Showing posts with label အက်ဆေး. Show all posts
Showing posts with label အက်ဆေး. Show all posts

September 19, 2011

မွေးနေ့လက်ဆောင်။


                            ကျွန်တော် 7 နှစ်သားအရွယ်က ဖြစ်ပါသည်။ မေမေသည် သူ့ မိတ်ဆွေတစ်ဦးအား မနက် ဖြန် ခါသည် သူမ၏ 30 ပြည့်မွေးနေ့ ဖြစ်ကြောင်းကို ပြောဆိုနေသံကို ကြားရပါသည်။ ထိုအခါ ကျွန်တော် သည် အကြောင်းပြချက်နှစ်ခုကို စဉ်းစားမိပါသည်။ ပထမ အချက်က မေ့မေ့တွင်မွေးနေ့ရှိကြောင်း အရင်က မသိခဲ့ခြင်း ဖြစ်ပါသည်။ ဒုတိယအချက်မှာ မေမေ မွေးနေ့လက်ဆောင်ရရှိသည်ကို တစ်ခါမျှမမြင် တွေ့ဖူး ခြင်းပင်ဖြစ်သည်။

                           ကျွန်တော်သည် မေ့မေ့ကိုမွေးနေ့လက်ဆောင်ပေးချင်လာမိသည်။ ကျွန်တော် အိပ်ခန်းထဲ သို့ ၀င်ပြီး အရုပ်စုဘူးလေးကို ဖွင့်လိုက်ပါသည်။ ငါးပြားစေ့လေး 5 စေ့ထွက်လာပါသည်။ ထို ငါးပြားစေ့များမှာ ကျွန်တော့်၏ ငါးပတ်စာ မုန့်ဖိုး ဖြစ်ပါသည်။ ကျွန်တော် အိမ်နားရှိ စတိုးဆိုင်လေးသို့ သွားပြီး စတိုးဆိုင် ပိုင်ရှင် အား ကျွန်တော့် အမေအတွက် မွေးနေ့လက်ဆောင် ၀ယ်လိုကြောင်း ပြောပြပါသည်။
                           ဆိုင်ရှင်က တစ်မက်တန် ပစ္စည်းလေးများကို ပြသပါသည်။ ကြွေရုပ်သေးသေးလေးများကို ပြသပါသည်။ မေမေသည် ကြွေရုပ်သေးသေးလေးများကို နှစ်သက်တက်ပါသည်။ သို့သော် မေမေတွင် ကြွေရုပ်လေးများ အများအပြား ရှိနေပြီး သားဖြစ်ပါသည်။ ကျွန်တော်သည် တစ်ပတ်တစ်ခါ ထို ကြွေရုပ်လေး များကို ဖုန် သုတ်ပေးရပါသည်။ ထို့ကြောင့် ကြွေရုပ်လေးများကို မပေးလိုတော့ပါ။ တစ်မတ်တန် သကြားလုံး ဘူးငယ်များလည်း ရှိပါသည်။ မေမေမှာ ဆီးချိုရောဂါရှိရ်ျ သကြားလုံးလည်း မပေးသင့်လို့ ဆုံးဖြတ်လိုက် ပါသည်။
                            နောက်ဆုံးတွင် ဆိုင်ရှင် ဆံညှပ်ထုပ်လေးကို ပြပါသည်။ ကျွန်တော့် မေမေတွင် အလွန် လှပပြီး ရှည်လျား နက်မှောင်သော ဆံပင်များရှိပါသည်။ မေမေသည် တစ်ပတ်လျှင် နှစ်ကြိမ်ခန့် အနည်း ဆုံး ခေါင်းလျှော်လေ့ရှိပါသည်။ ခေါင်းလျှော်ပြီးလျှင် ဆံညှပ်လေးများဖြင့် ဆံပင်ကို လိပ်ထားလေ့ ရှိ တက်ပါသည်။ နောက်နေ့တွင် ဆံညှပ်လေးများကို ဖြေလိုက်တဲ့အခါ နက်မှောင်သော ဆံပင်လှိုင်း တွန့်များ သည် သူမ၏ ပခုံးထက်မှာ ဖြာကျလာလျှင် မေမေသည် ရုပ်ရှင်မင်းသမီးတစ်ထက်ပင် ပိုလှနေပါသည်။
                            ထို့ကြောင့် ကျွန်တော်သည် ထိုဆံညှပ်ထုပ်လေးများကို ၀ယ်ယူရန် ဆုံးဖြတ်လိုက်ပါသည်။ ထို့နောက် ငါးပြားစေ့ ငါးစေ့ ပေးကာ ထို ဆံညှပ်ထုပ်လေးကို ယူဆောင်လာခဲ့ပါသည်။ ဆံညှပ်ထုပ်လေးကို အိမ်သို့ ယူလာပြီးနောက် ထုပ်ပိုးစက္ကူဝယ်စရာ ပိုက်ဆံ မကျန်တော့သဖြင့် ရုပ်ပြ ကာတွန်းစာအုပ်မှေ၇ာင်စုံ ပါ သော စက္ကူလေးကို ဖြတ်ယူပြီး ဆံညှပ်ထုပ်လေးကို ထုတ်ပိုးထား လိုက်ပါသည်။
                             နောက်နေ့နံနက်တွင် မိသားစုအားလုံး နံနက်စာစားရန် ထမင်းပွဲတွင် ထိုင်နေကြစဉ် ကျွန်တော်သည် မေမေထံ လျှောက်သွားပြီး ကျွန်တော့်ရဲ့လက်ဆောင်ထုပ်လေးကို ပေးရင်း မေမေ့အတွက် ပျော်စရာမွေးနေ့လေးဖြစ်ပါစေလို့ ပြောကြား လိုက်ပါသည်။ မေမေသည် ပထမတွင် အံ့အားသင့်စွာဖြင့် ခေတ္တ မျှငြိမ်နေပါသည်။ ထို့နောက်မေမေ့ မျက်လုံးတွင် မျက်ရည်များဝဲလာပြီး ရုပ်ပြကာတွန်းစာအုပ်မှ စက္ကူ ဖြင့် ထုပ်ထားသော ကျွန်တော့်ရဲ့ လက်ဆောင်ထုပ်လေးကို ဖြေလိုက်ပါသည်။ မေမေ့လက်ထဲသို့ ဆံညှပ်များ ရောက်သွားချိန်မှာတော့ မေမေသည် ငိုနေခဲ့ပါသည်။
                             ထိုအခါ ကျွန်တော်က ကျွန်တော် ၀မ်းနည်းပါတယ်မေမေ။ သား မေမေ့ကို ငိုအောင် လုပ် တာ မဟုတ်ပါဘူး။ သားက မေမေ့အတွက် ပျော်ရွှင်တဲ့ မွေးနေ့လေးတစ်ခု ဖြစ်စေချင်လို့ပါ ဟု ပြောလိုက် ပါသည်။ ထိုအခါ မေမေက အို သားရယ် မေမေပျော်ပါတယ်ကွယ် ဟု ကျွန်တော့်ကို ပြန်ပြောလိုက်ပါသည်။ မေမေ မျက်လုံးကို ကြည့်လိုက်ရာ မျက်ရည်များကြားက အပြုံးကို တွေ့လိုက်ရပါသည်။ မေမေက မေမေ့ တစ်သက်တာမှာ သားရဲ့ လက်ဆောင်ဟာ မေမေပထမဆုံးရဖူးတဲ့ မွေးနေ့လက်ဆောင်ဆိုတာ သားသိရက် လား ဟင် လို့ ကျွန်တော့်ကို ပြောပါသည်။
                             မေမေသည် ကျွန်တော့်ကို သူ့ရဲ့ရင်ခွင်ထဲဆွဲသွင်းရင်း နမ်းပါသည်။  သိပ်ကို ကျေးဇူး တင် ပါ တယ် သားရယ်ဟု လည်း နှု့တ်ကနေ ပြောပါသည်။ ထို့နောက် ကျွန်တော့်ရဲ့ အမ ဘက်သို့လှည့်ပြီး ဒီမှာ ကြည့်ပါအုံး။ မင်းမောင်လေးက မေမေ့ကို လက်ဆောင်ပေးတာ။ ငါ့ သားလေးက မေမေ့ကို လက်ဆောင် ပေးတာ လို့ ပြောပါသည်။ တဖန် ကျွန်တော့်ရဲ့ အစ်ကို နဲ့ အဖေ ဘက်သို့ လှည့်ပြီး ထပ်ပြောပြန်ပါသည်။
                             ထို့နောက်မေမေသည် ခေါင်းလျှော် ရေချိုးရန် ရေချိုးခန်းဆီသို့ ထွက်သွားပြီး ကျွန်တော် ပေးသော ဆံညှပ်ကလေးများကိုပါ တစ်ပါတည်း ယူဆောင်သွားပါတော့သည်။ ထို့နောက် ကျွန်တော်အား ဖေဖေက ဖေဖေတို့ကြီးပြင်းခဲ့ရတဲ့ ဟိုးတောင်ပေါ် နယ်စပ်ဒေသမှာ အရွယ်ရောက်ပြီးသား လူကြီးတွေကို မွေးနေ့လက်ဆောင်ပေးလေ့မရှိကြဘူး။ ကလေးတွေကိုသာပေးလေ့ ရှိကြတယ်။ သား မေမေတို့ မိသားစုက သိပ်ဆင်းရဲတယ်လေ။ ဒါကြောင့် ကလေးတွေကိုတောင် မွေးနေ့လက်ဆောင် မပေးနိုင်ဘူး။ ဒါပေမယ့် သား ဒီနေ့ပေးတဲ့ လက်ဆောင်လေးကြောင့် သားမေမေ သိပ်ပျော်သွားတာကိုတွေ့တော့ ဖေဖေ တို့ရဲ့ အစဉ်လာ ကိုတောင် ပြန်စဉ်းစားရမလိုဖြစ်နေပြီ။ ဖေဖေ ပြောချင်တာကတော့ ဖေ့ဖေ့သားက ဖေဖေတို့ရဲ့ အစဉ်လာ ဟောင်းကို ဖျက်ပြီး အစဉ်လာသစ်ကို စတင်လိုက်တယ်ဆိုတာပါပဲ။
                               မှန်ပါသည်။ ကျွန်တော်သည် အစဉ်လာတစ်ရပ်ကို စတင်လိုက်ပါသည်။ ထိုနှစ်မှစရ်ျ မေမေသည် မွေးနေ့တိုင်းတွင် ဖေဖေနှင့် ကျွန်တော်တို့ မောင်နှမ များထံမှ မွေးနေ့လက်ဆောင်များ ရပါ သည်။ ကျွန်တော် မောင်နှမတွေ အရွယ်ရောက်လာပြီး ၀င်ငွေကောင်းလာသည်နှင့်အမျှ မေမေ့ကို ပိုရ်ျ ကောင်းမွန်သောလက်ဆောင်များကို ပေးနိုင်ကြပါသည်။
                                 မေ့မေ့ ၏ အသက် 50 ပြည့် မွေးနေ့အတွက် ကျွန်တော်မောင်နှမများသည် သီးခြားစီ လက်ဆောင်မပေးတော့ပဲ အားလုံးစုပေါင်းရ်ျ လက်ဆောင်ကောင်းကောင်းလေးတစ်ခု ပေးရန် စီစဉ်ထားကြ ပါသည်။
                              မေမေအတွက် ဂုဏ်ပြု မွေးနေ့ပါတီပွဲတွင် ကျွန်တော့် အကိုကြီးက ကျွန်တော်တို့ရဲ့ မွေးနေ့ လက်ဆောင်ကို ပေးလိုက်ပါသည်။ မေမေသည် လက်စွပ်ထည့်ထားသော ကတ္တီပါဘူးလေးကို ဖွင့်ကြည့် လိုက် ပါ သည်။ မေမေက ပြုံးရွှင်သောမျက်နှာဖြင့် ဧည့်သည် များကို သူရရှိတဲ့ လက်ဆောင်များကို ပြသရင်း ကျွန်မ ကလေးတွေက မလိမ္မာကြဘူးလားရှင် ဟု ၀င့်ကြွားစွာပြောလိုက်ပါသည်။ ထို့နောက် ဧည့်သည်များကို လက်ဆောင်ပစ္စည်းကို လက်ဆင့်ကမ်းပြသရင်း ဧည့်သည်များရဲ့ အံ့သြချီးမွှမ်းသံများသည် တစ်ခန်းလုံးလျှံ သွားပါသည်။
                               ဧည်သည်များပြန်သွားသောအခါ ကျွန်တော့်အမသည် ပန်းကန်များကူဆေးပေးရန် မီးဖို ခန်းတွင်ကျန်ခဲ့ပါသည်။ ကျွန်တော်သည်လည်း မီးဖိုခန်းတွင် ထိုင်နေမိလိုက်ပါသည်။  မီးဖိုခန်းတစ်ဖက်မှ ဖေဖေ နဲ့ မေမေရဲ့ စကားပြောသံကို အတိုင်းသား ကြားနေရပါသည်။ ဖေဖေက မင်းလက်စွပ်လေးက သိပ်လှ ပြီး သိပ်ကိုကျက်သရေရှိတာပဲ၊ မင်းတစ်သက်မှာ ရဖူးတဲ့ မွေးနေ့လက်ဆောင်တွေထဲမှာ ဒီ လက်စွပ်လေးက အကောင်းဆုံးပဲဟေ့........ ထိုအခါ မေမေက ဒီလက်စွပ်လေးက လှတာ ၊ တန်ဖိုးကြီးတော့ မှန်ပါတယ်။ ဒါပေမယ့် ရဖူးတဲ့မွေးနေ့လက်ဆောင်တွေထဲမှာ ဘယ်ဟာ အကောင်းဆုံးဆိုတာ သိလား။ အဲဒါကတော့ ဆံညှပ်ထုပ်လေးလေ။ သားငယ်ပေးတဲ့ ဆံညှပ်ထုပ်လေးပေါ့  လို့ ပြန်ဖြေလိုက်တဲ့အခါမှာတော့ ကျွန်တော့် မျက်လုံးမှာ မျက်ရည်များ ၀ဲရ်ျလာပါတော့ သည်။

ဖတ်ဖူးတဲ့ စာအုပ်ထဲမှ ဆီလျော်အောင် ပြန်ဆိုပေးလိုက်ပါသည်။

                                                                                                                                             


September 18, 2011

တက်ထားသင့်သော ပညာရပ် တစ်ခု။


               ယနေ့ပြည်တွင်း စီးပွားရေးလောက ကို မြင်ကြည့်လိုက်ရင် စီမံခန့်ခွဲ့မှုအပိုင်းဟာ လူပြော များ တဲ့အကြောင်းရာ တစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် ဒီ ပညာရပ်နဲ့ ပါတ်သက်ပြီးတော့ ထဲထဲဝင်ဝင် သိရှိပြီး ကျွမ်းကျင်တဲ့သူတွေ ရှိနေပေမယ့် အင်မတန်မှ နည်းလွန်းနေပါသေးတယ်။ တချို့သော လုပ် ငန်း နယ်ပယ်တွေမှာ MBA လက်မှတ်တွေ ကိုင်ထားတဲ့ လုပ်ငန်းရှင်တွေ၊ မန်နေဂျာ တွေတောင်မှ ကျွမ်းကျင်မှု အားနည်းနေပါသေးတယ်။
             ဒါတွေဟာ ဘာကြောင့် ဖြစ်ပေါ်ရသလဲဆိုတာကို ပြန်ဆန်းစစ်ကြည့်ရင် ပထမအချက်အနေနဲ့ ကျွန်တော်တို့ နိုင်ငံကို ဒီ ပညာရပ် ရောက်ရှိလာတာဟာ ( 1990 ) အလွန်နှစ်များမှာ ဖြစ်ပါတယ်။ ထို အချိန်က ဒီ ပညာရပ်အကြောင်းကို သိရှိတဲ့လူ အလွန်ကို နည်းပါး ပါတယ်။ဒါကြောင့်လည်း စိတ်ဝင် စားတဲ့လူ နည်းပါး ပြီး တက္ကသိုလ်တွေမှာ သင်ကြားတဲ့သူတွေဟာလည်း မများလှပါဘူး။ ကျွန်တော့် အထင် ( 94 )သို့မဟုတ် ( 96 ) မှာ ဒီပညာရပ်ကို တက္ကသိုလ်တွေမှာ မေဂျာအဖြစ် စတင်ပြဌာန်းပေး တာပါ။ ( မှားချင်လည်းမှားနိုင်ပါတယ်။ ခုနှစ်ကို မမှတ်မိတော့ ပါဘူး။ )
            ဒုတိယ အချက်အနေနဲ့ကတော့ စီးပွားရေးဆိုင်ရာ ပြင်ပသင်တန်းတွေမှာလည်း သက်ဆိုင်ရာ ရာထူးအလိုက် ခေါင်းစဉ်တွေခွဲပြီး ၀င်ငွေရှာနေကြခြင်းဟာလည်း ဒီ ပညာရပ်ကို တိုးတက်စေဖို့ ဟန့်တားနေသလိုပါပဲ။ သာမန်အားဖြင့် ကြည့်ရင်တော့ ဒီ သင်တန်းတွေ ဖွင့်လှစ်ပေးနေခြင်းဟာ ပညာရပ်အသစ်တွေကို သင်ယူနိုင်စေဖို့ အခွင့်လမ်းသစ် ဖြစ်ပေါ်တယ်လို့ ထင်ရပေမယ့် တကယ် တမ်း တွေးကြည့်ရင်သင်တန်းတွေရဲ့ ငွေရှာလိုက်ပုံက အင်ဂျင်တစ်လုံးကို တစ်စစီ ဖြုတ်ပစ် လိုက်သ လိုပါပဲ။ နဂိုကမှ ဘာမှမသိတာကို တစ်စစီဖြုတ်ပြီး တစ်ပိုင်းစီ ပေးလိုက်တော့ ကျွမ်းကျင်မှုပိုင်းမှာ နေရာလွတ်တွေ ပေါ်လာပါတော့တယ်။ လုပ်ငန်းခွင်တွေထဲလည်းရောက်ကော ပြသာနာတွေ ကြုံလာ ကြရပါလေတော့တာပါပဲ။
            တကယ်တော့ စီမံခန့်ခွဲမှုပညာရပ်ဆိုတာဟာ နေရာတိုင်း၊ နယ်ပယ်တိုင်းမှာ အသုံးဝင်တဲ့ ပညာရပ်မျိုးပါ။ ဒီ ပညာရပ်ရဲ့ အဓိက ကျတဲ့အပိုင်းက မိမိရဲ့ ဦးနှောင့် နဲ့ တွေးခေါ်မှုတွေကို ဘယ်လို အသုံးချရမလဲဆိုတဲ့ အပိုင်းပါပဲ။ ယနေ့ခေတ် ဂျပန်နိုင်ငံ စီးပွားရေး ဖွံဖြိုးတိုးတက်လာခဲ့တာ ၊ စင်ကပူ နိုင်ငံ တိုးတက်ပြောင်းလဲလာခဲ့တာ ၊ တရုတ် နဲ့ အီရန် နိုင်ငံတွေ အင်အား ကြီးမားလာ ကြတာတွေဟာ သူတို့ရဲ့ သက်ဆိုင်ရာ နယ်ပယ်အသီးသီးရဲ့ စီမံခန့်ခွဲမှု ကောင်းမွန်မှုကြောင့် ပဲ ဖြစ်ပါတယ်။
              ယခုဆိုရင် ( 21 ) ရာစုထဲကို ရောက်ရှိနေပါပြီ။ ယနေ့ခေတ် မြင်တွေ့နေရတဲ့ တိုးတက် ပြောင်းလဲ မှုတွေဟာ အရင်ကစီမံခန့်ခွဲမှုကောင်း ခဲ့ကြလို့ပါ။ အမေရိကန်သမ္မတ အိုဘားမား ပြော တဲ့ ( Change ) ရဲ့နောက်ကွယ်မှာတောင် ဒီ စီမံခန့်ခွဲမှု အပိုင်းတွေ ဟာ အခရာကျစွာတည်ရှိ နေတာ ပါ။
            ဒါကြောင့် စီမံခန့်ခွဲမှုပညာရပ်ဟာ ကျွန်တော်တို့အတွက် လိုအပ်နေတဲ့ ပညာရပ်တစ်ခုအဖြစ် တည်ရှိနေပါပြီ။ နောက်ထပ် မကြာတော့မယ့် ကာလတွေမှာလည်း မြန်မာပြည်အတွက် လွန်စွာမှ တန်ဖိုးရှိလာမယ့် ပညာရပ်တစ်ခု ဖြစ်လာပါလိမ့်မယ်။ သို့ပါရ်ျ ဒီပညာကို လူတိုင်းလူတိုင်း ယခုတည်း က လေ့လာထားသင့်နေပါပြီ။ လေ့လာတဲ့ နေရာမှာလည်း အခြေခံ ကောင်းကောင်းနဲ့ လေ့လာ လိုက်စား မိဖို့ လိုအပ်ပါတယ်။ ဒါမှ အဆင့်မြင့်လေ တိုးတက်မှု ခိုင်မာ ဆိုတာမျိုးကို ရရှိလာမှာ ဖြစ်ပါတယ်။ 
            အနိမ့်ဆုံးတော့ လူတိုင်းလူတိုင်းမှာ Self-Management လို့ခေါ်တဲ့ မိမိ ကိုယ်ကို စီမံခန့်ခွဲနိုင်မှု လောက်တော့ တက်ကျွမ်းနေသင့်ပါတယ်။ ဒါမှလည်း မိမိ၊ မိမိရဲ့ မိသားစု၊ အသိုင်းအ၀ိုင်း၊ အဖွဲ့စည်း၊ ပတ်ဝန်းကျင် စတာတွေမှာ အကောင်းဆုံး ဆောင်ရွက်နိုင်ပြီး အောင်မြင်မှုတွေ ရရှိလာမှာ ဖြစ်ပါ တယ်။လူ့ ဘ၀မှာ အောင်မြင်မှုတွေကို ယခုထက်မက ပိုင်ဆိုင်နိုင်ပါစေလို့ ဆန္ဒပြုရင်း........

Rocker77


အဖေ့ ဆီက လက်ဆောင်။


                                ကျွန်တော်တို့ မိသားစုလေးသည် အဖေရယ် ၊ အမေရယ် ၊ ကျွန်တော် ရယ် အားလုံး လက်ရှိအထိ သုံးယောက်မျှပင် ဖြစ်သည်။ လက်ရှိ လို့ ဆိုရခြင်းမှာ အခုချိန်ထိ လူ့ လောကထဲသို့ မရောက် လာသေးသည့် ကျွန်တော့် ရဲ့ ညီလေးလား ညီမလေးလား မသိရသေးတဲ့ တစ်စုံတစ်စုံဦးက အမေ့ရဲ့ ၀မ်းဗိုက် ထဲမှ ကိန်းအောင်းလျက် ရှိနေသောကြောင့် ပင် ဖြစ်ပေသည်။ ထိုထို နေ့ရက်တွေမှာ ကျွန်တော့်ရဲ့ ဘ၀ လေးဟာ အေးချမ်းလျက်ရှိနေပြီး မိဘ ရဲ့ လောင်းရိပ်အောက်မှာ အေးဆေးတည်ငြိမ်စွာနဲ့ ငြိမ်းချမ်းစွာ လှပလို့ နေခဲ့လေသည်။ အထူးသဖြင့် ညနေဘက်တွေမှာ အလုပ်ကပြန်လာတဲ့ အဖေ ရောက်ရှိချိန်တွေဟာ အလွန် ကို ပျော်စရာကောင်းတဲ့ အချိန်လေးတွေ ဖြစ်လို့နေပါသည်။ အဖေက အလုပ်ကပြန်လာရင် ကျွန်တော့် အတွက် လက်ဆောင်တစ်ခုခုကို အမြဲတမ်း ဆောင်ယူလို့ ပြန်လာတက်သည်ကလည်း ကျွန်တော့်ရဲ့ စိတ်ထဲ ကို အဖေ ပြန်လာချိန်တွေကို မျှော်လင့်စေတက်တဲ့ စိတ်ကလေးတွေကို ရှင်သန်လာ စေခဲ့ပါသည်။
                             ဒီလိုနဲ့ပင် အချိန်တွေဟောင်း ၊ ရာသီတွေ ပြောင်းလဲခဲ့ပြီး ကျွန်တော်တို့ မိသားလေးထဲကို နောက်ထပ် မိသားစု အသစ်တစ်ဦး ထပ်မံ ရောက်ရှိလို့ လာခဲ့ပြန်လေသည်။ ထို အချိန်တွေမှာ ကျွန်တော် သည် ကျွန်တော့်ရဲ့  လ သားအရွယ် ညီမလေးနဲ့အတူ နေ့တစ်နေ့ ရဲ့ အချိန်တွေကို ကုန်ဆုံးနေတက်သလို ညနေ ညနေ တွေမှာ အိမ်ပြန်လာမယ့် ဖခင် ဆီကိုလည်း မျှော်လင့်နေတဲ့ စိတ်ဓါတ်လေးတွေ လျော့ကျ မသွားပြန်ပါဘူး။ ကျွန်တော်က နေ့တိုင်း အဖေ့ကို မျှော်မျှော်နေခဲ့ပေမယ့် အဖေ ပြန်လာချိန်တွေဟာ အရင်ကထက် နောက်ကျနေတက်ပြီး ကျွန်တော့် အတွက် လက်ဆောင်တွေကလည်း အရင်လို ပါမလာ ခဲ့တော့ ပါဘူး။ တစ်ခါတလေ ရက်တွေမှာဆိုရင် အဖေ ဟာ မိုးအရမ်းချုပ်တဲ့အချိန်တွေမှ ပြန်လာတက်ပြီး တချို့ ရက်တွေမှာ ဆိုရင် နှစ်ရက် သုံးရက်လောက် အိမ်ကို ပြန်မလာတော့ပါဘူး။
                             သို့ဖြင့် ထို အကြောင်းလေးသည် တဖြည်းဖြည်းနှင့် အရှိန်ကောင်းတဲ့ မီးတောက်ကလေး တစ်ခု ဖြစ်မှန်းမသိနဲ့ ဖြစ်လို့ လာခဲ့လိုက်ပါသည်။ တစ်ခါတရံ အဖေ နဲ့ အမေ ရဲ့ တကျက်ကျက် ရန်ဖြစ်သံ တွေကိုလည်း ကြားလို့ လာခဲ့ရပါတယ်။ ဒီလိုနဲ့ အဖေ က အိမ်ကို ပြန်လာနေပေမယ့် အရင်လို ကျွန်တော့် နားကို သိပ်မလာတော့ပါဘူး။ ကျွန်တော့်အပေါ်ကိုလည်း အရင်လို နွေးထွေးမှုတွေ ရှိမနေတော့ ပါဘူး။ သို့ပေမယ့်လည်း ကျွန်တော် အားမလျော့ပဲ အဖေရဲ့ အိမ်ပြန်လာချိန်တွေကို အမြဲတမ်း စောင့်မျှော်နေဆဲပါပဲ။ ဒီ လိုနဲ့ အဖေ ဟာ တစ် လ လောက်ကြာတဲ့အခါမှာ အဖေဟာ အိမ်ကို လုံးဝ ပြန်မလာတော့ပါဘူး။ ဒီလို ပြန်မလာတဲ့ ရက်တွေဟာ ဘယ်နှယ်ရက်မှန်း မသိတော့ပေမယ့် ဒါဟာ ဒီနေ့ အထိပါပဲ။
                              ပြက္ခဒိန် နဲ့ သက္ကရာဇ် တွေဟာ တမြေ့မြေ့ ဟောင်းနွမ်းစုတ်ပြတ် သွားခဲ့ချိန်တွေမှာတော့ ကျွန်တော် သည်လည်း အရွယ်နဲနဲ ရောက်တဲ့ အချိန်ကို ရောက်ရှိလို့ လာခဲ့ပြန်တာပေါ့။ ကျွန်တော် ကျောင်း စတက်တဲ့ နေ့မှာပဲ သူများတကာတွေက သူတို့ အဖေရဲ့လက်ကို တွဲပြီး ကျောင်းကို လာခဲ့တာတွေကို မြင် တော့ အဖေ ကို သတိရမိ ခဲ့ တာ ဖော်ပြမတက်အောင်ပါပဲ။ ကျောင်းဆင်းတဲ့ အချိန်တွေမှာ လည်း အဖေ ကျောင်းလာကြိုရင် သိပ်ကောင်းမှာပဲလို့ အမြဲတမ်းတွေးနေမိတယ်။ အထူးသဖြင့် အခုလို မိုးတွေ တအား ရွာတဲ့ နေ့တွေမှာဆို အဖေ့ ကို ပိုပြီး သတိရမိလာတယ်။ သူငယ်ချင်းတွေရဲ့ အဖေ အကြောင်းပြောရင်လည်း ကျွန်တော် အဖေ့ ကို အရမ်းသတိရမိနေတယ်။ ဒါပေမယ့်လည်း ကျွန်တော် အဖေ့ ကို မတွေ့ခဲ့ရ ပြန်ပါဘူး။
                               ခုဆို ကျွန်တော် ဆဌမတန်းကို ရောက်လို့ လာခဲ့ပြန်ပါပြီ။ ဒီ အချိန်မှာ ကျွန်တော့် ရဲ့ တစ်နေ့တာ အလုပ်တွေက အိမ်က အမေ့ရဲ့ အလုပ်တွေကို အမေ့ ကိုယ်စား ၀ိုင်းကူလုပ်ပေးဖို့နဲ့ ကျောင်းကို အချိန်မှန်မှန် သွားတက်ဖို့ပါပဲ။ မနက်ကို ခပ်စော စောလေးထ ၊ အိမ်မှာ လုပ်စရာရှိနေတာလေးတွေကို ၀ိုင်းကူ ပြီးရင် ကျောင်းကို အချိန်မှီအောင် သွား ၊ ကျောင်းက ပြန်ရောက်တဲ့ ညဘက်တွေမှာ သင်ခန်းစာတွေ ကို ပြီးပြတ်အောင်လုပ် ပြီးရင် ညစာကိုစား ၊ ခပ်စောစောလေး အိပ်စက် ။ဒီလိုနဲ့ နှစ်တစ်နှစ် ထပ်ကုန်သွားခဲ့ချိန် မှာတော့ တစ်ကျောင်းလုံးမှာ အမှတ်အများဆုံး နဲ့ ပထမ ဆု ကိုရခဲ့တာပေါ့။ ဆု ရတဲ့ အကြောင်းကို အမေ့ ကို ပြောပြတော့ အမေက မျက်ရည်တွေ ၀ဲ လို့ ကျွန်တော့်ကို ပြန်ပြောတာက မင်း အဖေ သိရင် အရမ်း ၀မ်းသာမှာပဲတဲ့။ ကျွန်တော် လည်း အဖေ့ ကို အရမ်းပြော ချင်လိုက်တာပါ။ ဒါပေမယ့် အဖေ က  အနားမှာ မရှိနေခဲ့ဘူးလေ။
                               ကျွန်တော် ရှစ်တန်းအောင်ပြီး ကိုးတန်း တက်တဲ့ နှစ်မှာတော့ ကျောင်းမှာ စီမံချက်တစ်ခု နဲ့ အသက်ပြည့်တဲ့ အထက်တန်း ကျောင်းသားတွေကို နိုင်ငံသား ကဒ် တွေ လာလုပ်ပေးတာပေါ့။ အဲဒီထဲမှာ ကျွန်တော်လည်း ပါဝင်ခဲ့ပြန်ပါတယ်။ ထို အချိန်တွေမှာ အဖေ့ ရဲ့ မှတ်ပုံတင် မိတ္တူ လေးထဲက အဖေ့ ရဲ့ ဓါတ်ပုံ လေးကို မြင်မိတော့ ကျွန်တော့်ရဲ့ သတိရမိတဲ့ စိတ်တွေဟာ ထိုင်ငိုမိ မတက်အောင် ပါပဲ။ ဒီလိုအချိန်တွေမှာ အဖေ သာအနားမှာ ရှိနေခဲ့မယ်ဆိုရင် ကျွန်တော့် ဘ၀ ရဲ့ အနာဂတ်ကို အရာရာ လမ်းပြ ပေးနေမှာပဲလို့လဲ တွေးနေမိပြန်တယ်။ ကျွန်တော် လောကကြီး နဲ့ ပတ်သက်ပြီး အဖေ ကို အများကြီး မေးချင်ခဲ့တာ။ ဒါပေမယ့် မေးခွင့်မရခဲ့ ပါဘူးလေ။
                                ကျွန်တော် တက္ကသိုလ် ၀င်တန်း ဖြေပြီးချိန်မှာတော့ လုပ်ငန်းခွင်ထဲ ၀င်ရောက်ဖို့ကို ဆုံးဖြတ်ခဲ့ပါတယ်။ ကုမ္ပဏီ တွေမှာ အလုပ်လျှောက်လွှာတွေတင်ပြီးလို့ အင်တာဗျူး ဖြေဖို့ ၀င်ရောက်တိုင်း လုပ်ငန်းခွင်ထဲက သူတွေက အဖေက ဘာလုပ်တုန်း၊ မိဘတွေ ရှိနေသေးလားလို့ မေးတဲ့အခါတိုင်းမှာ အဖေ့ကို ထပ်ထပ်ပြီး သတိရမိပြန်ပါတယ်။ နောက်ပိုင်း ဘ၀ လမ်းတွေပေါ်မှာ ကျင်လည်လို့ အခက်ခဲတွေ ကြုံတွေ့လာရတိုင်းလည်း အဖေ့ ကို အမြဲတမ်း သတိရနေမိတယ်။ အားငယ်တဲ့ စိတ်ဓါတ်တွေ စိုးမိုးနေတဲ့ အချိန်တွေမှာလည်း အဖေ့ ကို သတိရနေမိပြန်တယ်။ နေထိုင်မကောင်းလို့ မကျန်းမာတဲ့ အခါတွေမှာလည်း အဖေ့ ကို သတိ ရ နေမိတယ်။                 
                                 တကယ်လို့ အဖေ သာ ကျွန်တော့်နားမှာ ရှိနေခဲ့မယ် ဆိုရင် ဒီအကြောင်းတွေကို အဖေ့ကို ပြောပြပြီး အဖေ့ ဆီက လမ်းညွှန်မှု လက်ဆောင်တွေ၊ သွန်သင်မှု လက်ဆောင်တွေ ၊ နွေးထွေးမှု လက်ဆောင်တွေကို တောင်းခံမိမှာ အမှန်ပါပဲ။ ဒါပေမယ့်လည်းပေါ့ဗျာ .............။ အနားမှာ ရှိမနေတော့တဲ့ အဖေ့ကို တမ်းတ ရင်းနဲ့ပဲ အဖေ့လို စိတ်ဓါတ်တွေ ၊ ခွန်အားတွေ ရရှိပြီး လောကကြီးထဲမှာ အောင်မြင်စွာ နေထိုင်နိုင်ဖို့ ကို အဖေ့ကို အမြဲတမ်း မျှော်လင့်နေခဲ့ပြန်ပါတယ်။ ကျွန်တော့်ရဲ့ မျှော်လင့်ခြင်းတွေဟာ ဘယ်တော့ မှ ပြည့်ဝလာမှာ မဟုတ်ဘူးဆိုတာ သိနေပေမယ့်လည်း အဖေ့ ဆီက လက်ဆောင်တွေကို လိုလိုချင်ချင် တပ်တပ်မက်မက်နဲ့ပဲ ရူးသွပ်စွာနဲ့ မျှော်လင့်နေမိပြန်ပါတော့တယ်ဗျာ။

 
Rocker77