Showing posts with label အတွေးအမြင်. Show all posts
Showing posts with label အတွေးအမြင်. Show all posts
October 5, 2011
ရန်ကုန်မြို့ ရဲ့ မတူညီတဲ့ မီးပွိုင့်များ အကြောင်း..........။
သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ။ ဒီ တစ်ခါ မှာတော့ ရန်ကုန်မြို့တော်ကြီးရဲ့ မတူညီတဲ့
မီးပွိုင့် စနစ် အကြောင်းကို တင်ပြဆွေးနွေး သွားချင်ပါတယ်။ ဒီ အကြောင်းရာကို ရေးချင်နေတာ ကြာခဲ့ ပါပြီ။ သို့ပေမယ့်လည်း အချိန်မပေးနိုင်သေးလို့ ဒီနေ့မှပဲ တင်ပြပေးလိုက်ပါတော့တယ်။
                      ရန်ကုန်မြို့မှာ နေထိုင်တဲ့ သူတွေ၊ေ၇ာက်ဖူးတဲ့ သူတွေကတော့ ရန်ကုန် က မီးပွိုင့်တွေ
အကြောင်းကို ထိမိတွေ့မိ ရှိကြမှာပါ။ သတိထားမိတဲ့ သူတွေ ရှိသလို ၊ သတိမထားမိသေးတဲ့ သူတွေ လည်း ရှိနေကြမှာပါ။ ဘာပဲ ဖြစ်ဖြစ် ဒီ အကြောင်းရာလေးမှာ ကျွန်တော် တို့ ဆွေးနွေး ကြည့်ကြရ အောင်ပါ။
                       ရန်ကုန် မှာ မီးပွိုင့် တတော်များများကို လေ့လာကြည့်မိမယ်ဆိုရင် စိမ်း ၊ ၀ါ ၊ နီ
မီးသုံးလုံးတပ်မီးပွိုင့် ၊ နံပါတ်ဘုတ် အကြီးတပ် မီးပွိုင့် ၊ နံပါတ်ဘုတ် အသေးတပ် မီးပွိုင့် ၊ ကွေ့ကြော
မြှားစိမ်း ပြ ပေးတဲ့ မီးပွိုင့် ၊ ကွေ့ကြော မီး ၀ါ ပြပေးတဲ့ မီးပွိုင့် ၊ ကင်မရာ တပ်မီးပွိုင့် ဆိုပြီး အမျိုး စားနဲ့ အချက်ပြစနစ် စုံလင်တဲ့ မီးပွိုင့်တွေကို တွေ့ကြရမှာပါ။
                        ပထမ ဆုံး အနေနဲ့ စိမ်း ၊ ၀ါ ၊ နီ မီးသုံးလုံးတပ် မီးပွိုင့် တွေကို လေ့လာကြည့်ကြ
ပါစို့ဗျာ။ စိမ်းဝါနီ မီးသုံးလုံး တပ် မီးပွိုင့် တွေကို ရန်ကုန် မြို့ရဲ့ မြို့တွင်း မြို့ပြင် နေရာ အနှံပြားမှာ တွေ့
မြင်ကြရမှာပါ။ ဒီ မီးပွိုင့် တွေမှာ အချက်ပြ စနစ်တွေကို လေ့လာကြည့်မယ်ဆိုရင် တချို့ မီးပွိုင့် တွေမှာ မီးစိမ်းမှ မီးဝါ ကို ကူးပြောင်းတော့မယ် ဆိုပါက မီးစိမ်းမှိတ်တုတ်တုတ် သုံးကြိမ် အချက် ပြပေးပြီးမှ မီး ၀ါ ကို ကူးပြောင်းပေးသလို မှိတ်တုတ်တုတ် မီးစိမ်း မပြပဲ မီး ၀ါ ကို တန်းပြီး ပြောင်းလဲ တဲ့ ပွိုင့်တွေ ကို လည်းတွေ့မြင်ကြရမှာပါ။( ဥပမာ - စိန်ပေါလ် မီးပွိုင့် ၊ ဆီဒိုနား မီးပွိုင့် )
                        မှိတ်တုတ်တုတ် မီး စိမ်း အချက်ပြတဲ့ မီးပွိုင့်တွေဟာ ယာဉ်မောင်းသူတွေအတွက်
မိမိ ရဲ့ အရှိန်ကို ထိန်းသိမ်းဖို့ အတွက် အချိန်ပိုရသလို အန္တရယ် ကင်းရှင်းရေးကို လည်း အထောက် ကူဖြစ် စေပါတယ်။ ဒါပေမယ့် မီး စိမ်းကနေ မီးဝါကို ရုတ်တရက် ကူးပြောင်းတဲ့ အခါမျိုးတွေမှာတော့ ရုတ်တရက် ဘရိတ်နင်းမှုတွေ ဖြစ်ပေါ်လာပြီး မီးပွိုင့်ရဲ့ ၇ပ်မျဉ်းတွေကို ကျော်သွားလို့ နောက်ပြန် ဆုတ်ရတာမျိုးတွေကို လည်း တွေ့မြင်ကြရမှာပါ။ အနောက်မှာ ယာဉ်တစ်စီးစီး ကပ်ပြီး လိုက်ပါလာ ခဲ့ရင်တော့ အရှေ့က ယာဉ်ကို ၀င်တိုက်နိုင်ချေ ပိုများပါတယ်။
                         နံပါတ်တပ်ဘုတ် အကြီးတွေ တပ်ဆင်ထားပေးတဲ့ နာမည် ကြီးမီးပွိုင့်တွေမှာတော့
ယာဉ်မောင်းသူတွေဟာ အရှိန်ကို ထိန်းသိမ်း နိုင်သလို အန္တရယ်ကိုလည်း ကင်းအောင် မောင်းနှင် နိုင်ကြ မှာပါ။ သို့ပေမယ့် နံပါတ်ဘုတ်တော့ တပ်ဆင်ပေးထားပါရဲ့ ၊ ဘုတ်က အသေးဖြစ်နေမယ်။ မီးပွိုင့်ရဲ့ လမ်း ကြောက ကွေ့ကောက်နေမယ် ၊ ယာဉ် အသွားအလာ များတဲ့ နေရာ မျိုး ဖြစ်နေမယ် ဆိုခဲ့ပါက ယာဉ် မောင်းသူတွေဟာ မီးဘုတ်က နံပါတ်တွေကို အဝေးကနေ မမြင်နိုင်သလို ၊ အန္တရာယ် ကင်းရှင်းရေး အတွက် လည်း ထိန်းသိမ်းဖို့ ခက်ခဲစေမှာပါ။ ဥပမာ(လှည်းတန်း မီးပွိုင့် ၊ ရွှေဂုံတိုင် မီးပွိုင့်)
                          တချို့ မီးပွိုင့်တွေမှာ ဆိုရင် ကွေ့ကြောတွေကို မြှားစိမ်း မီး ပြပေးပြီး ကွေ့ကားတွေ
ကို ဦးစားပေးထားပါတယ်။ သို့ပေမယ့် တချို့ မီး ပွိုင့်တွေမှာတော့ ကွေ့ကြောတွေကို မီးဝါ ကို အကြာကြီး ပေးထားပြီး ကွေ့ကားတွေကို ဦစားပေးထားပြန်ပါတယ်။ ဥပမာ ( ဝေဇန္တယာ မီးပွိုင့် ၊ တာမွေအ၀ိုင်းထိပ် မီးပွိုင့် )  မြှားစိမ်းမီးကို ကွေ့ကြော ဦးစားပေးစနစ် အသုံးပြုထားတဲ့မီးပွိုင့်တွေမှာ ယာဉ်မောင်းသူတွေ ဟာ အခက်ခဲ မရှိကြပေမယ့် မီးဝါ ပေးထားတဲ့ မီးပွိုင့်တွေမှာ တော့ ကွေ့ရ မှာလား ၊ ရပ်ရ မှာလား၊ မောင်းရမှာလား ဆိုတာကို ဒွိဟ ဖြစ်စေပါတယ်။ အဲ့လို ဖြစ်တဲ့ အတွက် ကြောင့် နောက် ကားရဲ့ အော်ဟစ် ဆဲဆိုသံတွေ ၊ နားလည်မှုမှာ ပြီး တိုက်မိ ကြတာတွေကိုလည်း မြင်တွေ့နေရပါတယ်။
                          အခု နောက်ဆုံးပေါ်ကတော့ ကင်မရာတပ် မီးပွိုင့်တွေပဲ ဖြစ်ပါတယ်။ ဒီ မီးပွိုင့်
တွေဟာ သိပ်တော့ များများ စားစားမရှိလှသေးပေမယ့် အူကြောင်ကြောင်တော့ နိုင်နေသေး ပါတယ်။ ကင်မရာတပ် မီးပွိုင့်တွေမှာ မီးနီကို ဖြတ်ကျော်မှ ကင်မရာ လှမ်းရိုက်ပြီး မှတ်တမ်း တင်တဲ့ မီးပွိုင့်တွေ ရှိနေသလို ရပ်မျဉ်းကျော်တာနဲ့ ကင်မရာ ရိုက်ပြီး မှတ်တမ်း တင်တဲ့ မီးပွိုင့် တွေလည်း ရှိနေပြန်ပါတယ်။ ရပ်မျဉ်းကျော်တာနဲ့ ကင်မရာကနေ လှမ်းရိုက်တဲ့ စနစ်ပါတဲ့ မီးပွိုင့်တွေကိုတော့ ကွန်ကရစ် လမ်းအသစ် ခင်းထားတဲ့ မီးပွိုင့်တွေမှာ တပ်ဆင်ထားတာကို တွေ့ရပြန်ပါတယ်။
ဥပမာ - ( တာမွေဗလီ မီးပွိုင့် ၊ မင်္ဂလာဈေးမီးပွိုင့် )
                           မီးပွိုင့် ရပ်မျဉ်းရဲ့ အရှေ့နားမှာ နည်းပညာသုံး ကြိုးတစ်ချောင်းကို မြှုပ်နှံ့ထားပြီး
ကားဘီးက ထို မျဉ်းပေါ်ကို မီးနီနေချိန်မှာ တက်နင်းမိ ပါက ကင်မရာမှ အလိုလျောက် မှတ်တမ်း တင်ထား မှာ ဖြစ်ပြီး ဒဏ်ငွေ ဆောင်ရမှာပါ။ အဲ့လို နင်းမိပြီး နောက်ပြန်ဆုတ်ပါကလည်း နောက် တစ်ကြိမ် မှတ်တမ်း တင်ပြီး ပြစ်မှု ပိုကြီးစေပြန်ပါတယ်။ စုစုပေါင်း နှစ်ခါ မှတ်တမ်းတင်ပါတယ်။ သို့ပေမယ့်လည်း တချို့ ကင်မရာတပ် မီးပွိုင့် တွေမှာတော့ ထို နည်းပညာသုံး ကြိုးကို မြှုပ်နှံ မထား ပြန်ပါဘူး။ မီးဝါ မီးနီ ကို ဖြတ်မှသာလျှင် ကင်မရာမှနေ မှတ်တမ်း လှမ်းယူပြီး အေ၇းယူပြန်ပါတယ်။
တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။ သို့ပါရ်ျ ရန်ကုန်မြို့ မှာ ယာဉ်မောင်းမယ်ဆိုရင် ယာဉ်မောင်းသင်တန်း
ထက်စာရင် မီးပွိုင့် သင်တန်း ကို အရင် တက်ရောက်ရမလို ဖြစ်နေပါပြီ။
သူငယ်ချင်းများအားလုံး ရွှင်လန်းချမ်းမြေ့ ကြပါစေဗျာ။
October 4, 2011
စားဝတ်နေရေးလား ၊ နေရေးစားရေးလား............။
သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ။
ဒီတစ်ခါ ပြောချင်တဲ့ အကြောင်းလေးကတော့ လူမှုဒုက္ခတွေထဲက အကြောင်းရာ တစ်ခုပါဗျာ။
ကဲ စလိုက်ကြစို့ဗျာ။
        မြန်မာနိုင်ငံရဲ့ ရန်ကုန်မြို့ဟာ ပင်လယ်ဆိပ်ကမ်းမြို့ ဖြစ်တာနဲ့ အညီ စီးပွားရေးအရ အချက်အချာ နေရာတစ်ခု လည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ မြို့တော်ဟောင်းလည်း ဖြစ်ပါတယ်။ ဒါကြောင့် လူဦးရေ ထူထပ်များပြားပြီး တိုင်းရင်းသား လူမျိုးပေါင်းစုံ ၊ ဘာသာတရား ပေါင်းစုံ တည်ရှိတဲ့ မြို့လည်း ဖြစ်ပါတယ်။
       အလုပ်အကိုင်အခွင့်အလမ်း နဲ့ ပါတ်သက်ပြီးတော့လည်း တခြားမြို့တွေထက်စာရင် အခွင့်ရေး ပိုရတဲ့ မြို့လည်း ဖြစ်ပါတယ်။ ပညာရေးနယ်ပယ်မှာလည်း တခြားမြို့များတက်ကို အခွင့်ရေး ကောင်း တွေ ရှိနေပြန် ပါတယ်။ ဒါကြောင့်ပင် အနယ်နယ်အရပ်ရပ်မှ တိုင်းရင်းသားလူမျိုးပေါင်းစုံတို့ ရန်ကုန်မှာအကြောင်း အမျိုးမျိုးနဲ့ ကိုယ့်ရဲ့ ၀မ်းစာရေး ၊ ပညာရေး နဲ့ လူမှုဘ၀ ဖွံဖြိုးတိုးတက်စေဖို့ လာရောက်အခြေချ နေထိုင်မှု တွေ များပြားလာတာကို တွေ့ရပါတယ်။
        ဒီလိုနဲ့ အခြေချနေထိုင်မှုတွေ များလာခြင်း၊ စီးပွားရေး မြှုပ်နှံမှုတွေ ပြုလုပ်လာခြင်းတွေကြောင့်
ရန်ကုန်မြို့ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း 20 - 30 ကထက်စာရင် အဘက်ဘက်ကနေ ပြောင်းလဲလို့
လာခဲ့ ပါတယ်။ ထိုကဲ့သို့ ပြောင်းလဲမှုများထဲကမှ သိသာထင်ရှားတဲ့ အကြောင်းရာတစ်ခုကတော့ နေထိုင်မှု စရိတ်မြင့်တက်လာခြင်း ပဲ ဖြစ်ပါတယ်။ ရန်ကုန်မှာ လူဦးရေ တစတစ ထူထပ်လာတာနဲ့ အမျှ နေထိုင်မှု စရိတ်လည်း တိုးမြင့်လို့ လာခဲ့ပါတယ်။
        တဖက်မှာ လုပ်ခ ၊ လစာတွေ တိုးမြင့်လာခဲ့ပေမယ့် နေထိုင်မှုစရိတ်မြင့်တက်မှု နှုံန်းကို လိုက်မမှီ
သေးပါဘူး။ ဥပမာ-ရန်ကုန်မြို့ရဲ့ ဆင်ခြေဖုံးဒေသ မှာ အိမ်ငှားရမ်းနေထိုင်သူ တစ်ဦးသည် အိမ်ငှားခ
တစ်လကို သုံးသောင်းဝန်းကျင်ခန့် ကုန်ကျနိုင်ပါတယ်။ တစ်ရက်ကို တစ်ထောင်ကျပ်နှုံန်းလောက်
ကျပါတယ်။ ရန်ကုန်မြို့ရဲ့ အခြေခံဝန်ထမ်းတစ်ယောက်ရဲ့ တစ်နေ့တာ ၀င်ငွေကတော့ ( 2500-3000)
ကြားမှာ ရှိနေတက်ပါတယ်။ ဒါက ယေဘုယျပါ။ နည်းတဲ့ သူတွေရှိသလို များတဲ့ သူတွေလည်း ရှိမှာပါ။
         ဒီတော့ ကျွန်တော်တို့ အနေနဲ့ ချိန်ထိုးကြည့်ရင် အိမ်ငှားခ မှာတင် သူ့ရဲ့ တစ်နေ့တာဝင်ငွေ
သုံးချိုးတစ်ချိုး ကုန်နေပါပြီ။ ကျန်တဲ့ နှစ်ပုံထဲကမှ တစ်နေ့တာ အလုပ်သွား အလုပ်ပြန်ဖို့ အတွက် အသုံး စရိတ်တွေကို ပြန်ဖယ်ရအုံးမှာ။ အဲ့နောက်မှ ပိုတဲ့ ငွေကို နေ့စဉ် စားသောက်ဖို့ နဲ့ ကျန်းမာရေး စရိတ်တွေထဲ ကို ရောက်ရှိသွားမှာ ဖြစ်ပါတယ်။ တခြား ဘာသာရေးကဏ္ဍ နဲ့ လူမှုရေးကဏ္ဍ အတွက် အသုံးပြုမှုတွေ မပါသေးပါဘူး။ 
         ဒီ တွက်ချက်မှုက လူတစ်ဦး တစ်ယောက်အတွက်ပဲ ဖြစ်ပါသေးတယ်။ မိသားစု ထဲမှာ မှီခို နေတဲ့သူတွေ ၊ ကျောင်းတက်နေတဲ့ သူတွေ၊ ကျန်းမာရေး ကုသမှု ခံနေရသူတွေ ပါနေခဲ့မယ် ဆိုတော့ ဒီဝင်ငွေဟာ အသုံးမကျတဲ့ ၀င်ငွေ တစ်ခု ဖြစ်သွားမှာပါ။ ဒီတော့ သေချာ ပြန်စဉ်းစား ကြည့်ရင် လူတစ်ယောက်ရဲ့ တစ်နေ့တာ ၀င်ငွေနဲ့ ထွက်ငွေတွေက သိပ်ပြီး မျှတမှု ရှိမနေဘူး ဆိုတာကို တွေ့ရပါတယ်။
          ဒီထက် ပိုဆိုးတာတွေက အိမ်ငှားတွေကို အိမ်ရှင်တွေက ခြောက်လ တစ်ခါလောက် အိမ်ငှားခကို တိုးတောင်းချင်ပါတယ်။ တချို့ ဆိုရင် ပွဲစား နဲ့ အိမ်ရှင် တွေရဲ့ လုပ်စားတဲ့ လုပ်ကွက်ထဲကို ရောက်ရှိ နေတက် ကြပါသေးတယ်။ ဥပမာ - သုံးလ လောက်နဲ့ အိမ်ခန်း ရောင်းလိုက်လို့ အိမ်ငှားက နေရာ ရွေ့ပေးရတာတို့ ၊ အမှုဖြစ်နေတဲ့ အခန်းကို ပွဲစားက ငှားရမ်း စေတာတွေ မျိုးပေါ့။ ဒါတွေကတော့ ဆင်ခြေဖုံးတွေမှာ သိပ်မတွေ့ရသေးပေမယ့်  Down Town တွေမှာတော့ တတော်လေးတွေ့မြင် နေရပါတယ်။
နေစရာ အိမ်ခန်းတွေကိုလည်း အကြွေးစနစ်နဲ့ အရစ်ကျ ရောင်းချပေးတာမျိုးလည်း မရှိသေးပါဘူး။
(ကြိုပွိုင့်စနစ် အခန်း ရောင်းချခြင်းနဲ့ မသက်ဆိုင်ပါ။ နှစ်ရှည် အရစ်ကျကိုသာ ဆိုလိုပါသည်။) အဲ့ဒီလို
ဝန်ဆောင်မှုပေးမယ့် လုပ်ငန်းတွေလည်း မရှိသေးပါဘူး။ ဒီတော့ နေစရာ အိမ်တစ်ခုကို ပိုင်ဆိုင် နိုင်ဖို့ဆိုတာ သာမန်လူတန်းစားတွေတော့ အခွင့်ရေးတွေ မှုန်ဝါးဝါးပါပဲ။
            အထူးသဖြင့် အနယ်နယ် အရပ်ရပ်ကနေ အကြောင်းအမျိုးမျိုးနဲ့ အပြောင်းရွှေ့  အခြေချ
နေထိုင်သူတွေနဲ့ကော အရင်ကတည်းက ရန်ကုန်မှာ အိမ် ငှားရမ်းနေထိုင်သူတွေဟာ မိမိတို့ရဲ့ တစ်နေတာ ရလာတဲ့ ၀င်ငွေကို နေထိုင်မှုစရိတ်အတွက် အကုန်နီးပါး ပြန်လည် သုံးစွဲနေရသဖြင့် ငွေပို ငွေလျံ ဆိုတာ ရှိမနေတော့ ပါဘူး။ ငွေ ပို မရှိတော့တဲ့ အတွက် ငွေ စုစောင်းနိုင်ခြင်း အခွင့်ရေး ပျောက်ဆုံးသွားပါတယ်။ ဒီလို အခွင့်ရေး ပျောက်ဆုံးသွားတဲ့ အတွက် လူမှုဘ၀ တိုးတက်မှုနဲ့ ဆိုင်တဲ့ ကဏ္ဍတွေဟာ မှေးမှိန်လို့ လာခဲ့ပါတယ်။
           ထိုကဲ့သို့ မှေးမှိန်လာခြင်းတွေကို ဖောက်ထွက်ချင်တော့ ဖြတ်လမ်းနည်းတွေကို  အသုံးပြု လာကြ ပါတယ်။ တချို့လည်း အောင်မြင်ကြသလို တချို့ စာရိတ္တပိုင်းတွေမှာ ချို့ယွင်းလာပြီး နောက် ဆုံး ပျက်ဆီး ခြင်း ဆီသို့ ဦးတည်သွားပါတော့တယ်။ ဒါကြောင့် ကျွန်တော်တို့ တတွေရဲ့ အသက်ရှင် ရပ်တည်ရေးဟာ စားဝတ်နေရေးလား ၊ နေရေးစားရေးလား ဆိုတာတွေကို ပြန်လည် စဉ်းစားရမယ့် အချိန်ဖြစ်လာခဲ့ပါပြီ။
အားလုံးကို ကျေးဇူးတင်လျက်