September 19, 2011

ငါ့ သွေး ငါ့ မြေ ငါ့ အရည်သွေး ။ အပိုင်း ( 4 )


အခန်း ( 4 )

ယုဒီပ နိုင်ငံ နှင့် ဟန်သော်ဝေ နိုင်ငံ နယ်စပ်။
အမိုဝေ တပ်စခန်း ။


                     အဝေးဆီမှနေရ်ျ မြင်းတစ်ကောင် အပြင်းဒုန်းစိုင်းလာနေသည်။ အမိုဝေ တပ်စခန်း ဘက် သို့  ဖြစ်သည်။ ထို မြင်းသည် ယုဒီပ နိုင်ငံ ဘက် လမ်းကြောင်းမှ ခံတပ်ဆီသို့ ဦးတည်လာ နေ ခြင်း လည်း ဖြစ်လေသည်။ ထို မြင်းကို ခံတပ်ပေါ်မှ ရဲ မက်တို့က လှမ်းကြည့်ကြရာ မိမိတို့ ယုဒီပ နိုင်ငံရဲ့ စာပို့ တမန်တော် ဖြစ်ကြောင်း တွေ့ရလေသည်။ ထို မြင်းသည် ခံတပ် တံခါးဝအေ၇ာက် ခံတပ်ပေါ်မှ တံခါးမှူးမှ နေရ်ျ.........

                                    တံခါးမှူး               ဘယ်သူလဲဟေ့ .......
                                    တမန်                   ယုဒီပနိုင်ငံ ဘုရင်မင်းမြတ် ရဲ့ တမန်တော်ပါ။
                                    တံခါးမှူး               စကားဝှက်ပြောပါ
                                    တမန်                   ပင်လယ်ကြီးလောက်ကျယ်ပြီး     
ကောင်းကင်ကြီးလောက်ကြီးတယ်။
                                    တံခါးမှူး               အမှတ်သား ပြ ပါ။

                     ထို့နောက် ခံတပ်ဘက်မှ ရဲမက်တစ်ယောက်သည် မလွယ်ပေါက်မှ ခံတပ်အပြင်သို့ ထွက်ခွာ သွားလေ သည်။ စာ ပို့ တမန်ကလည်း  သူရဲ့ တံဆိပ်ပြားကို ထို ရဲမက်ထံ ပေးလိုက်ပြီး စောင့်နေလိုက်လေသည်။ တခဏအကြာ ခံတပ် တံခါးပွင့်လာသဖြင့် စာပို့တမန်သည် ခံတပ်တွင်းသို့ မြင်းစီးပြီး ၀င်သွားလေသည်။ တံခါးဝနားအရောက်တွင် စောစော က ရဲမက်က တမန်အား သူ၏ တံဆိပ်ပြားကို ပြန်လည် ပေးလိုက်လေသည်။ ထို့နောက်တွင်တော့ စာပို့ တမန် သည် ခံတပ်မှူး ရှိရာ ဆီသို့ ဆက်လက် ထွက်ခွာသွားလေသည်။

တပ်မှူးကြီး
တမန်ေ၇ာက်လာပါတယ်။

                    ရဲမက်တစ်ယောက်မှ သတင်းပို့လာခြင်း ဖြစ်ပါသည်။ ထို့နောက် တပ်မှူးဖြစ်သူက အထဲ သို့ ၀င်လာခိုင်းရန် အမိန့်ပေးလိုက်လေသည်။

တမန်                တပ်မှူးကြီး လော်ဒီယာကို ဂါဝရပြုပါတယ်။
                                                        သေနာပတိ ဆီမှ အမိန့်တော် ပါးလိုက်ပါတယ်။
                                                        အမိန့်တော်ကို လက်ခံပေးတော်မူပါ။

တပ်မှူး              အမိန့်တော်ကို နာခံလျက်ပါ။

                   ပြောပြောဆိုဆိုဖြင့် တပ်မှူး လော်ဒီယာ သည် အမိန့်တော်ကို လက်ခံရန် အသင့်အနေ ထား သို့ ပြုမူလိုက် လေသည်။ ထို့နောက် တမန် က လက်ထဲမှ ပိတ်ပေါ်တွင် မှင်ဖြင့် ရေးသားထားပြီး တံဆိပ်ခတ်နှိပ်ထားသော အမိန့်တော်ကို ဖြန့် ကာ .......

တမန်                ယုဒီပနိုင်ငံ ဘုရင်မင်းမြတ်ရဲ့ ဘုန်းတန်ခိုးကို အရိုသေပြုလျက်
                       အမိန့်တော် ပြန်တမ်းကို ပေးပို့လိုက်သည်။
                       တပ်မှူးကြီး လော်ဒီယာ သည် အမိုဝေ ခံတပ်သိမ်း တိုက်ပွဲ၌
                       မိမိဘက်မှ စစ်သည်အင်အား အကျဆုံး နည်းပါးစွာဖြင့်
                       အောင်မြင်စွာ သိမ်းပိုက် နိုင်ခဲ့ပေသည်။ ၎င်းအပြင်
                       တိုက်ခိုက်ရေး လမ်းကြောင်းအရ မဟာဗျူဟာ ကျသည့် နေရာကို
                       အောင်မြင်စွာ သိမ်းယူနိုင်ခဲ့ခြင်းလည်း ဖြစ်ပေသည်။
                       တပ်မှူးကြီး လော်ဒီယာ ၏ မဟာဗျူဟာမြောက် ခံတပ်သိမ်းအောင်ပွဲသည်
                       ယုဒီပ နိုင်ငံတော်၏ ဂုဏ်သိက္ခာကို တိုးပွားစေတော်လည်း မူခဲ့သည်။
                       သို့ပါရ်ျ တပ်မှူးကြီး လော်ဒီယာ အား စစ်သည် ငါးသောင်းအုပ်
                       တပ်မှူးအဆင့်မှနေရ်ျ တစ်ဆင့်တိုးကာ စစ်သည် ခုနှစ်သောင်းအုပ်
                       တပ်မှူးအဖြစ် အဆင့်တိုးမြှင့် သတ်မှတ်ပေးလိုက်သည်။
                       လိုအပ်သော စစ်သည် ရဲမက်များနှင့် အဆောင်ယောင်များကို
                       ရိက္ခာနှင့်တကွ မကြာခင် ပေးပို့စေလွှတ်မည်။

                        ယုဒီပနိုင်ငံ စစ်သေနာပတိ

                   တမန် ဖြစ်သူသည် အထက်ပါအတိုင်း အမိန့်စာကို ဖတ်ရွတ်ကာ ပြန်လည် လိပ်သိမ်း လိုက်ပြီး တပ်မှူး လော်ဒီယာအား ပေးအပ်ကာ အရိုသေးပေးလျက် ပြန်လည် ထွက်ခွာ သွားလေ သည်။

**************************************

                   တပ်မှူး လော်ဒီယာသည် သူရဲ့ သူရသတ္တိပြောင်မြောက်မှု ၊ နှလုံးရည်ကောင်းမွန်မှု နှင့် စစ်နည်းဗျူဟာ ကျွမ်းကျင်မှုတို့ကြောင့် ယုဒီပနိုင်ငံရဲ့ စစ်သေနာပတိ နှင့် ဘုရင်မင်းမြတ်၏ ချစ်ခင် နှစ်သက်ခြင်း ခံရသူတစ်ဦး ဖြစ်လေ သည်။ ထို့ပြင် ယုဒီပနိုင်ငံရဲ့ နာမည်ကျော် တပ်မှူးများ ထဲတွင် လည်း တစ်ဦးအပါဝင် ဖြစ်လေသည်။ ထို့ကြောင့် ပင် အမိုဝေ ခံတပ်သိမ်းတိုက်ပွဲ ၌ စစ်မြှားဦးကို တာဝန်ယူခဲ့လေသည်။ သူသည် တာဝန်ယူခဲ့ရသည့်အတိုင်း ပီပြင်အောင် စွမ်းဆောင်နိုင် ခဲ့သူလည်း ဖြစ်လေသည်။ ထို့ကြောင့်ပင်လည်း ယခုကဲ့သို့ ရာထူးတိုးမြှင့် ပေးခြင်းကိုလည်း ရရှိခဲ့လေသည်။ 

                   တပ်မှူးလော်ဒီယာသည် မြင်းစီး ၊ ဓါးခုတ် ၊ လှံထိုး ၊ မြှားပစ် စတဲ့ စစ်သည်တော်တို့ တပ်အပ်သော ပညာ ရပ်များကို အထူးကျွမ်းကျင်သည့်အပြင် သူ့ရဲ့ တိုက်ပွဲဝင် ဗျူဟာရေးဆွဲ ခြင်း သည်လည်း အလွန်ပြောင်မြောက်လှပြီး ထိုးစစ် ဆင်တိုက်ပွဲ ဟူသမျှကို အောင်ပွဲဆင်ထား နိုင်သူ လည်း ဖြစ်လေသည်။ ထို့အပြင် တပ်မှူး လော်ဒီယာသည် တစ်ဦးချင်း စီးချင်း ထိုးရာတွင်လည်း ကျွမ်းကျင်ပိုင်နိုင် လှသူဖြစ်လေသည်။ 

                    တပ်မှူးလော်ဒီယာသည် အမိန့်တော်ပြန်တမ်းကို လက်ခံပြီးသည့်နောက် မိမိရဲ့ လက်ရုံး နှစ်ယောက်ကို ခေါ် ကာ ခံတပ်တွင်း အရပ်လေးမျက်နှာရှိ ကင်းစောင့်စစ်သည်များ ၊ မြင်းဇောင်းများ ၊ ရိက္ခာရုံများ ၊ လက်နက်တိုက်များ ၊ ဒဏ်ရာရ စစ်သည်များကို ဆေးကုနေမှုများအား လှည့်လည် စစ် ဆေးလေသည်။ ပြီးနောက် သူရဲ့ လက်ရုံးနှစ်ယောက်ကို ခေါ်ကာ ရုပ်ဖျက်လျှက် ရန်သူ့သတင်း ထောက်လှမ်း ရန် နှင့် နယ်မြေအခြေနေကို အကဲခတ်ရန် အတွက် ရွာဘက်သို့ မြင်းကိုယ်စီ စီးကာ ထွက်ခွာလာခဲ့လေသည်။ 

                    ရွာထဲသို့ လော်ဒီယာတို့ လူစုရောက်လေသော် သတင်းရယူရမည့် သူလျှိုများကို အကဲ ခတ်ကြည့် ရာ ထို သူများ ကို မတွေ့ရချေ။ ထို့ကြောင့် အကြော်ဆိုင် တစ်ခုသို့ ၀င်ကာ အကြော် စားရင်း စောင့်နေလိုက်ကြလေသည်။ အကြော် တစ်ပွဲစာမျှ စားကုန်ပြီးသည့် အချိန်သို့ ရောက်လျှင် ဂျိုးကူသံကဲ့သို့ အချက်ပြသံ သဲ့သဲ့ ကြားလိုက်ရလေသည်။ ထို အသံ ဆုံးသည်နှင့် တပ်မှူးလော်ဒီယာ ၏ လက်ရုံးတစ်ယောက်သည် ဆိုင်အပြင်သို့ ထွက်ခွာ သွားလေသည်။ 

                    သိပ်မကြာမှီအချိန်တွင် ထို လက်ရုံးပြန်လည် ရောက်ရှိလာလေသည်။ ထို လက်ရုံးက သူထံ၌ပါလာသော စာတိုလိပ်တစ်ခုအား လော်ဒီယာ အားပေးလိုက်လေသည်။ လောဒီယာသည် ဆိုင်အတွင်းသို့ တစ်ချက် အကဲခတ်လိုက်ပြီး ထို စာတိုလိပ်အား ဖွင့်ဖတ်လိုက်လေသည်။ စာတိုမှာ စာတစ်ကြောင်းသာ ပါပြီး ၀ှက်စာဖြင့် ရေးသားထားလေသည်။ စာကို ဖတ်ပြီးသည့်နောက် လော်ဒီယာ က .........

ကဲ ရောင်းရင်းတို့ 
ပြန်ကြစို့ ၊ အကြောင်းထူးတယ်။ 

ဟု ဆိုကာ ခါးမှ ငွေစ အနည်းငယ်ကိုထုတ်ကာ ကျသင့်ငွေကို ရှင်းလျှက် ခံတပ်ဆီသို့ မြင်းများဖြင့် ပြန်ခဲ့ကြလေသည်။ 

                    ခံတပ်သို့ရောက်လျှင် လော်ဒီယာက မိမိရဲ့ လက်ရုံးနှစ်ယောက်အား တပ်မှူးငယ်များ အားလုံး ကို စုရုံးစေ လိုက်လေသည်။ တပ်မှူးငယ်များအားလုံး စုရုံးပြီးလေသော် လော်ဒီယာက .........

တပ်မှူးတို့
ကျုပ် အစောပိုင်းကပဲ 
သူလျှိုဆီကနေ သတင်းရလာခဲ့တယ်။
ဟိုး တစ်ဖက်က မှုန်ပြပြ မြင်နေရတဲ့ 
ဟန်သော်ဝေ ခံတပ်မှာ စစ်သည်ရဲမက် အသစ်တွေနဲ့
စစ်သူကြီး အသစ်ရောက်နေတယ်လို့ သတင်းရလာတယ်။
အဲ့ဒီ စစ်သူကြီးက သူတို့ နိုင်ငံရဲ့ နာမည်ကြီး စစ်သူကြီးတွေထဲကပဲ၊
ရဲစွမ်းသတ္တိ ရှိပြီး တိုက်ရည်ခိုက်ရည်အရာမှာ နာမည်ကြီးတယ်။
ဒါကြောင့် အစစအရာရာ မိမိတို့ တာဝန်ပိုင်းတွေမှာ သတိရှိကြပါ။
လုံခြုံရေးကို တိုးမြှင့်ထားပါ။ ရန်သူတွေက တပ်ကူတွေ ဒီနေ့မှ
ရောက်တယ်လို့ သိထားရတယ်။ သူတို့ ခရီးပန်းနေကြလိမ့်မယ်။
ဒါကြောင့် ရန်သူရဲ့ လှုပ်ရှားမှုမစတင်ခင်မှာ ကျုပ်တို့ အရင်လက်ဦးမှု
ယူပြီး လှုပ်ရှားကြမယ်။ ဒီည ကျုပ်ကိုယ်တိုင် ဦးစီးပြီး ရန်သူ့နယ်မြေထဲကို
ဝင်မယ်။ အဓိက ပြစ်မှတ်က ရန်သူ့ စစ်သူကြီးကို သုတ်သင်ဖို့ပဲ။
ဘယ်သူပဲဖြစ်ဖြစ် အခွင့်ရေးရတာနဲ့ ရန်သူ့ စစ်သူကြီးကို သတ်ပစ်ပါ။
လက်ရွေးစင် အဖွဲ့ကိုလည်း အသင့်ပြင်ထားကြပါ။

                     လော်ဒီယာ ၏ စကားဆုံးသည်နှင့် တပြိုင်နက် တပ်မှူးငယ်များသည် လော်ဒီယာကို အရိုသေပြုလျက် အသီးသီး ပြန်လည် ထွက်ခွာ သွားကြလေသည်။

( ဆက်လက်ဖော်ပြပါမည်။ )



No comments:

Post a Comment