September 18, 2011

ကျွန်တော်ချစ်သောကောင်မလေး။ အပိုင်း ( 4 )


အခန်း ( 6 )

ဒီနေ့ တီးဝိုင်း၌ သီချင်းတိုက် အစီစဉ်ရှိသည်မို့ ကျွန်တော် အိမ်မှ ပြင်ဆင်ကာ ထွက်လာခဲ့သည်။ အောင်မင်း နဲ့ တရုတ်ကြီးကို ၀ိုင်းမှာပဲဆုံမည်ဟု ကြိုပြောထားသဖြင့် ကျွန်တော် တီးဝိုင်းသို့သာ ဦးတည်လာခဲ့တော့သည်။ ထိုသို့ထွက်လာလေရာ ရန်ကုန်မြို့ရဲ့ ထုံးစံများဖြစ်သော ဘတ်စ် ကားတွေရဲ့ မှတ်တိုင်မှာ လူစောင့်တင်ခြင်းနဲ့ ကားလမ်းပိတ်ခြင်းတို့ကို ကျွန်တော်ရင်ဆိုင် ကြုံတွေ့ရပါတော့တယ်။ တီးဝိုင်းတော့ ကျွန်တော် ရောက်တော့ 45 မိနစ်ခန့် နောက်ကျနေခဲ့လေပြီ။ သီချင်းတိုက်ရာဆီသို့ လှမ်းကြည့် လိုက်တော့ အောင်မင်းက ၀င်တီးပေးနေသည်ကို တွေ့ရသည်။ အဆို သမားများကို ဟိုဟို ဒီဒီ လှမ်းကြည့်မိတော့ ကောင်မလေးနှစ်ယောက်က ကျွန်တော့်ကို ပြုံးပြုံးကြီး အတင်းတုပ်နေသည်ကို သတိထားမိလိုက်သည်။ အတင်းတုပ်နေသော မိချောနှစ်ယောက်မှာ ဟိုနေ့က မိန်းခလေးရဲ့ အပေါင်းဖော်များဖြစ်ဟန်ရှိသည်။ ဟိုနေ့က ကောင်မလေးတော့ မပါဝင်ချေ။ ဒီတော့မှ စိတ်ထဲမှာ မရိုးမရွဖြစ်လာကာ ဘာကြောင့်မှန်းမသိ ဟိုနေ့က ကောင်မလေးကို တွေ့ချင်လာမိသည်။ ကျွန်တော်ဒီနေ့ ၀ိုင်းသို့ နောက်ကျနေရ်ျ  လွဲသွားပြီလားဆိုသော စိုးရိမ် စိတ်ကလည်း ၀င်လာမိသေးသည်။ ခဏနေတော့ အောင်မင်းက သီးချင်းတိုက်ရာအခန်းဆီမှ ထွက်လာပြီး

          ဟေ့.. ရောက်နေတာကြာပြီလား

လို့လှမ်းမေးလိုက်သည်။ ကျွန်တော်က

         မကြာသေးပါဘူး။ ခုနလေးကမှာပါ။

စကားဆုံးတော့ အောင်မင်းက

         မင်းအထဲမ၀င်ပဲ ဘာလုပ်နေတာလဲ။ ဧကန်န ဟိုကောင်မလေးကို စောင့်နေတာလား။

ဟု ဖောက်ပါတော့တယ်။  ဒီတော့ ကျွန်တော်က

          ဘယ်ကလာ စောင့်ရမှာတုန်းဟ၊ အထဲမှာ နားညည်းလို့ အပြင်မှာ နေနေတာ။

ဟုဆိုတော့ အောင်မင်းက

         အေးပါကွာ။ မဟုတ်ရင်လည်းပြီးတာပါပဲ ။ မင်းသွားတီးအုံးလေကွာ။

ဟု ကျွန်တော်ကို စပ်ဖြဲဖြဲ မျက်နှာနဲ့ပြောလေသည်။ ကျွန်တော်က

          အေး - သွားတီးလိုက်အုံးမယ်။ ဒါနဲ့ မလာဘူးလား။

ဟု ဆိုလိုက်တော့ အောင်မင်းက

           အေး - အဲ ကောင်မလေး မလာသေးဘူး။

လို့ဖြေလေရော။ အမှန်တော့ ကျွန်တော် စကားပြော လောသွားခြင်းသာ ဖြစ်ပါတယ်။ ကျွန်တော်ကပင်

           အာ....မင်းကလည်း။ ငါက တရုတ်ကြီးကိုမေးတာဟ၊ မတွေ့လို့

ဆိုတော့ အောင်မင်းက

           မသိပါဘူး။ ငါက ကောင်မလေးကို မေးတယ်မှတ်လို့။ ဟဲ ဟဲ ။ တရုတ်ကြီးက အိမ်က အလုပ်တွေနဲ့ မအားလို့တဲ့ မလာတော့ဘူး။

ကျွန်တော်က

            အေး - ဒါဆိုလည်းပြီးရော။

ဟု ပြောပြီး သီချင်းတိုက်ရာ အခန်းဆီသို့ ၀င်လာခဲ့ပါသည်။ တကယ်တော့ ထိုနေ့က သီချင်းတိုက်ရာဆီသို့ ကောင်မလေးရောက်မလာခဲ့ပါ။
ကျွန်တော့် ၇င်ထဲမှာတော့ ထို ကောင်မလေးအား နောက်ထပ် တွေ့ချင်မြင်ချင်စိတ်များနဲ့ သူမ ဘာကြောင့်များ ရောက်မလာသလဲဆိုတာ တွေးတော စဉ်းစားရင်းနှင့်သာ သူမရဲ့ ပုံရိပ်တွေ လွှမ်းခြုံတဲ့ အိမ်ပြန်ခရီး ဖြစ်ခဲ့ရပါတော့သည်။ ထိုနေ့ညက အိပ်ရာထက်၌ ကျွန်တော် အိပ်မပျော်နိုင်ပဲ ရှိနေခဲ့ပါသည်။ ညနေက သောက်ထားသော လက်ဖက်ရည်တွေ အစွမ်းပြနေတာလို့ ထင်မိပါသည်။ အမှန်တော့ ထိုသို့မဟုတ်ပါ။ ကျွန်တော့်ရဲ့ ဦးနှောက်နဲ့ အတွေးထဲတွင် မိန်းခလေးတစ်ယောက် က မသိမသာနဲ့ နေရာဝင်ယူထားခဲ့ခြင်းပင် ဖြစ်ပါသည်။ ဘာကြောင့်မှန်းမသိ ကျွန်တော် မျက်လုံးမှိတ်လိုက်တိုင်း သူမရဲ့ ပုံရိပ်တွေသာ မြင်တွေ့နေရပါသည်။ သူမ ရဲ့ မျက်ဝန်းအစုံက ကျွန်တော့် ကို မှန်းဆရ ခက်ခဲစေပြီး သူမရဲ့ ပြုံးဟန်တွေကလည်း ကျွန်တော့်ကို ဆွဲဆောင်လျက် ရှိပါသည်။ ဒီနေ့ သူမ ကိုမတွေ့ရခြင်းကလည်း ကျွန်တော့်ရဲ့ ရောဂါကို ပိုဆိုးစေပါသည်။ ချစ်လှစွာသော သူငယ်ချင်းများရဲ့ ပြောစကားတွေကလည်း ကျွန်တော် သူမကို ပိုပြီး သတိရစေမိပါသည်။ ဒီလိုနဲ့ အိပ်ရာထက်၌ ဟိုလှိမ့်ဒီလှိမ့်ဖြင့် သူမ အကြောင်းစဉ်းစားနေရင်း ကျွန်တော် ရုတ်တရက် အိပ်ပျော်သွားပါသည်။ ကျွန်တော့် ရဲ့ အိပ်မက်ထဲမှာလည်း သူမ ရောက်နေခဲ့ ပြန်ပါတယ်။

                                                                                                               

( ဆက်လက်ဖော်ပြပါမည်။ ) 
Rocker77


No comments:

Post a Comment