September 19, 2011

ဒီည.................


*** ဒီည
      ငါ ပြန်စဉ်းစားကြည့်တယ်
      ငါ လျှောက်ခဲ့တဲ့ လမ်းတွေကို
      ငါ ကမ်းခဲ့တဲ့လက်တွေကို
       ငါ ပေးခဲ့တဲ့ နှလုံးသားကို

*** ဒီည
      ငါ ပြန်စဉ်းစားကြည့်တယ်
      ငါ ရောက်နေတဲ့ ဒေသကို
      ငါ လုပ်နေတဲ့ အလုပ်ကို
      ငါ ပြောနေတဲ့ စကားကို

*** ဒီည
      ငါ ပြန်စဉ်းစားကြည့်တယ်
      ငါ ပေးခဲ့တဲ့ အဖြူရောင်တွေကို
      ငါ တွေးခဲ့တဲ့ သာယာခြင်းတွေကို
      ငါ ပေးခဲ့တဲ့ နွေးထွေးမှုတွေကို

*** ဒီည
     ငါ ပြန်စဉ်းစားကြည့်တယ်
     ငါ သွားရမယ့် လမ်းကို
      ငါ နင်း ရမယ့်မြေကို
     ငါ ခိုလှုံရမယ့် ရင်ခွင်ကို

*** ဒီည
      ငါ ပြန်စဉ်းစားကြည့်တယ်
      ငါ ချစ်ခဲ့တဲ့ ငါ့ အချစ်တွေကို
      ငါ လွမ်းနေတဲ့ ငါ့ အလွမ်းတွေကို
      ငါ လိုက်ဖမ်းနေတဲ့ မင်း ပုံရိပ်တွေကို

*** ဒီည
     ကောင်းကင်မှာ တိမ်မည်းတွေနဲ့
     လျှပ်ပန်းတွေ လင်းလက်နေတယ်
     ကြယ်တွေက ပုန်းခိုနေတယ်
     အိမ် အပြင်မှာ မိုးတွေ ရွာနေတယ်
     ရင်ထဲမှာ ငါ ငိုနေတယ်။          ။


Rocker77
18.5.2011

1 comment:

  1. ဒီညကိုတော့ ခိုက်သွားပါပြီဗျို့ .................

    ReplyDelete