစပြီး ၄င်း၏ ရာဇ၀င်ဆိုင်ရာ အကိုးကား များ ကို ရှာဖွေရရှိလာသဖြင့် အသင့်အတင့် သိရှိလာနိုင်ပြန်သည်။  ( 6 ) ရာစု နှင့် ( 5 ) ရာစု ဘီစီ များတွင် မဂဒ နိုင်ငံ၌ သဲသုနဂမင်းဆက် အုပ်ချုပ်လျက်ရှိရာ ဂေါတမဗုဒ္ဓ ပေါ်ထွန်းချိန်၌ ဘိမ္ဘိသာရ  နှင့် အဇာတသတ္တု ဟူသော မဂဒမင်း နှစ်ပါးသည် တန်ခိုးကြီးရ်ျ ၄င်းတို့ရဲ့ အားပေးခြင်းဖြင့် ဗုဒ္ဓ သာသနာ စာပေများ ထွန်းကား ခဲ့လေသည်။ ( 413 ) ဘီစီတွင် ထိုမင်းဆက် ပြုတ်ရ်ျ မဂဒတွင် နန္ဒာမင်းဆက်ပေါ်ထွန်းလာခဲ့ လေသည်။ ပန် ဂျပ် သို့ အယ်လီဇန်းဒါး ဘုရင် လာေ၇ာက်တိုက်ခိုက်သောအခါ အနီးပါးမှ မင်းအပေါင်းတို့ ၏ ပူဇော် ခံယူရာ တွင် မဂဒမှ ပြေးခဲ့ရသော သဲသုနန္ဒမင်းဆက်၏နောက်ဆုံးမင်း ချန်ဒရာ ဂူပတာမောရိယလည်း ပါဝင်ခဲ့ ရ လေသည်။
                              ချန်ဒရာ ဂူပတာကို ဆက်ခံသူမှာ ဗိန္ဒုသရမင်းဖြစ်ပြီး ၄င်း ကိုဆက်ခံသူမှာ သားတော် အာသောက မင်းဖြစ် လေသည်။ ဂ၇ိတို့ လာရောက်တိုက်ခိုက်သိမ်းပိုက်ချိန်၌ မှေးမိန်ခဲ့ရသော ဗုဒ္ဓ၀ါဒသည် အာသောက မင်းလက်ထက်၌ တဖန် ပြန်လည် ရှင်သန်တိုးတက်ခဲ့ပြန်သည်။ အာသောကမင်းသည် ဗုဒ္ဓ၀ါဒကို အားပေးပြုစုရ်ျ ကမ္ဘာသို့ ပြန့် နှံ့ အောင် အားထုတ်သောကြောင့် အထူးသဖြင့် အရှေ့တိုင်းများတွင် ဗုဒ္ဓ သာသနာ ပေါ်ထွန်းတိုးတက်ရခြင်းမှာ ၄င်းရဲ့ ကြိုးပမ်းမှုကြောင့် ပင် ဖြစ်လေသည်။ အာသောက မင်းကြီးသည် ဗုဒ္ဓသာသနာကို ပြန့်ပွားစေရန်အတွက် အနောက်တိုင်းနှင့် အရှေ့တိုင်းများသို့ သာသနာပြု ရဟန်း တော်များ ကို စေလွှတ်ခဲ့ လေသည်။ အနောက်ဘက်သို့ သွးသော သာသနာပြုအဖွဲ့များရဲ့ မှတ်တမ်းများကို မတွေ့ရ သော် လည်း အရှေ့ဘက် ၊ မြောက်ဘက် နှင့် တောင်ဘက် စသဖြင့် လွှတ်လိုက်သော သာသနာပြုတို့၏ အောင်မြင်မှုကို ယနေ့တိုင် တွေ့ရနေသေးသည်။

                                အာသောက မင်းသည် ဗုဒ္ဓ၀ါဒကို လိုက်နာကျင့်ကြံရန် တိုက်တွန်းသော်လည်း အခြား သာသနာ ယုံကြည်မှုများကို မချုပ်ချယ်ပဲ လျစ်လျူပြုခဲ့လေသည်။ အာသောက မင်းကြီး လွန်သောအခါ အိန္ဒိယ ၌ ဗြဟ္မဏ ၀ါဒသည် ပြန်လည် အားကောင်းလာရ်ျ လာခဲ့လေသည်။



စာကိုး ....... 
ခေတ်ဟောင်းရာဇ၀င် ( ဒေါက်တာ သန်းထွန်း )
ကမ္ဘာသမိုင်းမှတ်တိုင်များ ( ဆိုရှယ်လစ် လမ်းစဉ်ပါတီ )
World Religion ( ........................ )

Rocker77


1 comment:

  1. ဟုတ်ကဲ့…
    ဖတ်ကြည့်လိုက်ချိန်မှာ ဗုဒ္ဒဘာသာ ရဲ့ သမိုင်းကြောင်းကို အစဆုံး စာရေးသူ ကိုယ်တိုင် စာအုပ်တွေ အများကြီး ဖတ်ပြီးမှ သေချာ ရေးပေးထားတာမှန်း သိသာပါတယ် ။
    ကြိုးစားအားထုတ်ပေးခဲ့မှုကို အသိအမှတ်ပြုပါတယ်ရှင် ။
    သိထားသင့်သော သမိုင်းကြောင်းတစ်ခုအတွက်ကို ကြိုးစားအားထုတ်ရေးပေးခဲ့သလို သိထားချင်သော သမိုင်းကြောင်းတစ်ခုကို ရေးပေးရင်လဲကောင်းမယ်လို့ေ
    တာင့်တမိပါတယ်ရှင် ။
    ကျေးဇူးပါ...........

    ReplyDelete