Showing posts with label ရသ. Show all posts
Showing posts with label ရသ. Show all posts

November 9, 2011

ငါ့ သွေး ငါ့ မြေ ငါ့ အရည်သွေး ။ အပိုင်း ( 24 )


အခန်း ( 24 )


                       အာရုဏ်တက်ချိန် ၊ မိုးသောက်ယံ အချိန်တို့ကို ကျော်ဖြတ်ပြီးနောက် နေမင်းစစ်ခင်း မိုးစင်စင်လင်းချိန် တွင် ဒီမိုရာ နှင့် မယ်မြ တို့သည် ၄င်းတို့၏ ခရီးစဉ်ကို ဆက်လက်ထွက်ရန် အဆင့် သင့် ဖြစ်နေသဖြင့် လေးရက်မြောက် ခရီး စဉ်ကို စတင်လိုက်ကြလေသည်။ ညက ကောင်းမွန်စွာ အိပ်စက်အနားယူထားသဖြင့် လူ နှင့် မြင်း များပါ လန်းဆန်းတက် ကြွနေကြကာ အင်ပြည့်အားပြည့် ဖြင့် ခရီးစဉ်ကို အပြင်းနှင်နိုင်ကြလေသည်။ တောင်ကုန်းတောင်တန်း ချိုင့်ဝှမ်းလွင်ပြင် တို့ကိုနေ့ဝက် စာမျှ ခရီးနှင် ကျော်ဖြတ်ကြလေပြီးသော် သစ်ခုတ်သမားများ အများစု နေထိုင်ကြသော ရွာငယ် တစ်ရွာသို့ ရောက်ရှိကြလေသည်။ ထို့ကြောင့် ဒီမိုရာ နှင့် မယ်မြ တို့သည် ထို ရွာငယ်လေး ၌ ခရီးစဉ် ကို ခေတ္တရပ်နားကာ ရွာထဲရှိ ဆိုင်ငယ်လေး တစ်ခုသို့ ၀င်ပြီး နံနက်စာကို သုံးဆောင်ကြလေသည်။

                      ထိုသို့ ဒီမိုရာ နှင့် မယ်မြ တို့သည် ဆိုင်ငယ်လေးအတွင်း၌ နံနက်စာကို အေးဆေးစွာ သုံး ဆောင်နေစဉ် မလှမ်းမကမ်း စားပွဲဝိုင်းတစ်ခုတွင် ရွာထဲမှ ရွာသားများ၏ ငြင်းခုန် စကားပြောဆို သံများကို အတိုင်းသား ကြားမိ ကြ လေသည်။

ဟ .... မင်းသတင်းက
ဟုတ်ကော ဟုတ်ရဲ့လားကွ။

ဟုတ်ပါတယ်ဆိုမှဗျာ။
ကျုပ် မနက်ကပဲ မြို့မှာ
သစ်တွေ သွားပို့တော့
မြို့ကလူတွေ ပြောနေကြတာဗျ။

ငါ တော့ မထင်ပါဘူးကွာ။
ခံတပ်ဖြူ ဆိုတာကြီးက
ဘယ်တုန်းကမှ ကျရှုံးဖူးတာ
မဟုတ်ဘူးကွ။
မင်း အကြားမှားတာ နေမှာပါကွာ။

                       ထိုကဲ့သို့ ရွာသားများ တစ်ယောက်တစ်ပေါက်ဖြင့် ငြင်းခုန်ပြောဆိုနေကြ ခြင်းကို ကြား မိ ကြသော ဒီမိုရာ နှင့် မယ်မြ တို့မှာ အသံလာရာဆီသို့ နားစွင့်နေကြရင်း တစ်ယောက်မျက်နှာ တစ် ယောက် ကြည့်မိကြလေသည်။ ထို့နောက် စကားသံများကို ဆက်လက် နားစွင့် ကြည့်ကြလေရာ .......

ကျုပ် ကြားခဲ့တာက
ခံတပ်ဖြူကြီးက
လုံးဝကို ပြိုကျ ပျက်ဆီးသွားတာတဲ့
တပ်တွေလည်း အထိခိုက်များတယ်တဲ့။
တိုက်ပွဲမှာ ရဲမက်တွေ တကွဲတပြား ဖြစ်ကုန်ပြီး
အသက်လုပြီး ထွက်ပြေး ကြရတာတဲ့။

နေပါအုံး မောင်ရင် ရဲ့
မောင်ရင် ကို ဘယ်သူက
ဒါတွေကို ပြောလိုက်တာတုန်း

မြို့က လူတွေပါ ဆိုမှ ဗျာ။

ဟ ... သူတို့က သိလှချည်လားကွ

အာ... သိဆို
မြို့ထဲကို တိုက်ပွဲမှာ
ဒဏ်ရရာလာပြီး
ထွက်ပြေးလာတဲ့
ရဲမက် လေးငါး ယောက်လောက်
ရောက်လာ ကြတာကိုးကွ။

ဟေ .........................
ဟုတ်လား ။

                      ထိုသို့ဖြင့် အစောပိုင်းက တစ်ယောက်တစ်ပေါက်ဖြင့် ငြင်းခုန်နေကြသော စားပွဲ ၀ိုင်း သည် တိတ်ဆိတ် ငြိမ်သက် သွားကြလေတော့သည်။ ထို့နောက် ရွာသားများသည် ကိုယ်စီကိုယ်စီ ဖြင့် အသီးသီး ဆိုင်တွင်းမှ ထွက်ခွာ သွား ကြလေသည်။ ဒီမိုရာ နှင့် မယ်မြ တို့သည်လည်း မနက်စာ အတွက် ကျသင့် ငွေများကို ရှင်းကာ ဆိုင်းတွင်းမှ ထွက်ကာ မိမိ တို့၏ ခရီးစဉ်ကို မြင်းများကိုယ်စီ စီးနှင်းလျက် ဆက်လက် ထွက်ခွာ လာခဲ့ကြလေသည်။

******************************************


                    ခံတပ်ဖြူ တိုက်ပွဲနေရာ၌ လက်ကျန်လူများကို စုစည်းကာ တပ်ဆုတ်ခွာ ထွက်ပြေး လာ သော တပ်မှူးငယ် ခွန်ဒီနောင် တို့ လူစု နောက်သို့ ယုဒီပ တပ်ဖွဲ့တစ်ခုကလည်း ထပ်ချပ်မကွာ လိုက် ပါ လျှက် ရှိနေလေသည်။ ခွန်ဒီနောင် တို့ လူစုသည် နောက်မှ လိုက်ပါလာသော ရန်သူ့တပ်များ၏ လက်မှ လွတ်မြောက်စေရန် ပြေးရန်မှတပါး အခြားမရှိတော့ချေ။ အကြောင်းမှာ ခွန်ဒီနောင် တို့လူစု သည် လူ ( 20 ) ခန့်လောက်သာ ကျန်ရှိနေတော့ပြီး နောက်မှ လိုက်ပါလာသော ယုဒီပ တပ်များမှာ လူ ( 80 ) နီးပါး ရှိနေလေရာ အင်အားခြင်း မမျှသဖြင့် ယှဉ်ရ်ျ တိုက်ခိုက်ရန် သိပ်ပြီး မလွယ်ကူတော့ သော ကြောင့် ဖြစ်လေသည်။ ခွန်ဒီနောင် တို့ လူစုသည် မောပန်းနေသော မြင်းများကို အားသွန် ခွန်စိုက် ပြေးခိုင်းလျက် ရှေ့မှ အပြင်းနှင်လေပြီး နောက်မှ လိုက်ပါလာသော ယုဒီပ မြင်းတပ်မှာ တိုက်ပွဲတွင် ရင်ဆိုင်ခဲ့သော မြင်း တပ်မဟုတ်သော ကြောင့် သူတို့၏ မြင်းများမှ အားအင် ပြည့်ဝ နေကြသေးသည်။

                   ထိုသို့ အနေထားဖြင့် ပြေးလွှားဆုတ်ခွာနေရင်း ခွန်ဒီနောင်သည် နောက်မှ လိုက်ပါ လာ သော ရန်သူများ မျက်ခြေပြတ်စေရန် ရည်ရွယ်လျက် လမ်းကြောင်းပြောင်းလဲကာ တောအုပ်ငယ် တစ်ခု အတွင်းသို့ ၀င်ရောက် လိုက်ကြ လေသည်။ ထို တောအုပ်ငယ်လေးသည် သစ်ပင်ကြီးများ ၊ ခြုံနွယ်များ ထူထပ်နေသဖြင့် ပုန်းအောင်းရန် လွယ်ကူသဖြင့် ခွန်ဒီနောင်တို့ လူစု သည် ထိုအရာ များဖြင့် အကာကွယ်ယူကာ တောအုပ်တွင်း၌ တပ်ဖျောက်ကာ ၀င်ရောက် ပုန်းအောင် နေကြ လေ သည်။ ထို့နောက် နောက်မှ လိုက်ပါလာသော ယုဒီပ တပ်များသည် ထို တောအုပ်ငယ်အစပ်သို့ ရောက်ရှိကြလျှင် ခေါင်းဆောင်ဖြစ်သူက သူ၏တပ်များကို ခေတ္တရပ်ရန် အချက် ပြလိုက်လေသည်။ ပြီးနောက် တပ်များကို အုပ်စု သုံးစု ခွဲကာ တောအုပ်တွင်းသို့ ၀င်ရောက် ရှာဖွေ စေလေသည်။

                  သို့ဖြင့် အုပ်စု ခွဲကာ ၀င်ရောက်လာကြသော ယုဒီပ စစ်သည်များအားလုံးကို တောအုပ် တွင်း၌ အသင့်နေရာ ယူ ပုန်းအောင်းနေကြသော ဟန်သောဝေ တပ်မှူးငယ် ခွန်ဒီနောင် နှင့် ရဲမက် များသည် အတိုင်းသား မြင်တွေ့နေရပြီး တိတ်ဆိတ်စွာ နေရာယူလျက် လုပ်ကြံကြရန် ပုန်းအောင်း လျက် ရှိနေပေသည်။ ယုဒီပ တပ်ခေါင်းဆောင်သည် တောအုပ် တွင်းသို့ ၀င်ရောက်ပါက လုပ်ကြံခံရ မည်ကို တွက်ဆမိသော်လည်း အုပ်စု သုံးခု ခွဲလိုက်သဖြင့် အင်အား နည်းပါးသွားကို တော့ သတိလွတ် ခဲ့လေခြင်း ဖြစ်လေသည်။ ခွန်ဒီနောင်တို့ လူစု သည် ၀င်ရောက်လာကြသော ရန်သူ့ စစ်သည်များကို သစ်ပင်ကြီးမှ ပေါ်မှ လည်းကောင်း ၊ ခြုံနွယ်များအကွယ် မှ နေရ်ျ လည်းကောင်း ၊ ချိုင့်ခွက် များ တွင်းမှ နေရ်ျ လည်း ကောင်း ပုန်းနေကြကာ မိမိတို့ စီးနှင်းလာသော မြင်းများကိုလည်း လှဲသိပ် ထား သူ က လှဲသိပ်လျက် ၊ ခြုံများ နောက်ကွယ် တွင် ကွယ်ထားသူက ကွယ်ထားလျက် ထားရှိစေပြီး ချောင်းမြောင်းနေကြလေသည်။ သို့ဖြင့် တဖြည်းဖြည်း တိုးဝင်လာကြ သော ယုဒီပ တပ်များကို သတ် ကွင်းဧရိယာ တွင်းသို့ ၀င်ရောက် ရောက်ရှိကြလျှင် ဟန်သော်ဝေ တပ်မှူးငယ် ခွန်ဒီနောင် က အချက်ပြ အမိန့် ပေးလိုက်လေရာ ရဲမက်များသည် ပြောက်ကျားနည်းဖြင့် ရန်သူများကို လုပ်ကြံ ကြလေတော့သည်။


ရွှတ် ....... ဒုတ် ....... အင့် ..............
အူး........ အီး ......... အား ..........


                     ထိုသို့ အော်ဟစ်သံ ၊ တိုက်ခိုက်သံများ နှင့်အတူ ယုဒီပ စစ်သည်များသည် အတုံးအရုံး ကျဆုံး ကုန်ကြ လေတော့သည်။ တိုက်ခိုက်ခံရမှုအသံများကို ကြားကြားခြင်း ကျန် ယုဒီပ တပ်ဖွဲ့ နှစ်ခု သည် အသံလာရာ ဘက်ဆီသို့ ချက် ချင်း ရောက်ရှိလာကြလေရာ အလာကောင်းပေမယ့် အချိန်မမှီ တော့ပဲ သေဆုံးနေသော မိမိတို့၏ စစ်သည် ရုပ်အလောင်း များကိုသာ တွေ့မြင်ကြရလေသည်။ ထိုအခြင်းရာကို တွေ့မြင် လိုက်ရသော ယုဒီပ တပ်ခေါင်းဆောင်သည် သွေးပွက်ပွက်ဆူ ကာ ဟန် သော်ဝေ တပ်များနောက်ဆီသို့ ဆက်လက် လိုက်တိုက်ရန် အမိန့်ကို ပေးလေတော့သည်။ ကျဆုံး ကုန်သော စစ် သည် အင်အားမှာ အုပ်စု သုံးစု ထဲမှ တစ်စုစာ အင်အားဖြစ်ပြီး လူ ( 30 ) နီးပါး ဖြစ် လေသည်။ ထို့နောက် ယုဒီပ တပ် ခေါင်းဆောင်၏ အမိန့်အရ ကျန် စစ်သည် များသည် ဟန်သော်ဝေ တပ်များနောက်သို့ လိုက်ကြလေရာ တောအုပ်ကို လွန် လေသော် လွင်ပြင်ငယ် တစ်ခုကို တွေ့ရပြီး ထို လွင်ပြင်ငယ် ပေါ်၌ ဖြတ်သန်းနေကြသော ဟန်သော်ဝေ ရဲမက် များကို တွေ့ ရှိကြသဖြင့် မြင်းများ ကို အပြင်း ဒုန်းစိုင်းကြလေရာ နောက်ဆုံးတွင် ဟန်သော်ဝေ ရဲမက်များကို တဖန် မှီရ်ျ လာလေသည်။

                     ဟန်သော်ဝေ တပ်မှူးငယ် ခွန်ဒီနောင်သည် မိမိတပ်၏ မြင်းများ မောပန်းနေခြင်းကို သတိပြုမိသဖြင့် လမ်းကြောင်းကို ထပ်မံ ပြောင်းလဲလိုက်ကာ လွင်ပြင် အနိမ့်ပိုင်း ဆင်ခြေလျော ဘက်သို့ ဦးတည် လိုက်လေသည်။ ထိုသို့ ပြေးလွှားနေရင်းဖြင့် လွင်ပြင် ဆင်ခြေလျော အဆုံးနား ရှိ ချောင်းငယ်လေး တစ်ခုနားသို့ ရောက်ရှိလေသော် နောက်မှ လိုက်ပါလာသော ယုဒီပ တပ်များက မှီလာရန် အနည်းငယ်သာ လိုတော့သဖြင့် တပ်မှူးငယ် ခွန်ဒီနောင် သည် နောက်ထပ် တိုက်ပွဲတစ်ခု ကို ရှောင်လွှဲရန် မဖြစ်နိုင်တော့မှန်း သိသဖြင့် မိမိ၏ လူစုကို နှစ်ခြမ်းခွဲကာ ဆင်ခြေလျော ၏ ဘယ် ညာနှစ်ဘက် တွင် တပ်စွဲကာ အသင့်စောင့်ဆိုင်းနေစေပြီး အရှိန်ဖြင့် ထိုးဆင်းလာကြသော ယုဒီပ တပ်များကို ဘေးနှစ်မှ ညှပ်ရ်ျ ဖိတိုက် စေလေသည်။

                       ထို့ကြောင့် ယုဒီပ တပ်များသည် ရုတ်တရက် အငိုက်မိသွားပြီး စစ်သည် အတော်များ များ ကျဆုံး ကုန် ကြလေသည်။ ထို့နောက် ယုဒီပ တပ်များကလည်း ပြန်လည် ခုခံ တိုက်ခိုက်ကြ လေရာ လွင်ပြင်ငယ်၏ ဆင်ခြေလျော အနိမ့် ပိုင်း ချောင်းစပ်နေရာတွင် တိုက်ပွဲ ဖြစ်ပွားလေ တော့သည်။ ဟန်သော်ဝေ ရဲမက်များသည် လူအင်အားခြင်း မမျှသော်လည်း ရဲစွမ်းသတ္တိရှိရှိ ဖြင့် အသက်ကို ပဓာန မထားကာ ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ကြသဖြင့် ယုဒီပ တပ်များအထိနာကာ အကျဆုံး များလေသည်။ ဟန်သော်ဝေ ရဲမက်များသည် မိမိထက် အင်အား နှစ်ဆ စာမျှ ရှိနေသော ရန်သူများ ကို ရဲမက် တစ်ယောက် လျှင် ရန်သူ နှစ်ယောက်မျှဖြင့် အသေအကျေ တိုက်ခိုက်ကြခြင်းလည်း ဖြစ်ပေသည်။

                        တိုက်ပွဲငယ်သည် အချိန်ကြာမြင့်လာသည်နှင့်အမျှ တောက်လျှောက်ပင်ပန်း နေကြ သော ဟန်သော်ဝေ ရဲမက်များသည် ခြေကုန်လက်ပန်း ကျလာကာ တဖြေးဖြေး အသက်ပေးလာ ကြရလေသည်။ ဟန်သော်ဝေ တပ်မှူးငယ် ခွန်ဒီနောင် သည်ပင်လျှင် အဆက်မပြတ် တိုက်ခိုက်နေရ သော တိုက်ပွဲကြောင့် အလွန်မောပန်း လျက်ရှိနေပြီး ဘေးပတ်ဝန်း ကျင်ကို သတိပြုမိချိန်တွင် ချောင်းစပ်၌ ရုပ်အလောင်းများ ပြည့်နှက်နေသည်ကို သတိပြုမိလာလေသည်။ ထို့နောက် မိမိ တပ် သား များကို ရှာဖွေကြည့်လေရာ အသက်ရှင်သူ ငါးယောက်လောက်သာ ရှိနေပြီး ရန်သူ့ အင်အား မှာလည်း ဆယ် ယောက် လောက်ပင် ရှိနေတော့သည်။ ထို့ကြောင့် တပ်မှူးငယ် ခွန်ဒီနောင်သည် မိမိ၏ လက်ကျန်အားအင်တွေကို စုစည်း လိုက်ပြီး ထိုလက်ကျန် တပ်သားများ တိုက်ခိုက်နေရာ နေရာ သို့ သွားရောက် ကူပေးလိုက်လေသည်။ ရဲမက်တို့သည် တပ်မှူး ငယ်ရောက်လာသည်ကို မြင်ကြလျှင် ............

တပ်မှူး .... ပြေးလေ .... ပြေးတော့ .......
ကျုပ်တို့ ခံချ ထားမယ်။
တပ်မှူးလွတ်အောင်သာပြေး။

ကျုပ် မင်းတို့ကို မထားခဲ့နိုင်ဘူးကွ။
ကျုပ် လည်း မင်းတို့နဲ့ အတူ သေမယ်။

မရဘူး တပ်မှူး။
တပ်မှူး အသက်ရှင်မှ ရမယ်။
ဦးစီး စောင့်နေလိမ့်မယ်။

                        ထို စကားကို တပ်မှူးငယ် ခွန်ဒီနောင် ကြားလေသော် အနည်းငယ် တွေဝေ သွားပြီး နောက် ဆုံးဖြတ် ချက်တစ်ခုကို ချကာ ...............

ကျုပ် မင်းတို့ကို မထားခဲ့နိုင်ဘူး။
ဆုတ် ......... အားလုံး ပြန်ဆုတ်ကြ ။
ဒါ အမိန့် ။
ဘယ်သူမှ မလွန်ဆန်ရဘူး။

တပ်မှူး ..... တပ်မှူး .... တပ်မှူး .......

                        ရဲမက်များ၏ တားမြစ်သံများသည် ထိုအချိန်တွင် အသုံးမ၀င်တော့ပဲ အမိန့်ကြောင့် လက်ကျန် လူ လေးငါးယောက်နှင့် တပ်မှူးငယ် ခွန်ဒီနောင် တို့သည် နောက်တဖန် တပ်ဆုတ် ပြန် ပြေးကြပြန်လေသည်။ ထိုသို့ ဆုတ်ခွာ ကြသော ဟန်သော်ဝေ ရဲမက်များနောက်သို့ ယုဒီပ တပ်ခေါင်း ဆောင်ကလည်း လက်ကျန်လူများကို စုစည်းကာ ဆက်လက် လိုက်တိုက် ခိုင်းလေသည်။

လိုက် ......... လိုက်တိုက်ကြ ။
တစ်ယောက်မှ မလွတ်စေနဲ့။
ခေါင်းဆောင်ကို အရှင် မိအောင်ဖမ်းကြ။

                       ယခုအချိန်တွင်တော့ ဟန်သော်ဝေ ရဲမက်များအဖို့ ပြေးနိုင်မှ လွတ်မြောက်မည် ဖြစ် သဖြင့် ပြေးရန်မှ တပါး အခြား မရှိတော့ပြန်ချေ။ တပ်မှူးငယ် ခွန်ဒီနောင်၏ လူစုသည် ပြေးသာ ပြေးနေကြသော်လည်း အလွန်တရာ ပင်ပန်းနေကြခြင်း ၊ ဒဏ်ရာရ သူများ ရှိနေခြင်းကြောင့် ခရီးမတွင်ကြချေ။ ခွန်ဒီနောင်တို့ လူစုသည် ချောင်းငယ်ကို ဖြတ် ကျော်ပြီးနောက် တောတွင်း လမ်းဘက်သို့ တိုးဝင်ပြေးကြလေရာ ထို တောတွင်းလမ်းမှာ သစ်ပင်ကြီးများသာ ပေါက် ရောက် လျှက်ရှိနေပြီး ပုန်းအောင်းရန် နေရာများ ရှားပါးသောကြောင့် ပြေးမြဲတိုင်း ဆက်ပြေး နေကြရ လေသည်။ ထိုသို့ ပြေးလွှားနေရင်းဖြင့် သိပ်မကြာမီ အချိန်တွင် နောက်မှ လိုက်ပါလာသော ယုဒီပ တပ်များသည် တဖန် ပြန်မှီ လာကြပြန် လေသည်။ နောက်ဆုံးတွင် နောက်မှ လိုက်လာကြသော ယုဒီပ လက်ကျန် စစ်သည်များသည် ခွန်ဒီနောင်တို့ လူစုအား တောတွင်း တစ်နေရာတွင် ၀ိုင်း မိကြလေသည်။ ထိုသို့ ၀ိုင်းမိ လိုက်စဉ်တွင် ယုဒီပ တပ်ခေါင်းဆောင်က ......

ဟေ့ ... ဟန်သော်ဝေ ခေါင်းဆောင်
လက်နက်ချလိုက်ပါတော့။
မောင်ရင် ဆက်ပြေးနေလည်း
လွတ်ဖို့ မရှိတော့ဘူး။
အေးဆေးစွာ အဖမ်းခံလိုက်ပါ။
မောင်ရင့်ကို ကျုပ် ရန်မရှာပါဘူး။

ဟား... ဟား... ဟား......
မောင်ရင် ရယ်စရာ လာပြောနေတာလားဟ။
ဒါနောက်ပြောင်ရမယ့် အချိန်မဟုတ်ဘူးကွ။
မောင်ရင့်မှာ အရည်ချင်းရှိရင်
ကျုပ်ကို လာတိုက်ပါ။
ကျုပ် ကတော့ မသေမချင်း လက်နက်ချဖို့
မရှိဘူးကွ။

ကောင်းပြီးလေ။
ဒါဆိုလည်း ကျုပ်က
မောင်ရင် ဆန္ဒကို
ဖြည့်ဆည်းပေးရမှာပေါ့။


                         ယုဒီပ တပ်ခေါင်းဆောင်သည် ထိုသို့ ပြောဆိုပြီးနောက် တိုက်ခိုက်မည် အပြု ဘယ် ဆီက ဘယ်လို ပစ်လွှတ်လိုက်မှန်း မသိသော မြှားတစ်စင်းသည် ယုဒီပ တပ်ခေါင်းဆောင်၏ လက် မောင်း တွင်းသို့ ထိုးဖောက်ဝင်ရောက် ကာ စိုက်ဝင်သွားလေသည်။

ဝှစ်...................
အား ....................

                       နှစ်ဘက်သော စစ်သည်ရဲမက်များသည် မြှား လာရာ လမ်းကြောင်းဆီသို့ ပြိုင်တူ ကြည့်မိကြလေရာ မြင်းနှစ်ကောင်ကို တွေ့ရပြီး မြင်းတစ်ကောင်ပေါ်၌ အနက်ရောင် ၀တ်စုံးကို ၀တ်ဆင်ထားပြီး ရုပ်ရည်ချောမော လှပသည့် မိန်းခလေး တစ်ဦးသည် လက်၌ လေးကို ကိုင်ထား သည်ကို တွေ့မြင်ရပြီး စောစောက မြှားအား သူမ ပစ်လွှတ်လိုက်ဟန် ရှိ နေလေသည်။ သူ၏ ဘေး၌ တခြား မြင်းတစ်ကောင်ပေါ်၌ အညိုရောင် အဆင်းရှိသော ၀တ်စုံကို ၀တ်ဆင်ထားသည့် ရုပ်ရည် သန့်ပြန့်သော လူရွယ်တစ်ဦး သည် လက်ရာ အလွန်ကောင်းသော ဓါး တစ်လက်ကို ကျော်၌လွယ် သိုင်းထားလျက် ရှိနေ သည်ကို တွေ့မြင်ကြရလေသည်။ ထို လူရွယ်နှင့် မိန်းခလေးတို့သည် မြင်းပေါ်မှ ဆင်းလာကာ ရဲမက်စစ်သည်များ ရှိ ရာနေရာဆီသို့ လှမ်းလျှောက်လာ ကြပြီး ............

ဟေ့ ... မောင်ရင် ....
မမျှတတဲ့ အလုပ်တွေကို
မြင်နေရတာ မျက်စိထဲမှာ
ဘယ်လိုမှ ကြည့်လို့မကောင်းဘူးကွာ။
ဒါ ကျုပ်တို့ ဟန်သော်ဝေ ရဲမက်တွေ ထင်ပါ့။
မောင်ရင်တို့ ခုချိန် ပြန်လှည့်သွားရင်
ကောင်းမယ် ထင်တယ်။

ဟား ... ဟား .... ဟား .....
မောင်ရင် လာပြီး နောက်ပြောင်နေတာတော့
မဟုတ်လောက်ပါဘူးနော်။
မောင်ရင်တို့ နှစ်ယောက် က သူတို့ဘက်က
ဝင်တိုက်ပေးလိုက်လေ။
ဒါဆို မျှတ သွားမှာပေါ့။
တိုက်ကြ .....................

                        ယုဒီပ တပ်ခေါင်းဆောင်သည် စကားကို ခပ်ရွဲ့ရွဲ့ ပြောဆိုကာ တိုက်ခိုက် အမိန့်ပေး လိုက်လေသည်။ ထိုသို့ အမိန့်ပေးသံနှင့် အတူ ယုဒီပ စစ်သည်များက တိုက်ခိုက်ကြမည်အပြု လေးကို ကိုင်ဆောင်ထားသော မိန်းခလေး သည် ယုဒီပ စစ်သည်များကို မြှားဖြင့် ပစ်ခတ်လိုက်လေရာ စစ် သည် တချို့ ကျဆုံးကုန်ကြလေသည်။ သူမ ၏ မြှားပစ် နည်းပညာမှာ လွန်စွာ အဆင့်တန်း မြင့်လှပြီး တစ်ချက်ပစ်လွှတ်လျှင် လေးမှ မြှားသုံးစင်း တပြိုင်နက်ထွက်ကာ ထို မြှား များသည် အလွန်လျင် မြန် လှသည့်အပြင် ပစ်မှတ်ကိုလည်း တိကျမှု ရှိနေလေသည်။ ထို မိန်းခလေး ၏ လှုပ်ရှားမှု နှင့် အတူ သူ၏ အဖော် လူရွယ်မှာလည်း နောက်ကျောမှ ဓါးကို ထုတ်ကာ ကျန်ရှိနေသော စစ်သည်များကို တိုက်ခိုက် လိုက်လေရာ တခဏ အတွင်းမှာပင် ယုဒီပ စစ်သည်များသည် တစ်ယောက်မျှ မကျန် တော့ပဲ ကျဆုံးကုန်ကြလေသည်။ ထိုသို့ဖြင့် မြန်ဆန် စွာ ဖြစ်ပျက်သွားသော ဖြစ်ပျက်မှုတွင် မင်သက် ငေး မော မိနေသော ယုဒီပ တပ်ခေါင်းဆောင်သည် မင်တက် မိနေစဉ်တွင်

ဟေ့ .... မောင်ရင်.....
ဘာလဲ သွေးပျက်သွားတာလား။
မပြေးသေးပဲ ဘာလုပ် နေတာတုန်း။

ကျုပ် သွေးမပျက်ပါဘူး။
ကျုပ် အံ့သြနေတာပါ။
ကျုပ် က စစ်သည်တစ်ယောက်ပါ။
ဘယ်တိုက်ပွဲမှာမှ ခင်ဗျားတို့ နှစ်ယောက်လို့
စွမ်းရည်ရှိတဲ့ သူမျိုးကို မတွေ့ဖူးသေးလို့ပါ။
ဘာပဲ ဖြစ်ဖြစ် ကျုပ်ကို အသက်ချမ်းသာခွင့်
ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ဒီ အကြွေးကို ကျုပ် တစ်ချိန်ချိန်မှာ
ပြန်လည် ပေးဆပ်ပါ့မယ်။
ကံ ရှိရင် ပြန်ဆုံကြတာပေါ့။

                         ထိုသို့ ပြောဆိုပြီးနောက် ယုဒီပ တပ်ခေါင်းဆောင်သည် နောက်ကြောင်း ပြန်လှည့် ကာ ထွက်ပြေး သွားလေသည်။ ထို့နောက် ခွန်မှူးငယ် ခွန်ဒီနောင်တို့ လူစု သည် ထို လူရွယ်အနီးသို့ ရောက်လာကြပြီး .......

ကျေးဇူးတင်ပါတယ် နောင်ကြီး။
နောင်ကြီး တို့ ရောက်မလာခဲ့ရင်
ကျုပ်တို့ ခုလောက်ဆို သေနေလောက်ပြီ ထင်ပါ့။
ကျုပ် က ဟန်သော်ဝေ တပ်မှူး ခွန်ဒီနောင်ပါ။

ရပါတယ် နောင်ကြီးရာ။
ကျုပ်တို့က အရေးကြီး ကိစ္စနဲ့
ဒီကနေ ဖြတ်သွားတုန်း တွေ့လိုက်ရလို့ပါ။
ကျုပ်က ဒီမိုရာပါ။ သူက မယ်မြ ပါ။

                          ခွန်ဒီနောင် နှင့် ဒီမိုရာတို့သည် တစ်ဦးနဲ့ တစ်ဦး မိတ်ဆက် လိုက်ကြပြီး သူတို့၏ လက်နက်များကို ကိုယ်စီကိုယ်စီ သိမ်းဆည်းလိုက်ကြလေသည်။ အချိန်သည် ညနေ ပိုင်းသို့ ရောက် ရှိနေပြီ ဖြစ်သောကြောင့် ခွန်ဒီနောင် တို့ လူစု ကော ၊ ဒီမိုရာ တို့ နှစ်ဦးပါ ခရီးဆက်ရန် မဖြစ် နိုင်ကြ တော့သည်မို့ ထို တောတွင်း ၌ပင် စခန်းချကာ ညအိပ် လိုက်ကြ ရန် ဆုံးဖြတ် လိုက်ကြလေ တော့ သည်။

( ဆက်လက်ဖော်ပြပါမည်။ )

Rocker77







November 2, 2011

ငါ့ သွေး ငါ့ မြေ ငါ့ အရည်သွေး။ အပိုင်း ( 23 )



အခန်း ( 23 )


                       အချိန်အားဖြင့် သန်းခေါင်ယံ အချိန်ဖြစ်လေသည်။ ကောင်းကင်ယံ ၌ လင်းလက် နေသော ကြယ်လေး များနှင့်အတူ ထွက်ပေါ်နေသော လမင်းငယ်မှာ လက်သည်းခွံပမာ ပါးလွှာ လျက်ရှိနေလေသည်။ စစ်မက်ဖြစ်ပွားနေချိန် ဖြစ် သဖြင့် ခံတပ်ဖြူ၏ ခံတပ်ရိုးပေါ်၌ အစောင့် စစ်သည် တိုးပွားကာ ချထားပြီး သတိမလစ်ဟင်းစေရန်လည်း စစ်ဦးစီးဆာဂျန်း ကိုယ်တိုင် ကြီး ကြပ်ဆောင်ရွက် ထားရှိလေသည်။ သို့သော် အချိန်က သန်းခေါင်ယံအချိန် ဖြစ်သဖြင့် ခံတပ်တွင်း၌ တာဝန် ကျ ရဲမက်များမှ အပ ကျန်သူများအားလုံးသည် အိပ်စက်အနားယူလျက် ရှိနေကြလေသည်။

                       ထိုအခိုက် အမှောင်ထုကို အကာကွယ်ယူလျက် ယုဒီပနိုင်ငံ၏ တပ်များသည် ခံတပ် ဖြူဘက်သို့ မီးတုတ် များကို ငြှိမ်းသတ်လျက် တရွေ့ရွေ့ဖြင့် အသံတိတ် ချဉ်းကပ်လာကြလေသည်။ ထိုသို့ အနှေးချီကာ အသံတိတ် တက်လာ သော ယုဒီပ တပ်များတွင် မြင်းတပ် ၊ လေးတပ် ၊ ခြေလျင် တပ်များ ၊ လှံရှည်ကိုင် တပ်များ နှင့် လောက်လွဲ ပစ်စင်ကြီး များလည်း ပါဝင် ကြလေသည်။ ထို တပ် များအားလုံးကို ယုဒီပ နိုင်ငံရဲ့ စစ်သေနာပတိ ၀က္ကနော်ကိုယ်တိုင် ဦးဆောင်ချီတက် လာခြင်း ဖြစ်ပြီး စစ်သူကြီး လော်ဒီယာလည်း ပါဝင်ခဲ့ကာ အလုံးအရင်းဖြင့် တက်လာကြခြင်း ဖြစ်လေသည်။

                        ထိုသို့ဖြင့် ချီတက်လာသော ယုဒီပတပ်များသည် ခံတပ်ဖြူကြီး၏ မြှားပစ်ကွင်းထဲသို့ မရောက်မှီ နေရာ တွင် ရပ်တန့်လိုက်ကြပြီး တပ်များအသီးသီးသည် ဗျူဟာကျကျ အသင့်နေရာ ယူ လိုက်ကြလေသည်။ ထိုအချိန်အထိ တဖက် ခံတပ်ဖြူအတွင်းရှိ ဟန်သော်ဝေ ရဲမက်များကတော့ မသိ ရှိကြသေးပဲ ပုံမှန်အတိုင်းသာ ရှိနေကြသေးလေသည်။ စစ်သူကြီး လော်ဒီယာသည် မိမိတပ်များ၏ နေရာယူမှုပြီးစီးသည့် အနေထား နှင့် တဖက်ရှိ ရန်သူ့တပ်များအခြေနေကို တစ်ချက် အကဲ ခတ် လိုက်ပြီး စိတ်ချရသော အနေထားရှိသဖြင့် အချက်ပြ အမိန့်ကို ပေးလိုက်လေတော့သည်။ စစ်သူကြီး လော်ဒီယာ၏ အမိန့်ကို ရရှိပြီးသည့်နောက် ယုဒီပ အဝေးပစ်စင် တပ်သားများသည် လောက်လွဲ လက်နက်ကြီးများပေါ်သို့ မြေဖြင့် ပြုလုပ် ထားသော ဆီအိုးကြီးများကို ပစ်လွှတ်ရန် တင်ဆောင် လိုက်ကြလေသည်။ ထို့နောက် ပစ်စင်များမှ မောင်းတံကြီးများကို ဖြုတ်ချလိုက်လေရာ ဆီအိုးများ အားလုံးသည် လေထဲ၌ ၀ဲပျံကာ အရှိန်ဖြင့် ပြေးထွက်သွားပြီး ခံတပ်ဖြူကြီး၏ ကျောက်သား တံတိုင်း နံရံများကို ထိမှန်ကာ ဆီများ ပေးကျံ ကုန်ကြလေသည်။

ခလွမ်း ........ ခလွမ်း .......... ခလွမ်း .............

                         ခံတပ်နံရံသို့ ထိမှန်လာသော ဆီအိုးများ ကွဲသံများကြောင့် တံတိုင်းပေါ်ရှိ ဟန်သော်ဝေ ရဲမက်များ သည် ရန်သူရှိနေပြီ ဖြစ်ကြောင်းကို သိရှိကြကာ အချက်ပြ အသံများ ပေး လိုက်ကြလေသည်။ ထို့နောက် တိတ်ဆိတ်နေ  သော ခံတပ်တစ်ခုလုံးသည် လှုပ်လှုပ်ရှားရှား ဖြစ်လာ ကြပြီး တိုက်ပွဲအတွက် အသင့်ပြင်ဆင် ကြလေတော့သည်။ ထိုအချိန် အထိ ယုဒီပ တပ်များကလည်း ခံတပ်တံတိုင်းဆီသို့ ဆီအိုးများကို အဆက်မပြတ် ပစ်လွှတ်နေကြလေသည်။ ယုဒီပ တပ်များ သည် လောက်လွဲပစ်စင် ငါးခုမှနေရ်ျ ဆီအိုးများကို ပစ်ခတ်နေကြခြင်းဖြစ်ပြီး ၄င်းတို့၏ ပစ်မှတ်မှာ ခံတပ် ဖြူ အရှေ့ဘက်ခြမ်းရှိ ဂိတ်တံခါး နှစ်ခု၏ ကြား နံရံတံတိုင်းဆီသို့သာ ဖြစ်လေသည်။ ထိုသို့ ပစ်ခတ် နေစဉ်အတွင်းဝယ် ဟန်သော်ဝေ ရဲမက် များသည်လည်း တိုက်ခိုက်ရန် အတွက် အသင့်ဖြစ်လာ ကြပြီး စစ်ဦးစီး ဆာဂျန်းအပါအ၀င် တပ်မှူးငယ် ခွန်ဒီနောင် နှင့် ခံတပ်မှူးတို့သည်လည်း ခံတပ် တံတိုင်းပေါ်သို့ ရောက်ရှိ လာကြလေသည်။ ဟန်သော်ဝေ စစ်ဦးစီး ဆာဂျန်းသည် ခံတပ် တံတိုင်း ပေါ်သို့ ရောက်ရှိသည်နှင့် တပြိုင်နက် အခြေနေကို စုံစမ်းလေရာ တံတိုင်းပေါ်ရှိ တာဝန်ကျ တပ်ဗိုလ် တစ်ယောက် က ...............

ရန်သူ့ဘက်က အဝေးပစ်စင်တွေနဲ့
ဆီအိုးတွေ ပစ်လွှတ်လိုက်ခြင်း ဖြစ်ပါတယ်။
ဆီအိုးတွေက နံရံကို ထိမှန်ပြီး တံတိုင်းပေါ်ကို
ကျရောက်ခြင်း မရှိသေးပါဘူး။
အထိခိုက်လည်း မရှိသေးပါဘူး ဦးစီး။

ဘာ ...............
ဆီအိုး နဲ့ ပစ်လာတာလား။

                        တံတိုင်းပေါ်ရှိ စစ်ဦးစီး ဆာဂျန်း၏ စကားမဆုံးသေးမီမှာတင် ခံတပ်အပြင်၌ ရောက်ရှိ တပ်စွဲနေသော ယုဒီပ တပ်များသည် မီးတုတ်များကို ထွန်းညှိ လိုက်ကြလေရာ များပြားလှသော ရန်သူ့တပ်များကို တံတိုင်းပေါ်မှ အထင်း သား မြင်တွေ့ကြရလေသည်။ ထို့နောက် ဆာဂျန်းက ..........

ရန်သူ့ဘက်က အင်အားမနည်းလှပါလား
ခွန်ဒီနောင် နဲ့ ခံတပ်မှူး........
တပ်တွေကို အသင့်ပြင်ပါ။
ခံတပ်အပြင်ကို ထွက်တိုက်ရလိမ့်မယ်။
တံတိုင်းပေါ်မှာ လေးသည်တော်တွေ
နေရာယူထားကြပါ။
ရန်သူ့ ဘက်က ဗျူဟာ ပြောင်းထားပုံရတယ်။
သတိ နဲ့ လှုပ်ရှားကြပါ။

အမိန့်အတိုင်းပါ ဦးစီး ။

                         ထိုသို့ ပြောဆိုကြပြီးနောက် တပ်မှူးငယ် ခွန်ဒီနောင် နှင့် ခံတပ်ဖြူ တပ်မှူးတို့သည် အသီးသီး ပြန် လည် ထွက်ခွာ သွားကြလေသည်။ ဟန်သော်ဝေ စစ်ဦးစီး ဆာဂျန်းမှာတော့ ခံတပ် တံတိုင်းပေါ်၌ ကျန်နေခဲ့ပြီး တိုက်ပွဲ ဖြစ်လာမည့် အခြေနေကို အကဲခတ်သုံးသပ်ကာ ရှိနေခဲ့ လေသည်။

                          ယုဒီပနိုင်ငံ၏ စစ်သေနာပတိ ၀က္ကနော်သည် မိမိရဲ့ လေးကိုယူကာ အနီးရှိ မီးတုတ်မှ မီးဖြင့် မြှားထိပ် မှ မီးစာကို မီးရှို့လျက် မြှားအား ဆီများစိုရွှဲနေသော ခံတပ်ဖြူကြီး၏ တံတိုင်းနံရံ ဆီသို့ ပစ်လွှတ်လိုက်လေသည်။ ထို မီးမြှား သည် လေကို ခွင်းလျက် ပစ်မှတ်ဆီသို့ တည့်တည့်ကျ ရောက်လာကာ ခံတပ်တံတိုင်းအား မီးစတင် စွဲလောင်တော့လေသည်။ စစ်သူကြီး လော်ဒီယာသည် ခံတပ် တံတိုင်း၌ မီးစတင်စွဲလောင်သည်ကို မြင်သည်နှင့် တပြိုင်နက် လောက်လွဲပစ်စင် ငါးခု မှ အစွန်းနှစ်ဘက်ရှိ ပစ်စင်နှစ်ခုအား ဆီအိုးများအစား ကျောက်တုံးများကို ထည့်စေကာ ခံတပ် တံ တိုင်းပေါ်သို့ အဆက်မပြတ် ပစ် လွှတ်စေလေသည်။ အကြောင်းမှာ ရန်သူ့တပ်သားများ လောင်စွဲ နေသော မီးများကို မငြှိမ်းသတ်နိုင်စေရန် စီစဉ်ဆောင်ရွက် ခြင်း ဖြစ်လေသည်။ ထို့နောက် ကျန် ရှိနေသည့် အလယ်မှ ပစ်စင် သုံးခု ကိုတော့ နဂိုအတိုင်း ဆီအိုးများကိုသာ အဆက်မ ပြတ် ပစ်လွှတ် စေလေသည်။ ထို့ကြောင့် ခံတပ်တံတိုင်းနံရံ၌ စွဲလောင်နေသော မီးသည် ပိုမို အရှိန်အဟုန် ကောင်း စွာ ဆက် လက်တောက်လောင်လာခဲ့လေသည်။

                           ခံတပ်တံတိုင်းပေါ်ရှိ ဟန်သော်ဝေ စစ်ဦးစီး ဆာဂျန်းသည် မိမိရဲ့ ရဲမက်များကို လောင်စွဲနေသော မီးများကို ငြှိမ်းသတ်ရန် အမိန့်ပေးလိုက်လေသည်။ ရဲမက်များ မီးငြှိမ်းသတ်ရန် ကြိုးပမ်းနေခိုက် .............

ဝုန်း ........ ၀ုန်း ............ ၀ုန်း ..........

                           တ၀ုန်းဝုန်း ဖြင့် ကျရောက်လာသော ကျောက်တုံးများကြောင့် တံတိုင်းပေါ်ရှိ နေရာယူထားကြ သော ရဲမက်များ နှင့် မီးငြှိမ်းသတ်ရန် ကြိုးပမ်းနေသော ရဲမက်များအားလုံးသည် သွေးသံရဲရဲဖြင့် ထိခိုက်ကြဆုံး ကုန် ကြလေသည်။ ထိုကြောင့် စစ်ဦးစီး ဆာဂျန်းသည် ရန်သူ့ ဘက်က ဗျူဟာကို မှန်းဆလာမိပြီး ........

အားလုံးနားထောင်ကြ
ရန်သူ့တပ်တွေက
အဝေးပစ်စင်တွေနဲ့
ပစ်ခတ်နေပြီး တံတိုင်းကို
ဖြိုချပစ်ဖို့ ကြိုးပမ်းနေတယ်။
ဒါကြောင့် ဒီ ခံတပ်တံတိုင်း
ပြိုမကျခင် ရန်သူ့တပ်တွေကို
ဖြိုဖျက်နိုင်ဖို့ လိုတယ်။
ပစ်စင်တွေကို အဓိက ထားပြီး
တိုက်ခိုက်ကြရမှာ ဖြစ်တယ်။
ခံတပ်ထဲကနေ မဖြစ်မနေ
ထွက်တိုက်ကြရမှာမို့
အထိခိုက် အကျဆုံး များပြားနိုင်တယ်။
ဒါကြောင့် ထိုးစစ်ကို မကျွံမိပါစေနဲ့။
ပစ်စင်တွေကို ဖြိုဖျက်ပြီးတာနဲ့
နောက်ကြောင်းပြန်လှည့် လာပါ။
ဒါမှ ငါတို့ ဒီ ခံတပ်ကို အပြည့်ဝ
ဆက်လက် ကာကွယ်နိုင်ကြလိမ့်မယ်။
ခွန်ဒီနောင် နဲ့ ခံတပ်မှူးတို့ နှစ်ယောက်
စစ်ကြောင်းနှစ်ဖက်ခွဲပြီး
ထိုးစစ်ကို စတင်ကြပါ။

အမိန့်အတိုင်းပါ ဦးစီး ။

                         ထို့နောက်တွင်တော့ ခံတပ်ဖြူကြီး၏ အရှေ့ဘက်မျက်နှာစာရှိ ဂိတ်တံခါးကြီး နှစ်ခု ပွင့်လာပြီး တပ်မှူး ငယ် ခွန်ဒီနောင် နှင့် ခံတပ်မှူးတို့ ခေါင်းဆောင်သော မြင်းတပ်မများသည် ဂိတ် ပေါက်တစ်ခု စီမှနေရ်ျ ထွက်လာကြလေ သည်။ ထို အခြေနေကို မြင်သော ယုဒီပ စစ်သူကြီး လော်ဒီယာ က တစ်ချက်ပြုံးလိုက်ပြီး မိမိရဲ့ လေးတပ် ၊ မြင်းတပ်များ ကို တပ်လှန့် ထားလိုက် လေ သည်။ ထို့နောက် ဆက်လက်ပြီး ရန်သူ့ဘက်မှ လှုပ်ရှားမှုကို အကဲခတ်လျက် စောင့်ကြည့်နေ လေ သည်။ ဂိတ်ပေါက်ဝ နှစ်ခုတွင် နေရာယူထားကြသော မြင်းတပ်မကြီး နှစ်ခုသည် ဦးဆောင်သူ ခေါင်း ဆောင်အသီးသီး ရဲ့ အမိန့်ကို ရရှိကြပြီးနောက် ရန်သူ့တပ်များဘက်ဆီသို့ ထိုးစစ်ကိုစတင်ရန်အတွက် တရှိန်ထိုး ပြေးထွက်ကြလေသည်။ ထို မြင်းတပ်မကြီး နှစ်ခုရဲ့ အနောက်တွင်တော့ ကျန်ရှိနေခဲ့သော ခံတပ်ဖြူကြီး၏ တံတိုင်းနံရံသည် မီး အပူရှိန် မြင့်မားလာမှု ကြောင့် ကျောက်တုံး တစ်တုံးနှင့်တစ်တုံး ချိတ်ဆက်ထားသော စဉ့်ချော်များသည် စတင်အရည်ပျော်လာလျက် ရှိနေလေ သည်။ ခံတပ် တံတိုင်း ပေါ်ရှိ တိုက်ပွဲအခြေနေကို ကြည့်နေသော စစ်ဦးစီး ဆာဂျန်း၏ ရင်တွင်းမှာလည်း မိမိရဲ့ သားဖြစ်သူ နှင့် ရဲမက်တပ်သားများအတွက် ပူလောင်လျက်ရှိနေပြီး တိုက်ပွဲကို စိုးရိမ်ကြီးစွာဖြင့် ကြည့်ရှု့နေကာ ကျန်ရစ်နေခဲ့ လေသည်။

                         တဟုန်ထိုး ပြေးထွက်လာနေသော ရန်သူ့ မြင်းတပ်ကြီးနှစ်ခုအား ယုဒီပ စစ်သေ နာပတိ ၀က္ကနော် နှင့် စစ်သူကြီး လော်ဒီယာတို့သည် မျက်တောင်မခတ်ပဲ မမှိတ်မသုန် ကြည့်ရှု့ နေကြလေသည်။ ရန်သူ့ မြင်းတပ်များသည် တဖြည်းဖြည်းနှင့် မိမိတို့ တပ်များဘက်ဆီသို့ နီးကပ် လာလေရာ သတ်မှတ်အကွာအဝေး တစ်ခုသို့ ရောက်ရှိလာလျှင် စစ် သေနာပတိ ၀က္ကနော်က အချက်ပြ အမိန့်တစ်ခုကို ပေးလိုက်လေရာ ယုဒီပ လေးသည်တော်တို့သည် မိမိတို့၏ လေးမြှားများ ကို ဆွဲတင်လျက် ရန်သူ့ မြင်းတပ်မကြီး များဆီသို့ ကိုယ်စီကိုယ်စီ ပစ်လွှတ် လိုက်ကြလေတော့သည်။

ဝှီး ........ ၀ှီး ........ ၀ှစ် .......... ၀ှစ် .............

                         မြှားတို့သည် ကောင်းကင်လေထုတွင်း၌ ငယ်သံပါအောင် အော်မြည်လာလျက် ဟန်သောဝေ မြင်းတပ် များပေါ်သို့ မိုးစက်မိုပေါက်များသဖွယ် တဟုန်ထိုး ထိုးဆင်းလာကြလေရာ ...........

အား ....... အီး ...... အင်း ...........
ဟီး ......... ဟီး ........

                            မြှားများ၏ ထိုးဖောက်ဝင်ရောက်မှုကြောင့် အပြင်းချီလာသော မြင်းတပ်နှစ်ခုမှ မြင်းများ ၊ စစ် သည်ရဲမက် များသည် ထိခိုက်ဒဏ်ရာ ရရှိကြကုန်လေသည်။ သို့သော် ထိခိုက်မှု မရှိသော ကျန်မြင်းစီး ရဲမက်တို့သည် မိမိ တို့ရဲ့ ကိုယ်စီ လက်နက်များကို ကိုင်စွဲလျက် ရန်သူ့ တပ် များဘက်ဆီသို့ သွေးဆာနေသည့် သရဲသဘက်များသဖွယ် အတင်း ပြေးဝင် ထိုးဖောက် ကြလေ သည်။ ထို့ကြောင့် တိုက်ပွဲမြင်ကွင်းမှာ မြှားမိုးရွာလိုက် ချီတက်လိုက် ဖြစ်ရ်ျ နေလေတော့သည်။ သို့ဖြင့် တဖြည်းဖြည်း နီးကပ်လာသော မြင်းတပ်နှစ်တပ်အား ရင်ဆိုင်တုန့်ပြန် ချေမှုန်းရန်အတွက် စစ်သူကြီး လော်ဒီယာ နှင့် သေနာပတိ ၀က္ကနော်တို့သည် ကိုယ်စီ မြင်းတပ်များကို ဦးဆောင်ကာ ရန်သူ့တပ်များကဲ့သို့ပင် စစ်ကြောင်း နှစ်ကြောင်း ခွဲကာ တန်ပြန်တိုက်စစ်ကို စတင်လိုက်ကြ လေ သည်။ မိမိတို့ရဲ့ မြင်းတပ်များ တဟုန်ထိုး ထွက်ခွာသွားသည်နှင့် တပြိုင်နက် ယုဒီပ လေးတပ်မှ လေး သည်တော်တို့သည် ပစ်လွှတ်နေသော မြှားတို့ကို ရပ်တန့်လိုက်ကြလေသည်။

                            ထိုသို့ဖြင့် လွင်ပြင်ပေါ်၌ တရှိန်ထိုး တိုက်စစ်ဆင်လာကြသော နှစ်ဘက် မြင်းတပ် များသည် မျက်နှာချင်းဆိုင်မိချိန်တွင်တော့ ...............

ယား ........ ၀ှစ် ........ အား .........
ဒုတ် ......... အင့် ........ အူး ..........
အား ........... ရွှတ် ........ ထန် ..........

                        အော်ဟစ်သံ ၊ ညာသံပေးသံ ၊ လက်နက်ချင်း ထိခိုက်ပွတ်တိုက်သံ ၊ မြင်းချင်းတိုးဝှေ့ မိသံ များ ဖြင့် ငရဲခန်းတစ်ခု ပြင်းထန်စွာ ပေါက်ကွဲ ကြလေတော့သည်။ တိုက်ပွဲမြင်ကွင်းမှာ လွန်စွာ ရှုပ်ယှက်ခတ်နေပြီး စည်းလွတ် ၀ါးလွတ် တိုက်ခိုက်နေကြလေသည်။ နှစ်ဘက်စလုံး အလုံးအရင်းဖြင့် ချီတက်တိုက်ခိုက်ကြသော်လည်း ချီတက်ရာ လမ်းကြောင်းတွင် မြှားမိုးဒဏ်ကို ခံစားခဲ့ရသော ဟန်သော်ဝေ မြင်းတပ်မှာ အရေတွက်အားဖြင့် အင်အားလျော့နည်း သွား သဖြင့် တိုက်ပွဲအတွင်းဝယ် တဖြည်းဖြည်း အားပျော့လာလေသည်။ ထိုအချိန်အထိ ယုဒီပတပ်များ၏ အဝေးပစ်စင်များမှ တိုက် ခိုက်နေမှုသည်လည်း ရပ်တန့်သွားခြင်းမရှိသဖြင့် ခံတပ်ဖြူကြီး၏ ကျောက်သားတံတိုင်းတို့မှာ အပူ ရှိန် ပိုမိုမြင့်မား လာပြီး စဉ့်ချော်ရည်ပျော်ထွက်မှုမှာလည်း တိုးပွားလျက်ရှိနေလေသည်။ ထို့ကြောင့် တံတိုင်းပေါ်ရှိ ဟန်သော်ဝေ စစ်ဦးစီး ဆာဂျန်းက တံတိုင်းပေါ်၌ နေရာယူခိုင်းထားသော လေးသည် တော်များကို ခံတပ်အတွင်းပိုင်းသို့ ဆင်းကာ နေရာ ယူခိုင်း ရလေသည်။ စစ်ဦးစီး ဆာဂျန်း နှင့် အ ခြွေရံ ဗိုလ်ပါ လူတစ်စုသည်သာ အပူရှိန် အားပျော့သော တံတိုင်းနေရာမှနေရ်ျ လွင် ပြင် တိုက်ပွဲကို စိုးရိမ်ကြီးစွာ ဆက်လက်စောင့်ကြည့်နေကြလေသည်။

                          လွင်ပြင်တိုက်ပွဲ၌ ယုဒီပ စစ်သေနာပတိ၏ မြင်းတပ်များသည် ဟန်သော်ဝေ မြင်း တပ်များအား တဖြေးဖြေး ပိုမိုသုတ်သင်လာနိုင်လေရာ နောက်ဆုံးတွင် ဟန်သော်ဝေ မြင်းတပ်ကို ဦးဆောင်လာသော ခံတပ်ဖြူ တပ်မှူး နှင့် စစ်သေနာပတိ ၀က္ကနော်တို့ ထိပ်တိုက်ရင်ဆိုင် မိကြ လေသည်။ နှစ်ဦးသား တစ်ယောက်ကိုတစ်ယောက် မြင်သည် နှင့် တပြိုင်နက် ကိုယ်စီ မြင်းဇက် ကြိုးများကို မျက်နှာချင်းဆိုင် လှည့်လိုက်ကာ လက်မှ လက်နက်တို့ကို ကိုင်ဆောင်လျက် ထိပ်တိုက် ရင်ဆိုင်ကြလေရာ .............

ယား ...... ထန် .............

                          စစ်သေနာပတိ ၀က္ကနော်သည် အထူးပြုလုပ်ထားသော အကောင်းစား လှံရှည် လက် နက်တစ်မျိုးကို ကိုင်ဆောင် ထားသောကြောင့် ခံတပ်ဖြူ တပ်မှူး၏ လက်မှ ဓါး သည် လက်နက်ချင်း ထိခိုက်မိရာတွင် အားမတန်သဖြင့် လွတ်ထွက် သွားလေသည်။ ထို့ကြောင့် ၀က္ကနော်သည် မြင်းဇက် ကြိုးကို ပြန်ဆွဲလှည့်ကာ ခံတပ်မှူးဆီသို့ မြင်းကို ပြန်လည် ဦးတည်လိုက်ကာ မြင်းနှစ်ကောင် ယှဉ်မိ သည့်အခိုက် လက်နက်မဲ့နေသော ခံတပ်မှူးအား မိမိလှံရှည်ဖြင့် ခုတ်ပိုင်းလိုက်လေ ရာ ခံတပ်မှူး သည် တိမ်းရှောင်လိုက်သော်လည်း အရှိန်လွန်ကာ မြင်းပေါ်မှ ပြုတ်ကျသွားလေသည်။ ၀က္ကနော် သည် မြင်းပေါ်မှ ကျသွားသော ခံတပ်မှူးဆီသို့ မြင်းကို ဦးတည်ပြန်ကာ လှံရှည်ဖြင့် ခံတပ်မှူးအား ထိုးစိုက်လိုက်လေရာ ခံတပ်မှူး သည် လှဲကျနေရာမှ ရှောင်တိမ်းလိုက်သော်လည်း ၀မ်းဗိုက်ကို ရှပ်ထိ မိသွားလေသည်။ ၀က္ကနော်သည် ထိုသို့ ဒဏ်ရာရ သွား သော ခံတပ်မှူး ဆီသို့ နောက်တဖန် လှံရှည် ဖြင့် ပက်လိုက်လေရာ ရင်ဘတ်နေရာ၌ နောက်ထပ် ဒဏ်ရာတစ်ခု တိုးသွားပြန် လေသည်။ ထို့ နောက် ၀က္ကနော်သည် ဒဏ်ရာကြောင့် လှုပ်ရှားမှုအားနည်းသွားသော ခံတပ်ဖြူ ခံတပ်မှူးအား ရင်ဝ တည့် တည့်သို့ လှံကို ထိုးစိုက် သွင်းလိုက်လေရာ ခံတပ်မှူးမှာ ရှောင်တိမ်းချိန်မရတော့ပဲ ဇီဝိန် ချုပ် ငြိမ်း သွားလေတော့သည်။

                         ခံတပ်မှူး ဦးဆောင်လာသော ဟန်သော်ဝေ မြင်းတပ်များသည် မိမိတို့ရဲ့ ခေါင်း ဆောင် ကျဆုံးသွား သည်ကို မြင်ကြလေသော် ခံတပ်မှူး၏ ရုပ်အလောင်းကို ၀ိုင်းဝန်းရယူရန် ကြိုး စားကြပြီး ရုပ်အလောင်းကို ရရှိကြလေသော် ထို မြင်းတပ်သည် တပ်ဗိုလ်တစ်ဦး၏ အမိန့်နှင့်အတူ ပြန်လည် ဆုတ်ခွာကြလေသည်။ ထိုသို့ ပြန်လည် ဆုတ်ခွာသော ဟန်သော်ဝေ မြင်းတပ်နောက်သို့ ယုဒီပ စစ်သေနာပတိရဲ့ တပ်များက ထပ်ကြပ်မကွာ လိုက်လံ ဖိတိုက်ကြလေသည်။ ထို့ကြောင့် အင် အားခြင်း မမျှတတော့ခြင်း ၊ ခေါင်းဆောင်ကောင်းမရှိတော့ခြင်းများကြောင့် ထို မြင်းတပ်မှာ တပ် ပြိုကွဲ ကာ တကွဲတပြားစီဖြစ်လျက် ဟန်သော်ဝေ ရဲမက်များသည် ခြေဦးတည့်ရာဆီသို့ အသက် လုကာ ကိုယ်လွတ်ရုန်း ထွက်ပြေး ကြရလေတော့သည်။

                         တခြားတဖက်ခြမ်းတွင်လည်း စစ်သူကြီး လော်ဒီယာ၏ ယုဒီပ စစ်သည်များက ဟန်သော်ဝေ ရဲမက် များကို အပြင်းအထန် အပြတ်အသတ် ချေမှုန်းလျက်ရှိနေရာ မြင်းတပ်ကို ဦးဆောင်လာသူ တပ်မှူးငယ် ခွန်ဒီနောင် သည် ရန်သူ့ တပ်ခေါင်းဆောင်ကို သုတ်သင်နိုင်ရန် အတွက် ရှာဖွေကြည့်လေရာ တိုက်ပွဲတစ်နေရာတွင် ယုဒီပ စစ်သူကြီး လော်ဒီယာ နှင့် မျက်နှာချင်း ဆိုင် ဆုံမိကြလေသည်။ ထိုသို့ ဆုံမိကြခိုက် ခွန်ဒီနောင်က စစ်သူကြီး လော်ဒီယာ ဆီသို့ မြင်းကို ဇက်ကြိုးဖွင့်ကာ ဓါးကို ကိုင်မြှောက်လျက် အပြင်းဝင်တိုက် လေသည်။ သို့သော် စစ်သူကြီး လော်ဒီယာ မှာ ခေသူမဟုတ် သဖြင့် တိုက်ကွက်များကို ရှောင်တိမ်းရင်း ပြန်လည် တိုက်ခိုက် လေသည်။

ယား ........ ထန် ......... ထန် .........
ဝှစ် ........ ၀ှစ် ........... ထန် ...........

                          သူတို့ နှစ်ဦးသားသည် လက်ရည်မနိမ့်ကြသူများပီပီ အဆင့်မြင့် တိုက်ကွက်များဖြင့် တိုက်ခိုက်လေ ကြရာ လက်နက်ချင်းထိခိုက်မိ သဖြင့် မီးစများလည်း ပွင့်ထွက်ကုန်လေသည်။ စစ်သူကြီး လော်ဒီယာသည် တဖက်မှ ရန်သူ မှာ လက်ရည်မနိမ့်ကြောင်း ရိပ်စားမိသဖြင့် မြင်းပေါ်မှ ဆင်းကာ ရန်သူအား .........

မောင်ရင့် လက်ရည် မဆိုးပါဘူးပဲကွ။
ဆင်းလာခဲ့ မြင်းပေါ်ကနေ။
စမ်းကြည့်ရတာပေါ့။

                          စစ်သူကြီး လော်ဒီယာ၏ စကားဆုံးသည်နှင့် တပြိုင်နက် တပ်မှူးငယ် ခွန်ဒီနောင် သည်လည်း ဓါး ကို ကိုင်ဆောင်လျက် မြင်းပေါ်မှ ခုန်ဆင်းလိုက်လေသည်။ ထို့နောက် နှစ်ယောက် သား အဆင့်မြင့် တိုက်ကွက်များကို သုံးကာ အပြင်းထန် ရင်ဆိုင် ကြလေသည်။ ထိုသို့ လက်ရည် တူ သူနှစ်ယောက် ယှဉ်ပြိုင်တိုက်ခိုက်နေခြင်းကြောင့် အနိုင်အရှုံး ရလဒ် သည် တတော်နှင့် မထွက်ပေါ် နိုင်ပဲ တိုက်ပွဲအချိန် ကြာလာ ခဲ့လေသည်။ ထိုသို့ တိုက်ပွဲချိန် ကြာလာလေလေ အင်အားချင်း မမျှ တစွာ ယှဉ်ပြိုင်နေသော ဟန်သော်ဝေ ရဲမက်တို့သည် တစ တစ နိမ့်ကျလာပြီး အကျဆုံး များစွာဖြင့် အရှုံးဘက်သို့ ဦးတည် လာလေသည်။ တပ်မှူးငယ် ခွန်ဒီနောင်သည် ထို အချင်းရာကို သတိပြု မိလာ ပြီး တိုက်ခိုက်နေရင်းမှ အနီးရှိ မြင်း တစ်ကောက်ပေါ်သို့ လွှားကနဲ ခုန်တက်လိုက်ပြီး မိမိရဲ့ ရဲမက်များအား ...........

ဆုတ် ......... ပြန်ဆုတ်ကြတော့ ...........

                         အမိန့်ပေးပြီးသည်နှင့် တပြိုင်နက် ခွန်ဒီနောင်သည် မြင်းကို ခံတပ်ဖြူဘက်ဆီသို့ ဦးတည်လိုက် လေသည်။ ထိုသို့ တပ်ပြန်ဆုတ်သော ဟန်သော်ဝေ ရဲမက်များကို ယုဒီပ စစ်သူကြီး လော်ဒီယာ သည် အလွတ်မပေးပဲ ...

လိုက် .....လိုက်တိုက်ကြ ........
တစ်ယောက်မှ မလွတ်စေနဲ့ ။
ခေါင်းဆောင်ကို အရှင်လိုချင်တယ်။

                         ယုဒီပ စစ်သူကြီး လော်ဒီယာသည် အမိန့်ပေးပြီးသည်နှင့် တပြိုင်နက် အနီးရှိ မိမိရဲ့ မြင်းပေါ်သို့ ပြန် တက်ကာ ဆုတ်ခွာသွားသော ဟန်သော်ဝေ ရဲမက်များနောက်သို့ အတင်းဖိတိုက် လေသည်။ တပ်မှူးငယ် ခွန်ဒီနောင်သည် ရှိသမျှ လက်ကျန်လူအင်အားဖြင့် တပ်ကို ပြန်လည် စုစည်းကာ ဆုတ်ခွာစစ်ကို ပြုရင်း နောက်ကြောင်းပြန်လှည့် လျက် ရှိနေ လေသည်။ ထို အခိုက် .........

ဝုန်း.............၀ုန်း ..................

                        ကျယ်လောင်စွာ အသံတစ်ခု ထွက်ပေါ်လာလေသည်။ ထို အသံ လာရာဆီသို့ လှမ်း ကြည့်ကြလေရာ ခံတပ်ဖြူဆီမှ ဖြစ်နေပြီး အရှေ့ဘက် တံတိုင်းနံရံကြီး ပြိုကျ ပျက်စီးသွားခြင်း ဖြစ် လေ သည်။ ထို့ကြောင့် တပ်မှူးငယ် ခွန်ဒီနောင် သည် မိမိ မြင်းကို ခံတပ်ဖြူ ဘက်သို့ အပြင်းနှင်လေ တော့သည်။ ထိုသို့ နံရံ ပြိုကျသည်ကို မြင်သော စစ်သူကြီး လော်ဒီယာ နှင့် သေနာပတိ ၀က္ကနော် တို့သည် မြင်းတပ်များနောက်သို့ ဆက်မလိုက်ခိုင်းကြတော့ပဲ မိမိတို့ရဲ့ တပ်မ နှစ်ခုကို ပြန်လည် ပေါင်းစည်းလိုက်ကြပြီး အလုံးအရင်းဖြင့် ခံတပ်ဖြူကြီး ဆီသို့ စေလွှတ်ကြလေသည်။ ထိုစေလွှတ် သော တပ်များ ၏ နောက်မှ စစ်သူကြီး လော်ဒီယာသည်လည်း လိုက်ပါသွားလေသည်။

                        ဟန်သော်ဝေ စစ်ဦးစီး ဆာဂျန်းသည် မိမိရဲ့ မြင်းတပ်များ အကျဆုံးများပြီး ဆုတ်ခွာ လာရခြင်း ၊ ခံတပ် နံရံတံတိုင်း ပြိုကျကာ ၀င်ပေါက်သဖွယ် ဖြစ်သွားခြင်းများကြောင့် ခံတပ်တွင်းရှိ တပ်များအားလုံးကို စုစည်းကာ ခံတပ် အနောက်ပိုင်းသို့ ပြောင်းရွေ့ တပ်စွဲ စေလေသည်။ ထို့နောက် ခံတပ် အတွင်းပိုင်း၌ ကြိုတင်ပြုလုပ်ထားခဲ့သော စက် ၀ိုင်းပုံ မြောင်းထဲမှ ကောက်ရိုးများကို မီး စ တင် ရှို့လိုက်လေတော့သည်။ ထိုသို့ မီး ရှို့ပြီး သိပ်မကြာမီ အချိန်တွင် ခံတပ် တစ်ခုလုံး၌ မီးခိုးများ အူထွက်လာကာ မည်သည့် အရာကိုမျှ သည်းကွဲစွာ မမြင်ရတော့ပေ။ လွင်ပြင်တစ်နေရာ ၌ တပ်ပြန် ဆုတ်ကာ ခံတပ်ဘက်ဆီသို့ အပြင်းနှင်လာသော တပ်မှူးငယ် ခွန်ဒီနောင်သည် ခံတပ်ဘက်ဆီမှ မီးခိုးများကို မြင်လေသော် ခံတပ်တွင်းသို့ ပြန်ဝင်ရင် မဖြစ်နိုင်တော့မှန်း သိသဖြင့် လမ်းကြောင်းကို နောက်ပြန်လှည့်ကာ တောအုပ်ဘက်ဆီသို့ ဦးတည် လိုက်လေသည်။ ထိုသို့ လမ်းကြောင်းပြောင်း ခိုက် နောက်မှ အပြင်းချီလာသော ယုဒီပ တပ်များမှ မြင်းတပ်မ တစ်ခုသည် ခွန်ဒီနောင်တို့ တပ်စု ကို တွေ့မြင်သွားပြီး နောက်မှ ထပ်ချပ်မကွာ လိုက်ပါလာကြလေသည်။

                         ခံတပ်ဖြူဆီသို့ ခံတပ်သိမ်းတိုက်ပွဲ ဆင်နွှဲရန် အပြင်းချီလာသော ယုဒီပ တပ်များသည် ပြိုကျသွား သော နံရံပေါက်သို့ ရောက်ရှိခိုက် ခံတပ်တွင်း၌ မီးခိုးများ ပိန်းထူးနေအောင် တွေ့မြင်ရ သဖြင့် အတင်းမ၀င်ကြတော့ပဲ အရှိန် လျော့ကာ စမ်းတ၀ါးဝါးဖြင့် ခံတပ်တွင်းသို့ ၀င်ရောက်လာ ကြလေသည်။ ထိုသို့ ၀င်ရောက်လာကြသော ယုဒီပ တပ်သားများ သည် ပတ်ဝန်းကျင်ကို စစ်ဆေး ကြည့်ရှု့ကြသော်လည်း ပိန်းပိန်းထူနေသော မီးခိုများကြောင့် မည်သည့်အရာကိုမျှ မြင်တွေ့ ရခြင်း မရှိကြချေ။ ထို့ကြောင့် ၀င်ရောက်လာသော ယုဒီပ တပ်များထဲမှ စစ်သည်တစ်ဦးက စိတ်မရှည် နိုင်တော့ပဲ .........

ဟေ့ ..............
ဘယ်ရောက်ကုန်ကြလဲကွ။
ဘာလဲ ငါတို့ကို ကြောက်လို့
ထွက်ပြေးကုန်ကြတာလား။

                         ခံတပ်ဖြူအတွင်း၌ ထို စစ်သည်၏ စကားသံ ဆုံးသည်နှင့် တပြိုင်နက် ..........

ဝှစ် ....... ၀ှစ် ......... ၀ှစ် ..........
အား ....... အား ........ အီး ............

                         ဘယ်နေရာမှ ဘယ်လို ပစ်လွှတ်လိုက်မှန်း မသိသော မြှားတို့ ရောက်ရှိလာပြီး ခံတပ် တွင်းရှိ ယုဒီပ တပ်မ မှ စစ်သည်များအားလုံးနည်းပါး အတုံးအရုံး ကျဆုံးကုန်ကြလေသည်။ ၀င်ပေါက် ၀ နားတွင်ရှိနေသော စစ်သည်များ သည်ပင်လျှင် မြှား ဒဏ်ရာများ ရရှိ ကုန်ကြလေသည်။ထို့နောက် မြှား ဒဏ်ရာ ရလာသော စစ်သည်တစ်ဦးသည် ခံတပ် တွင်းမှ ပြန်လာထွက်လာသည်ကို နောက်မှ လိုက်ပါလာသော ယုဒီပ စစ်သူကြီး လော်ဒီယာ မြင်လေသော် လေးတပ်ကို ရှေ့ သို့တင်ကာ ခံတပ် တွင်း သို့ မြှားမိုး ရွာသွန်း စေလေသည်။ ခံတပ်သည် စက်ဝိုင်းပုံစံ ဖြစ်နေသည့်အတွက် မြှားများ ကိုလည်း ထိုပုံစံအတိုင်းသာ ပစ်သွင်းလိုက်လေရာ ........

ဝှစ် ...... ၀ှစ် ......... ၀ှစ် .............
အား ...... အင်း ....... အူး ..............

                           ရန်သူများထံမှ မြှားများဖြင့် ပြန်လည် ပစ်ခတ်လာသဖြင့် ဟန်သော်ဝေ စစ်ဦးစီး ဆာဂျန်းသည် မိမိရဲ့ တပ်များအားလုံးကို ဆုတ်ခွာရန် အချက်ပြ အမိန့်ပေးလိုက်ပြီး မီးခိုးများကြောင့် ရန်သူများ မသိရှိခိုက် ခံတပ်အပြင်သို့ ထွက်ခွာ ကြလေသည်။ ခံတပ်တွင်း၌ မီးခိုးများသည် ပိန်းပိန် ထူလျက် ရှိနေသောကြောင့် ရန်သူ့တပ်များသည် ရုတ်တရက် အပြင်းမ၀င် ရောက်နိုင်သေးခင်အချိန် တွင် စစ်ဦးစီး ဆာဂျန်းအဖို့ ဆုတ်ခွာရန် အချိန် ကောင်းပင်ဖြစ်လေတော့သည်။ ဟန်သော်ဝေ တပ်များ သည် ခံတပ်ဖြူကြီးအား ရန်သူများ လက်တွင်း၌ ထားခဲ့လိုက်ရသဖြင့် ရာဇ၀င် သွေးကြွေး တစ်ခု တင်ကျန်ရစ်ခဲ့ကြလေတော့သည်။ သို့ဖြင့် ခံတပ်တွင်း၌ အကျဆုံးမရှိတော့ပဲ ဆုတ်ခွာ ခဲ့ရ သည် မို့ ရဲမက်စစ်သည် အင်အား မှာတော့ များစွာ ကျန်ရှိနေခဲ့လေသည်။ ရာဇ၀င်၌ တစ်ကြိမ် တစ်ခါမျှ မကျဆုံးဖူးခဲ့သော ထို ခံတပ်ဖြူကြီးသည် ယနေ့ ကျဆုံးခန်းသို့ ၀င်ရောက်ခဲ့ရလေရာ ဟန်သော်ဝေ နိုင်ငံအတွက် နာကျည်းနစ်နာစရာကောင်းလှပြီး ယုဒီပ နိုင်ငံအတွက် တော့ သမိုင်း စာမျက်နှာသစ်တစ်ခုကို ဖွင့်လှစ် နိုင်ခဲ့ခြင်းလည်း ဖြစ်လေသည်။ အချိန်အားဖြင့် ပြောပြရရင် နံနက် အာရုတ် ချိန် ကို ကျော်လွန်နေပြီး မိုးသောက်ယံ အချိန်သို့ တိုင် ရောက်ရှိ နေလေတော့သည်။

( ဆက်လက်ဖော်ပြပါမည်။)

Rocker77




October 26, 2011

ငါ့ သွေး ငါ့ မြေ ငါ့ အရည်သွေး ။ အပိုင်း ( 22 )



အခန်း ( 22 )


                       မယ်မြ နှင့် ဒီမိုရာတို့ ခရီးထွက်လာခြင်းသည် ယနေ့ဆိုလျှင် ဒုတိယမြောက်နေ့ ဖြစ် လေသည်။ ဒီမိုရာ သည် ရှေ့မှဦးဆောင်ပြီး ခရီးကို အပြင်းနှင်လျက် ရှိနေရာ ယနေ့ ခရီးအတော် လေးပင် တွင်ခဲ့လေသည်။ သို့သော် မြင်းက တော့ အလွန်ပင်ပန်းရ်ျ နေခဲ့လေသည်။ ထိုသို့ ဖြင့် လွင်ပြင် ၊ တောအုပ် ၊ တောင်ကုန်း ၊ တောင်းတန်း များပေါ်တွင် ခရီး နှင်လာခဲ့ကြရာ ညနေပိုင်း အချိန်သို့ တိုင်ခဲ့ကြလေသည်။ 

                       ဒီမိုရာသည် ခရီးနှင်လာရင်း တောင်ကုန်းမြင့်လေး တစ်ခုသို့ အရောက်တွင် မြင်းကို ခဏရပ်နားကာ ရှေ့ဆက်ရန် ခရီးလမ်းကြောင်း အခြေအနေ နှင့် မိုးကောင်းကင်ကို တစ်ချက် လှမ်း ကြည့်လိုက်လေသည်။ ထို့နောက် အနီးရှိ မယ်မြအား ............

ညီမ .......
ဟိုးက မြင်နေရတဲ့
လွင်ပြင်ကို ဖြတ်ပြီးရင်
နားကြရအောင်
မြင်းတွေ ပန်းနေကြပြီ။

ဟုတ်ကဲ့ပါ ၊ အကို .......

                       ထို့နောက် မယ်မြ နှင့် ဒီမိုရာ တို့သည် ခရီးကို ဆက်လက် ထွက်ခွာလာခဲ့ကြလေသည်။

*********************************

ခံတပ်ဖြူ တိုက်ပွဲနေရာ။


တောက်.........
ရိုင်းလိုက်လေခြင်း။


                        ယုဒီပ နိုင်ငံ၏ ရွှေဓါးကိုင် စစ်သူကြီး လော်ဒီယာသည် တိုက်ပွဲတွင် အကျအဆုံး များ စွာဖြင့် ရှုံးနိမ့် လာခြင်းအတွက် မိမိ စစ်တဲနန်းအတွင်း၌ ခံပြင်းဒေါသထွက်လျက် ရှိနေလေသည်။ ထိုသို့ ရှိနေစဉ် သူ၏ တဲနန်းအတွင်းသို့ စစ်သေနာပတိ ၀က္ကနော် ရောက်ရှိလာလေသည်။ လော်ဒီယာ သည် စစ်သေနာပတိ အား အရိုသေ ပေးလိုက်လေသည်။ ထို့နောက် စစ်သေနာပတိက ...........

မောင်ရင် ........
ဖြစ်ကြောင်းကုန်စင်
ပြောပြပါအုံး။

ဟုတ်ကဲ့။
ခံတပ်မှာ ရန်သူ့တပ်အသစ်တွေနဲ့
စစ်သူကြီး အသစ်ပါ ထပ်မံ ရောက်ရှိနေပါတယ်။
အနောက်ပိုင်းမှာ လှုပ်ရှားခိုင်းထားတဲ့
တပ်ဖွဲ့လည်း ကျဆုံးသွားပါပြီ။
ရန်သူတွေဘက်က ဗျူဟာကျကျ
စီမံ ထားမှုကို ခံလိုက်ရတာပါ။

အင်း ............
ရန်သူ့ ဘက်က
စစ်သူကြီးက
ဘယ်သူတုန်းကွယ့်။

ဆာဂျန်း လို့
သိထားရပါတယ်။

ဘာ ...........
မောင်ရင် ဘာပြောလိုက်တယ်။
ဆာဂျန်း ဟုတ်လား။

ဒီလူက ဘယ်လို
ပြန်ပေါ်လာရတာလဲ။

သူ့ကို သိထားလို့လား။


သိတာပေါ့ကွာ။
ရင်းရင်းနှီးနှီးကို သိတာ။
အရည်ချင်းပြည့်ဝပြီး
တိုက်ရည်ခိုက်ရည် ရှိတဲ့
လူ တစ်ယောက်ပဲ။
ဗျူဟာပိုင်းလည်း
ကျွမ်းကျင်ပိုင်နိုင်မှု
ရှိတဲ့ လူ တစ်ယောက်ပဲ။
ဒီ ခံတပ်မှာ ဒီလူ ရှိနေရင်
တိုက်ရ ခက်ချေပြီ။

မောင်ရင် ........
တပ်ခေါင်းဆောင်တွေကို
စုစည်း လိုက်ပါ။
ပြန်စည်းဝေးရမယ်။
ဗျူဟာ အသစ် ပြန်ချမှတ်ရတော့မယ်။

ကောင်းပါပြီ။
သေနာပတိ
အမိန့်အတိုင်းပါ။

                        ထို့နောက် ယုဒီပနိုင်ငံ၏ စစ်သေနာပတိ ၀က္ကနော်သည် လော်ဒီယာ၏ စစ်တဲနန်း အတွင်း မှ ပြန်လည် ထွက်ခွာသွားလေသည်။

**********************************


                         ညသည် တိတ်ဆိတ်ငြိမ်သက်လွန်း လှနေလေသည်။ ကောင်းကင်၌ ကြယ်တွေ စုံညီ နေသော်လည်း လမင်း ရှိမနေသည့်အတွက် ပြည့်စုံမှုတော့ ကင်းမဲ့နေလေသည်။ တစ်ချက်တစ်ချက် တိုက်ခိုက်လာသော ညလေစိမ်းတွေ ကြောင့် ရာသီဥတုမှာ တစ်စတစ်စ အေးမြလာခဲ့လေသည်။ စခန်းချရာနေရာ၌ အလင်းရောင် နှင့် အနွေးဓါတ်ကို ရရှိစေရန် မီးပုံတစ်ခုကို ဖိုထားပြီး မလှမ်း မကမ်းနေရာတွင်တော့ တစ်နေကုန် ပြေးလွှားနေခဲ့ရသော မြင်းနှစ်ကောင်သည် ကောင်းမွန် စွာ အနားယူလျက် ရှိနေပေသည်။ မီးပုံရဲ့ ဘေး တစ်ဘက်တစ်ချက် စီမှာတော့ လူနှစ်ဦးသည် ညအချိန် ကို ဖြတ်သန်းရင်း အနားယူလျက် ရှိနေကြလေသည်။ ထိုသူတို့မှာ မိန်းခလေး တစ်ဦး နှင့် လူရွယ် တစ်ဦး ဖြစ်ပြီး မယ်မြ နှင့် ဒီမိုရာ လည်း ဖြစ် လေသည်။

                        မယ်မြ သည် တစ်နေကုန် အပြင်းနှင်လာသော ခရီးစဉ်ကြောင့် ညစာ သုံးဆောင်ပြီး ချိန် မှ စကာ စတင် မှေးစက် အနားယူရ်ျ နေလေသည်။ မီးပုံဘေး တစ်ဖက်တွင်တော့ ဒီမိုရာ တစ် ယောက် မအိပ်စက်နိုင်သေးပဲ နောက် တစ်နေ့ လုပ်ဆောင်ရမည့် ခရီးစဉ်အတွက် တွေးတော နေ လေ လျက်ရှိနေ ပေသည်။ ဒီမိုရာသည် အိပ်စက်နေသော မယ်မြ ကို တစ်ချက်လှမ်းကြည့် လိုက် လေရာ ပိုမိုအေးလာသော ရာသီဥတုကြောင့် ခွေခွေလေး အိပ်စက်နေသည်ကို မြင်တွေ့ရလေ သည်။ ထို့ကြောင့် ဒီမိုရာသည် တစ်ချက်ပြုံးလိုက်မိပြီး အနီးရှိ ခြုံထည်တစ်ခုကို ယူကာ မယ်မြအား အသာ အယာ လွှမ်းခြုံ ပေးလိုက်လေသည်။ ဒီမိုရာ ၏ ခြုံထည် လွှမ်းခြုံပေးမှုကြောင့် မယ်မြ သည် အိပ်စက် နေရာမှ နှိုးသွားလေသည်။ ထို့နောက် မယ်မြ သည် ဒီမိုရာအား တစ်ချက် ပြုံးပြလိုက်ပြီး ...........

အကို ........
မအိပ်သေးဘူးလား။

အိပ်တော့မှာပါ။
ညီမ ချမ်းနေတာကို တွေ့လို့ .......

ကျေးဇူးပါ အကို
အိပ်ပါတော့လေ။
မနက်ခရီးဆက်ရအုံးမှာ
ပင်ပန်းနေပါ့မယ်။

                      မယ်မြ ရဲ့ စကားဆုံးတော့ ဒီမိုရာသည် အပြုံးနဲ့အတူ မယ်မြရဲ့စကားကို အသိမှတ်ပြု ခေါင်းညိတ်ပြလိုက် ပြီး မျက်ဝန်းများ ဆုံမိ ကြလေပြန်သည်။ ထို မျက်ဝန်းများ၏ အနက်သဘောကို နှစ်ဦးသား ရင်ထဲတွင်တော့ ပုံဖော်မိကြ လေသည်။

*******************************


                       ယုဒီပ တပ်များ၏ စခန်းချရာ တပ်တွင်းရှိ စည်းဝေး တဲနန်းဆောင်အတွင်း၌ စစ် သေနာပတိ ၀က္ကနော် နှင့် စစ်သူကြီး လော်ဒီယာ တို့ အပါအ၀င် တပ်ခေါင်းဆောင်များ အားလုံးသည် စုံညီစွာဖြင့် စည်းဝေးလျက် ရှိနေကြလေ သည်။ တဲနန်းအတွင်းရှိ စားပွဲ ရှည်ကြီးပေါ်တွင်တော့ ခံတပ်ဖြူကြီး၏ မြေပုံကို ကျနသပ်ရပ်စွာ ခင်းကျင်း ထားရှိကြ လေသည်။ ထို့နောက် စည်းဝေးပွဲကို ဦးဆောင်ထားသော စစ်သေနာပတိ ၀က္ကနော်က ...........

မောင်မင်းတို့ အားလုံးရဲ့
တင်ပြမှုကို သဘောကျမိပါတယ်။
တစ်ဖက်ခံတပ်မှာ ရှိနေတဲ့
ဆာဂျန်း ဆိုတဲ့သူက
တော်တန်ရုံမဟုတ်တဲ့
အရည်ချင်းကောင်းတွေကို
ပိုင်ဆိုင်ထားနိုင်သူဖြစ်တယ်။
ဒီ လူပျောက်ကွယ်နေတာ
နှစ်ပေါင်း နှစ်ဆယ်ကျော်လောက်
ရှိနေတော့မယ်။ ဒီ အချိန်မှာ
ပြန်ပေါ်ထွက်လာတာကို
ကြည့်ရရင် ရန်သူတွေ ဘက်က
အသေချာ ပြင်ဆင်ထားတယ်ဆိုတာကို
မှတ်သားလို့ရတယ်။ ဒီတော့ ....
ရှေ့ဆက် တိုက်ပွဲတွေမှာ
အစစအရာရာ ပိုပြီး အားစိုက်ကြရလိမ့်မယ်။

ဒီ စစ်ပွဲမှာ ခံတပ်ဖြူက
အခရာ အကျဆုံးပဲ။
ဒီ ခံတပ်ကို ကျော်လွန်နိုင်ရင်
ချီတက်ဖို့ လမ်းကြောင်း
နှစ်ခု ပွင့်သွားလိမ့်မယ်။
နောက်ပြီး နောက်ထပ်
တိုက်ပွဲတွေက မြို့သိမ်း
တိုက်ပွဲတွေ ဖြစ်လာလိမ့်မယ်။
မြို့သိမ်းတိုက်ပွဲတွေ ဖြစ်လာရင်
ရိက္ခာနဲ့ တခြား လိုအပ်တာတွေကို
စုစောင်း ရရှိ နိုင်ကြလိမ့်မယ်။
ဒီတော့ ဒီ ခံတပ်ကို ကျုပ်တို့
အပြီး သိမ်းပိုက် ထားနိုင်ဖို့
မဖြစ်မနေ လိုအပ်တယ်။

                        စစ်သေနာပတိ ၀က္ကနော်သည် စကားကို ခေတ္တရပ်နားကာ အနီးရှိ စစ်သူကြီး လော်ဒီယာ ကို တစ်ချက် လှမ်းကြည့်ကာ ...........

စစ်သူကြီး ........
မောင်ရင့်မှာ
ဘာများ တင်ပြစရာ
ရှိနေအုံးမလဲ။

ဟုတ်ကဲ့။
စဉ်းစားမိတာ
တစ်ခု ရှိနေပါတယ်။
ဒီ ခံတပ်ဟာ
တည်ဆောက်ထားပုံ
ကောင်းမွန်တယ်။
ရန်သူ့ဘက်က စစ်ဦးစီးက
အရည်ချင်းတယ်။
ရဲမက်တွေက စိတ်ဓါတ် မာကျေနေကြတယ်။
ဒီတော့ သုံးသပ်ကြည့်ရင်
ခံတပ်ကို အပြင်ကနေ
ဝိုင်းဝန်းပိတ်စို့ ပြီး လုပ်ကြံရင်
အကျဆုံးနဲ့ ထိခိုက်မှု များလာနိုင်တယ်။
အချိန်တွေကြာလာလို့ ရိက္ခာတွေ
မလုံလောက်တော့ရင် နောက်ဆုတ်ရဖို့ ရှိတယ်။
တိုက်ပွဲ နိုင်ပြီး အကျဆုံးများနေရင်လည်း
ရှေ့ဆက်တိုက်ဖို့ အားလျော့ သွားလိမ့်မယ်။
ဒါကြောင့် တခြား ပိုကောင်းမယ့်
နည်းစနစ် တစ်ခုကို အသုံးပြုစေချင်ပါတယ်။

ကောင်းပြီ မောင်ရင်
ဒီတော့ မောင်ရင် ဘယ်လိုများ
စဉ်းစားထားလဲ။

ဒီ ခံတပ်ဖြူ က
ကျောက်တုံးတွေနဲ့
တည်ဆောက်ထားတာဖြစ်တယ်။
ဒီတော့ ကျောက်တုံးတွေကို
တစ်တုံး နဲ့ တစ်တုံး ချိတ်ဆက်ရာမှာ
ချော်စဉ့်ကို အသုံးပြုရလိမ့်မယ်။
ချော်စဉ့် က မီး နဲ့ အပူကို ကြောက်တယ်။
ဒီ အချက်က ဒီ ခံတပ်ရဲ့
အားနည်းချက် တစ်ခုပဲ။

မောင်ရင် ပြောချင်တာက
ခံတပ်တံတိုင်းတွေကို
ဖြိုချ ပစ်ချင်တာလား။

ဟုတ်ပါတယ်။
တံတိုင်းတွေ ကျိုးပေါက်သွားရင်
ရန်သူတွေ တောင့်ခံထားနိုင်ဖို့
မဖြစ်နိုင်တော့ပါဘူး။

                        စစ်သူကြီး လော်ဒီယာ ၏ စကားဆုံးလေတော့ စစ်သေနာပတိ ၀က္ကနော် က မျက် မှောင် ကုတ်ကာ အနည်းငယ် စဉ်းစားကြည့်လေသည်။ ထို့နောက် ...........

ဟုတ်ပြီ ..........
မောင်ရင်ပြောတာ
နည်းလမ်းကျတယ်။
ကျုပ် တို့ ဒီတစ်ချက်ကို
မေ့လျော့နေကြတာ။
ဒီတော့ ဒီနည်းစနစ်ကို
နောက်တိုက်ပွဲမှာ
အသုံးပြုကြတာပေါ့။
ပြင်ဆင်စရာ ရှိတာတွေကို
အားလုံး ပြင်ဆင်ထားကြပါ။
ဒီကြားထဲမှာ သတိ လုံးဝ
မလစ်ဟင်းကြပါစေနဲ့။


                         စစ်သေနာပတိ ၀က္ကနော်သည် ထိုနေ့ စည်းဝေးပွဲ၌ အသီးသီး တင်ပြလာကြသော တပ်ခေါင်းဆောင် များရဲ့ စကားများနှင့် စစ်သူကြီး လော်ဒီယာ ၏ စကားများကို သုံးသပ် ဆွေးနွေး ပြီး ဆုံးဖြတ်ချက်တစ်ခု ချမှတ်ကာ နောက် တိုက်ပွဲအတွက် ပြင်ဆင်စရာရှိတာများကို ပြင်ဆင်စေ ကာ စည်းဝေးပွဲကို ပိတ်သိမ်း လိုက်လေတော့သည်။

*********************************



                          ဒီမိုရာသည် အိပ်နေရာမှ နိုးသည်ဆိုလျင်ပဲ မျက်လုံးကို ဖွင့်ကြည့် လိုက်လေရာ နေအတော်မြင့် နေကြောင်း တွေ့ရလေသည်။ ထို့ကြောင့် အိပ်ရာမှ ထလိုက်ပြီး ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်လေရာ မလှမ်းမကမ်း တွင် ခရီးထွက်ရန် အသင့် ဖြစ်နေသော မယ်မြကို တွေ့ရ လေသည်။ ထို့ကြောင့် ဒီမိုရာသည် ပါလာသော ရေဗူးထဲမှ ရေ အနည်းငယ်ဖြင့် မျက်နှာသစ်လိုက်ပြီး ပြင်ဆင်စရာရှိတာများကို ပြင်ဆင်လိုက်လေသည်။ အားလုံး ပြင်ဆင်ပြီးသည့်နောက် သူ့အား တလျှောက်လုံး ထိုင်ကြည့်နေသော မယ်မြက ...........

အကို .......
မနက်စာ စားလိုက်ပါအုံး။

ညီမ ပြင်ထားတာလား။
ကျေးဇူးပါပဲ။

                         ထို့နောက် ဒီမိုရာသည် မယ်မြ ပြင်ဆင်ပေးထားသော မနက်စာကို ကောင်းမွန်စွာ စားသောက်ပြီး သည့်နောက် ..........

ကဲ ညီမ .........
ခရီးစကြစို့။
အချိန်က လင့် နေပြီ။

                         ဒီမိုရာသည် ပြောပြောဆိုဆိုနှင့်ပင် မြင်းပေါ်သို့ တက်လိုက်လေသည်။ ထို့နောက် သူတို့ နှစ်ဦးသား သည် တတိယနေ့ ခရီးစဉ်ကို စတင်လိုက်ကြပြီး မြင်းများကို ဒုန်းစိုင်းကာ ထွက်ခွာ သွားကြလေတော့သည်။

( ဆက်လက်ဖော်ပြပါမည်။ )

Rocker77



October 21, 2011

ငါ့ သွေး ငါ့ မြေ ငါ့ အရည်သွေး ။ အပိုင်း ( 21 )


အခန်း( 21 )

ခံတပ်ဖြူ တိုက်ပွဲ နေရာ ။


                            ဟန်သော်ဝေနိုင်ငံ၏ စစ်ဦးစီး ဆာဂျန်းသည် နောက်လိုက်နောက်ပါ ရဲမက် စစ်သည်များအားလုံး သည် ခံတပ်ဖြူအတွင်းသို့ ၀င်ရောက် ရောက်ရှိကြပြီးနောက် လောင်ကျွမ်းနေ သော မီးများကို ၀ိုင်းဝန်းငြှိမ်းသတ်ကြလေရာ မီးတောက်များအားလုံး ငြိမ်းအေးသွားလေသည်။  ခံတပ်ဖြူတွင်း ၌ ရှိသမျှ အင်အားဖြင့် တောင့်ခံထားနိုင်ခဲ့သော ခံတပ် မှူး ကိုလည်း ခေါ်ယူ တွေ့ ဆုံကာ အရှေ့ဘက်စစ်မျက်နှာပြင် အခြေနေကို စုံစမ်းမေးမြန်းလေသည်။

                                   ထို့နောက် စစ်ဦးစီး ဆာဂျန်းသည် နောက်ထပ် တိုက်ပွဲအတွက် ဗျူဟာများကို ပြင်ဆင်ရေးဆွဲ လေတော့သည်။ ဆာဂျန်းသည် ခံတပ်တွင်းရှိ ရိက္ခာများကို ခံတပ်အနောက်ပိုင်းသို့ ပြောင်းရွေ့ ထားရှိစေလေသည်။ အကြောင်းမှာ ရန်သူ့ထံမှ နောက်ထပ် မီးကောက်ရိုးလုံးများဖြင့် တိုက်ခိုက်ခံရပါက ရိက္ခာများ မီးလောင်ပျက်စီးခြင်းမှ ကင်းလွတ်စေရန် မီး မကျရောက်နိုင်သော နေရာများသို့ ကြိုတင် ပြောင်းရွေ့ထားခြင်း ဖြစ်လေသည်။ ထို့နောက် အရှေ့ ဘက် ခံတပ်တံတိုင်း အား ကာကွယ်နိုင်စေရန် လေးတပ် ၊ ဒိုင်း နှင့် ဓါး ကိုင် ခြေလျင်တပ်များကိုလည်း တံတိုင်းပေါ်သို့ ထပ်မံအားဖြည့် စေလေသည်။ ထို့နောက်တွင်တော့ မြင်းတပ်ကို နှစ်ပိုင်းခွဲကာ ခြေလျင် လှံတပ် ၊ ဒိုင်း နှင့် ဓါးကိုင် တပ် များနှင့် ပေါင်းစည်းကာ ခံတပ်ဖြူ အနောက်ပိုင်းမှ ထွက်ခွာစေပြီး တောအုပ် အတွင်း ၌ တပ်နှစ်ဖြာ ဆင်းစေကာ အရှေ့ ဘက်စစ်မျက်နှာပြင်အနီး တပ်စွဲ ထားရှိလေသည်။ ထိုသို့ ပြုလုပ်ခြင်းမှာလည်း အရှေ့ဘက် စစ်မျက်နှာပြင်ကို အာရုံစိုက် နေစဉ် အနောက်ဘက်ပိုင်းသို့ တော အုပ် အတွင်းမှ ရန်သူများ ချီတက်မလာစေရန် နှင့် အရှေ့ဘက်စစ်မျက်နှာပြင်ကို အထောက်ကူ ပြု စေရန် စီစဉ်ထားခြင်း ဖြစ်လေသည်။

                           ထို့အပြင် ခံတပ်တွင်း၌လည်း စက်ဝိုင်းပုံစံ မြောင်းငယ် သုံးထပ်ကို တူးစေကာ ထို မြောင်း ငယ် ထဲများတွင် ကောက်ရိုးများကို သစ်စေးများဖြင့် ရောနယ်စပ်စေပြီး ထားရှိလေသည်။ ထို့နောက် အပေါ်မှ ထပ်ကာ ဆီများ ကို ထပ်မံလောင်းချ ထားရှိစေသည်။ ကျန်ရှိသော ဆီ အိုးများ ကို အရှေ့ဘက် ခံတပ် တံတိုင်းပေါ်သို့ တင်ထားစေလေသည်။ ဆာဂျန်းသည် အရှေ့ဘက် တံတိုင်းပေါ် ၌ စစ်ကို ကိုယ်တိုင်ကွပ်ကဲ ဦးစီးပြီး တောအုပ်တွင်းသို့ ထွက်ခွာသွားသော မြင်းတပ် နှင့် ခြေလျင်တပ် များ ပေါင်းစည်းထားသော တပ်နှစ်သွယ်တွင် အနောက်ဘက် တိုက်ပွဲတွင် စွမ်းရည်ပြသခဲ့သော တပ် မှူး ငယ် ခွန်ဒီနောင် နှင့် အရှေ့ဘက် တိုက်ပွဲတွင် ခံတပ်ကို တောင့်ခံထားနိုင်သော ခံတပ်ဖြူ တပ်မှူး တို့အား အသီးသီး ခေါင်း ဆောင်များအဖြစ် တာဝန်ပေးအပ်ကာ ကြိုတင်စေလွှတ် ထားရှိလေသည်။ ထို့သို ဖြင့် အချိန်သည် နောက်တစ်နေ့ နံနက် သို့ တိုင်လာခဲ့လေသည်။


*****************************************



                            ယုဒီပ နိုင်ငံ၏ ရွှေဓါးကိုင် စစ်သူကြီးလော်ဒီယာ သည် ခံတပ်ဖြူဘက်သို့ လေ့လာ အကဲခတ်လျက် ရှိနေလေသည်။ ခံတပ်ဖြူ၌ အစောပိုင်းက လောင်ကျွမ်းနေသော မီးတောက်များကို မမြင်တွေ့ရတော့ချေ။ တံတိုင်းပေါ်ရှိ ရဲမက် အင်အားမှာလည်း ပုံမှန်အခြေနေအတိုင်းသာ တွေ့မြင် နေရလေသည်။ သို့သော် ခံတပ်အနောက်ပိုင်း၌ လှုပ်ရှား ခိုင်း ထားသော အတပ်ဖွဲ့၏ သတင်းပို့မှုကို တော့ အဆက်ပြတ်ရ်ျ နေလေသည်။ ထိုအချက်ကို လော်ဒီယာသည် စိတ်ထဲတွင် မသိုး မသန့် ဖြစ်ရ်ျ နေလေသည်။ အစီစဉ်အတိုင်းဆိုပါက ယခုနံနက်တိုင်လျှင် ခံတပ်ဖြူအား တရှိန်ထိုး ထိုးစစ်ဆင်ကာ တိုက်ခိုက် ရန်သာ ဖြစ်လေသည်။ သို့သော် စိတ်လေးလံရ်ျ နေပြန်သည်။ အကြောင်းမှာ ခံတပ်အရှေ့ ပိုင်းတွင် အခြေနေမှာ အားလုံးပုံ မှန် အတိုင်းဖြစ်နေသော်လည်း အနောက်ဘက်သို့ စေလွှတ်လိုက် သော တပ်ဖွဲ့များ၏ အချက်ပြမှု ကင်းမဲ့နေခြင်းက အရှေ့ နှင့် အနောက် ကျိုးကြောင်းမညီမှုကို လှစ် ဟာ ပြလျက် ရှိနေခြင်းကြောင့် ဖြစ်လေသည်။ ထို့နောက် လော်ဒီယာသည် ယုဒီပနိုင်ငံ ၏ စစ်သေနာ ပတိ ဖြစ်သူ ၀က္ကနော် ထံသို့ သွားရောက်ကာ အနည်းငယ် တိုင်ပင်ကြည့်လေရာ သေနာပတိ ၀က္ကနော် က ..............

မောင်ရင် စိတ်ထင်နေတာပဲ ဖြစ်မှာပါ။
ကျုပ် တို့ရဲ့ အောင်မြင်မှုက လက်တကမ်းပဲ လိုတော့တာ။
ဘာမှ တွေဝေနေစရာ အကြောင်းမရှိဘူး။
အချိန်ရောက်တာနဲ့ ထိုးစစ်ကို စတင်လိုက်တော့။
ရာဇ၀င်သစ်ကို ကျုပ် တို့ရေးထိုးကြမယ်။

                            စစ်သူကြီးလော်ဒီယာသည် သေနာပတိ နှင့် စကားပြောဆိုပြီးသည့်နောက် နောက် ပိုင်း စစ်တဲနန်း အတွင်းမှ အရှေ့ဘက် တပ်များဆီသို့ ပြန်လည် ထွက်ခွာလာခဲ့လေသည်။ ထို့နောက် မိမိရဲ့ တပ်များအားလုံးကို လိုက်လံ စစ် ဆေးကြည့်ရာ တပ်များအားလုံးသည် တိုက်ခိုက်ရန် အသင့် အနေအထားတွင် ရှိနေကြလေသည်။



**************************************

                             
ဘော် .........................

                             ဆွဲငင်စွာဖြင့် အသံပြုလိုက်သော စစ်ချီ တံပိုးမှုတ်သံ ပေါ်ထွက် လာလေသည်။

ဟိတ် ..... ဟိတ် ...... ဟိတ် .......

                              တံမှုတ်သံရဲ့ အဆုံး၌ ယုဒီပ စစ်သည်များသည် တောခြောက်သံ ကဲ့သို့ အသံများ ပေး ကာ တပ်များကို စက်ဝိုင်းခြမ်းပုံစံဖြန့်ခင်းလျက် ခံတပ်ဖြူဘက်သို့ ညီညာစွာ ချီတက်လာ ကြ လေ သည်။ ထိုသို့ ချီတက်လာ ရာတွင် ခံတပ်တံတိုင်းပေါ်သို့ တက်ရောက်တိုက်ခိုက်ရန် နှင့် ခံတပ် ကျုံး အား ကျော်ဖြတ်နိုင်ရန် ရည်ရွယ်လျက် စစ်သည် များလိုက်ပါနိုင်သော ဘီးတပ်ငြမ်းစင်ကြီးများ လည်း ပါဝင်ကြလေသည်။ ယုဒီပ တပ်များသည် ခံတပ်ဖြူသို့ ချီတက် လာကြရာ ခံတပ်နှင့် မလှမ်း မကမ်းနေရာသို့ ရောက်ရှိကြလျှင် ခံတပ်ဖြူပေါ်မှ ဟန်သော်ဝေ ရဲမက်များသည်လည်း ခံတပ် တံ တိုင်း ပေါ်မှနေရ်ျ အသင့်နေရာယူ စောင့်ဆိုင်းနေကာ လေးမြှားတို့ကို အသင့်ပြင်ဆင် ထားရှိကြ လေသည်။ သို့သော် ချီတက်လာသော ယုဒီပ တပ်များသည် ခံတပ်ဖြူ၏ မြှားပစ်ကွင်းအတွင်းသို့ မရောက်ခင်တွင် ရပ်တန့်လိုက်ကြခြင်း ဖြစ်လေ သည်။ ထို့နောက် ယုဒီပတပ်များ၏ စစ်သူကြီး လော်ဒီယာသည် ခံတပ်ရှေ့သို့ မြင်းကိုစီးနှင်းလျက် ထွက်ခွာလာပြီး ......

ဟေ့ ...........
ဟန်သော်ဝေ ခံတပ်မှူး
မောင်ရင်တို့ အခုချိန်မှာ
လက်နက်ချမယ်ဆိုရင်
အချိန်မှီသေးတယ်နော်။
မသက်မသေချင်သေးရင်
လက်နက်ချ ကြပါ။

ဟား .... ဟား .... ဟား ......
ဒီမယ် မောင်ရင်
မောင်ရင့် ကြည့်ရတာ
အသက်ငယ်ပါသေးတယ်။
မောင်ရင် လောက ကြီးထဲမှာ
ပျော်ပျော်နေချင်သေးတယ်ဆိုရင်
မောင်ရင့် ရဲ့ တပ်တွေကို
နောက်ပြန်ဆုတ်ခိုင်းလိုက်ပါ။
ကျုပ်တို့က အသက်ကြီးနေပြီကွယ့်။
လူ လုပ်ခဲ့တဲ့ အချိန်တွေ သိပ်များနေခဲ့တော့
သေ ဖို့ အဆင့်သင့် ဖြစ်နေပြီကွ။

                               ခံတပ်ဖြူ ရဲ့ တံတိုင်းပေါ်မှ ပြန်လည် ချေပ ပြောဆိုသော အသံရှင်မှာ မိမိ ပထမ အကြိမ် လာရောက်စကားပြောသော ခံတပ်မှူး၏ အသံမဟုတ်မှန်းကို စစ်သူကြီးလော်ဒီယာ ကောင်း စွာ ရိပ်မိလေသည်။ ထို့ကြောင့် လော်ဒီယာ က .............

ဟေ့ ....အဘိုးကြီး ........
အသက်လည်းကြီးနေပြီ
အခုထိ အချိန်မစီးသေးပါလား။
အချိန်မစီးသေးလဲ
အချိန်စေ့အောင်တော့
လုပ်ပေးနိုင်ပါတယ်။

ဟေ့ ...... မောင်ရင်
မှတ်ထားအုံးကွယ့်။
ကျုပ် နာမည် ဆာဂျန်း
မောင့်ရင့် အစွမ်းအစကို
ကျုပ် ကြည့်ရသေးတာပေါ့။
လောလောဆယ် မောင်ရင့်အတွက်
ကျုပ် လက်ဆောင် တစ်ခု စီစဉ်ထားတယ်။
ရော့ ................

                                  စစ်ဦးစီး ဆာဂျန်းသည် စကားဆုံးသည်နှင့် တပြိုင်နက် ခံတပ်တံတိုင်းပေါ်မှ နေ ရ်ျ တစ်စုံ တစ်ခုကို ပစ်ချပေးလိုက်လေသည်။ မြေပြင်ပေါ်သို့ ကျလာသော ထိုအရာကို စစ်သူကြီး လော်ဒီယာသည် အနားသို့ သွားကာ ကြည့်လိုက်လေရာ မိမိ ခံတပ်အနောက်ပိုင်းသို့ လှုပ်ရှား တိုက် ခိုက် ရန် စေလွှတ်ခဲ့သော တပ်ခေါင်းဆောင်၏ ဦးခေါင်းပြတ် ဖြစ်နေသည်ကို တွေ့မြင်ရလေရာ အနည်းငယ် တုန်လှုပ်သွားလေသည်။ ထို့နောက် လော်ဒီယာသည် မြင်းပေါ်မှ ဆင်းကာ ထို ဦးခေါင်း ပြတ်အား ကောက်ယူမည်အပြု ............

ဝှစ် .......................

                                 အသံ နှင့်အတူ မြှားတစ်စင်း ကျရောက်လာပြီး ထို ဦးခေါင်းပြတ်အား ထုတ်ချင်း ဖောက်ထွက် သွားလေသည်။ လော်ဒီယာ သည် အခြေအနေကို သဘောပေါက်မိပြီး မြင်းပေါ်သို့ ပြန်တက်ကာ မိမိရဲ့ ရွှေရောင်းဓါးကို တဖက်မှ ရန်သူများအားလုံးမြင်သာအောင် ထောင်ပြ လိုက်လေ သည်။ ထို့နောက် မြင်းဇက်ကြိုးကို ဆွဲလှည့်ကာ မိမိရဲ့ တပ်များ ဘက်ဆီသို့ ပြန်လည်ထွက်ခွာ လာခဲ့ လေသည်။ ထိုခေတ်ထိုအခါက စစ်မက်သဘောအရ တစ်ဖက်ရန်သူမှ ပစ်လွှတ် လိုက်သော မြှား သည် စစ်တိုက်မည်ဟု စိန်ခေါ်သော သဘောကိုဆောင်ပြီး လော်ဒီယာ၏ ဓါး ပြန်ထောင်ပြမှုမှာ ထို စိန်ခေါ် မှုကို လက်ခံကြောင်း ပြန်လည်ပြသခဲ့ခြင်း ဖြစ်လေသည်။ ထို စိန်ခေါ်မြှားအား ပစ်လွှတ်ခဲ့သူ မှာ ဟန်သော်ဝေ နိုင်ငံ၏ စစ်ဦး စီး ဆာဂျန်း ကိုယ်တိုင်ပင် ဖြစ်လေသည်။

*************************************


                                 ယုဒီပနိုင်ငံ၏ စစ်သူကြီး လော်ဒီယာသည် မိမိ တပ်များဘက်ဆီသို့ ပြန်ရောက် သည် နှင့် တပြိုင်နက် မြင်းအား တပ်များအားလုံး၏ ရှေ့မှောက်တွင် ရပ်တန့် လိုက်လေသည်။ ထို့ နောက် မိမိရဲ့ ဓါးအား ဓါးအိမ် တွင်းမှ ဆွဲထုတ်လိုက်သေလည်။ ဓါး ကိုင်ထားသော လက်အား လေ ပေါ် သို့ ဆန့်တန်း မြှောက်ပြလိုက်လေရာ ယုဒီပ စစ်သည်များ အားလုံးသည် မိမိတို့ရဲ့ လက်နက်များ အားလုံးကို အသင့်ပြင်ဆင်ကြလေသည်။ ထို့နောက် စစ်သူကြီး လော်ဒီယာက မြှောက် ထားသော လက်ကို အပေါ်မှ အောက်သို့ ချကာ အချက်ပြ အမိန့်ပေးမှုကို ပြုလုပ်လိုက်လျှင် .........

ယား ................
ဟေး .................

                               ယုဒီပ စစ်သည်များအားလုံးသည် ညာသံပေးလျက် ခံတပ်ဖြူကြီးဆီသို့ တရှိန်ထိုး ပြေးဝင် တိုက်ခိုက်လေတော့သည်။ ထိုသို့ ပြေးဝင်တိုက်ခိုက်သော စစ်သည်များတွင် ခြေလျင် စစ် သည် များ အများဆုံး ပါဝင်ပြီး တံတိုင်းပေါ်သို့ တက်ရောက်တိုက်ခိုက်ရန်အတွက် ဘီးတပ် ငြမ်းစင် များ နှင့် လှေခါးရှည်များ သည်လည်း ပါဝင်ကြလေ သည်။

                               ခံတပ် တံတိုင်းပေါ်၌ အသင့်စောင့်နေသော စစ်ဦးစီး ဆာဂျန်းခေါင်းဆောင်သော ဟန်သော်ဝေ ရဲမက်များသည်လည်း လေးမြှားများကို အသင့်ပြင်ကာ ပစ်လွှတ်ရန် အမိန့်ကို စောင့် ဆိုင်းလျက် ရှိနေကြလေသည်။ စစ်ဦးစီး ဆာဂျန်းသည် ပြေးဝင်လာသော ရန်သူ့စစ်သည်များကို မြှားပစ်ကွင်း ထဲသို့ အပြည့်အ၀ ၀င်ရောက်စေရန် ခေတ္တ စောင့်နေလိုက်ပြီး သတ်မှတ် ဧရိယာ အတွင်းသို့ ရန်သူများ ပြေးဝင် ရောက်လာလျှင် ပစ်လွှတ်ရန် အမိန့်ပေး အချက်ပြ လိုက်လေရာ ...........

ဝှစ် ..... ၀ှစ် ...... ၀ှစ် ........
ဝှီး ...... ၀ှီး ...... ၀ှီး ..........
အား ..... အု .... အား ......

                               ပစ်ကွင်းပေါ်သို့ ဟန်သော်ဝေ ရဲမက်များ၏ မြှားမိုးများ တရပ်စပ် ရွာချလေရာ ယုဒီပ စစ်သည် များသည် တတော်များများ ထိခိုက် ဒဏ်ရာ ရရှိကြကုန်လေသည်။ မြှား ဒဏ်မှ လွတ်ကင်းလာသော ယုဒီပ စစ်သည် များသည် လှေခါးများကို ခံတပ်အပြင်ဘက် ကျုံးစပ်မှနေရ်ျ တံတိုင်းပေါ်သို့ မှီထောင်လျက် ဓါးများကို လက်မှကိုင်ဆောင် ကာ သွေးဆာနေသော သရဲသဘက် များသဖွယ် အတင်းဝင် တက်တိုက်ကြလေတော့သည်။ ဘီးတပ်ငြမ်းစင် ကြီးများသည် မြှားဒဏ်ကို ကြိုတင် ကာကွယ်ထားသောကြောင့် ဖြေးဖြေးမှန်မှန် နှင့် ခံတပ်ဖြူဆီသို့ ချီတက်လာလေသည်။ စုစုပေါင်း ငြမ်းစင် ခုနှစ်ခု ခန့် ဖြစ်လေသည်။

                                ထိုသို့ ထိုးစစ် ဆင်လာသော ယုဒီပ စစ်သည်များကို ခံတပ်ပေါ်ရှိ ဟန်သော်ဝေ ရဲမက်တို့က မြှားများဖြင့် တရစပ် ပစ်ခတ်လျက် ရှိနေလေသည်။ တံတိုင်းသို့ ကပ်ကာ ထောင်လာ သော လှေခါးများကိုလည်း ပြန်လည် တွန်းချ ပစ်ကြလေသည်။ လှေခါးများပေါ်မှ ဒဏ်ရာရ ယုဒီပ စစ်သည် တချို့သည် ကျုံးရေအတွင်းသို့ ပြုတ်ကျကုန်ကာ ဇီဝိန် ချုပ်ငြိမ်း ကြကုန်လေသည်။ ထို့ နောက် ဘီးတပ်ငြမ်းစင်ကြီးများသည် တံတိုင်းအနီးသို့ ရောက်ရှိလာကြပြီး အရှေ့ဘက်ရှိ အကာ ကွယ်များကို ဖြုတ်ချလိုက်လေရာ ထိုအကာကွယ်များသည် ခံတပ်ကျုံးပေါ်သို့ ကျရောက်ကုန်ပြီး တံတားများသဖွယ် ဖြစ်သွားလေသည်။ ထို့နောက် ငြမ်းစင်ကြီးများအတွင်းရှိ လိုက်ပါလာကြသော ယုဒီပစစ်သည်များသည် ငြမ်းစင်ထဲမှ လှေခါးများကို ထုတ်ကာ ခံတပ်တံတိုင်းနှင့် ချိတ်ဆက် လိုက် ကြလေသည်။

                                 ထို လှေခါးများကို ဖယ်ခွာရန် ရောက်ရှိလာသော ဟန်သော်ဝေ ရဲမက်များကို ငြမ်းစင်ပေါ်ရှိ လေးသည်တော်တို့က မြှားများဖြင့် ပစ်ခတ်ကာ ထိန်းသိမ်း ကာကွယ်ပေးထား လေ သည်။ ထို့နောက် ဒိုင်း နှင့် ဓါးများ ကိုင် ဆောင်သော ယုဒီပ စစ်သည်များသည် ထိုလှေခါးများပေါ် တွင် တက်ရောက်ဖြတ်သန်းကာ ခံတပ် တံတိုင်းပေါ်သို့ အတင်း ၀င် တိုက်ခိုက်ကြလေသည်။ ထိုသို့ ဖြင့် ငြမ်းစင်များ နှင့် ခံတပ်တံတိုင်းကို လှေခါးများဖြင့် ချိတ်ဆက်ထားခြင်း ၊ ကျုံးရေ ပေါ်သို့ တံတား သဖွယ် ခင်းထားခြင်း ၊ ငြမ်းစင်ပေါ်များမှ လေးသည်တော်တို့က ကူပစ် ပေးထားခြင်းကြောင့် ယုဒီပ စစ်သည် များသည် ခံတပ်တံတိုင်းပေါ်သို့ အဆက်မပြတ် တက်ရောက် ထိုးစစ်ဆင်နိုင်ကြလေသည်။ ၄င်းအပြင် ငြမ်းစင် ခုနှစ်ခု ၏ လွတ်နေသော နေရာလွတ်များကြားမှလည်း လှေခါးရှည်များဖြင့် ခြေ လျင်စစ်သည်များကလည်း ဒိုင်းများကို အကာကွယ်ယူလျက် ခံတပ်တံတိုင်းပေါ်သို့ တက်ရောက် တိုက်ခိုက် ကြပြန်သေးသည်။

                                  ခံတပ်ဘက်မှလည်း တက်ရောက်လာသော ယုဒီပ စစ်သည်များကို ပစ်ခတ် တိုက်ခိုက် နေသည့် လေးတပ်၏နောက်တွင် အသင့်နေရာယူထားသော ဒိုင်း နှင့် ဓါး ကိုင်ရဲမက် များကလည်း ပြန်လည်ခုခံ တိုက်ခိုက်လျက် ရှိနေ ပေရာ အနီးကပ်တိုက်ပွဲ မှာ အလွန်ပြင်းထန်လှပြီး သွေးချင်းချင်းရဲကာ ညှိနံ့စို့စို့ ဖြင့် နံနက်သစ်တစ်ခုကို ဖွင့်လှစ်လိုက်ကြ လေသည်။ တိုက်ပွဲသည် လွန်စွာပြင်းထန်လှသောကြောင့် နှစ်ဘက်စလုံး အသေနှင့် ထိခိုက် ဒဏ်ရာရ စစ်သည်ရဲမက် များ သည်လည်း များပြားကြလေသည်။ ခံတပ် တံတိုင်းကို တာဝန်ယူထားသော စစ်ဦးစီး ဆာဂျန်းသည် လည်း ငြမ်းစင် ခုနှစ် နေရာများ၌ မိမိဘက်မှ အားနည်းသွားသော နေရာများကို ဖြည့်ဆည်းကာ တိုက်ခိုက်လျက် ရှိနေပေသည်။ ထိုသို့ တိုက်ခိုက် နေရင်းမှ .............

ဆီအိုးတွေ သုံးကြ ............

                                စစ်ဦးစီး ဆာဂျန်းသည် ကျယ်လောင်သော အသံဖြင့် အမိန့်ထပ်ပေးလိုက်လေရာ ဟန်သော်ဝေ ရဲမက်များသည် ငြမ်းစင်များပေါ်သို့ ဆီအိုးများကို ပစ်ပေါက်ကြလေသည်။ ထိုသို့ ဆီအိုးများ ပစ်ပေါက်ကြပြီးနောက် တံတိုင်းပေါ်ရှိ ဟန်သော်ဝေ လေးသည်တော်အချို့သည် မြှား ထိပ်၌ မီးစာများကို မီးရှို့ကာ ဆီအိုးများ ထိမှန်ထားသော ငြမ်းစင်များကို မီးမြှားများဖြင့် ပစ်ခွင်း လေရာ ငြမ်းစင်များ မီးစွဲ လောင်ကုန်တော့သည်။ ထိုသို့ ငြမ်းစင်များ မီးစွဲလောင် ကုန်သောကြောင့် ယုဒီပစစ်သည်များ၏ တံတိုင်းပေါ်သို့ တက်ရောက်တိုက်ခိုက်သော စစ်သည်အင်အားသည်လည်း တဖြည်း ဖြည်း အားပျော့လာလေသည်။ ထို့ကြောင့် ခံတပ် တံတိုင်းပေါ်ရှိ ဟန်သော်ဝေ ရဲမက်များ သည် အခြေအနေကို ထိန်းချုပ် လာနိုင်ပြီး ရန်သူ့ တပ်များကို အသာစီးရလာကာ ယုဒီပစစ်သည် များ ကို ပိုမို သုတ်သင် လာနိုင်လေသည်။

                                ထို့နောက် ဟန်သော်ဝေ စစ်ဦးစီး ဆာဂျန်းက .............

အချက်ပြလိုက်တော့ ဟေ့ ............

                                 နောက်ထပ်တစ်ကြိမ် ကျယ်လောင်သော အသံဖြင့် အမိန့်ထပ်ပေးလိုက်ရာ ခံတပ်အစွန်း နှစ်ဘက်ရှိ လေးသည်တော် တချို့သည် မီးမြှားများကို ကောင်းကင်ပေါ်သို့ ပစ်လွှတ်ကာ အချက်ပြလိုက်လေရာ ကြိုတင် နေရာယူ စောင့်ဆိုင်းနေသော တပ်မှူးငယ် ခွန်ဒီနောင် နှင့် ခံတပ်ဖြူ တပ်မှူးတို့ ဦးဆောင်သော မြင်းတပ်ပါသော တပ် ပေါင်းစု နှစ်ခုသည် တောအုပ်တွင်းမှ တရှိန်ထိုး ပြေးထွက်လာကာ စက်ဝိုင်းခြမ်းပုံစံဖြင့် လာရောက်တိုက်ခိုက်သော ယုဒီပ စစ်သည်များကို စက်ဝိုင်းစွန်း နှစ်ဘက်မှနေရ်ျ စတင် ထိုးစစ်ဆင်လေတော့သည်။

                                 ထိုသို့ဖြင့် တိုက်ပွဲသည် ပိုမို ရှုပ်ထွေးလာတော့ လေသည်။ ယုဒီပ တပ်များ၏ ငြမ်းစင် ကြီးများ သည်လည်း မီးစွဲလောင်မှုကြောင့် တဖြည်းဖြည်း ယိုင်နဲ့လာကုန် လေသည်။ မြေပြင်ပေါ်ရှိ ခြေလျင် စစ်သည်များသည် လည်း မြင်းတပ်ပါသော တပ်ပေါင်းစု နှစ်ခု၏ ထိုးစစ် ဆင်မှုကြောင့် အကျဆုံးများကာ ဖရိုဖရဲ ဖြစ်ကုန်ကြလေသည်။ ထိုအချင်းရာများကို တိုက်ပွဲနောက် ပိုင်းမှ ကြည့်နေသော စစ်သူကြီး လော်ဒီယာ မြင်လေသော် မြင်းတပ်ကို ဦးစီးကာ တရှိန် ထိုးပြေးဝင် တိုက်လေသည်။ စစ်သူကြီး လော်ဒီယာ စတင်တိုက်ခိုက်သော အခြမ်းသည် ခံတပ်ဖြူ တပ်မှူး ဘက် အခြမ်း ဖြစ် လေသည်။ ထို့ကြောင့် ထိုဘက်အခြမ်းသည် ပိုမို ရှုပ်ထွေးလာကာ တိုက်ပွဲမှာလည်း ပိုရ်ျ ပြင်းထန်လာလေသည်။

                                   တဖက်ခြမ်းရှိ တပ်မှူးငယ် ခွန်ဒီနောင် သည် မီးစွဲလောင်နေသော ခံနိုင်ရည် အား ချိနဲ့ လာ သော ငြမ်းစင်ကြီးများကို အဓိက ပစ်မှတ်ထားကာ ဖြိုခွင်းလျက်ရှိနေရာ ငြမ်းစင် လေးခုမျှ ပြိုပျက်သွားလေသည်။ ထို့နောက် နောက်ထပ် နောက်ထပ် ငြမ်းစင်များကို ဖြိုဖျက် တိုက် ခိုက်လာရင်း ခံတပ်မှူးဘက်အခြမ်းသို့ နီးကပ်လာ လေရာ အလည်ရှိ ယုဒီပ စစ်သူကြီး လော်ဒီယာ သည် နှစ်ဘက်ညှပ်ကာ ပိတ်မိ လေတော့သည်။ ထို့ကြောင့် ယုဒီပ စစ်သူကြီး လော်ဒီယာသည် အခြေ အနေကို ရိပ်စားမိပြီး ရှိသမျှ တပ်သားတို့ကို ရသလောက် စုစည်းကာ နှစ်ဘက်ညှပ်တိုက်ခိုက် လာ သော ရန်သူများ လက်မှ တိုက်ထွက် ဖောက်ထွက် လေတော့သည်။

ဆုတ် ........ ပြန် ဆုတ် .............
အားလုံး ပြန်ဆုတ် ကြ .........

                                   ယုဒီပ စစ်သူကြီး လော်ဒီယာ၏ အမိန့်ပေးသံနှင့်အတူ ယုဒီပစစ်သည် များသည် လည်း မိမိ တို့၏ တပ်များကို အကောင်းဆုံး ပြန်လည်စုစည်းကာ ဆုတ်ခွာစစ်ကို ပြုကြရလေသည်။ ထိုအချိန်တွင် ချဉ်းကပ် ငြမ်းစင် ခုနှစ်ခုသည်လည်း အားလုံး ပြိုပျက်သွားလေသည်။ ခြေလျင် စစ် သည် ၊ လေး စစ်သည် နှင့် တခြား စစ်သည်များ သည် လည်း အများအပြား ကျဆုံးလျက်ရှိကုန် ကြ လေသည်။ တပ်မှူးငယ် ခွန်ဒီနောင် နှင့် ခံတပ်ဖြူ တပ်မှူး တို့သည် မြှားပစ် ကွင်း ဧရိယာအစပ်အထိ လိုက်လံတိုက်ထုတ် ကြပြီး ထိုမှ ရှေ့ဆက် တိုး မတိုက်ကြတော့ပေ။ အကြောင်းမှာ ထိုးစစ် ကျွံမည် စိုးရ်ျ ဖြစ်လေသည်။

                                   ထို့နောက် ခံတပ်ဖြူကြီး၏ ဂိတ်တံခါးကြီးများသည် ပွင့်လာပြီး တံတားများ ကျုံးပေါ်သို့ ကျရောက်လာကာ ထို တံတားများပေါ်မှ တပ်မှူးငယ် ခွန်ဒီနောင် နှင့် ခံတပ်မှူးတို့ ဦး ဆောင်သော တပ်ပေါင်းစု နှစ်ခုသည် ခံတပ်တွင်းသို့ ပြန်လည်ဝင်ရောက် ကြကုန်လေသည်။ ခံတပ် ဖြူကြီး အတွင်းမှာတော့ တပ်များအားလုံး ပြန်လည် စုပေါင်း မိကြချိန်တွင်တော့ ရဲမက် စစ် သည် များ အားလုံးသည် ယခုတစ်ကြိမ် အနီးကပ် တိုက်ပွဲကို အောင်မြင်လိုက်သဖြင့် စစ်သွေး စစ်မာန် များ ပိုမို တက်ကြွလာကာ စိတ်ဓါတ်များသည် မိုးထိအောင် မြင့်မား ကြကုန်လေတော့သည်။


( ဆက်လက်ဖော်ပြပါမည်။ )

Rocker77