September 17, 2011

မတူညီသော ချစ်ခြင်းများ။ အပိုင်း ( ၁ )



အပိုင်း( ၁ )

`` အချစ် '' ဟူသော စကားလုံးဧ။် ဖွင့်ဆိုချက်သည် လူတိုင်းတွင် ရှိသည်။ ထို အချစ်ဆိုသောအရာသည်ခဏ တာ အတွက်သာ ဖြစ်လေ့ဖြစ်ထရှိကြသည်။ ထို အချစ် ပေါ်တွင် ယစ်မူးနေသောသူသည် များသောအားဖြင့် ကိုယ့်ဘ၀ဧ။် တိုးတက်ရာလမ်းကြောင်းများကို ပိတ်ဆို့ တားဆီးသောအရာများ ဖြစ်လေ့ရှိတက်သည်။ ချစ်သည် ချစ်သည် ဟု ယစ်မူးနေမည့်အစား တစ်ခြား စီးပွားရေးသော်လည်းကောင်း၊ လူမှုရေး အ၀၀ တို့ကို သော်လည်းကောင်း အကျိုးရှိစွာ အသုံးချတက်မည်ဆိုလျှင် ထို အချစ်သည် လူတိုင်းတွင် လှပမှုများနဲ့ ပြည့်စုံ သော အချစ်များဖြစ်လာလိမ့်မည်ဟု မှန်းဆတွက်ချက်နိုင်ပါလိမ့်မည်။ အချစ်ကြောင့် ရူးသွားသူများ လည်း ရှိသလို အချစ်ကြောင့် ဘ၀ပျက်၊ စီးပွားပျက်၊ လူမှုရေးနယ်ပယ်များမှ ဆုံးရှုံးထွက်ခွာသွားရသူများ လည်း ရှိ ကြပါသည်။ အချစ်သည် ရူးသွပ်စွာ ခံစားရမည့် အချိန် လူတိုင်းလူတိုင်းတွင် ဖြစ်လေ့ရှိသော အချိန် ရှိသည်။ ဆင်းရဲသူ၊ ချမ်းသာသူ၊ ရုပ်ချောသူ၊ ရုပ်ဆိုးသူ ဟူရ်ျ ခွဲခြားပြီး အချစ်ကို မလိုလားသူဟူရ်ျ မရှိပါ။ လူတိုင်း အချစ်နှင့် မကင်းပါ။ ထို အချစ်ကို ရရှိချိန်၊ အချစ်ကို ခုန်မင်စွာ တပ်မက်ချိန် ခဏလေးတွင် တန်ဖိုးရှိစွာ အသုံးချတက်လျှင် အချစ်သည် တန်ဖိုးရှိလေသည်။ ချစ်လျှင်လည်း ဟန်ဆောင်ရ်ျ မနေပါနှင့်၊ ဟန်ဆောင် နေလျှင်လည်း အချစ်ရောဂါ ရနေတက်ပါသည်။ အချစ်ရောဂါ ရနေပါလျက် မချစ်တက်လျှင် ကျန်ရစ်များပင် ဖြစ်နေပါလိမ့်မည်။ ထို့ကြောင့် ချစ်ချိန်တန်လျှင် ချစ်ပါ။ ချစ်နေပါလျက် မချစ်ဟန်မဆောင်ပါနှင့်။ သို့သော် အချစ်ကို အလိုမလိုက်ပါနှင့်။

အချစ်စာမျက်နှာ ဖွင့်လှစ်ခြင်း။

ကျွန်မ မှာ အချစ်ရှိဖို့ လိုအပ်ပြီလို့ ထင်မြင်ပြီး ကျွန်မသည် အချစ်ဇာတ်လမ်းများကို ဖတ်ကာ အချစ်အကြောင်း များ ကို တွေးတောရ်ျ အားကျနေမိပါသည်။ သူများ စုံတွဲလေးများကို မြင်လျှင် အားကျသော မျက်လုံးများနဲ့ တွေဝေစွာကြည့်နေမိပါသည်။ သို့သော် ကျွန်မကို ကြိုက်မယ့်သူမရှိရ်ျ ကျွန်မ အားငယ်နေမိသည်။ သို့သော် လောက ကပေးသော ကံ က ကျွန်မကို မကျရောက်သေးရ်ျ ကျွန်မ အချစ်မရသေးသည်ကို မသိလိုက်ပါ။ ကျွန်မ ယောက်ျားလေး တစ်ကို ချစ်မိတော့ပါသည်။

သူသည် ရုပ်ရည်အရ အပြစ်ပြောစရာမရှိသူ၊ စကားပြောဆိုရာမှာလည်း ကျွမ်းကျင်ပါးနပ်သူ၊ ကျရာ တာဝန် များ ကို လည်း ကျေပြွန်စွာ ထမ်းရွက်နိုင်သူ၊ လက်ဖက်ရည်ဆိုင်ထိုင်ရင်တော် တခြား ယောက်ျားလေးများနဲ့ မတူ ခြေထောက်နှစ်ဖက်ကို ကျုံ့ကျုံ့လေးထားပြီး ထိုင်နေတက်သူ၊ စကားပြောလျှင်လည်း သူဧ။် အပြုံးလေး များ က ကျွန်မရင်ထဲကို အေးမြစေပြီး ကျွန်မ အင်မတန်မှ သူ့ကို ယောက်ျားပီသသူဟု ယုံကြည်နေလျက် ချစ်ဖို့ ရန်ကြိုးစားပါတော့ သည်။

ယခုအချိန်မှစရ်ျ ကျွန်မသည် ထို ယောက်ျားလေးဧ။် အကြောင်းရာများကို စုံစမ်းနေပါတော့သည်။ မျိုးရိုး ကောင်းသည်။ လူ ကုံထံ ထဲကဖြစ်သည်။ မိဘ များမှာ အထက်တန်းကျကျ၊ ဆိုလ်ရှယ်ကျကျ နေတက်သူများ ဖြစ်သည်။ ကျွန်မနှင့်ဆိုလျှင် နေပုံထိုင်ပုံများစွာ ကွာခြားမည်ဟု ကောက်ချက်ချမိသည်။ ကျွန်မသည် ထိုသူနဲ့ ချစ်မိရန်အတွက် နည်းလမ်းများကို ရှာဖွေပါတော့သည်။ တိုက်ဆိုင်မှုများသည် လွန်စွာ လျင်မြန်နေပါသည်။ ကောင်းဖို့ ဖြစ်သလား၊ ဆိုးဖို့ ဖြစ်သလားဆိုတာ ကျွန်မ နားမလည်နိုင်တော့ပါ။

သူ နှင့် ကျွန်မသည် မင်္ဂဆောင်တစ်ခုတွင် မမျှော်လင့်ပဲ တွေ့ဆုံခဲ့ကြပါသည်။ ထို အချိန်တွင် ကျွန်မသည် သူ့ အနားကိုပင် ထရ်ျ ပြေးသွားချင်စိတ်များ ပေါ်ပေါက်လာပါသည်။ သို့သော် မိန်ခလေး ဖြစ်နေတော့ ထိန်းသိမ်း ရပါတော့သည်။ ထိုသို့ မထိန်းသိမ်းလျှင် ကျွန်မသည် တန်ဖိုးနည်းသော မိန်မ တစ်ယောက်ဖြစ်ပေလိမ့်မည် မဟုတ်ပါလား။ ဖြစ်ချင်ဖြစ်ပါလေ့စေဆိုပြီး တွေးလိုက်မိသေးသည်။ ဒါပေမယ့် ကျွန်မရဲ့ မသိစိတ်က ထိန်းချုပ် ထားလိုက်သည်။ ကျွန်မ မလုပ်ဖြစ်ခဲ့ပါ။ ကံ ကောင်းသည် ဆိုးသည်ကို ခုချိန်တွင် မစဉ်းစားနိုင်တော့ပါ။ ကျွန်မ သူ့ကို ခင်ချင်သည်။ ကျွန်မ သူ့ကို ချစ်သည်။ ဒါပဲ သိခဲ့သည်။ မဖြစ်နိုင်ဘူးလို့ ကံကိုသာ အပြစ်တင်နေ မိ လိုက်သည်။

မင်္ဂလာဆောင်မှ အပြန် ကျွန်မ မှာ ကားမပါလာခဲ့ပါ။ သူကတော့ ကားလေးနဲ့ ပြန်တော့မယ့် အစီစဉ်ဖြစ် ပါတယ်။ ကျွန်မ ကားငှားရန် ဟိုတယ် အပြင်သို့ ထွက်လာခဲ့ပါသည်။ လမ်းတွင် သူရဲ့ ကားက ရေအိုင်ငယ်ကို တက်နင်းမိရ်ျ ကျွန်မဧ။် ကိုယ်မှာ သူဧ။် ကားမှ ဖြတ်သွားသည့် ရေအိုင်ထဲမှ ရေများစွန်းထင်သွားပါသည်။ သို့သော် ကျွန်မ သူရဲ့ ကားမှန်း မသိလိုက်ပါ။ ဒေါသစိတ်များ တဟုန်ထိုး ထိုးထွက်ပြီး ထိုကားကို ဒေါသ မီးများ တောက်လောင်နေတဲ့ မျက်လုံးအစုံဖြင့် စိုက်ကြည့်လိုက်မိပါသည်။ ကားကလေးသည် ကျွန်မနှင့် မလှမ်း မကမ်း တွင်ရပ်ရ်ျ ကားပေါ်မှ ဆင်းလာသူမှာ ကျွန်မ လုံးဝ ထင်မထားမိသူ ဖြစ်နေပါသည်။

 ထို အချိန်တွင် ကျွန်မရဲ့ ဒေါသမီးများသည် ရေနဲ့ပက်ဖြန်းသကဲ့သို့ ငြိမ်းအေးသွားခဲ့ပါသည်။ စိတ်ဆိုးရမည့် အစား ၀မ်းသာသွားသော အခြေနေအဖြစ်သို့ ရုတ်ချည်းပြောင်းလဲ သွားပါတော့သည်။ သို့သော် ငါသည် မိန်ခလေးဖြစ်သည်ဆိုသော အသိစိတ်ကလေး တစ်ချက်ပြန်ဝင်သွားရ်ျ တော်ပါသေးသည်။ ကျွန်မကို သူက တောင်းပန်ပါသည်။ ကျွန်မ စိတ်ကျေနပ်အောင် ဘာလုပ်ပေးရမလဲဟု မေးပါသည်။ ထို စကားလေး တစ်ခွန်း တည်းနဲ့တင် ကျွန်မ သူ့ကို ဘယ်လိုစိတ်ဆိုးရမှန်း မသိတော့ပါ။ ထိုနေရာတွင် သူ မဟုတ်ပဲ တခြား တစ် ယောက် ယောက်သာဆိုလျှင် ............

ကျွန်မရဲ့ အိမ်ပြန်လမ်းခရီးသည် လွန်စွာသာယာလှပနေပါသည်။ ကျွန်မ အတွက် လက်ရှိအဖြစ်ပျက်များ အားလုံးသည် ညဘက်မက်တက်သော အိပ်မက်များနဲ့ တူနေပေသည်။ ကျွန်မ ပါးစပ်က မေးချင်နေသော စကားများကို မေးချင်စိတ်တွေ တဖွဖွ ပေါ်ပေါက်နေပါတော့သည်။ ကျွန်မတို့ စကားများများ မပြောဖြစ်ခဲ့ပါ။ သို့သော် စကားတွေက ရိုးသားလွန်းသည်။ မည်သို့မျှ မဆန်းပြားခဲ့ကြပါ။ ကျွန်မ လိုချင်သောစကားလုံးများက ကျွန်မ ရင်ထဲမှ ခုန်ထွက်ချင်နေမိသည်။ သို့သော် ကျွန်မ ရင်ထဲက စကားများ လျံကျစေရန် ကျွန်မ ဘယ်လို နည်းနဲ့မှ အပြုမကြံတက်ပဲရှိနေပါသည်။ 

ထိုအချိန်တွင် ကျွန်မ နားထဲသို့ မမျှော်လင့်ထားသော စကားတစ်ခွန်း ၀င်ရောက်လာခဲ့ပါသည်။ ထိုသို့ ပြောမည် ဟု ကျွန်မ လုံးဝ ထင်မှတ်မထားခဲ့ပေ။ ထို စကားလုံးက့ ကျွန်မ အတွက် နိဒါန်း ဖြစ်သွားပါသည်။ သူက ကျွန်မကို ဖုန်းနံပါတ်ပေးပါသည်။ ယခု အဖြစ်ပျက်များအတွက် တစ်ခုခု ပေးဆပ်ချင်ပါတယ်၊ လိုအပ် သော အကူညီ ရှိလျှင်တောင်းပါ ဟုပြောလိုက်သော စကားသည် ကျွန်မရဲ့ နှလုံးသားအတွက် အားအင်တစ်ခု ဖြစ်စေခဲ့ပါသည်။ ကျွန်မသည် အိမ်ရောက်လျှင် ချက်ချင်း သူရဲ့ ဖုန်းနံပါတ်လေးအား ရင်ထဲစွဲမှတ်ကာ အလွတ် ရေရွှတ်မိနေပါတော့သည်။

ထို့နေ့ညက အိပ်ယာထက်တွင် အချစ်ရနံ့များ ပျံ့လွင့်နေပါတော့သည်။ ကျွန်မ ဧ။် အရာရာကို အချစ်အရေခွံ များဖြင့် လွှမ်းခြုံထားသလို ခံစားနေရပါသည်။ နောက်တစ်နေ့ မနက်သို့ ရောက်သည်နှင့် ကျွန်မသည် မဟာ စီမံကိန်းကြီး တစ်ခုကို ရေးဆွဲရန် ကျွန်မဧ။် ထိုင်းမှိုင်းနေသော အချစ်သီးသန့် ဦးနှောက်အခန်းတံခါးကို ဖွင့် လှစ် လိုက်ပါသည်။ ကျွန်မ ဘယ်လို အကွက်ဆင်ရ်ျ အကြောင်းဖန်တီးရမည်ကို မစဉ်းစားတက်အောင် ဖြစ် နေသည်။ အကြောင်းအရာက ကျွန်မ က ချစ်နေရ်ျ ဖြစ်သည်။ အကယ်ရ်ျ သူကသာ ကျွန်မ ကို ချစ်နေခဲ့ပါလျှင် ကျွန်မ ဈေးကိုင်ရ်ျ ရပေလိမ့်မည်။ မျိုသိပ်ထားသော ကျွန်မ ရင်ထဲက အချစ်များသည် ပါးစပ်ထဲက ကျယ် လောက်စွာဖွင့်ဟရ်ျ မရနိုင်ပါ။ ကျွန်မ ကို ကျွန်မ တော့ ကျေနပ်ရ်ျ နေပါတော့သည်။ 

ဒီနေ့ ရာသီဥတုရဲ့ သာယာပုံသည် မည်သည့်နေ့နှင့်မျှမတူသလို ကျွန်မစိတ်ထဲတွင် ထင်မိ သည်။ အချိန်က တော့ဖြင့် ညနေဘက် နေမင်းကြီးဧ။် နှုတ်ဆက်ချိန် နီးလုနီးပါး၊ မြေနီလမ်းကလေးဧ။် တစ်ဖက်တစ်ချက်တွင် ပလပ်စတစ်စားပွဲ မိုးပြာရောင်လေးနဲ့ ထိုင်ခုံပု မိုးပြာရောင်လေးများ စီတန်းရ်ျ ခင်းကျင်းထားသော အအေး ဆိုင်တစ်ဆိုင်ဧ။် ခုံတစ်ခုပေါ်တွင် ထိုင်နေသော လူတစ်ယောက်ကို ကျွန်မ ဧ။် မျက်လုံးအစုံက ပြေးထွက်ရ်ျ ဆိုက်ရောက်သွားပါတယ်။

ကျွန်မ ကိုလည်း သူက ကြည့်မိရ်ျ မျက်နှာချင်းဆိုင်တွေ့ချိန်တွင် ကျွန်မက စရ်ျ နှုတ်ဆက်မိသွားသည်။ ဧည့်ဝတ်ကျေစွာ အအေးသောက်ပါအုံးဟု ခေါ်သဖြင့် ကျွန်မ ဟန်မဆောင်နိုင်ခဲ့ပါ။ ၀င်ရ်ျ ထိုင်ခုံတစ်ခု ပေါ်တွင်ထိုင်လျှက် သင်္ဘောသီးဖျော်ရည် တစ်ခွက်ကို မှာလိုက်သည်။ ကျွန်မ သူ နဲ့ စကားအများ ကြီးပြော မိသည်။ ကျွန်မသည် သူရဲ့ မျက်နှာကို ကြည့်ရ်ျ မ၀နိုင်ဘူး ဖြစ်နေသည်။ဒီလိုနဲ့ ကျွန်မသည် အခွင့်ရေးရခိုက် ကြီးမားသော လက်နက်တစ်ခုကို ၀ယ်ယူလိုက်မိပါသည်။ ထို လက်နက်ကတော့ သူ့ကို ကျွန်မ မေးလိုက်သည့်
စကားတစ်ခွန်းပင်ဖြစ်ပေသည်။ ဒီ ဆိုင်မှာ အမြဲထိုင်တက်သလားဟု မေးလိုက်တဲ့အခါ သူက ဒီဆိုင်မှာပဲ ထိုင်နေကျပါဟု ပြောပါသည်။ ဒီလိုနဲ့ သူနဲ့ကျွန်မသည် သုံးလခွဲလေးကာလ နီးပါးတွင် ရင်းနှီးမှုရသွားသည့် အပြင် ချစ်ကျွမ်းဝင်သည်အထိပင် ဖြစ်သွားပါလေတော့သည်။.

ကျွန်မသည် ယခုချိန်မှ စတင်ရ်ျ အချစ်ကို ရှေ့တန်းတင်နေခဲ့တော့သည်။ အချစ်ဆိုသော အရာကို ဘယ်လောက်ထိ စွဲလန်းချစ်ခင်ရမည်ကို မစဉ်းစားတက်ခဲ့မိပါ။ အိပ်လည်း ဒီစိတ်၊ စားလည်း ဒီစိတ်၊ သွားလည်း ဒီစိတ် တွေနဲ့သာ ပျော်မွေ့နေခဲ့ပါသည်။ ကျွန်မဘက်က သူ့ကို ရှေ့တန်းတင်နေခဲ့ပါသည်။ သူ့ ဘက်ကတော့ ကျွန်မ ကို ဘယ်လို သဘောထားသလဲဆိုတာ ကျွန်မ မခန့်မှန်းတက်ခဲ့ပါ။ ကျွန်မသည် အချစ်ကို ယုံကြည်ခဲ့သူ ၊ အချစ်ကို တန်ဖိုးထားတက်သူ၊ ကျွန်မ အချစ်နဲ့ ပတ်သက်လာရင် ဘယ်လိုအရာကိုပဲ ရင်ဆိုင်ရ ရင်ဆိုင်ရ အခက်ခဲမရှိ ကျော်ဖြတ်နိုင်မည်ဟု ထင်နေခဲ့မိပါသည်။ ဒါပေမယ့်................













( ဆက်လက်ဖော်ပြ ပေးပါမည်။ )

Rocker77

1 comment:

  1. နောက်မှ အေးအေးဆေးဆေး လာပြီး သေချာ ဖတ်ကြည့်အုံးမယ်။
    လောလောဆယ်တော့ ကဗျာရေးနည်းတွေကို အရင် လေ့လာအုံးမယ်နော်။
    သူများတွေကို ကဗျာကို ဘယ်လိုရေးလည်းမသိဘူး။
    ရင်ဘတ်နဲ့ပဲရေးသလား၊ ဦးနှောက်နဲ့ပဲရေးသလား မသိဘူး။
    ကိုယ်ကတော့ ကီးဘုတ်နဲ့ရေးတာ။

    ReplyDelete