September 28, 2011

ငါ့ သွေး ငါ့ မြေ ငါ့ အရည်သွေး။ အပိုင်း ( 14 )


အခန်း ( 14 )


                အမိုဝေ ခံတပ်တွင်း၌ စစ်သည်အင်းအား ပြည့်လျှံ များပြားလျက်ရှိရာ စစ်သည်တော်တို့ သည် စိတ်ဓါတ် တက်ကြွ နေကြကာ စစ် မာန် ပြည့်ဝ လျှက် ရှိကြလေသည်။ တပ်မှူးကြီး လော်ဒီယာ ၏  လက်ရွေးစင် တပ်ဖွဲ့ ၊ စစ်သေနာပတိ ၀က္ကနော် ရဲ့ စစ်သည် သုံးသိန်း ပါဝင်သော တပ်မကြီး နှင့် တကွ နဂို ခံတပ်၌ ရှိနေပြီးသော စစ်သည် အင်အားများပါ အားလုံးထည့်ပေါင်း ပါက စစ်သည် အင် အား လေးသိန်းနီးပါးဖြင့် တပ်စွဲ ထားကြလေသည်။ ၄င်းအပြင် စစ်သေနာပတိ ၀က္ကနော်ရဲ့ တပ်မ ကြီး ၌ အဆင့်မြင့် လက်နက် နှင့် တိုက်ခိုက်နည်းများ ကျမ်းကျေထားသော တပ်ဖွဲ့များနှင့် လက်နက် ကြီး တပ်ဖွဲ့များလည်း ပါဝင်လေ ရာ တစ်ဖက်တောအုပ် အလွန်ရှိ ခံတပ်ဖြူကြီးအား တိုက်ခိုက် သိမ်း ပိုက် နိုင် သော အင်အားမျိုးကို ပိုင်ဆိုင်ထားခြင်းလည်း ဖြစ် လေသည်။

               သို့ပါရ်ျ စစ်သေနာပတိ ၀က္ကနော် ဦးဆောင်ရ်ျ တပ်မှူးကြီး လော်ဒီယာ အပါအ၀င် ကျန်တပ် မှူးများသည် အမိုဝေ ခံတပ်တွင်းရှိ စည်းဝေးဆောင်၌ စုဝေးကာ စည်းဝေးတိုင်ပင် နေကြလေသည်။ စုစုပေါင်း လူ ( 20 ) ခန့် ဖြစ်လေသည်။ ထိုသူ များသည် သက်ဆိုင်ရာ တပ်ဖွဲ့များ၏ ခေါင်းဆောင် များ လည်း ဖြစ်ကြလေသည်။ အစည်းပြုလုပ်သည့် ခန်းမ အတွင်း၌ စားပွဲ ရှည်ကြီး တစ်ခုကို ထားရှိပြီး ထိပ်ဆုံး၌ စစ်သေနာပတိ ၀က္ကနော်က ထိုင်လျှက် ရှိနေပြီး တပ်မှူးကြီး လော်ဒီယာ နှင့် ကျန် တပ်မှူး များသည် စားပွဲရှည်ကြီး၏ ဘေးနှစ်ဘက်၌ အတန်းလိုက်ထိုင်ရ်ျ စည်းဝေးနေကြလေသည်။ ထို စားပွဲ ရှည်ကြီး၏ အလည် တွင်မူ ခံတပ်ဖြူကြီးရဲ့ မြေပုံကို ဖြန့်ခင်းထားလေသည်။ ထိုအခိုက် အစည်းဝေး ခန်းတွင်း သို့ စစ်သည်တစ်ဦး သတင်းပို့ ၀င်ရောက်လာလေသည်။

သေနာပတိ .......
သတင်းပို့ပါတယ်။
အပြင်မှာ နန်းတွင်းတမန် ရောက်ရှိနေပြီး
ဝင်ခွင့် တောင်းနေပါတယ်။

               စစ်သည်ရဲ့ သတင်းပို့ စကားဆုံးလေသော် သေနာပတိ ဖြစ်သူ ၀က္ကနော်က .............

အေး .............
ဝင်လာခိုင်းလိုက်ပါ။

               ထို့နောက် နန်းတွင်းတမန် ဖြစ်သူမှာ စည်းဝေးခန်းတွင်းသို့ ၀င်ရောက်လာကာ သေနာပတိ ၀က္ကနော် အပါ အ၀င် တပ်မှူးကြီး လော်ဒီယာ နှင့် တခြား တပ်မှူးများအားလုံးကို အရိုသေပြု လိုက် လေသည်။ ဆက်ရ်ျ နန်းတွင်းတမန်က .........

သေနာပတိ ........
ကျွန်တော်မျိုး အမိန့်စာ ပြန်ပေးရန်အတွက်
ရောက်ရှိလာရခြင်း ဖြစ်ပါတယ်။
အမိန့်စာကို ပြန်ဆိုခွင့် ပေးတော်မူပါ။

               ထို့နောက် အစည်းဝေးခန်းတွင်းရှိ လူများအားလုံးသည် အရိုသေပြုသော အမူရာဖြင့် အမိန့်စာကို လက်ခံရန် ပြင်ဆင်လိုက် ကြလေသည်။ ထိုအခါ တမန်ဖြစ်သူက ခတ်နှိပ်ထားသော ချိတ်ပြားနှင့် ကြိုးတို့ကို ဖြေလိုက်ပြီး ပိုးပိတ်ပေါ် တွင် ရွှေရောင်စာလုံးဖြင့် ရေးသားထားသော အမိန့်စာကို ဖတ်လေသည်။

နေမင်းကဲ့သို့သော ဘုန်းတန်ခိုးဖြင့်
ပြည့်ဖြိုးတော်မူသော ယုဒီပနိုင်ငံ၏
ရှင်ဘုရင်ဖြစ်သော ကျွန်ုပ်သည်
ထူးချွန်ထက်မြက်သော သူရဲကောင်းတို့ကို
ချီးမြှင့် မြှောက်စားလေ့ ရှိသည့်အတိုင်း
တိုက်ပွဲများစတင်ချိန်မှ စရ်ျ
ထူးချွန်စွာ တာဝန်ထမ်းဆောင်ခဲ့သော
တပ်မှူးကြီး လော်ဒီယာ အား
တပ်မှူးကြီး အဆင့်မှ နေရ်ျ
ရွှေဓါးကိုင် စစ်သူကြီး အဆင့်သို့
ယနေ့မှစရ်ျ တိုးမြှင့်တာဝန် အပ်နှင်းလိုက်သည်။
သို့ပါရ်ျ ရွှေဓါးကိုင် စစ်သူကြီး လော်ဒီယာ သည်
တာဝန်ထမ်းဆောင်ချိန်မှ စရ်ျ
စစ်သူကြီးတို့၏ ခံစားပိုင်ခွင့် အသီးသီးနှင့်
လုပ်ပိုင်ခွင့် အသီးသီးကို ရရှိစေရမည်။
၎င်းအပြင် နန်းတွင်းသို့လည်း မည့်သည့်
အချိန်အခါတွင်မဆို အစစ်ဆေးမရှိ
ဝင်ထွက် သွားလာခွင့် ရှိစေရမည်။
ရာထူးအား အဆောင်ယောင်နှင့်တကွ
အပ်နှင်းလိုက်သည်။

အမိန့်တော်...............

                      ထိုကဲ့သို့ အမိန့်တော်ကို တမန်သည် ဖတ်ပြီးသည့်နောက် အစည်းဝေးခန်းမ တွင်းရှိ လူများအားလုံးက.........

ကျေးဇူးကြီးမြတ် လှပါတယ်
အရှင်မင်းကြီး ...........

                      ထို့နောက်တွင်တော့ ရွှေဓါးကိုင် စစ်သူကြီး ဖြစ်သွားသူ လော်ဒီယာ သည် အမိန့်စာ လိပ်ကို လက်ခံလိုက် ပြီး တမန်က လော်ဒီယာအား စစ်သူကြီးများ ၀တ်ဆင်ရသော ချပ်ဝတ်တန်ဆာ များ၊ ရွှေဓါးနှင့် တကွ တံဆိပ်ပြားတို့ကို အပ်နှင်းလေသည်။ တမန်သည် အဆောင်ယောင်များ အား လုံး ကို တစ်ခုခြင်းစီ ပေးအပ်ပြီးနောက် သေနာပတိ ၀က္ကနော် နှင့် တကွ စစ်သူကြီး လော်ဒီယာ အပါ အ၀င် ကျန်တပ်မှူးတို့အား အရိုသေပြုလျှက် စည်းဝေးခန်းအတွင်းမှ ပြန်လည် ထွက်ခွာ သွားလေ သည်။


***********************************************


                            နံနက်မွန်းတည့်ချိန်မှစကာ ကတို့ဆိပ်မှ တဆင့် မယ်ခ တို့သုံးယောက်သည် ခရီး နှင်ခဲ့လေရာ ညနေ နေ၀င်ရီတရော အချိန်၌ ရွာငယ်လေး တစ်ရွာသို့ ရောက်ရှိကြလေသည်။ မယ်ခ တို့သည် ထိုရွာငယ်လေးရှိ ဈေးတန်းလေး တစ်ခု အနီးရှိ ဆိုင်တစ်ဆိုင်သို့ဝင်ကာ ညစာ တို့ကို မှာယူ စားသောကြလေသည်။ ထို့နောက် ဆိုင်ရှင်အား ဘိုးခေါင်းဖြူမှ ကျသင့် ငွေတို့ကို ရှင်းပေးပြီး   နောက် .............

ဆိုင်ရှင် .........
ဒီ ရွာမှာ တောင်ပေါ်ဆေးဆရာကြီး
ဆိုတာ ရှိလားဗျ။

ဟုတ်ကဲ့ ။
ရှိပါတယ်။
ရွာတောင်ပိုင်းကိုသွားပြီး
တောင်ပေါ်လမ်းလေးအတိုင်း
ဆက်တက်သွားရင်
ဆေးဆရာကြီးဆီကို ရောက်ပါတယ်။

ဟုတ်ကဲ့ဗျာ။
ကျေးဇူးတင်ပါတယ်။

                      
                       ဆိုင်ရှင်သည် ပြောဆိုပြီးနောက် ကျသင့်ငွေတို့ကို ယူကာ စားပွဲပေါ်ရှိ စားပြီးသား ပန်းကန် တို့ကို သိမ်း ဆည်းကာ ပြန်လည် ထွက်ခွာသွားလေသည်။ စားပွဲ၌ ကျန်နေခဲ့သော မယ်ခ တို့သုံးယောက်သည် တစ်ယောက်မျက်နှာ တစ် ယောက် ကြည့်ကာ ပြိုင်တူ ထရပ်လိုက်လေသည်။ မယ်ခ သည် ထိုင်ရာမှ ထလိုက်ရာ ခေါင်းထဲ၌ ဝေခနဲ တစ်ချက် ဖြစ်သွား လေသည်။ ထို့ကြောင့် ထိုင်ခုံ ၌ ပြန်ထိုင်လိုက်ရ လေသည်။ မယ်မြ နှင့် ဘိုးခေါင်းဖြူတို့သည် မယ်ခ ကို စိုးရိမ် သွားကြလေ သည်။ အကြောင်းမှာ ကတို့ဆိပ်ကနေ ခရီးနှင်ရာ တစ်နေ့လုံးတွင် လှည်း ကို ရောင်းထားခဲ့ရသည်မို့ မယ်ခ သည် မြင်းစီး လိုက်ပါခဲ့ရသဖြင့် ကိုယ်တွင်း၌ ရှိနေသော အဆိပ်တို့မှာ ပိုရ်ျ ပြန့်နှံ့ နေမည် မှာ သေချာသလောက် ဖြစ်နေပေလိမ့်မည်။ ထို့ ကြောင့် မယ်မြ နှင့် ဘိုးခေါင်းဖြူ သည် စိုးရိမ် နေကြ ခြင်း လည်း ဖြစ်လေသည်။ မယ်မြက ..........

အမ ...........
အဆင်ပြေရဲ့လား
ဘယ်လိုနေသေးလဲ။

အင်း ...........
ရပါတယ်။
တစ်ချက် မူးသွားတာပါ။
ဘာမှမဖြစ်ပါဘူး။

                        မယ်ခ သည် စကားဆုံးလေတော့ ထိုင်ရာမှ ရပ်လိုက်ပြီး .........

သွားကြရအောင်။

                        ဟု ဆိုလေရာ သုံးယောက်သားသည် ဆိုင်အတွင်းမှ ထွက်ခွာ လာခဲ့ကြလေသည်။ မယ်ခတို့သည်  ရွာ တောင်ပိုင်းရှိ တောင်ပေါ်လမ်းလေးအတိုင်း တက်လာကြရာ သိပ်မကြာမီ အချိန် တွင် တောင်ကုန်းလေးပေါ်၌ တည်ဆောက် ထားသော အိမ်လေး တစ်လုံးကို တွေ့မြင် ရလေ သည်။ ထို အိမ်လေးသည် သပ်ရပ်စွာ ၀န်းခြံ ခတ်ထားပြီး တောင်ကုန်းလေး ပေါ်၌ တိတ်ဆိတ်စွာ တည်ရှိ နေလေသည်။ အချိန်အားဖြင့် မှောင်စပျိုးချိန် ဖြစ်နေသဖြင့် ထို အိမ်လေးဆီမှ မီးရောင်ပျပျ ထွန်းညှိ ထားသည်ကိုလည်း တွေ့မြင်ရလေသည်။ မယ်ခ တို့သည် လမ်းအတိုင်း ဆက်တက်လာခဲ့ကြရာ ခြံဝင်းလေးနား သို့ အရောက်တွင် ............

ဗျို့.............
အိမ်ရှင်တို့ ........ အိမ်ရှင်တို့............

                       ဘိုးခေါင်းဖြူမှ လှမ်းအော်လိုက်ခြင်း ဖြစ်လေသည်။ ထိုသို့ လှမ်းအော်ခေါ်သော်လည်း ပြန်ထူးသံ တစ် စုံတရာကိုမျှ မကြားရချေ။ ထို့ကြောင့် ဘိုးခေါင်းဖြူက ထပ်မံ အော်ခေါ် လိုက်လေ သည်။

အိမ်ရှင်တို့ .......... အိမ်ရှင်တို့ .........
ဆေးဆရာ ကြီး ရှိလားဗျို့။

                        ဒုတိယ အကြိမ် ထပ်မံ အော်ခေါ်သော်လည်း ယခင် အတိုင်းပင် ပြန်ထူးသံ မကြား ရချေ။ ထို့ကြောင့် မယ်မြ သည် စိတ်မရှည်တော့ပဲ ခြံဝင်းတံခါးကို ရိုက်ချိုး ဖွင့် လိုက်လေသည်။ ထို့နောက် ခြံတွင်းသို့ လှမ်းဝင်လိုက်လေရာ .........

ဟိတ် ........
ရပ်စမ်း။ ဘယ်သူတွေလဲ။
ကျုပ် ခြံထဲကို ဘာလို့ ကျူးကျော်လာရ တုန်းကွ။

                         အသံရဲ့ အဆုံးသတ်နဲ့အတူ လူရွယ်တစ်ဦးသည် အိမ်၏ ဘေးအဆောင်ဘက်ဆီမှ နေရ်ျ ဂျွမ်းပစ်ကာ ထွက်ပေါ်လာလေသည်။ ထို့နောက် ဘာစကားမှ ဆက်မပြောပဲ စတင်တိုက်ခိုက် တော့ လေသည်။ မယ်မြ ကလည်း ထို လူရွယ်၏ တိုက်ခိုက်မှုကို ရှောင်တိမ်းရင်း ပြန်လည် တိုက်ခိုက် လေသည်။ ထိုသို့ တိုက်ခိုက်နေသည်ကို ဘိုးခေါင်းဖြူက ၀င်တိုက်မည်ပြုရာ ဘေး၌ ရှိနေသော မယ်ခ က ဘိုးခေါင်းဖြူအား တားလိုက်လေသည်။

အဘ ...........
မ၀င်နဲ့ အုံး။

                        မယ်မြ နှင့် လူရွယ် သည် တိုက်ခိုက်မှုကို ရပ်တန့်ခြင်းမရှိပဲ ဆက်လက်တိုက်ခိုက်နေ ကြလေသည်။ လူရွယ်မှာ ခေသူမဟုတ်သဖြင့် မယ်မြ သည် သတိထားကာ တိုက်ခိုက်နေရသည်။ လူရွယ်ရဲ့ တိုက်ကွက်များသည် လျင်မြန် လှပြီး တိုက်ခိုက်ပုံမှာလည်း ပစ်မှတ်ကို တိကျမှုရှိလေသည်။ ထို့ကြောင့် အချိန်ကြာလာသည်နှင့်အမျှ မယ်မြ နိမ့်သလို ဖြစ် နေလေသည်။ ဘိုးခေါင်းဖြူမှာ ရပ်ကြည့် နေရင်းက အားမလို အားမရ ဖြစ်နေပြီး မယ်ခ အား .............

သမီး ............
လူရွယ်ရဲ့ အဆင့်က မနိမ့်ဘူး။
မယ်မြ ဒဏ်ရာ ရသွားနိုင်တယ်။

နေပါအုံး ။ အဘ .......
စောင့်ကြည့် လိုက်ပါအုံး။

                         မယ်ခသည် ဘိုးခေါင်းဖြူအား ထိုသို့ ပြောဆိုပြီးနောက် ခေါင်းထဲ၌ မူးဝေေ၀ ပြန်ဖြစ် လာလေသည် ။ ထို့နောက် မယ်မြ နှင့် လူရွယ်၏ တိုက်ခိုက်မှု မြင်ကွင်းကို ကြည့်နေရင်းကပင် မြင် ကွင်းမှာေ၀၀ါးလာခဲ့လေသည်။ ထို့နောက် မယ်ခ သည် မြင်ကွင်းကို သဲကွဲ စွာ မမြင်ရတော့ပဲ မျက်ဝန်းထဲ၌ မှောင်မဲလာကာ မေ့လဲကျသွားလေမည် အပြု ဘေး၌ ရပ်နေ သော ဘိုးခေါင်းဖြူက မယ်ခ အား လှမ်းဆွဲထားလိုက်လေရာ မယ်ခ သည် မြေပေါ်သို့ လဲကျမသွားပဲ ဘိုးခေါင်းဖြူ ဘက်သို့ ယိုင်ကျသွားလေသည်။

                         မယ်မြ နှင့် လူရွယ်မှာ ထို အဖြစ်ကို မသိမမြင် ကြသေးပဲ ဆက်လက် တိုက်ခိုက်လျှက် ရှိနေကြသည်။ ထိုသို့ တိုက်ခိုက် နေစဉ် သူတို့ နှစ်ဦးကြားသို့ အဘိုးအို တစ်ဦးသည် တုတ်ရှည် တစ်ချောင်း ကို ကိုင်ဆောင်လျှက် ထပ်မံဝင် လာပြီး တိုက်ခိုက်နေသော မယ်မြ နှင့် လူရွယ်အား လူခွဲ လိုက်လေသည်။ ထို့နောက် ........

တော်ပြီ..........
ရပ်လိုက်ကြတော့.............
မင်း ဘာလို့ တိုက်ခိုက်နေတာလဲ။

                        အဘိုးအိုက လူရွယ်အား မေးလိုက်ခြင်းပင် ဖြစ်လေရာ လူရွယ်က ..........

အဘ ..........
သူတို့က ခြံထဲကို
တံခါးရိုက်ချိုးပြီး ၀င်လာကြတာ။
ဒါမို့ တိုက် တာပါ။

                       လူရွယ် ရဲ့ စကားဆုံးတော့ မယ်မြ က ............

ရှင် နားလေးနေတာလား။
ဒီလောက်အော် ခေါ်နေတာကို
မကြားဘူးလား။

ကဲ ကဲ ..........
တော်ကြတော့..........
တူမကြီး ပြောပါအုံး ......
ဘာကိစ္စ ရှိလို့တုန်း။

                         အဘိုးအိုမှ မယ်မြ အားမေးလိုက်ခြင်းပင် ဖြစ်လေသည်။ ထိုအခါ မယ်မြ က အဘိုးအိုအား .......

ဒီလိုပါ အဘ .......
အဆိပ်မိထားတဲ့ လူတစ်ယောက် ပါလာလို့ပါ။
ဆေးကုသချင်လို့ပါ။
အပြင်ကနေ အော်ခေါ်နေတာ
မကြားတာနဲ့ စိတ်မရှည်ပဲ
တံခါးကို ရိုက်ဖွင့် လိုက်တာပါ။
အဲ့ဒီအတွက် တောင်းပန်ပါတယ်။

                         မယ်မြ ရဲ့ စကားဆုံးတော့ အဘိုးအို က လူရွယ်ကို တစ်ချက်ကြည့်လိုက်ပြီး ........

သူတို့ကို အထဲခေါ်သွားလိုက်။

ဟုတ်ကဲ့ပါ အဘ။

                         လူရွယ်သည် အဘိုးအိုအား ထိုသို့ ပြောလိုက်ပြီး ရှေ့မှ ထွက်ခွာ သွားလေသည်။ ထို့နောက် အိမ်တံခါး ၀၌ ရပ်နေလိုက်လေသည်။ ဘိုးခေါင်းဖြူ က သတိမေ့နေသော မယ်ခကို ပွေ့ထူရင်း မယ်မြ နဲ့အတူ အိမ်တွင်းသို့ သုံးယောက် သား လှမ်းဝင်လိုက်ကြလေသည်။ အိမ် အ၀ အရောက်တွင် မယ်မြ သည် လူရွယ်အား တစ်ချက်ကြည့်လိုက်ပြီး မကျေမနပ် အမူရာဖြင့် မျက် စောင်း တစ်ချက်ထိုးကာ အိမ်တွင်းသို့ ၀င်သွား လိုက်လေသည်။

( ဆက်လက်ဖော်ပြပါမည်။ )




                                 

No comments:

Post a Comment