Showing posts with label သမိုင်းသုတ. Show all posts
Showing posts with label သမိုင်းသုတ. Show all posts
December 28, 2012
မွန်ဂို အင်ပါယာ အပိုင်း ( 2 )
မွန်ဂိုလီးယားကုန်ပြင်မြင့် သည် တီမူဂျင် ငယ်စဉ်ကာလ ( 1200 ) ခုနှစ် လောက်တွင် လူမျိုးစုများ ၊ မဟာမိတ် အဖွဲ့များဖြင့် အစိတ်စိတ်အမွှာမွှာကွဲကာ တည်ရှိနေခဲ့လေသည်။ ထို လူမျိုးစုများ ၊ မဟာ မိတ် အုပ်စုများ ထဲတွင် နိုင်မန်း ၊ မားကစ် ၊ ယူဂါ့ ၊ တာတာ ၊ မွန်ဂို နှင့် ကာရစ် တို့မှာ အချင်းချင်း မသင့်မမြတ် ဖြစ်လေ့ ရှိကြပြီး ဓါးပြတိုက်မှုများ ၊ လက်စားချေမှုများ ၊ စစ်ပွဲများ ဖြင့် ဖုံးလွှမ်းနေခဲ့ ကြလေသည်။ 
ထိုအချိန်တွင် မိသားစု ခေါင်းဆောင် အဖြစ်သာရှိနေသေးသော တီမူဂျင်သည် ဇနီးဖြစ်သူ ဘုတ်အူဂျင် အား ကယ်တင်ရန် အတွက်  သူ့ ဖခင်ဧ။် သွေးသောက် ညီအစ်ကို ဖြစ်ခဲ့သော ကာရစ် လူမျိုးစုဧ။် ခေါင်းဆောင် တော့ဂ်ဟရု အား မဟာမိတ် ပြုရန် တောင်းဆို ခဲ့လေသည်။ ထိုအခါ ကာရစ်လူမျိုးစု ခေါင်းဆောင်က တီမူဂျင်ဧ။် ဇနီးဖြစ်သူ ဘုတ်အူဂျင်အား မားကစ်လူမျိုးစုမှ  ကယ်တင်ပေးရန် တီမူဂျင်ဧ။် ငယ်သူငယ်ချင်းဖြစ်သူ ဂျမူကာ ကို ကာရစ်လူမျိုးစုမှ တိုက်ပွဲဝင် လူအင်အား နှစ်သောင်း နှင့် အတူ စေလွှတ်ပေးခဲ့လေသည်။ ထို တိုက်ပွဲတွင် တီမူဂျင် သည် အောင်မြင်ခဲ့ပြီး ဇနီးသည် ကိုလည်း ကယ်တင်နိုင်ခဲ့ကာ မားကပ် လူမျိုးစု ကိုလည်း တိုက်ခိုက် အနိုင် ယူလိုက်နိုင်လေသည်။ ထို တိုက်ပွဲပြီးနောက် တီမူဂျင် နှင့် ဂျမူကာ တို့သည် သွေးသောက် ညီအစ်ကို များ ဖြစ်လာခဲ့ကြလေသည်။ နောင်အခါတွင် ဂျမူကာသည်လည်း ဂျဒါရန် လူမျိုးစုဧ။် ခေါင်းဆောင် တစ်ဦး ဖြစ်လာခဲ့လေသည်။ 
ထို အချိန်က မွန်ဂို လူမျိုးစုမဟာမိတ်များဧ။် အဓိက ရန်သူများမှာ အနောက်အရပ်တွင် နိုင်မန်း ၊ မြောက်အရပ်တွင် မားကစ် ၊ တောင်အရပ်တွင် တန်ဂပ် နှင့် အရှေ့အရပ်တွင် ဂျင် နှင့် တာတာ လူမျိုးများ ဖြစ်ကြလေသည်။ ( 1190 ) ခုနှစ် အထိ တီမူဂျင် သည် အကြံပေးများ ၊ နောက်လိုက် များ နှင့် တကွ အသေးစား မွန်ဂိုလူမျိုးစု မဟာမိတ် အဖွဲ့လေးကိုသာ ထူထောင်နိုင်သေးသည်။ သူဧ။် အုပ် ချုပ်မှု ကာလအတွင်း တီမူဂျင် သည် ရန်ဘက် လူမျိုးစုများကို တိုက်ခိုက် ရာတွင် ရိုးရာဓလေ့ ထုံးတမ်း တတော်များများကို ချိုးဖျက်ခဲ့လေသည်။ သူသည် သူ့ဧ။် ခေါင်းဆောင်မှုကို မိသားစု ခေါင်းဆောင် အုပ်ချုပ်မှု ပုံစံထက် သစ္စာရှိမှု အပေါ်တွင် အခြေခံ ခဲ့လေသည်။ တီမူဂျင် သည် သူဧ။် အမိန့် နှင့် ဥပဒေကို တိတိကျကျ လိုက်နာခြင်းဖြင့် သူဧ။် နောက်လိုက် ပြည်သူများ နှင့် စစ်သည်များ ကို ချမ်းသာကြွယ်ဝစေရမည် ဟူ ဆိုခဲ့လေသည်။ တီမူဂျင်သည် ရှေးအစဉ်လာ လုပ်ထုံးလုပ်နည်း အရ ရန်သူကို တိုက်ခိုက် အောင်မြင်ပါက ရန်သူများကို နှင်ထုတ်ရ်ျ ပစ္စည်းများကို သိမ်းယူခြင်း မျိုး မလုပ်ပဲ ရန်သူဧ။် လူမျိုးစုကို သူ့ လက်အောက်သို့ သိမ်းသွင်းကာ သူဧ။် လူမျိုးစုဟု သတ်မှတ် စေခဲ့ လေသည်။ တချို့ တိုက်ပွဲများတွင် မိဘမဲ့ ကလေးများကိုလည်း သူ့မိခင် ထံ ပေးပို့ရ်ျ မွေးစား ခဲ့သည် များလည်း ရှိသည်။ ထိုသို့ ဖြင့် စစ်ရှုံး ရ်ျ သိမ်းသွင်းခံရသူများနှင့်လည်း လေးစားမှု ရှိလာကာ အောင် မြင်သည့် တိုက်ပွဲ တိုင်းတွင် တီမူဂျင် နှင့် သူ့ဧ။် မဟာမိတ် မွန်ဂို တပ်ဖွဲ့သည် ပိုရ်ျ ပိုရ်ျ အင်အား ကြီးမား လာလေသည်။ 
ထိုသို့ ရှိနေစဉ် ကာရစ်လူမျိုးစု ခေါင်းဆောင် တော့ဂ်ဟရု ဧ။် သား စန်ဂမ်မှာ တီမူဂျင် ဧ။် အောင်မြင်မှု အပေါ် မနာလိုဝန်တိုမှု ကြီးမားလာ လေသည်။ ထို့ကြောင့် သူသည် သူဧ။် ဖခင် နှင့် ပူးပေါင်းကာ တီမူဂျင်ကို လုပ်ကြံရန် ကြံစည် ခဲ့လေသည်။ တော့ဂ်ဟရု တို့ သားအဖဧ။် မလေးစားမှု သည် သူ့သမီး နှင့် တီမူဂျင် ဧ။် အကြီးဆုံးသား ဂျိုချီ တို့ လက်ထပ်ရန် စီစဉ်ထားမှုကို ဖျက်သိမ်းသည် အထိ ဖြစ်လာခဲ့လေသည်။ ထို စေ့စပ်ထားသည်ကို ဖျက်သိမ်းခြင်းသည် မွန်ဂိုယဉ်ကျေးမှုကို ပါ မလေးစား သကဲ့သို့ ဖြစ်လာလေသည်။ အဆိုပါ ဖြစ်ရပ်ကြောင့် တော့ဂ်ဟရု နှင့် တီမူဂျင် တို့ အုပ်စု ကြားတွင် စစ်ပွဲဆီသို့ ဦးတည် လာလေသည်။ တော့ဂ်ဟရုသည် နဂိုတည်းက တီမူဂျင်း အားဆန့်ကျင် နေသော ဂျမူကာ နှင့် ပူးပေါင်းလေသည်။ သို့သော် တော့ဂ်ဟရု နှင့် ဂျမူကာ တို့သည် ပဋိပက္ခ ဖြစ်သောကြောင့် နောက်ဆုံးတွင် တီမူဂျင် သာ အနိုင်ရလိုက် လေသည်။ ဂျမူကာ မှာမူ တိုက်ပွဲ အတွင်း၌ ထွက်ပြေးလွတ်မြောက်သွားလေသည်။ ထို တိုက်ပွဲဧ။် ရလဒ် အဖြစ် ကာရစ် လူမျိုး စုမှာ လုံးဝ ပျက်သုန်းခြင်း သို့ ရောက်ရှိ သွားလေသည်။ 
ထို့နောက်ပိုင်းတွင် တီမူဂျင်သည် မွန်ဂိုဟူသမျှကို တစ်စည်းတစ်လုံးတည်း ဖြစ်အောင် ထပ်မံ ဆောင်ရွက်လေသည်။ သဘောကွဲလွဲလျက် ရှိသော ခေါင်းဆောင်များကို သိမ်းသွင်းသည်။ အချို့ကို သတ်ပစ် သည်။ မွန်ဂိုလူမျိုးစုများကို အောင်မြင်ပြီးနောက် တန်းဂွတ်ဒေသကို တိုက်ခိုက် သိမ်းပိုက် ခဲ့လေသည်။ ( 1206 ) ခုနှစ်တွင် ပီးဂူးဝါးတို့ဧ။် တိုင်းပြည်ကို အလွယ်တကူ အောင်မြင်ရ်ျ မိမိအောင်ပွဲ ရခဲ့သည်များကို ထင်ရှားစေသောငှာ ဂျန်ဂစ်ခန် ဟူသောအမည်ကို ခံယူခဲ့လေသည်။ ထိုအချိန်တွင် သူဧ။် အသက်မှာ ( 48 ) နှစ် ရှိနေပြီ ဖြစ်လေသည်။ 
ဂျန်ဂစ်ခန် သည် အင်အားပြန်လည် တောင့်တင်းလာသောအခါ မွန်ဂို နယ်နိမိတ်ကို ကျော်လွန်ကာ နယ်ပယ်ချဲ့ထွင်မှုများကို ဆောင်ရွက်လေသည်။ ( 1209 ) ခုနှစ်တွင် တရုတ်နိုင်ငံ တံတိုင်းကြီးကို ကျော်ဖြတ်ရ်ျ မြောက်ပိုင်းသို့ ၀င်ရောက်တိုက်ခိုက် လေသည်။ ထိုအရပ်ရှိ တာတာ လူမျိုးတို့ကို မိမိ လက်အောက်သို့ သိမ်းသွင်းပြီးနောက် ယခင်က ယင်ကင်း ၊ ယခု ပီကင်းမြို့တော်တွင် အတန်ကြာ အုပ်ချုပ်နေခဲ့လေသည်။ ထိုမှ ငါးနှစ် အကြာတွင် ကိုးရီးယားကျွန်းဆွယ်သို့ သွားရောက် တိုက်ခိုက် ခဲ့လေသည်။ ထို့နောက် ဧရယ်ပင်လယ်ဧ။် တောင်ဘက်ရှိ ခွာရစ်ဇံ နိုင်ငံရှိ ရှားဘုရင်သည် မွန်ဂို သူပုန်ခေါင်းဆောင်တစ်ဦးကို ချီးမြောက်ခဲ့သည့် အတွက် ဂျန်ဂစ်ခန် သွားရောက် တိုက်ခိုက်ကာ ရှားဘုရင်နှင့်တကွ သူပုန်ခေါင်းဆောင်ကို လက်ရ ဖမ်းဆီးမိလေသည်။ သို့သော် ရှားဘုရင်အား အမျက်မထားပဲ သဘောထားကြီးစွာဖြင့် မဟာမိတ်ဖွဲ့ကာ နိုင်ငံအချင်းချင်း ကူးသန်းရောင်းဝယ်ရန် စာချုပ်ကိုပင် ချုပ်ဆိုခဲ့လေသည်။ ရှားဘုရင်က စာချုပ်ကို ဖောက်ဖျက်ကာ မွန်ဂို ကုန်သည်တို့ကို သတ်ပစ်ခဲ့သည်။ ထို ကိစ္စအတွက် သံတမန်များ စေလွှတ်ခဲ့ရာတွင်လည်း သံတမန်များကို မလေး မခန့် ပြုလုပ်ရုံသာမကပဲ တစ်ဦးကိုပင် ခေါင်းဖြတ် သတ်ပစ်ခဲ့လေသည်။ ထို့ကြောင် ဂျင်ဂစ်ခန် သည် စစ်သည် ( 7 ) သိန်းဖြင့် သွားရောက်တိုက်ခိုက် ခဲ့လေသည်။ မွန်ဂိုတပ်များကို ကြီးမားသည့် ခံတပ်ကြီးပင် မခံနိုင်ပဲ ရှားဘုရင်မှာလည်း ခွာရစ်ဇံ နိုင်ငံမှ လက်လွတ်ထွက်ပြေး တိမ်းရှောင် ခဲ့ရ လေသည်။ ဗူးခါးရား နှင့် ဆမားကန်း မြို့ ( 2 ) မြို့ မှာလည်း စစ်ဒဏ်ကြောင့် ကြေမွ ပျက်စီးသွား ရလေတော့သည်။ 
ဂျန်ဂစ်ခန် သည် ခွာရစ်ဇံ နိုင်ငံတွင် ရှိနေစဉ် ရုရှနိုင်ငံ အသီးသီးသို့ သံတမန်များကို လက်ဆောင် ပဏ္ဍာများဖြင့် မိတ်ဖွဲ့ရန် စေလွှတ်ခဲ့လေသည်။ သို့ရာတွင် ထိုနိုင်ငံများသည် မွန်ဂိုလူမျိုးဟူရ်ျ ကြား ပင်မကြားဖူးသည့် အပြင် မိမိတို့ နိုင်ငံများသည်သာ ကြီးကျယ်ခမ်းနားသည်ဟု ထင်နေကြသဖြင့် မွန်ဂို သံတမန်များကို မချေမငံ ပြုမူ ဆက်ဆံ ကြလေသည်။ ထိုအခါ ဂျင်ဂစ်ခန် သည် မွန်ဂိုတို့ ဧ။် အစွမ်းကို ပြသရန် အနောက်ဘက်သို့ အလုံးရင်းဖြင့် ချီတက်လျက် နိုင်ငံပေါင်းများစွာကို မှုန့်မှုန့် ညက်ညက် ချေမှုန်း လိုက်လေသည်။ ထို့နောက်တွင်မှ ယင်းနိုင်ငံများသည် အညံ့ခံလာကြပြီး သံတမန်များ ၊ လက်ဆောင်ပဏ္ဍများဖြင့် သစ္စာ ခံလာကြလေသည်။ 
ထိုသို့ ဂျန်ဂစ်ခန်ဧ။် တပ်မတော် ကြီးသည် ရုရှ နိုင်ငံများကို တိုက်ခိုက် ချေမှုန်းပြီးနောက် ယခင် ရှား ဘုရင်ဧ။်သား ဂျလားလွတ်ဒင် က မွန်ဂို စစ်သည်တို့အား လာရောက်ထိပါး ပြန်သဖြင့် မွန်ဂိုတို့က ယှဉ်ပြိုင်တိုက်ခိုက် ရာတွင် ဂျလားလွတ်ဒင်မှာ မခံမရပ်နိုင်ပဲ တောင်ဘက်သို့ ဆုတ်ခွာပြေးရလေ သည်။ မွန်ဂို တို့ကလည်း ထပ်ကြပ်မကွာ လိုက်လံ တိုက်ခိုက်ပြန်ရာ အိန္ဒူမြစ်ကမ်း၌ ရန်သူတို့ တပ် လုံးပြုတ်သွားပြီး ဂျလားလွတ်ဒင် တစ်ဦးတည်းသာ ဒေလီ မြို့သို့ ထွက်ပြေးပုန်းအောင်း နေရလေ သည်။ ထိုသို့ ဖြင့် ဂျန်ဂစ်ခန် ဧ။် စစ်တပ်သည် အနောက်ဘက်တွင် အရှုံးမရှိ စစ်ပွဲများကို အောင်နိုင် ခဲ့ပြီး ကယ်ရကိုးရမ်း နေပြည်တော်သို့ ပြန်လေသည်။ နေပြည်တော်သို့ ရောက်သောအခါ ဂျန်ဂစ်ခန် သည် သက်တော် ( 60 ) သို့ ရောက်နေပြီ ဖြစ်သော်လည်း တရုတ်ပြည် အနောက် မြောက်ပိုင်းကို ချီတက်တိုက်ခိုက်ကာ အောင်ပွဲ ခံလိုက်သေးသည်။
 ဂျန်ဂစ်ခန် ကွယ်လွန်ချိန် တည်ရှိခဲ့သော မွန်ဂိုအင်ပါယာ
ထိုသို့ဖြင့် မရပ်မနားတမ်း အောင်ပွဲအလီလီ ခံခဲ့ပြီးနောက် ( 1227 ) ခုနှစ် သြဂုတ်လတွင် ရုတ်တရက် နာမကျန်းဖြစ်ကာ ဂျန်ဂစ်ခန် ကွယ်လွန်ခဲ့လေသည်။ သူ ကွယ်လွန်သွားသော်လည်း သူ စည်းရုံး တည်ထောင်ခဲ့သော နိုင်ငံတော်ကြီးမှာ အရှေ့ဘက် ပင်လယ်ဝါ မှ အနောက်ဘက် ပင်လယ် နက် အထိ ကျယ်ပြန့်လေသည်။ က်ျမျှ ကျယ်ဝန်းသော နိုင်ငံတော်ကြီးကို ကမ္ဘာ့သမိုင်းတွင် အကြီးမားဆုံး အဆောက်အအုံ တစ်ခု ဖြစ်ခဲ့သည်ဟု မှတ်တမ်းတင်နိုင်ခဲ့လေသည်။ သူဧ။် သြဇာ လွှမ်းမိုးမှု အရပ် ဒေသများတွင် ယခုခေတ် အီရန် နိုင်ငံ ၊ အိန္ဒိယ မြောက်ပိုင်းနှင့် ရုရှနိုင်ငံ တစ်စိတ်တစ်ဒေသ ၊ တရုတ်နိုင်ငံ မြောက်ပိုင်း ၊ မွန်ဂိုလီးယားနယ်မြေများ အပါအ၀င် ဖြစ်သော အာရှ တစ်ခွင် စသည်ဖြင့် ကြီးမားကျယ်ပြန့် ခဲ့လေသည်။ သူ့အတွက် အားထားရဆုံး စစ်သည်များကား နာမည် ကျော် မွန်ဂို မြင်းစီး စစ်သည်တော် များပင်ဖြစ်လေသည်။ဂျန်ဂစ်ခန် ဧ။် သက်တမ်းတစ်လျှောက် တွင် စစ်မက်ဖြင့်သာ ရင်းနှီးခဲ့သည် ဖြစ်ရာ စစ်ရေးစစ်ရာ အထူးကျွမ်းကျင်လှပြီး သူဧ။် စစ်တပ်မှာ လည်း စည်းကမ်းကောင်းမွန်ရ်ျ ဖွဲ့စည်းပုံ စနစ်ကျသဖြင့် အထူးချီးကျုးဖွယ်ရာ ဖြစ်ခဲ့လေသည်။ 
၎င်းအပြင် မိမိ အောင်နိုင်ရာတိုင်းပြည်များမှ ကျွမ်းကျင်သူများစွာကို မိမိထံတွင် အမှုတော်ထမ်း စေခြင်းဖြင့် စစ်ပညာများ ဖွံဖြိုးစေကာ စစ်အောင်နိုင်ရန် များစွာ အထောက်ကူရရှိ ခဲ့လေသည်။ မိမိကိုယ်တိုင် ပညာအားနည်းခဲ့သော်လည်း ပညာရပ်အသီးသီးကို အားပေး ချီးမြှောက်ခဲ့လေသည်။ ဂျန်ဂစ်ခန် မင်းကြီးသည် မိမိကိုယ်တိုင် ကြမ်းတမ်းသော စစ်သားကြီး တစ်ဦးဖြစ်လင့် ကစား နိုင်ငံ တ၀န်းလုံးက လက်ခံယုံကြသော အယူဝါဒ အသီးသီးကိုလည်း လေးစား ခဲ့လေသည်။ ကိုးကွယ် ဆည်းကပ်ခွင့် ဆိုင်သော အခွင့်ရေးများကိုလည်း ပေးခဲ့လေသည်။ သူကွယ်လွန်သွားသောအခါ မွန်ဂိုလူမျိုးတို့သည် နိုင်ငံခြား ယဉ်ကျေးမှုအစုစုတို့ကို လက်ခံသိမ်းသွင်းပြီးနောက် ယဉ်ကျေးစွာ တိုးတက်ကြီးပွားဖို့ကိုလည်း အခြေတည်မိကြလေသည်။ 
သူကွယ်လွန်သွားပြီးနောက် လက်ငုတ်လက်ရင်းဖြစ်သော နိုင်ငံတော်ကြီးကို သူဧ။် သားတော် သုံး ဦးက ခွဲခြမ်း တာဝန်ယူ အုပ်ချုပ် ခဲ့ကြလေသည်။ ဂျန်ဂစ်ခန် မင်းကြီးသည် ကွယ်လွန်ခါနီးတွင် တရုတ် ပြည်တောင်ဘက်ပိုင်းကိုပါ တိုက်ခိုက် သိမ်းယူရန် သူ့အား ဆက်ခံသူများကို မှာကြားခဲ့ သေးပြန်သည်။ ထိုထဲကမှ ဂျန်ဂစ်ခန် မင်းကြီးဧ။် ကြီးမားကျယ်ပြန့်သည့် နိုင်ငံတော်ကြီးကို အအောင်မြင်ဆုံး ပြန်လည် အုပ်ချုပ် နိုင်သူမှာ ဂျန်ဂစ်ခန် မင်းကြီးဧ။် မြေးဖြစ်သူ ကူဗလိုင်ခန် ဖြစ်လေတော့သည်။ 
အထက်ဖော်ပြပါ သမိုင်းအကြောင်းရာများနှင့် ဓါတ်ပုံများအား ၀ီကီဒီပီးယား အခမဲ့ လွတ်လပ် စွယ်စုံကျမ်း မှ  ကူးယူကောက်နုတ် ဖော်ပြ ပါသည်။ တစ်စုံတစ်ရာ လွဲမှားမှုများ ရှိပါက ကျွန်ုပ် ဧ။် ညံ့ဖျင်းမှုသာ ဖြစ်ပြီး မူရင်း ရေးသားသူများ နှင့် လုံးဝ သက်ဆိုင်ခြင်း မရှိပါကြောင်း ..........
( ဆက်လက်ဖော်ပြပါမည်။ )
Rocker77
မွန်ဂို အင်ပါယာ
မွန်ဂို အင်ပါယာ သည် အေဒီ ( 13 ) ရာစု မှ ( 14 ) ရာစု အတွင်း တည်ရှိခဲ့သော ကြီးမားကျယ်ပြန့် သော အင်ပါယာကြီး တစ်ခု ဖြစ်သည်။ မွန်ဂို အင်ပါယာသည် အာရှ အလယ်ပိုင်း ဒေသမှ အစပြုကာ ကိုးရီးယားကျွန်းဆွယ် မှ အရှေ့ ဥေ၇ာပ အထိ ကျယ်ပြန့်ကာ မြောက်ဘက်တွင် ဆိုက်ဗေးရီးယား ၊ တောင် ဘက်တွင် အရှေ့တောင် အာရှ ၊ တောင်အာရှ နှင့် အရှေ့အလယ်ပိုင်း ဒေသ များပါဝင်သည်။ အလျား မိုင် ( 6000 ) ခန့် ရှိပြီး ဧရိယာအားဖြင့် စတုရန်းမိုင်ပေါင်း ( 12.741 ) သန်းခန့် ရှိပြီး လူဦးရေ အားဖြင့် သန်း ( 100 ) ကျော် ခန့် ရှိခဲ့သည်။ ထို ဧရိယာသည် ကမ္ဘာ့မြေ စုစုပေါင်း ဧရိယာဧ။် ( 22 ) ရာခိုင်နှုန်းခန့် ရှိသည် ဖြစ်ရာ ကမ္ဘာ့ သမိုင်းတွင် အကြီးမားဆုံး အင်ပါယာကြီး ဖြစ်ခဲ့သည်။
                                    ဂျန်ဂစ်ခန် အား အရှေ့တိုင်း လက်ရာဖြင့် ရေးဆွဲထားသော ပုံတူ
မွန်ဂို အင်ပါယာသည် မွန်ဂိုခေါင်းဆောင် ဂျန်ဂစ်ခန် ဧ။် ဦးဆောင်မှု အောက်တွင် မွန်ဂိုလူမျိုးစုများ နှင့် တာခစ် လူမျိုးစု များသည် ယနေ့ မွန်ဂိုလီးယား ဒေသတွင် စုပေါင်းစည်းလုံးလာပြီး ( 1206 ) ခုနှစ် တွင် မွန်ဂို အင်ပါယာ အဖြစ် စတင်ထူထောင် ခဲ့ကြသည်။ 
                                                မွန်ဂို အင်ပါယာ ကြီးမားကျယ်ပြန့် တည်ရှိခဲ့ပုံ
ဂျန်ဂစ်ခန် နှင့် ၄င်းနောက် မျိုးဆက်များသည် မွန်ဂိုတပ်သားများကို အရပ်မျက်နှာ အဘက်ဘက် သို့ စေလွှတ်တိုက်ခိုက်ခဲ့ကြကာ နယ်မြေများကို သိမ်းပိုက်ခဲ့သောကြောင့် မွန်ဂိုအင်ပါယာသည် အရှိန် အဟုန်ဖြင့် ကြီးထွားလာ ခဲ့လေသည်။ မွန်ဂိုအင်ပါယာ လက်ထက်တွင် အရှေ့ နှင့် အနောက် (သို့ ) ဥရောပ နှင့် အာရှ ပေါင်းစည်း မိပြီး ကုန်စည် ကူးသန်းရောင်းဝယ်ရေး ၊ နည်းပညာရပ် အသစ် များ ၊ တွေးခေါ်မှုဆိုင်ရာ သဘောတရား အသစ်များကို ဖြန့်ဖြူးဖလှယ် နိုင်ခဲ့ကြပြီး အောင်မြင် ပေါင်းများစွာကို ပိုင်ဆိုင် နိုင်ခဲ့ကြလေသည်။
( 1260 ) ခုနှစ်တွင် ကူဗလိုင်ခန် နှင့် အရိဘိုကဲ ညီအစ်ကို နှစ်ဦး ထီးနန်းဆက်ခံ နိုင်ရေး အားပြိုင် ကြရာ သွေးကွဲမှုများ ရှိလာခဲ့သည်။ ကူဗလိုင်ခန် က အောင်မြင်စွာ နန်းတက်နိုင်ခဲ့ပြီး ယွမ်မင်းဆက် ကို စတင် ထူထောင်ခဲ့လေသည်။ သို့သော် သွေးကွဲမှုများကို အဆုံးမသတ်နိုင်ခဲ့သောကြောင့် ကူဗလိုင်ခန် ကွယ်လွန်ပြီးနောက် မွန်ဂိုအင်ပါယာကြီးသည် နယ်မြေ ( 4 ) ခု ကွဲထွက် သွားလေသည်။ ( 1368 ) ခုနှစ်တွင် ဟန် တရုတ်လူမျိုး ကျူးယွမ်ကျန်း က ယွမ်မင်းဆက်ကို တွန်းလှန်ကာ မင် မင်းဆက် ကို ထူထောင်လိုက်ချိန်တွင်မှ မွန်ဂိုအင်ပါယာသည် ပြိုကွဲ အဆုံးသတ်ခဲ့ ရလေသည်။ 
 ဂျန်ဂစ်ခန်
နှစ်ကာလသည် အလွန်တရာ ရှေးကျပြီး ရေးသားမှတ်တမ်းတင်ခဲ့သော မှတ်တမ်းမှတ်ရာများ ရှားပါး မှုကြောင့် ဂျန်ဂစ်ခန်ဧ။် ငယ်ဘ၀အကြောင်းရာများကို တိကျစွာ ဖော်ပြရန်မှာ များစွာ ခက်ခဲလှပေသည်။ 
ဂျန်ဂစ်ခန် သည် ( 11 ) ရာစု မှ ( 12 ) ရာစု အကြား မွန်ဂိုမြက်ခင်းပြင်ဒေသ၌ ရွေ့လျားသွားလာ နေကြသော မွန်ဂိုမျိုးနွယ်စုဝင် လူမျိုးများကို စုစည်း စည်းရုံးရ်ျ အာရှ နှင့် ဥရောပ တစ်ခွင်လုံးကို ကြီးမားသော ကျူးကျော်စစ်များကို ဆင်နွှဲအောင်နိုင်ခဲ့သည့် စစ်ဘုရင် တစ်ဦး ဖြစ်သည်။
 ဂျန်ဂစ်ခန် ကို ( 1162 ) (သို့ ) ( 1155 ) ခုနှစ် တွင်  ဘာခန် ခါဒန် တောင် ရှိ အိုနွန် နှင့် ခါလန် မြစ်အနီး ယနေ့ မွန်ဂိုလီးယားနိုင်ငံဧ။် မြို့တော် အူလန်ဘာထာ နှင့် အနည်းငယ်မျှ ကွာဝေးသော ဒယ်လီဂန် ဗူလဒွတ် အရပ်တွင် မွေးဖွားခဲ့သည်။ ဂျန်ဂစ်ခန် ဧ။် ငယ်နာမည်မှာ သံလုပ်သားဟု အနက်ရသော တီမူဂျင် ဖြစ်လေသည်။ ထိုအမည်မှာ သူမွေးဖွားခါနီး သူ့ ဖခင် တိုက်ခိုက်အနိုင်ရခဲ့သော တာတာ လူမျိုးစု ခေါင်းဆောင်ဧ။် အမည်ကို ယူခြင်း ဖြစ်သည်။ 
ရွေ့လျားနေထိုင်ကြသော မွန်ဂိုလီးယားမှ တခြားမျိုးနွယ်စုများ နည်းတူ တီမူဂျင် ဧ။် ငယ်ဘ၀သည် လည်း ခက်ခဲ ကြမ်းတမ်း ခဲ့လေသည်။ တီမူဂျင် ကိုးနှစ်သားအရွယ်တွင် မွန်ဂို တို့ဧ။် ရိုးရာဓလေ့ ထုံးစံ အတိုင်း ကြိုတင်စေ့စပ်ထားမှု အရ နောင်အခါတွင် လက်ထပ်ရမည့် သူဖြစ်သော ဘုတ်အူဂျင် ဧ။် အွန်ဂီရက် မျိုးနွယ်စုဆီသို့ သူ့ဖခင် အမိန့်ဖြင့် ပို့ဆောင်ခြင်း ခံရလေသည်။ ထိုအချိန်မှ စရ်ျ သူသည် လက်ထပ်နိုင်သည့် အရွယ်ဖြစ်သော အသက် ( 12 ) နှစ်အရွယ်အထိ ထို မျိုးနွယ်စု မှ ဒိုင်စီချန် ထံတွင် နောက်လိုက်တစ်ဦး အဖြစ် လိုက်ပါခဲ့ရလေသည်။ 
တီမူဂျင် အိမ်ပြန်ခွင့် ရသည့်အချိန်တွင် သူဧ။် ဖခင်မှာ နယ်မြေချင်း ဆက်စပ်ရ်ျ မကြာခဏ စစ်မက် ဖြစ်ပွားလျက်ရှိသော တာတာ တို့ဧ။် ထမင်းစားပွဲတွင် အဆိပ်ခတ်ခံရကာ သေဆုံးသွားလေသည်။ ထို့ကြောင့် တီမူဂျင် သည် လူမျိုးစုခေါင်းဆောင် ခန် တစ်ဦးအဖြစ် ကြေငြာရန် ဖြစ်လာခဲ့လေသည်။ သို့သော် သူဧ။် လူမျိုးစုများက အသက်ရွယ်ငယ်လွန်းသော တီမူဂျင် ဧ။် အုပ်ချုပ်မှုကို လက်မခံပဲ သူဧ။် မိသားစုကိုပါ အကာကွယ် မပေးတော့ပဲ စွန့်ပစ် ထားကြလေတော့သည်။ 
နောက်ထပ် နှစ်အတော်ကြာသည်အထိ တီမူဂျင် နှင့် သူဧ။် မိသားစုမှာ အလေ့ကျပေါက်သော သစ်သီးများကို ဆွတ်ခူး စားသောက်ခြင်း ၊ တီမူဂျင် တို့ ညီအစ်ကို မောင်နှမ တစ်စုဧ။် အမဲလိုက် ခြင်းမှ ရရှိသော အသားတို့ကိုသာ ဝေငှ စားသောက်ပြီး ဆင်းရဲစွာ ရုန်းကန် နေထိုင်ခဲ့ကြ ရလေ သည်။ ထိုသို့ နေထိုင်လာရင်း တစ်နေ့တွင် တီမူဂျင်သည် အမဲလိုက်ပွဲ တစ်ခုတွင် သူဧ။် အဖေတူ အမေကွဲ ညီအစ်ကို ဖြစ်သူ ဘတ်ခ်ထာ ကို အမဲဝေမျှရင်း စကားများကာ သတ်လိုက်မိလေသည်။ ထို ဖြစ်ရပ်ကြောင့်ပင် တီမူဂျင် သည် သူဧ။် မိသားစုတွင် မိသားစုခေါင်းဆောင် ဖြစ်လာခဲ့လေသည်။ 
( 1182 ) တွင် သူ့ ဖခင် ရှိစဉ်က မဟာမိတ်များ ဖြစ်ခဲ့သော ထရီချိုင်ရစ် လူမျိုးစုများမှ တိုက်ခိုက်ခြင်း ခံရကာ ဖမ်းဆီးခံခဲ့ရလေသည်။ သို့သော် တီမူဂျင် ကို သနားစိတ်ဝင်ခဲ့သော ( နောင်အခါတွင် ဂျန်ဂစ်ခန် ဧ။် စစ်ဗိုလ်ချုပ် တစ်ဦးဖြစ်လာခဲ့သူ ) ချေးလ်လောင် ဧ။် ဖခင်က တီမူဂျင်အား လွတ် မြောက်အောင် ကူညီခဲ့လေသည်။ ထိုအချိန်တွင် နောင်အခါ ဂျန်ဂစ်ခန် ဧ။် စစ်ဗိုလ်ချုပ်များ ဖြစ်လာ ကြမည့် ဂျာလ်မီ နှင့် ဘော်ရ်ချူ တို့လည်း လာရောက်ပူးပေါင်း လိုက်ပါကြလေသည်။ ထို ထရီချိုင် ရစ်  လူမျိုးစု လက်ထဲမှ လွတ်မြောက်ချိန်မှ စတင်ကာ တီမူဂျင်သည် သူဧ။် အစောဆုံး ကျူးကျော် စစ်များအတွက် လိုအပ်သည့် လူအင်အားကို သူဧ။် ညီအစ်ကို များကို ဗဟိုပြုရ်ျ စုစောင်း ခဲ့လေ သည်။
ထိုအချိန်တွင် မွန်လီးယား မြက်ခင်ပြင် ဒေသသည် ကြိုတင်စေ့စပ် လက်ထပ် ပွဲများကြောင့် တစ်ခဏတာ မဟာမိတ် ဖြစ်ကြသည်မှ လွဲရ်ျ လူမျိုးစုများအကြားတွင် စစ်ပွဲများ ၊ ခိုးဝှက် ဓါးပြ တိုက် လုယက်မှုများ ၊ မသမာ မှုများ နှင့် အပြန်အလှန် လက်စားချေ မှုများသာ စိုးမိုး နေခဲ့လေ သည်။ ၄င်း အပြင် တောင်းပိုင်းရှိ တရုတ် မင်းဆက်များဧ။် သြဇာလွှမ်းမိုးရ်ျ ၀င်ရောက်စွက်ဖက် မှုများလည်း ရှိနေပြန်သည်။ 
တီမူဂျင် သည် သူဧ။် ဖခင် စေ့စပ် ပေးခဲ့သော အွန်ဂူရက် မျိုးနွယ်စုမှ ဘုတ်အူဂျင် ကို အသက် ( 16 ) နှစ် အရွယ်တွင် လူမျိုးစုခြင်း မဟာမိတ်ပြုလုပ်ရန်အတွက် လက်ထပ် ခဲ့လေသည်။ လက်ထပ်ပြီး မကြာမီတွင် ဘုတ်အူဂျင် အား မားကစ် လူမျိုးစုမှ ဖမ်းဆီးခေါ်ဆောင်သွားရာ တီမူဂျန်က သူဧ။် မိတ်ဆွေ ဖြစ်သော ဂျမူကာ ( နောင်အခါ ၄င်းဧ။် ပြိုင်ဘက် ) နှင့် သူဧ။် သက်တော်စောင့် ဖြစ်သူ ကာရစ်မျိုးနွယ်စုမှ အွန်ခန် တို့နှင့် ပူးပေါင်းကာ သွားရောက် ကယ်ဆယ် ခဲ့လေသည်။ 
( ဆက်လက်ဖော်ပြပါမည်။ ) 
အထက်ဖော်ပြပါ သမိုင်းအကြောင်းရာများနှင့် ဓါတ်ပုံများအား ၀ီကီဒီပီးယား အခမဲ့ လွတ်လပ် စွယ်စုံကျမ်း မှ  ကူးယူကောက်နုတ် ဖော်ပြ ပါသည်။ တစ်စုံတစ်ရာ လွဲမှားမှုများ ရှိပါက ကျွန်ုပ် ဧ။် ညံ့ဖျင်းမှုသာ ဖြစ်ပြီး မူရင်း ရေးသားသူများ နှင့် လုံးဝ သက်ဆိုင်ခြင်း မရှိပါကြောင်း ..........
Rocker77
November 17, 2011
ထင်ရှား ကျော်ကြား ရှေးဟောင်း မြို့များ ။
သူငယ်ချင်းများအားလုံး မင်္ဂလာပါဗျာ။
ဒီတစ်ခါတော့ သမိုင်းသုတ အနေနဲ့ ရှေးဟောင်းမြို့တော်များအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။
ဒီ မြို့တော်တွေဟာ ဒီနေ့အချိန်အထိ ကမ္ဘာပေါ်မှာ တည်ရှိနေပြီးတော့ ယဉ်ကျေးမှုအမွေနှစ် 
 နေရာတွေအဖြစ် ခရီးသွားအများအပြား ဆွဲဆောင်ထားနိုင်တဲ့ နေရာတွေလည်း ဖြစ်ပါတယ်။ 
 ဒါကြောင့်သမိုင်းသုတ အနေနဲ့ကော ၊ လည်ပတ်စရာနေရာ အနေနဲ့ပါ ဗဟုသုတ ပိုင်းအနေဖြင့် 
ဖော်ပြပေးလိုက်ပါတယ်။
Angora Wat, Cambodia
ဒီ မြို့တော်ဟောင်းကတော့ အာရှသား တတော်များများ နဲ့ ရင်းနှီးပြီးသား ဖြစ်မှာပါ။ 
  အထူးသဖြင့် ကျွန်တော်တို့ မြန်မာပြည်သူပြည်သားတွေ ကောင်းကောင်းကြားဖူး ကြပါလိမ့်မယ်။ 
အန်ကောဝပ် မြို့တော်ဟောင်းဟာ ကမ်ဘောဒီးယား နိုင်ငံမှာ တည်ရှိပါတယ်။ 
ဒီမြို့တော်ဟောင်းက ( 9 ) ရာစု ကနေ ( 15 ) ရာစု အထိ ရှင်သန်ခဲ့ပြီး ယဉ်ကျေးမှုထွန်းကားတဲ့ 
ကြီးမားတဲ့ လူမျိုးစုကြီး အဖြစ် ရပ်တည်ခဲ့ပါတယ်။ ထို မြို့တော်မှာ ရှိတဲ့ အန်ကောဝပ် 
ဘုရားကျောင်းဟာလည်း ယနေ့အချိန်အထိ ကမ္ဘာပေါ်မှာ ထင်ရှားကျော်ကြားလျက် ရှိနေပြီး 
ကမ္ဘာ့လှည့်ခရီးသွား ဧည့်သည်တွေကို ဆွဲဆောင်မှုအပြည့်ဝ ပေးထားနိုင်ပါတယ်။ ထိုခေတ် 
ထိုအချိန်က ထို မြို့တော်ဟောင်းမှာ နေထိုင်ခဲ့ကြတဲ့ လူမျိုးတွေဟာ Hinduism တွေကနေ ဆင်းသက်
 ခဲ့ကြပြီးတော့ Buddhism အဖြစ် ရပ်တည်ခဲ့ကြတယ်လို့လည်း သမိုင်းပညာရှင်တွေက ဖော်ပြကြ 
ပါတယ်။ ( 1431 ) ခုနှစ် မှာတော့ အိမ်နီးချင်း အယုဒ္ဒယပြည် ရဲ့ တိုက်ခိုက်ဖျက်ဆီးကို ခံခဲ့ရ ပါတယ်။ 
သို့ပေမယ့် အန်ကောဝပ်မြို့တော်ဟောင်း နဲ့ အန်ကောဝပ် ဘုရားကျောင်းတို့ဟာ ယနေ့အချိန်အထိ 
တည်ရှိနေပြီးတော့ ကမ်ဘောဒီးယား နိုင်ငံ အတွက် ဂုဏ်ယူစရာ တစ်ခုအဖြစ် တည်ရှိနေပါတယ်။
 Leptis Magna, Libya
ဒီ မြို့တော်ဟောင်းကတော့ လစ်ဗျားနိုင်ငံမှာ တည်ရှိပြီးတော့ ရိုမန်အင်ပါယာ လို့ ခေါ်တဲ့ 
ရောမအင်ပါကြီးရဲ့ အရေးပါလှတဲ့ မြို့တော် တစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ ပုံထဲမှာ မြင်တွေ့ရတဲ့ အတိုင်း 
ပင်လယ်ကမ်းစပ် မြို့တော် တစ်ခုဖြစ်တာကြောင့် ရောမ ခေတ်မှာ ပင်လယ်ရေကြောင်း 
ကုန်သွယ်မှုရဲ့ အဓိကကျတဲ့ မြို့တော်တစ်ခု ဖြစ်ခဲ့ပြီး ဆာဟာရဒေသ နဲ့ ရောမပိုင် အာရပ် 
နယ်မြေတွေကို ပေါင်းကူးပေးတဲ့ မြို့တော် တစ်ခုလည်း ဖြစ်ခဲ့ ပါတယ်။ ဒီ မြို့တော်ဟောင်းဟာ 
ရောမ အင်ပါယာကြီးအတွက် များစွာ အကျိုးပြုပေးခဲ့တဲ့ မြို့တော် တစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ 
ရောမအင်ပါယာ ရဲ့ ဘုရင် Septimios Sever (193-211p.Ch.) လက်ထက်မှာ ဒီ မြို့ကို 
မြို့တော်ကြီးတစ်ခုအဖြစ် ရောက်ရှိအောင် အဆင့်မြှင့်တင်ပေးခဲ့ ပါတယ်။ ထိုသို့ဖြင့် နောက်ထပ် 
တစ်ရာစု ကြာတဲ့ အချိန်မှာတော့ ဒီမြို့တော်က လူတွေဟာ အသိပညာ ၊ အတက်ပညာတွေကို 
တိုးတက်လာခဲ့ပြီး ရောမ တွေကို တွန်းလှန် နိုင်ခဲ့ကြပါတယ်။
Roasting Bree, United Kingdom
ဒါလေးကတော့ ယူကေနိုင်ငံမှာ ရှိတဲ့ ကျောက်ခေတ်က ရွာလေးတစ်ရွာ ဖြစ်ပါတယ်။ ဒီ ရွာလေးကို 
ကျောက်တုံးကျောက်သားတွေ နဲ့ ပဲ တည်ဆောက်ထားတာ ဖြစ်ပြီး အားလုံးသော 
ကျောက်တုံးတွေဟာ သဲကျောက်များဖြစ်ကြပြီး လက်မှုပညာရပ် နဲ့ ပဲ 
တည်ဆောက်ထားခဲ့တာလည်း ဖြစ်ပါတယ်။ ဒီရွာလေးကို  ( 1850 ) ခုနှစ်မှာ
 ရှာဖွေ တွေ့ရှိခဲ့တာပါ။ ဒီ ရွာလေးကို ( 3180 ) မှ ( 2500 ) ဘီစီ အထိ လူတွေနေထိုင်ခဲ့တာကို 
မှတ်သားတွေ့ရှိရပါတယ်။ ဒီ ရွာလေးမှာ တစ်ခု ထူးခြားတာက အိမ်တိုင်းအိမ်တိုင်းမှာ ရှိတဲ့ 
အသုံးဆောင်တွေ အားလုံးကို ကျောက်သားတွေနဲ့ပဲ ပြုလုပ်ထားခဲ့ကြတာပဲ ဖြစ်ပါတယ်။
Palenque, Mexico
ဒီ မြို့လေးကတော့ မေယန်း လူမျိုးစုလေးတစ်ခု ရဲ့ မြို့တော်ဟောင်းတစ်ခု ဖြစ်ပြီး မက်ဆီကို 
နိုင်ငံမှာ တည်ရှိပါတယ်။ ဒီ မြို့လေးမှာ နေထိုင်ခဲ့ကြတဲ့ လူမျိုးစုတွေဟာ စိုက်ပျိုးရေးကို အဓိက 
အခြေခံကာ ရှင်သန် နေထိုင်ခဲ့ကြတယ်လို့လည်း မှတ်သားရပါတယ်။ မြို့လေးကိုတော့ 
သမိုင်းပညာရှင်တွေက ( 800 - 600 ) ဘီစီ ကလို့ ခန့်မှန်း ထားကြပါတယ်။ ဒီ မြို့လေးက 
 ထိုဒေသမှာ ( 8 ) ရာစု ဘီစီ ခန့် အချိန်က ယဉ်ကျေးမှုအထွန်းကား
 ဆုံး နေရာ တစ်ခုဖြစ်ခဲ့တယ် လို့လည်း ဆိုကြပါတယ်။ ဒီ မြို့လေးက လယ်သမား 
လူတန်းစားများကနေတဆင့်ပြီးတဆင့် တိုးတက်လာကာ မြို့ပြ နိုင်ငံငယ် တစ်ခု အဖြစ် 
ရပ်တည်ခဲ့တာကလည်း တွေ့ရပါတယ်။
 Soukchothai, Thailand
ဒီ မြို့လေးကတော့ ထိုင်းနိုင်ငံ မှာ တည်ရှိပြီးတော့ ထိုင်းနိုင်ငံအတွက် ရှေးအကျဆုံး နဲ့ အရေးကြီးဆုံး မြို့တော် တစ်ခု လည်း ဖြစ်ပါတယ်။ ( 13 ) ရာစုနှစ်မှာ ဒီမြို့တော်ဟာ လွတ်လပ်စွာနဲ့ နိုင်ငံငယ်တစ်ခု 
အဖြစ် တည်ထောင်ခဲ့ပြီး ထိုင်းနယ်မြေတွေ အတွက် ပထမဦးဆုံး နိုင်ငံ တစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ 
ထိုအချိန်က အဲ့ဒီ မြို့ပြ နိုင်ငံမှာ လူဦးရေ အနည်းဆုံး ( 8 ) သောင်းခန့် ရှိတယ်လို့လည်း 
ခန့်မှန်းကြပါတယ်။ သို့ပေမယ့် ( 1351 ) ခုနှစ်မှာ ထိုင်းဒေသ၏ မြို့ပြနိုင်ငံငယ်တွေထဲမှာ 
အယုဒ္ဒယနိုင်ငံက အင်အားအလွန်ကြီးမားလာတာကြောင့် ဒီမြို့မှာ ရှိတဲ့ ပညာရှင်တွေဟာ 
အယုဒ္ဒမြို့ဆီကို ကူးပြောင်းသွားကြပါတယ်။ ဒါကြောင့် ဒီ မြို့ပြနိုင်ငံငယ်လေးဟာ ( 1438 )
 ခုနှစ်မှာ အယုဒ္ဒယ နိုင်ငံ နဲ့ နှစ်ပြည်ထောင် သွေးစည်းကာ ပူးပေါင်းလိုက်ကြပြီး ဘုရင်နိုင်ငံတော်ကို 
စတင်ထူ ထောင်ခဲ့ကြပါတယ်။ ထိုသို့ဖြင့် ( 15 ) ရာစု နှင့် ( 16 ) ရာစု အစောပိုင်းကာလတွေမှာ 
မြို့ပြနိုင်ငံငယ်တွေ အားလုံး ပူးပေါင်းမိကြပြီး ကြီးမားတဲ့ အယုဒ္ဒယဘုရင့်နိုင်ငံတော် 
ပေါ်ထွန်းလာပါတော့တယ်။
 Kalakmoul, Mexico
ဒီ မြို့တော်ကတော့ မေယန်းလူမျိုးတွေရဲ့ အကြီးမားဆုံး မြို့တော်တစ်ခုဖြစ်ပြီး မက်ဆီကို 
နိုင်ငံတွင်းမှ တည်ရှိ ပါတယ်။ ဒီ မြို့တော်ဟာ Tikal မြစ် နားမှာ တည်ရှိခဲ့ပြီး အိမ်နီးချင်း တခြား 
မေယန်းလူမျိုးတွေနဲ့ ကြီးမား ကျယ်ပြန့်တဲ့ သံတမန် ဆက်ဆံရေး မျိုးကို တည်ဆောက်နိုင်ခဲ့ပါတယ်။ 
ဒီ မြို့ပြနိုင်ငံဟာ ( 6 ) ရာစု တ၀က် ကနေပြီးတော့ ( 8 ) ရာစု နှစ်အထိ တည်တံ့ခဲ့ပြီး 
နောက်ဆုံးမှာတော့ ပျက်ဆီးခြင်းသို့ ဆိုက်ရောက်ခဲ့ပါတယ်။
 Babylon, Iraq
ဒီ မြို့တော်ကတော့ သမိုင်းကို လေ့လာလိုက်စားဖူးတဲ့ သူတိုင်း ရင်းနှီးတဲ့ နာမည်တစ်ခု ဖြစ်ပါတယ်။
 ဒီ မြို့တော်က Euphrates မြစ်ကမ်းဘေးမှာ တည်ရှိပြီးတော့ မက်ဆိုပိုတေးမီးယား 
မြို့တော်တစ်ခုလည်း ဖြစ်ပါတယ်။ ဒီ မြို့တော်ကြီးဟာ ထိုခေတ်ထိုအခါက ယဉ်ကျေးမှုကို 
ဦးဆောင်ထားကြသူများလည်း ဖြစ်ခဲ့ပါတယ်။ ဒီ မြို့တော်ကနေ 
အင်ပါယာအဖြစ်တည်ထောင်ခဲ့သူများထဲမှ ထင်ရှားကျော်ကြားခဲ့သူကတော့
 Nebuchadnezzar (604 to 562 BC) ဖြစ်ပြီး သူရဲ့ လက်ထက်မှာ အလွန်ကြီးမားလှတဲ့ 
ဥယျာဉ်ကြီးတစ်ခုကိုလည်း တည်ဆောက်ခဲ့ ပါသေးတယ်။
Chatousa, Turkey
ဒီ မြို့တော်ကတော့ ဟစ်တစ် အင်ပါယာကြီးရဲ့ မြို့တော်လည်း ဖြစ်ပါတယ်။ ဒီ မြို့တော်က ( 17 ) 
ရာစု ပေါ်ပေါက်ခဲ့တာဖြစ်ပြီး ဟစ်တစ် ယဉ်ကျေးမှု ခေတ်ကို ဦးဆောင်ခဲ့ကြတာလည်း ဖြစ်ပါတယ်။ 
ထို မြို့တော်ကြီးက လူပေါင်း ( 5 ) သောင်းခန့် နဲ့ စတင်တည်ထောင်ခဲ့ကြတာလည်း ဖြစ်ပါတယ်။ ထို မြို့တော်ကြီးရဲ့ နန်းတော် အဆောက်အအုံတွေ နဲ့ ဘုရားကျောင်းအဆောက်အအုံတွေကို 
ကျောက်သားတွေ နဲ့ တည်ဆောက်ထား ကြပြီး လူနေအိမ်များကိုတော့ သစ် နှင့် 
နေလှန်းအုတ်တွေကို အသုံးပြုကာ တည်ဆောက်ထားခဲ့ကြခြင်း ဖြစ်ပါတယ်။
 ဒီ မြို့တော်ကြီးဟာ ( 1200 ) လောက်မှာ ပျက်ဆီးသွားခဲ့တယ်လို့လည်း 
 ပညာရှင်တွေက ပြောကြပါတယ်။
 Persepolis, Iran
ဒီ မြို့တော်ဟောင်းကတော့ ပါရှန်းအင်ပါယာရဲ့ အလည်မှာတည်ရှိပြီး ရုံးစိုက်ရာ မြို့တော် အဖြစ် 
တည်ရှိခဲ့တာပါ။ ( 331 ) ဘီစီ မှာ ဂရိခေါင်းဆောင် မဟာအလက်ဇန်းဒါး က တိုက်ခိုက် 
ဖျက်ဆီးခဲ့ပါတယ်။ ဒီ မြို့တော်ဟာ ပါရှန်းတွေ ခေတ်ကောင်းခဲ့စဉ် အချိန်က အလွန်ထင်ရှား 
ကျော်ကြားခဲ့ပါတယ်။ သူတို့ဟာ ထို ဒေသကြီးရဲ့
 ယဉ်ကျေးမှုကို ဦးဆောင် ခဲ့ကြသူများလည်း ဖြစ်ခဲ့ကြပါတယ်။
 Chatra, Iraq
ဒီ မြို့တော်ဟောင်းကတော့ အာရပ်တွေရဲ့ ပထမဆုံး ဘုရင့်နိုင်ငံတော် တစ်ခုရဲ့ မြို့တော် လို့လည်း 
ဆိုကြပါတယ်။ ဒီ မြို့တော်ဟာ ( 241 ) အေဒီ မှာ ရောမ အင်ပါယာ နဲ့ အကြိမ်ကြိမ် စစ်ပွဲတွေ 
ဆင်နွှဲပြီးမှ ပျက်စီးသွားခဲ့ရတာပါ။ ဒီ မြို့တော်ကြီးရဲ့ တည်ဆောက်ခြင်းနည်းပညာ လက်ရာတွေဟာ ဂရိ နဲ့ ရောမ လက်ရာတွေနဲ့ ဆင်တူပြီး အရှေ့ အလယ်ပိုင်းဒေသ ရဲ့ ကြီးမားတဲ့ လူမျိုးစုတွေ 
ရှင်သန်နေထိုင် ခဲ့ကြတယ်ဆိုတာကို သက်သေခံလျက် ရှိနေပါတယ်။
Sanchi, India
ဒီ နေရာကိုတော့ လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်ကျော် မှတ်တမ်းတစ်ခုအရ ( 3 ) ရာစု ဘီစီ မှာ 
တည်ထောင်ခဲ့ကြတယ်လို့ မှတ်သားရပါတယ်။ ဒီ မြို့ဟောင်းမှာ ဗုဒ္ဓဘုရားကျောင်းဆောင်တွေ နဲ့ 
ဘုန်းကြီးကျောင်းတွေကိုတော့ ( 10 - 11 ) ရာစု အေဒီမှာ တည်ဆောက်ထားခဲ့ ကြပါတယ်။ ( 13 ) ရာစု အေဒီ မှာတော့ အိန္ဒိယ မှာဗုဒ္ဓ အယူဝါဒ ဟာ အားပျော့လာပြီး ဒီမြို့ဟောင်းသည်လည်း 
ပျောက်ကွယ်ခဲ့ရ ပါတယ်။ ( 1818 ) ခုနှစ်မှာတော့ဗြိတိသျှ အရာရှိတွေဟာ ဒီမြို့တော်ဟောင်းကို 
ပြန်လည် တွေ့ရှိခဲ့ကြပြီး ယနေ့ အချိန်မှာတော့ ခရီသွားကမ္ဘာလှည့်ဧည့်သည်တွေအတွက် 
အလွန်စွဲဆောင်မှုရှိတဲ့ နေရာတစ်ခု အဖြစ်သို့ ရောက်ရှိလာပါတယ်။
Troy, Turkey
ဒီ မြို့ကတော့ တတော်များများ ရင်းနှီးဖူးပြီးသား မြို့တော်ဟောင်းတစ်ခု ဖြစ်ပါတယ်။ ဒီ 
မြို့တော်ဟောင်းဟာ တူရကီနိုင်ငံ အနောက်မြောက်ဘက်မှာ တည်ရှိပါတယ်။ 
 ဒီ မြို့တော်ဟောင်းကို ( 13 ) ရာစု ဘီစီ မှာ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ ဒီ မြို့ဟာ ရှေးခေတ် 
ဂရိ စာဆိုတော်ကြီး Homer ကြောင့်လည်း ထင်ရှား ခဲ့ပါတယ်။
 နောက်ပိုင်းမှာ Trojan War ကြောင့်လည်း နာမည် ထပ်ပြီး ကျော်ကြားခဲ့ ပြန်ပါသေးတယ်။ 
ဒီ မြို့တော်ဟောင်းဟာ တည်ဆောက်ခဲ့တဲ့ ဗိသုကာ လက်ရာတွေကြောင့် ယနေ့ချိန်အထိ 
ကျော်ကြားနေသေးကာ ခရီးသွားဧည့်သည် တွေအတွက် လည်ပတ်စရာ နေရာတစ်ခုလည်း 
ဖြစ်နေပါသေးတယ်။
ကဲ သူငယ်ချင်းတို့ရေ .........
ကျေနပ်နှစ်သက် နိုင်ကြလိမ့်မယ်လို့လည်း ယူဆ ထားပါတယ်ဗျာ။
သူငယ်ချင်းများအားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း
နှုတ်ဆက် လိုက်ပါတယ်ဗျာ။
မူရင်း ...... http://xsefoto.blogspot.com   
အထက်ပါ လင့်ခ် မှ ပို့စ် အားဆီလျော်အောင် ဘာသာပြန်ထားခြင်း ဖြစ်ပါတယ်။
တစ်စုံတစ်ရာ လွဲမှားမှုများ ရှိခဲ့ပါက ကျွန်တော်၏ ညံ့ဖျင်းမှုသာလျှင် ဖြစ်ပါတယ်။
Rocker77
October 10, 2011
အီရန်နိုင်ငံ၏ ရှေ့ဟောင်း သမိုင်းနောက်ခံ အကြောင်း။
                            အီရန်နိုင်ငံသည် ခရစ်တော်မပေါ်မီ နှစ်ပေါင်း 5000 ကျော်အရင်ကပင် အာရှတိုက်၏ အရှေ့ အလယ်ပိုင်းဒေသတွင် တည်ရှိခဲ့ပါသည်။ တောင်ဘက်တွင် ပါရှန်းပင်လယ်ကွေ့ နှင့် အိုမန် ပင်လယ် ကွေ့၊ အရှေ့ဘက်တွင် အာဖဂါနစ်(စ)တန် နှင့်ပါကစ်(စ)တန်၊ မြောက်ဘက်တွင် ရုရှနှင့်ကစ္စပီရန်ပင်လယ်၊ အနောက်ဘက် တွင် အီရတ်နိုင်ငံတို့ နှင့် နယ်စပ်ချင်း ထိစပ်လျက်ရှိပါသည်။
                           အီရန်နိုင်ငံသည် ရှေးကျပြီး၊ယဉ်ကျေးမှု ထွန်းကားသောနိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ ရိုးရာယဉ်ကျေးမှု အသိပညာနှင့် အနုပညာကျွမ်းကျင်မှုများကို သမိုင်းဦးအစကပင်ခြေရာခံ နိုင်ခဲ့ပါသည်။ မူလနေထိုင်သူ လူမျိုးများမှာ အာရီယန်မျိုးနွယ်စုဝင်များ ဖြစ်ကြ ပါသည်။ ခရစ်တော်မပေါ်မီ နှစ်ပေါင်း ( 500 ) ကျော် အရင်ကပွင့်ခဲ့သော တမန်တော်နှင့် အတွေး အခေါ် ပညာရှင် ဇိုရိုအက်(စ)တာမှ ပြဌာန်း သော ဘာ သာ ကို လက်ခံခဲ့ကြသူများဖြစ်ကြပါသည်။ မီးကိုးကွယ်သူများ ဖြစ်ခဲ့ကြပြီး ၄င်းတို.ကို Parsi ဘာသာဝင်များဟု ခေါ်ကြသည်။ အီရန်ဘုရင် Cyrus The Great သည် အင်ပါယာရှင် တစ်ဦးဖြစ်ပြီး (ဘီစီ ၅၅၀) တွင် အာရှ အရှေ.ဖျားမှ အနောက်ဘက် အီဂျစ်နိုင်ငံအထိ ကျယ်ဝန်းသော ပါရှန်းအင်ပါ ယာ ကြီးကို ထူထောင် ခဲ့သူဖြစ် ပါသည်။
                         ( ၇ ) ရာစုတွင် အာရပ် ခေါင်းဆောင်များသည် အီရန်နိုင်ငံ အပေါ်ကျူးကျော်စစ်များ ဆင်နွဲ ကြပြီး နောက်ပိုင်းတွင် အီရန်လူမျိုး  များသည် အစ္စလာမ်ဘာသာဝင်များ ဖြစ်လာခဲ့ကြပါသည်။   ( ၁၃ ) ရာစုတွင် အီရန်နိုင်ငံသည် မွန်ဂိုလူမျိုးများ၏ ခေါင်းဆောင်ဖြစ်သော Jenghis Khan (ဂျန်ဂစ်(စ)ခါးန်) ၏ ကျူးကျော်ခြင်းကိုခံခဲ့ရပြီး မွန်ဂိုဘုရင်များမှာ အီရန်နိုင်ငံသို့ ရောက်ရှိလာရာမှ အီရန်နိုင်ငံသုံး ဖာရ်စီ စကားကို နန်းသုံး စကားအဖြစ် အသုံးပြုပြီး အီရန်စာပေ၊ ယဉ်ကျေးမှု၊ ထုံးတမ်းအစဉ်အလာများနှင့် ကိုးကွယ်မှုပါမကျန် လက်ခံ ကျင့်သုံး ခဲ့လေရာ ထိုသူများကို (Persianized People) ပါရှန်ဆန်သောလူမျိုးများ ဟုခေါ်တွင်ကြသည်။ မွန်ဂို လူမျိုးများ ယခင်အသုံးပြု ခဲ့သော Chagadai ဘာသာစကားမှာ ယခုပျောက်ကွယ်နေပြီဖြစ်သော တူရကီ ဘာသာ စကားဖြစ်ပြီး ဖာရစီ အရဘစ် စကားလုံးများ ထည့်သွင်း သုံးဆွဲထားသော ဘာသာစကား ဖြစ်သော ကြောင့် နောက်ပိုင်းတွင် ဖာရ်စီစကားအား မိမိတို့၏ ကိုယ်ပိုင်စကား အဖြစ်လွှဲပြောင်း သုံးစွဲရာ တွင် လွန်စွာ လွယ်ကူလှပေ သည်။
                         ထိုမွန်ဂို လူမျိုးများမှာ စစ်ခင်းရာတွင် ကျွမ်းကျင်၍ နယ်မြေသစ်များအဖြစ် အာရှ အရှေ့ပိုင်း ဒေသ များကို စစ်ခင်း၍ သိမ်းပိုက်ခဲ့ကြသည်။ မွန်ဂိုလူမျိုးများမှာ တာကိုမွန်ဂိုအနွယ်ဝင်များဖြစ်ကြရာ အီရန် နိုင်ငံရောက်မွန်ဂိုလူမျိုး များအား အီရာနီလူမျိုးများက မဂို (Mogul) လူမျိုးများဟုခေါ်တွင်ခဲ့ကြရာမှ မဂိုအီရာနီ များဟူ၍ ပေါ်ပေါက်ခဲ့ပါ သည်။ အီရန်နိုင်ငံအား အုပ်ချူပ်ခဲ့သော မွန်ဂိုဘုရင်များ အနက် တီးမူး (Timur) ဘုရင်မှာ အထင်ရှားဆုံး ဘုရင်တစ်ပါးဖြစ်ပါ သည်။ တီမူး ဘုရင်၏ သား Sharukh  Mirza Timury ၏ မိဖုရား ဖြစ်သူ Gouhar Shad မှာ အီရန် နိုင်ငံ မရှ်ဟဒ်မြို့ရှိ Rouza-e-Imam-Reza တွင် Jamay Masjid တစ်လုံး တည် ဆောက် ခဲ့ ရာ ယင်း မဇ်ဂျစ် ( ဘုရားကျောင်း ) မှာ- Masjid-e-Gouhar Shad အမည်ဖြင့်တွင် ခဲ့သည်။ နောက် ပိုင်းတွင် Timur ဘုရင်၏သားစဉ်မြေးဆက်ဖြစ်သော Zahiruddeen Mohammed Babur မှာအိန္ဒိယနိုင်ငံ၌ မဂို အင်ပါယာကြီးကို တည်ထောင်ခဲ့သူတစ်ဦးဖြစ်ပါသည်။
အင်တာနက်စာမျက်နှာများပေါ်မှ စုစည်းရ်ျ  ပြန်လည်ဝေမျှပါသည်။
Rocker77
October 7, 2011
တရုတ်ပြည် ရှေးဟောင်းသမိုင်း။ ( ဇာတ်သိမ်း )
                                ချင် မင်းဆက်၏ ပထမ မင်းသုံးပါးလက်ထက်တွင် သူကောင်းမျိုးတို့၏ သြဇာများကို နှိပ်နင်းရ်ျ ဗဟိုအစိုးရ၏ သြဇာအာဏာကို ပြန်လည်ထူထောင်ရေး စတင်ခဲ့လေသည်။ သို့သော် ကံကျွေးချ စနစ်ကို သုတ်သင်ရ်ျ တန်ခိုးသြဇာ အကြီးမားဆုံး ဖြစ်လာသူမှာ လေးဆက်မြောက်မင်း သျှီဟောင်တီ ဖြစ်လေ သည်။ သူ၏ အမည်ရင်းမှာ ကျန်ဝမ် ဖြစ်ပြီး အသက် ( 13 ) သားကပင်စရ်ျ ဘုရင် ဖြစ်လာခဲ့လေသည်။ ပထမ နန်းသက် ( 10 ) အတွင်းမှာ နန်းတွင်း အရှုပ်တော်ပုံများကြောင့် နိုင်ငံ ပျက်စီးမည်ကဲ့သို့ပင် ထင်ခဲ့ရပြီး ( 236 ) ဘီစီတွင် ကျန်ဝမ်က နန်းတွင်းရေး များကို ဖြေရှင်းကာ အစိုးရကိုယ်တိုင် ဖြေရှင်းနိုင်သော အာဏာမျိုးကို ရရှိ လာလေသည်။ ထိုမှ စရ်ျ ( 221 ) ဘီစီ တိုင်အောင် မင်းအာဏာကို မလေးမစားပြုသော သူကောင်းတို့ကို နှိမ် နင်း ခဲ့လေသည်။ ရန်အားလုံး ကင်းရှင်းသောအခါ သူ၏ အမည်တွင် ၀မ် ( ဘုရင် ) ဟူသော ဘွဲ့ကို စွန့်ကာ ဟောင်တီ ( ဧကရာဇ် ) ဟူသော ဘွဲ့ကို ခံယူလိုက်သဖြင့် သျှီဟောင်တီ ဟူသောအမည်ဖြင့် ထင်ရှား လာလေ သည်။
                             သျှီဟောင်တီ သည် အုပ်ချုပ်ရေးတွင်လည်း သူ၏ အာဏာစက်ကို နိုင်ငံတော် အားလုံး၌ ပျံ့နှံ့စေ လေသည်။ သူသည် ဥပဒေဖြင့် တိုင်းပြည်ကို ကောင်းစားစေမည်ဟူသော ၀ါဒသမားဖြစ်ရ်ျ ထို ၀ါဒကို လက်တွေ့ ကျင့်သုံး ခဲ့လေသည်။ ရှေး ကံကျွေးချ အုပ်ချုပ်ရေးစနစ်ကို ပယ်ဖျက်ပြီး နိုင်ငံတော်ကို ( 36 ) နယ် ခွဲကာ လခစား စစ်မှုထမ်း နှင့် နိုင်ငံဝန်ထမ်း အရာရှိများကို ခန့်ထားအုပ်ချုပ်စေလေသည်။ ထို အရာရှိများ အုပ်ချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များကို လေးစားလိုက်နာခြင်း ရှိ ၊မရှိ ကိုလည်း စစ်ဆေးသဖြင့် အရာရှိများ တစ်နယ်မှ တစ်နယ်သို့ ပြောင်းရွှေ့ရခြင်းများလည်း ရှိခဲ့လေသည်။ ဝေ မြစ်၏ တောင်ဘက်ကမ်းပေါ်ရှိ ယခု ခေတ် စီယန်ဖူ တည်ရှိရာ အရပ် အနီးတွင် မြို့တော်သစ်ကိုတည်ပြီး နိုင်ငံတော် အနှံအပြားမှ ကြွယ်ဝချမ်းသာ သူ တစ်သိန်းနှစ်သောင်းကို မြို့တော်သစ် သို့ ပြောင်းရွှေ့လာရောက် နေထိုင်စေခဲ့ပြန်သည်။ သူ၏ ပြုပြင် ပြောင်းလဲမှုများ အနက် အရေးပါသော အချက်တစ်ခုမှာ တရုတ် အက္ခရာများကို လွယ်ကူစွာ ရေးနိုင်အောင် ပြုပြင်ခဲ့ခြင်း ဖြစ်လေသည်။ ဆံပင် မွှေးဖြင့် ပြုလုပ်သော စုတ်တံ နှင့် ၀ါးမြေးဖြင့် ပြုလုပ်သော စက္ကူတို့ကို လည်း သူ၏ ခေတ်တွင် ထွန်းကားခဲ့လေသည်။
                             သျှီဟောင်တီ၏ ပြုပြင်မှုများကို ထုံးစံအတိုင်း ကန့်ကွက်သူများလည်း ပေါ်ပေါက် ခဲ့လေ သည်။ အထူးသဖြင့် ပညာရှိပရိတ်သတ်များက ကွန်ဖြူးရှပ်စ် ၀ါဒနှင့် မကိုက်ညီသဖြင့် အပြင်းအထန် ဝေဖန် ကန့်ကွက် ကြသော အခါ အမြတ်ထွက်သဖြင့်  လည်းကောင်း ၊ ရှေးဘုရင်များ၏ ကြီးကျယ်ခြင်းတို့ကို မှတ် တမ်း တင်ခဲ့သော စာအုပ်စာတမ်းများ မရှိခဲ့လျှင်သော်လည်းကောင်း သူ၏ တန်ခိုးအာဏာ ကြီးကျယ်ပုံမှာ နှိုင်းယှဉ်ဘက် ကင်းမဲ့ပြီး နောင်လာနောက်သားတို့ ပိုရ်ျ အထင်ကြီးလေးစားစေရန် သဘောဖြင့် ( 213 ) ဘီစီ တွင် ချင် မင်းဆက် ရာဇ၀င် နှင့် ဆေးပညာ ၊ စိုက်ပျိုးရေး ပညာ နှင့် ယဇ်ပူဇော်ခြင်း လမ်းညွှန်ကျမ်း အချို့ မှ လွဲရ်ျ အားလုံးသော တခြားကျမ်းများကို ဖျက်ဆီးစေခဲ့လေသည်။ ထို့အပြင် ဆက်လက်ဝေဖန်နေသော ပညာ ရှင် ( 460 ) ကိုလည်း မင်းအမိန့်ဖြင့် သတ်စေ ခဲ့လေသည်။ သျှီဟောင်တီ သည် ( 37 ) နှစ် အုပ်စိုးပြီးနောက်    ( 210 ) ဘီစီ တွင် ကွယ်လွန်ခဲ့လေသည်။ ထို့နောက်  သူ့ကို ဆက်ခံသော သူ၏သားမှာ လေးနှစ်အကြာတွင် နန်းကျပြီး ( 202 ) ဘီစီတွင် ပြည်တွင်းစစ်ဖြစ်ကာ  ချင် မင်းဆက်ကိုဖြုတ်ကာ လိယူပန် က ဟန် မင်းဆက်ကို တည်ထောင်ခဲ့လေသည်။ 
                               နိုင်ငံတော်ကို ထိန်းသိမ်းခြင်းအရာတွင်ကား သျှီဟောင်တီ ကို ချီးမွှမ်း ရပေသည်။ ၄င်း ၏ သြဇာအာဏာသည် တောင်ပိုင်း အနန် သို့အောင် ပျံ့နှံ့ ခဲ့ပြီး မြောက်ပိုင်း၌လည်း မကြာခဏ တိုက်ခိုက်လာ သော တာတာများကို ကောင်းစွာ တားမြစ်နိုင်ခဲ့လေသည်။ ၄င်း တို့၏ ရန်ကို ကာကွယ်ရန် ရှေး မင်းများ လက် ထက် ကတည်း က တည်ဆောက်ထားခဲ့သော အရေးပါသော တောင်ကြားများ အတွင်းရှိ ခံတပ်ငယ်များကို ဆက်ရ်ျ သျှန်ဟဲကွန် အရပ် ပင်လယ်ကမ်းခြေမှ စရ်ျ အနောက်ဘက် သဲကန္တာရသို့ တိုင်အောင် အုတ်တံတိုင်း ကြီးများ တည်ဆောက်ခဲ့လေသည်။ ထို တံတိုင်းကြီးများမှာ ပထမ ဟန် မင်းဆက်လက်ထက်တွင်မှ အပြီး သတ် ခဲ့သော်လည်း ထို တာဝန်ကို စတင်ထမ်း ဆောင်ခဲ့သူ သျှီဟောင်တီ အား ဂုဏ်ပြု ကြရလေသည်။ သျှီဟောင်တီ သည် မြောက်ဘက် အုတ်တံတိုင်းကြီးများကို အောင်မြင်စွာ တည်ဆောက်ခဲ့ခြင်းဖြင့် တရုတ် နိုင်ငံ သည် နှစ်ပေါင်းများစွာ မြောက်ဘက်ရှိ တာတာ များ၏ ၀င်ရောက် နှောင့်ယှက်မှုကို ကင်းလွတ် စေခဲ့ရ လေသည်။ အာဏာစက်ကို တောင်ပိုင်းသို့ ပျံ့နှံ့အောင် ဆောင်ရွက်ခဲ့ခြင်းကြောင့် နောက်ပိုင်း ဆက်ခံသော မင်းများသည်လည်း အတုယူရ်ျ နယ်ချဲ့ရန် ကြိုးစားကြခြင်းကိုလည်း တွေ့မြင်ရလေသည်။ ထို ချင် မင်းဆက် သည် ( 256 ) မှ ( 202 ) ဘီစီအထိ အနှစ်ငါးဆယ်မျှ တရုတ်နိုင်ငံကို အုပ်စိုးခဲ့ခြင်းသည် တရုတ် ခေတ်ဦး ရာဇ၀င် ၏ နောက်ဆုံး ကဏ္ဍ ပင် ဖြစ်ခဲ့လေသည်။
                               ဟန် မင်းဆက် အသစ်လက်ထက်တွင် ကျမ်းဟောင်းများအတွက် ပညာရှင်များကို မှတ်မိ သမျှ တို့ကို ကြိုးစားပြန်လည် ညှိနှိုင်းခါ မူလ အတိုင်းဖြစ်အောင် ပြန်လည်ရေးစေခဲ့လေသည်။ ( 154 ) ဘီစီ တွင် ကျမ်း ဟောင်းတစ်စုံကို ကွန်ဖြူးရှပ်စ် နေခဲ့သော အိမ်နံရံထဲ၌ ထည့်ရ်ျ ၀ှက်ထားသည်ကို တွေ့ရှိကြပြီး အခြားနေရာများမှ အပိုင်းအစများဖြင့် ဖြည့်စွက်ကာ ကျမ်းဟောင်းများကို အပြည့်အစုံ ပြန်လည် ဖော်ထုတ် နိုင်ခဲ့ကြလေသည်။  ထိုကြောင့် ထို ခေတ်ဦးအဆုံးပိုင်း၌ တရုတ်တို့သည် အလွန်ထင်ရှားပြီး ကောင်းမွန်သော ယဉ်ကျေးမှုကြီးတစ်ရပ်ကို အောင်မြင်စွာ ထူထောင်နိုင်ခဲ့ကြလေသည်။ ထို ယဉ်ကျေးမှုကြီးသည် သျှီဟောင် တီ ၏ လက်ထက်တွင် အထွက်ထိပ် သို့ ရောက်ရှိခဲ့ပြီး ထို ခေတ်အထိ တရုတ်ယဉ်ကျေးမှုသည် ပြည်ပမှ သွင်းယူခဲ့သော ယဉ်ကျေးမှု အချက်အလက်များ ကင်းရှင်းခဲ့လေသည်။
ပြီးပါပြီ။
စာကိုး ........... ခေတ်ဟောင်း ရာဇ၀င် ( ဒေါက်တာ သန်းထွန်း )
Rocker77
October 6, 2011
တရုတ်ပြည် ရှေးဟောင်းသမိုင်း ။ အပိုင်း ( 1 )
                              ယခုခေတ် တရုတ်ပြည်မှာ စတုရန်းမိုင် လေးသန်းခွဲခန့် ရှိမည်ဟု ခန့်မှန်းရသဖြင့် အာရှ တိုက် တစ်တိုက်လုံး၏ လေးစိတ်တစ်စိတ်စာမျှ ရှိနိုင်ပေသည်။ သို့သော် ထို တစ်စိတ်လုံးမှာ တရုတ်ပြည် မဟုတ် ပေ။ တရုတ် ယဉ်ကျေးမှု လွှမ်းမိုးသော တရုတ် အုပ်ချုပ်ရေး သြဇာ ပျံ့နှံ့ ရာနေရာများသာ ဖြစ်လေ သည်။ တရုတ် နိုင်ငံမှာ ဂရိတ် ဝေါလ် တံတိုင်းကြီး၏ တောင်ဘက်ရှိ ပြည်နယ် ( 18 ) ဖြစ်ရ်ျ အထက် ဖော်ပြပါ ဧရိယာ၏ သုံးပုံ တစ်ပုံသာ ရှိလေသည်။
                             တရုတ်နိုင်ငံ၏ မြောက်ဘက်တွင် မွန်ဂိုလီးယား၏ ဂိုဘီ သဲကန္တာရရှိပြီး အနောက်ဘက်နှင့် အနောက်တောင်ဘက်တွင် တိဗက်ကုန်းပြင်မြင့် ရှိကာ ထို ကုန်းမြင့်တောင်တန်းများသည် အရှေ့ တောင် ဘက် သို့ စွန်းထွက်လျက် ရှိနေပြီး အရှေ့နှင့် အရှေ့တောင်ဘက်တွင်မူ ပင်လယ်ပြင် ဖြစ်လေသည်။ ထိုသို့ သဘာဝခံတပ်များ ကာရံထားသော တရုတ်နိုင်ငံတွင် ယဉ်ကျေးမှု ထွန်းကားရန် အချက်ချာ ဒေသများ ဖြစ်နိုင် သည့် မြစ်ဝါမြစ် တလျှောက်နှင့် ယန်စီ မြစ်ဝှမ်းအပြင် တောင်ပိုင်းပြည်နယ်များ ဟူရ်ျ သုံးပိုင်း ပါရှိလေသည်။
                             ခေတ်ဦးရာဇ၀င်တို့ သိရှိနိုင်ရန် ထုံးစံအတိုင်း ခက်ခဲသော်လည်း တရုတ်ပြည်တွင် ( 10 ) ရာစု ဘီစီ မှစရ်ျ မင်းမိန့်ဖြင့် နန်းတွင်းမှတ်တမ်းများကို နှစ်စဉ် ရေးသားထားခဲ့သောကြောင့် ၄င်းတို့မှ ရာဇ၀င် အထောက် အထားများစွာကို သိရှိရလေသည်။ ထို နန်းတွင်းမှတ်တမ်းများကြောင့်လည်း တရုတ်ရာဇ၀င်၏ အဖြစ်ပျက်တို့ကို        ( 842 ) ဘီစီ နောက်ပိုင်းတွင် ရက်စွဲနှင့်တကွ မှန်ကန်တိကျအောင် သိရခဲ့လေသည်။ ထို့အပြင် ကျေနပ်လက်ခံဖွယ် ပြည့်စုံသော တရုတ်ရာဇ၀င်ကျမ်း အစောင်စောင်လည်း ပေါ်ပေါက်ခဲ့ပြန် သေးသည်။ တရုတ်ပညာရှိကြီး ကွန်ဖြူးရှပ် သည် ထိုရာဇ၀င်ကျမ်းများကို ပြင်ဆင်မွမ်းမံ တည်းဖြတ်လျှက်    ရှုကင်းခေါ် ရာဇ၀င်ကျမ်းကြီးတစ်စောင်ကို ပြုစု ခဲ့ပြန်သေးသည်။ တဖန် ( 2 ) ရာစု ဘီစီ တွင် စူမာချင်သည် စံထား လောက်သော ရာဇ၀င်ကျမ်းတစ်စောင်ကို ပြုစုပြန်သည်။ သို့သော် ရှေးကျလှသော ကျောက်ခေတ် ယဉ်ကျေးမှုကိုကား ရေးနိုင်ခဲ့ခြင်း မရှိခဲ့ချေ။
                             ရာဇ၀င်ဆရာတို့သည် ( 1899 ) တွင် ဟောနန်မြောက်ပိုင်း၌ စာရေးသားပါရှိသော အရိုးများနှင့် လိပ်ခွံများကို တွေ့ရှိခဲ့ကြပြန်သည်။ ၄င်းစာများကို လေ့လာဖတ်ရှု့ အောင်မြင်သောအခါ ( 17 ) မှ ( 13 ) ရာစု ဘီစီ အထိ အုပ်စိုးခဲ့သော ယင် မင်းဆက် အကြောင်းကို ရေးသားထားသည်ကို တွေ့ရှိရလေသည်။ ထို လိပ်ခွံ စာများသည် ရှေးအကျဆုံး တရုတ် ဘာသာစာပေမှတ်တမ်းများ ဖြစ်သဖြင့် ၄င်းတို့၏ တန်ဖိုးမှာ အထူးပင် မြင့်မားလေသည်။ ၄င်း စာများအရ တရုတ်တို့သည် ထိုမျှ ရှေးကျသော အခါကာလကပင် ယခု တရုတ်စာနှင့် မကွာလှသော စာပေ အရေးသား မျိုးကို ရေးတက်လျှက် ရှိနေပြီဖြစ်ကြောင်းကို သိရ သော ကြောင့် တရုတ်တို့၏ ယဉ်ကျေးမှုအဆင့်တန်း မြင့်မားပုံကို ကောင်းစွာ ခန့်မှန်း နိုင်လေသည်။
                             ထို အချိန်က တရုတ် နယ်မြေသစ် ရှာဖွေကြသူများသည် အစုလိုက် အပြုံလိုက် မြစ်ဝါမြစ် ၏ အထက်ပိုင်း နှင့် အနောက်ပိုင်းသို့ တဆင့်တဆင့် တိုးဝင်ပြောင်းရွေ့လာကြလေသည်။ ပတ်ဝန်းကျင် နယ်မြေများ၌ လူရိုင်းများ ရှိနေသဖြင့် အဆိုပါ တိုင်းသစ်ပြည်သစ် ထူထောင်သူများသည် လက်နက်ကို ထာဝစဉ် ကိုင်စွဲ ထားကြ ရလေသည်။ သို့ဖြင့် နောက်ပိုင်းတွင် ပင်ရင်း နိုင်ငံကြီး၏ အစောင့်အရှောက် မလို သော နိုင်ငံသစ်များ ဖြစ်ရ်ျ လာကြ လေသည်။ သို့သော် ပင်ရင်းနိုင်ငံကြီးများ၏ သြဇာကိုလည်း လုံးဝ သွေဖီ ခြင်းမပြုပဲ ကျေးတော်မျိုး ကျွန်တော်မျိုး များ အဖြစ် ဆက်လက်နေထိုင်ကြလေသည်။ နာမည်အားဖြင့် လက် အောက်ခံဖြစ်သော်လည်း အုပ်ချုပ်သူ နယ်စားတို့သည် များစွာ လွတ်လပ်ကြလေသည်။ ကံကျွေးချစနစ် လည်း ပေါ်ထွန်းခဲ့လေသည်။ ထို ကံကျွေးချစနစ်ကို နောင်အခါ နှစ်ပေါင်း တစ်ထောင်ကျော်လွန်လေမှ သြဇာ ထက်မြက်သော ဧကရာဇ် သျှီတွန်တီက ပြင်းထန်စွာ တိုက်ဖျက်ခဲ့ရ လေသည်။
                              ထို နယ်ပယ်သစ်များအနက် ယခုခေတ် သျှန်စီအရပ် ဝေ တောင်ကြား ဒေသတွင် ထူ ထောင် နေထိုင်ကြသော ချောင် နယ်သစ်မှာ ပတ်ဝန်းကျင်မှ ၀င်ရောက်နှောင့်ယှက်ရန် လွယ်ကူသော ကြောင့် ရန်ကို ကာကွယ် စေခြင်းငှာ အစဉ်အမြဲ သတိပြုနေရလျှက် နောက်ဆုံးတွင် စစ်အင်အား အကောင်း ဆုံး နယ်ကြီး ဖြစ်လာလေသည်။      ( 12 ) ရာစု ဘီစီတွင် ထိုနယ်ကို ထူထောင်ကြပြီး ( 11 ) ရာစု ဘီစီ တွင် ချောင်နယ်စား ဖ ဆိုသူသည် အထက်မင်း ကိုတော်လှန်လိုက်လေသည်။ ၄င်းသည် အထက်မင်းကို သတ်ပြီး ၀ူဝမ် ( စစ်ဘုရင် ) ဟူသော ဘွဲ့ဖြင့် ချောင် မင်းဆက် ကို ထူထောင်ခဲ့လေသည်။ ၀ူဝမ် သည် ဘုရင် ဖြစ်ပြီး နောက် ဟောနန်မြောက်ပိုင်းရှိ ယင် မင်းဆက်၏ မြို့တော်နှင့် အုပ်ချုပ်ရေးဌာနကို ဝေ အရပ်သို့ ပြောင်းလျှက် ယခုခေတ် စီယံဖူ အနီးတွင် ဟောင် ဟုသမုတ်ကာ မြို့တော်သစ်ကို တည်လေသည်။
                              ထို ချောင်မင်းဆက်၌ လူတန်းစား နှစ်ရပ်ကွဲပြားခဲ့ပြီး အောက်တန်းလွှာတွင် လက်မှုပညာ သည် နှင့် လယ်သမားများ ပါဝင်ပြီး အထက်တန်းလွှာတွင် သူကောင်းများ ပါဝင်လေသည်။ အောက်လွှာ နှင့် အထက်လွှာတို့ သည် ရောနှောဆက်ဆံခြင်း မရှိခဲ့ကြပေ။ အထက်တန်းလွှာ လူတို့မှာ မျိုးရိုးကြောင့်သော် လည်းကောင်း ၊ ရာထူး ကြောင့် သော်လည်းကောင်း မြေယာများကို ကံကျွေးရလေသည်။ ထို့ကြောင့် မျိုးရိုး အစဉ်အလာကို ပူဇော်ပသခြင်းမှာ တရုတ်လူမျိုးတို့တွင် အရေးပါဆုံး တာဝန်တစ်ရပ် ဖြစ်လာလေသည်။ ဘိုးဘွား မိဘ ပူဇော်ခြင်းတာဝန်ကို မပျက်စေရန် အိမ်ထောင်မပြုမနေပြု ခြင်း နှင့် သားယောက်ျားလေး မွေးရန်တို့မှာ အရေးပါသော အလေ့ထများ အဖြစ်ဖြင့် ပေါ်ပေါက် လာခဲ့လေသည်။
                              ချောင်မင်းဆက် လက်ထက် ( 10 ) ဆက်မြောက်ဘုရင် လီ ဘုရင် လက်ထက် ၊ ( 842 ) ဘီစီ တွင် နန်းတွင်းပုန်ကန်မှုကြီး ပေါ်ပေါက်ခဲ့လေသည်။ ချီ ၊ ကျိန်  နှင့် ချင် နယ်စားကြီးများသည် ဧကရာဇ် ကို အမည်အား ဖြင့်သာ လေးစားခြင်းရှိကြပြီး စင်စစ် လွတ်လပ်စွာ ကိုယ်ပိုင် စိုးစံ နေကြလေသည်။ ထို့အပြင် ၄င်း နယ်စားကြီးများ သည် အချင်းချင်းလည်း အချိန်မပြတ် စစ်ခင်းနေကြသဖြင့် ပြည်ရွာမငြိမ်မသက် ဖြစ်နေ ခဲ့လေသည်။ ချင် နယ်စားသည် ထို ခေတ်က တန်ခိုးသြဇာ အကြီးဆုံးဖြစ်သဖြင့် ကျန်နယ်ကလေးများက စုပေါင်းပြီး ချင် ကိုစစ်ပြုကြ လေသည်။        ( 256 )ဘီစီတွင် ချင်နယ်စားသည် ရန်အပေါင်းကို သုတ်သင် ရှင်းလင်းနိုင်ပြီး ချောင် မင်းဆက်ကိုပါ ဖြုတ်ချကာ ချင် မင်းဆက် ကို ထူထောင်လေသည်။
( ဆက်လက်ဖော်ပြပါမည်။ )
စာကိုး ............. ခေတ်ဟောင်းရာဇ၀င် ( ဒေါက်တာ သန်းထွန်း )
Rocker77
September 18, 2011
သိထားသင့်သော သမိုင်းကြောင်း တစ်ခု ။
                              ဗုဒ္ဓ၀ါဒ နှင့် ဂျိန်း ၀ါဒ တို့သည် အိန္ဒိယ ၌ တစ်ချိန်တည်းလိုလိုပင် ပေါ်ထွန်းခဲ့ကြသည်။ ဂျိန်း ၀ါဒဆရာကြီးတစ်ဆူ  အဖြစ်ထင်ရှားကျော်ကြားခဲ့သော မဟာဝိရ ၊ ဗုဒ္ဓ၀ါဒရှင်ဖြစ်သော ရှင်ဂေါတမ နှင့် တရုတ် ပညာရှိကြီး ကွန်ဖြူးရှပ် တို့သည် ( 6 ) ရာစု ဘီစီတွင်ပြိုင်တူ ပေါ်ပေါက်ခဲ့သော ပုဂ္ဂုလ်ထူးများ ဖြစ်ကြသည်။ မဟာဝိရ နှင့် ဂေါတမဗုဒ္ဓ နှစ်ဦးစလုံးပင် ခတ္တိယ အနွယ်ဝင်များ   ဖြစ်ကြပေသည်။ဗြဟ္မဏတို့ ရဲ့ အဆောင်ယောင် အခမ်းနားများဖြင့် ဘုရားများစွာကို ပူဇော်ခြင်းကို ကန့်ကွက်ရှုံ့ချလျက် စိတ်အလို ဆန္ဒကို  ထိန်းသိမ်းရ်ျ မွန်မြတ်သော အကျင့်ကို ကျင့်ကြံရန် လှုံ့ဆော် အားပေးခဲ့ကြလေသည်။ အိန္ဒိယတွင် သက်ဝင် ယုံကြည် ကိုးကွယ်သူ မနည်းခဲ့သော်လည်း ဂျိန်း ၀ါဒ သည် အိန္ဒိယမှ ကမ္ဘာသို့ ပြန့်နှံ့လာခြင်း မရှိခဲ့ချေ။ ဗုဒ္ဓ၀ါဒမှာမူ ယခုအခါ မူလ ဖြစ်သော အိန္ဒိယတွင် သက်ဝင်ယုံကြည်သူ နည်းပါး သော်လည်း အလယ်ပိုင်းနှင့် အရှေ့ပိုင်းအာရှတွင် များစွာ ပျံ့နှံ့ရ်ျ ကမ္ဘာသာသနာကြီး တစ်ခု ဖြစ်လာပါတော့သည်။
                            နောင်အချိန်များစွာတွင် ဂေါတမဗုဒ္ဓ ဟု အမည်တွင်မည့် သိဒ္ဓတ္တမင်းသား သည် ကပ္ပိလ တိုင်း ခေါ် ယခု မြောက်ပိုင်း အိန္ဒိယမှ နီပေါ နှင့် ကပ်လျက်ရှိသော ပြည်ငယ်လေး၏ ဘုရင်မျိုးဖြစ်ရ်ျ ကား အမျိုး ကိုလိုက်ရ်ျ သကျသာကီဝင်တို့၏ အထွက်မြတ်ပညာရှင် ဟူသော သကျမုနိဘွဲ့တော်ဖြင့် ခေါ်စမှတ်ပြု သော်လည်း လောက အလုံးစုံကို ထိုးထွင်းရ်ျ သိမြင်တော်မူသော ဂေါတမ ဟု အဓိပ္ပါယ်ရသော ဂေါတမဗုဒ္ဓ ဘွဲ့တော်ဖြင့်  လူသိများထင်ရှားခဲ့လေသည်။
                             ဂေါတမ ရှင်တော်မြတ်၏  မွေးဖွားရာ နှစ်ကို အတိကျမပြောနိုင်ကြသေးပေ။ ၀ိဝါဒ ကွဲပြား လျက်ပင် ရှိနေ ကြသေးသည်။ မြန်မာနိုင်ငံမှ ဗုဒ္ဓဘာသာဝင်တို့ရဲ့ မှတ်တမ်းများအရ သာသနာနှစ်ဖြင့် တိုက် ဆိုင် ကြည့်ပါမူ မြတ်စွာဘုရား ဖွားတော်မူသော နှစ်မှာ (623 ) ဘီစီ ဖြစ်ရ်ျ ပ၇ိနိဗ္ဗာန်ပြုသော နှစ်မှာ ( 543 ) ဘီစီ ဖြစ်လေသည်။ သို့သော် သုတေသီတို့ကမူ ( 563 ) ဘီစီတွင် မွေးဖွားရ်ျ( 483 ) ဘီစီ တွင် ပရိနိဗ္ဗာန် ပြု သည် ဟု ပြင်ဆင်လိုကြသည်။
                              သိဒ္ဓတ္တမင်းသားသည် နန်းစည်စိမ်ဖြင့် တင့်တယ်စွာနေခဲ့ရသော်လည်း အိုခြင်း၊ နာခြင်း၊ သေခြင်း စသော ဆင်းရဲ့ခြင်းတို့ကို ဆင်ခြင်အောက်မေ့ မိရ်ျ စိတ်၏ချမ်းသာမှုကို မရနိုင်သဖြင့် အသက် ( 29 ) တွင် တောထွက်ခဲ့လေသည်။ လွန်သော အကျင့်ဖြင့် ( 6 ) နှစ်တိုင် ကြိုးစားခဲ့သော်လည်း အချည်းနှီး ဖြစ်သော ကြောင့် နောက်ဆုံး၌ပြုပြင်ကာ မယုတ်မလွန်သော အကျင့်ဖြင့် ငါ ဟူသော အစွဲကိုပျောက်အောင် ကျင့်ကြံ လျက် လောကအလုံးစုံကို ထိုးထွင်းရ်ျ သိမြင်သော ဥာဏ်ကို ရရှိလေသည်။ ထို အခါဝယ် သက်တော်  ( 35 ) နှစ် ရှိပြီဖြစ်ရ်ျ ပရိနိဗ္ဗာန် မပြုမီ ( 45 ) နှစ်တိုင်တိုင် တပည့်ရဟန်းများအား အမှန်တရားကို ဟောပြော ဆုံးမခဲ့ လေသည်။
                             ဂေါတမ ရှင်တော်မြတ်၏ ဟောကြားချက်များတွင် ဟိန္ဒူနတ်များကို အသိမှတ်မပြုခဲ့ချေ။ ဗေဒကျမ်းများ၏ အသုံးဝင်ပုံကိုလည်း ငြင်းဆိုခဲ့လေသည်။ သံသရာကျင်လည်ခြင်း နှင့် ကံ ကံ၏အကျိုးကို ယုံကြည်ခြင်းဟူသော မူလ အိန္ဒိယခေတ်ဦး ယုံကြည်မှု့များကိုသာ ထုတ်ဖော်ရ်ျ လောက အကြောင်းကို ကြံ စည် ခြင်း မပြုရန် လုံးဝ တားမြစ်ခဲ့လေသည်။ ဘ၀ထိုထိုတွင် ကျင်လည် ကျက်စားခြင်းမှာ ဒုက္ခသာဖြစ်ရ်ျ် ၄င်း တို့၏ ချုပ်ငြိမ်းရာ မြတ်သောနိဗ္ဗာန်ကိုေ၇ာက်ရာရောက်ကြောင်း လမ်းကောင်းကိုသာ ညွန်ပြခဲ့သည်။
                             နိဗ္ဗာန်ကို လွန်သောအကျင့်ဖြင့် မိမိခန္ဓာကိုယ်ကို မိမိ ညှင်းဆဲခြင်းဖြင့် မရနိုင်။ ပူဇော် ပသ ပွဲများနှင့်လည်း ဆုတောင်း ရ်ျ မရနိုင်။ ကိုယ် ၊ နှုတ် ၊ နှလုံး သုံးပါးလုံး စင်ကြယ်မှ ရနိုင်သလို ထိုသို့ စင်ကြယ် သန့်ရှင်းနိုင်စေရန် အင်္ဂါရှစ်ပါး ရှိသော အကျင့်ကို ကျင့်ရန် ညွန်ကြားခဲ့လေသည်။ ထို ရှစ်ပါးမှာ ဖြူစင် ဖြေင့် မတ် ကောင်းမြတ်စင်ကြယ်သော ဥာဏ်အမြင်၊ အကြံအစည်၊ ၀စီကံမှု့ ၊ ကာယကံမှု ၊ အသက်မွေးမှု ၊ လုံ့ လ ၀ီရိယ ၊ မမေ့မလျော့မှု နှင့် စိတ်တည်ကြည်လင်မှု တို့ပင် ဖြစ်သည်။ ထို ကိုယ်၊ နှု့တ် ၊ နှလုံး သုံးပါးတို့၏ စင်ကြယ်ခြင်းအတွက် အရံအတားဖြင့်လည်း အင်္ဂါငါးပါး၊ ရှစ်ပါးနှင့် ဆယ်ပါးရှိသော သီလတရားတို့ကိုလည်း ထားရှိခဲ့သေးသည်း။ ဗုဒ္ဓ၀ါဒမှာ ဗြဟ္မဏတို့၏ ဇာတ်ဝါဒကို တိုက်ရိုက်ပြစ်တင် ရှုံ့ချခြင်းမပြုသော်လည်း လုံးဝ လျစ်လျူရှုံ့ထားသဖြင့် ဇာတ်ခွဲခြားမှုကို ဗုဒ္ဓ ၀ါဒီများက တကယ်ပင် ဂရုမပြုကြတော့ချေ။
                             ဂေါတမရှင်တော်မြတ် ပရိနိဗ္ဗာန်ပြုသော ( 438 ) ဘီစီတွင် ရဟန်းများ၏ အစည်းဝေး ကြီးတစ်ရပ် ပြုလုပ်ရ်ျ ပထမ သင်္ဂါယနာ တင်ခြင်းကို ပြုလုပ်ခဲ့ကြသည်။ထို ပွဲ၌ အရှင်မြတ်ဟောကြား တော် မူခဲ့သော ဒေသနာအားလုံးကို သုံးဆစ်ပိုင်းရ်ျ သုတ် ၊ ၀ိနည်း၊ အဘိဓမ္မာ ဟုခေါ်သော ပိဋိကတ်သုံးပုံကို စီရင် ကြလေသည်။  ပထမ သိင်္ဂါယနာပွဲ၌ ရှင်တော်မြတ် ဟောကြားတော် မူခဲ့သော သြ၀ါဒ များ အတိုင်း အစင် ကြယ်ဆုံးရအောင် ပြုစုခဲ့ကြသော်လည်း နောင်အခါ၌ ဂေါတမရှင်တော်မြတ်ကို ဘုရားတစ်ဆူအဖြစ်ဖြင့် ချီး ပရ်ျ ဂါထာရွတ် ဆိုလျက် ရှစ်ခိုးခြင်းနှင့် ဆုတောင်းခြင်း ၊ ဆုယူခြင်းများပြုခါ ဗြဟ္မဏတို့၏ ရှုပ်ထွေးသော အကျင့် များေ၇ာနှော ပေါင်းစပ်ရ်ျ လာခဲ့ လေသည်။
                             ထိုသို့ အသစ်ထွင်သူများနှင့် ရှေးဟောင်းမူအတိုင်း ကြိုက်သူများသည် နှစ်ဂိုဏ်းကွဲကာ  ဂိုဏ်းသစ်ကို မဟာယန ဟု ခေါ်ရ်ျ ဂိုဏ်းဟောင်းမူရင်းကို ဟိနာယန ဟု ခေါ်ကြလေသည်။ ထို နှစ်ဂိုဏ်း စလုံး ပင် အိန္ဒိယ မှ ပြင်ပသို့ ပျံ့နှံ့ လာရာ မဟာယန ဂိုဏ်းသည် အလယ်အာရှ၊ တိဗက်၊ တရုတ် ၊ ကိုးရီးယား ၊ ဂျပန် တို့သို့ ပေါက်ရောက်သွားကာ ရောက်ရာနိုင်ငံနှင့် ဆီလျော်အောင် ပြောင်းလဲခဲ့ကြပြန်သည်။ ဟိနာယန ဂိုဏ်း မှာ သိဟိုဠ် ၊ မလေး ၊ အင်ဒိုချိုင်းနား နှင့် အထူးသဖြင့် မြန်မာနိုင်ငံတွင် ထွန်းကားလာခဲ့လေသည်။ ဂိုဏ်းနှစ် ဂိုဏ်း သည် ပေါင်းစပ်ရောနှောခြင်း မရှိသော်လည်း တစ်ဖက်နှင့် တစ်ဖက် ရန်ပြုခြင်း မရှိသည်ကို ထူးခြား စွာတွေ့မြင်ရလေသည်။
                             ဂျိန်း ၊ ဗုဒ္ဓ နှင့် ဗြဟ္မတို့၏ စာပေအရေးသားများကို ( 6 ) ရာစု ဘီစီ နောက်ပိုင်းတွင် ဂင်္ဂါမြစ် ၀ှမ်း ရာဇ၀င်ကို အသင့်တင့် ထုတ်နုတ်ရ်ျ ယူနိုင်ပေသည်။ ဂင်္ဂါလွင်ပြင်တွင်  နိုင်ငံပေါင်းများစွာ ရှိသော်လည်း အရေးပါဆုံး သုံးပြည်ထောင်ရှိခဲ့လေသည်။ ပထမမှာ အဗန်တီ နိုင်ငံ ဖြစ်ရ်ျ အနောက်တောင်လွင်ပြင် ဒေသ တွင် တည်ရှိလျက် မြို့တော်မှာ ဥဇ္ဇေနီခေါ ဥဂျိန်း ဖြစ်လေသည်။ ၄င်းမှာ အိန္ဒိယမြောက်ပိုင်းတွင် တန်ခိုး အကြီး ဆုံး ဖြစ်သည်ဟု ခန့်မှန်းရလေသည်။ အလယ်ဂင်္ဂါလွင်ပြင် မြောက်ဘက်၌ ကောသလ နိုင်ငံ ရှိပြီး မြို့တော်မှာ သာဝတ္တိ ဖြစ်လေသည်။ အရှေ့ဘက်တွင် မဂဒ နိုင်ငံရှိပြီး မြို့တော်မှာ ရာဇဂြိုလ် ဖြစ်လေသည်။ ကောသလ နှင့် မဂဒ နိုင်ငံ များမှာ နောင်အခါတွင် ကြီးပွားလာပြီး မဂဒသည် ပထမ အိန္ဒိယ လက်နက်နိုင်ငံတော်ကိုပင် ထူထောင်နိုင်ခဲ့လေသည်။
                              အိန္ဒုမြစ်ဝှမ်း၏ ပန်ဂျပ်ခေါ် မြစ်ငါးသွယ်ဒေသကို သာသနာစာပေများတွင် ထည့်သွင်း ရေး သား ထား ခြင်း မတွေ့ရသော်လည်း ( 6 ) ရာစု ဘီစီခန့် လောက်ကစပြီး ၄င်း၏ ရာဇ၀င်ဆိုင်ရာ အကိုးကား များ ကို ရှာဖွေရရှိလာသဖြင့် အသင့်အတင့် သိရှိလာနိုင်ပြန်သည်။  ( 6 ) ရာစု နှင့် ( 5 ) ရာစု ဘီစီ များတွင် မဂဒ နိုင်ငံ၌ သဲသုနဂမင်းဆက် အုပ်ချုပ်လျက်ရှိရာ ဂေါတမဗုဒ္ဓ ပေါ်ထွန်းချိန်၌ ဘိမ္ဘိသာရ  နှင့် အဇာတသတ္တု ဟူသော မဂဒမင်း နှစ်ပါးသည် တန်ခိုးကြီးရ်ျ ၄င်းတို့ရဲ့ အားပေးခြင်းဖြင့် ဗုဒ္ဓ သာသနာ စာပေများ ထွန်းကား ခဲ့လေသည်။ ( 413 ) ဘီစီတွင် ထိုမင်းဆက် ပြုတ်ရ်ျ မဂဒတွင် နန္ဒာမင်းဆက်ပေါ်ထွန်းလာခဲ့ လေသည်။ ပန် ဂျပ် သို့ အယ်လီဇန်းဒါး ဘုရင် လာေ၇ာက်တိုက်ခိုက်သောအခါ အနီးပါးမှ မင်းအပေါင်းတို့ ၏ ပူဇော် ခံယူရာ တွင် မဂဒမှ ပြေးခဲ့ရသော သဲသုနန္ဒမင်းဆက်၏နောက်ဆုံးမင်း ချန်ဒရာ ဂူပတာမောရိယလည်း ပါဝင်ခဲ့ ရ လေသည်။
                              ချန်ဒရာ ဂူပတာကို ဆက်ခံသူမှာ ဗိန္ဒုသရမင်းဖြစ်ပြီး ၄င်း ကိုဆက်ခံသူမှာ သားတော် အာသောက မင်းဖြစ် လေသည်။ ဂ၇ိတို့ လာရောက်တိုက်ခိုက်သိမ်းပိုက်ချိန်၌ မှေးမိန်ခဲ့ရသော ဗုဒ္ဓ၀ါဒသည် အာသောက မင်းလက်ထက်၌ တဖန် ပြန်လည် ရှင်သန်တိုးတက်ခဲ့ပြန်သည်။ အာသောကမင်းသည် ဗုဒ္ဓ၀ါဒကို အားပေးပြုစုရ်ျ ကမ္ဘာသို့ ပြန့် နှံ့ အောင် အားထုတ်သောကြောင့် အထူးသဖြင့် အရှေ့တိုင်းများတွင် ဗုဒ္ဓ သာသနာ ပေါ်ထွန်းတိုးတက်ရခြင်းမှာ ၄င်းရဲ့ ကြိုးပမ်းမှုကြောင့် ပင် ဖြစ်လေသည်။ အာသောက မင်းကြီးသည် ဗုဒ္ဓသာသနာကို ပြန့်ပွားစေရန်အတွက် အနောက်တိုင်းနှင့် အရှေ့တိုင်းများသို့ သာသနာပြု ရဟန်း တော်များ ကို စေလွှတ်ခဲ့ လေသည်။ အနောက်ဘက်သို့ သွးသော သာသနာပြုအဖွဲ့များရဲ့ မှတ်တမ်းများကို မတွေ့ရ သော် လည်း အရှေ့ဘက် ၊ မြောက်ဘက် နှင့် တောင်ဘက် စသဖြင့် လွှတ်လိုက်သော သာသနာပြုတို့၏ အောင်မြင်မှုကို ယနေ့တိုင် တွေ့ရနေသေးသည်။
                                အာသောက မင်းသည် ဗုဒ္ဓ၀ါဒကို လိုက်နာကျင့်ကြံရန် တိုက်တွန်းသော်လည်း အခြား သာသနာ ယုံကြည်မှုများကို မချုပ်ချယ်ပဲ လျစ်လျူပြုခဲ့လေသည်။ အာသောက မင်းကြီး လွန်သောအခါ အိန္ဒိယ ၌ ဗြဟ္မဏ ၀ါဒသည် ပြန်လည် အားကောင်းလာရ်ျ လာခဲ့လေသည်။
စာကိုး ....... 
ခေတ်ဟောင်းရာဇ၀င် ( ဒေါက်တာ သန်းထွန်း )
ကမ္ဘာသမိုင်းမှတ်တိုင်များ ( ဆိုရှယ်လစ် လမ်းစဉ်ပါတီ )
World Religion ( ........................ )
Rocker77
အိန္ဒိယဧ။် ခေတ်ဦးရာဇ၀င်။ ( ဇာတ်သိမ်းပိုင်း။ )
         အာရိယန်တို့ တန်ခိုးအင်အား ကြီးမာလာသောအခါ ဂင်္ဂါမြစ်ဝှမ်းတွင်ရှိသော ဒရာဗီးဒီးယန်း တို့အား လိုက်လံတိုက်ခိုက်ကြပြန်ရာ  ဟိမ၀န္တာတောင်ခြေရင်း နှင့် အိန္ဒိယတောင်ပိုင်းရှိ ကုန်းမြင့် ဒေသများဆီသို့ ပုန်းရှောင်ထွက်ပြေးကြရပြန်သည်။ တောင်ပိုင်း အိန္ဒိယ မှာကား အသွားအလာ ခဲယဉ်းသဖြင့် အရိယတို့ သွားရောက်နှောင့်ယှက်ခြင်း မပြုသောကြောင့် ဒရာဗီးဒီးယန်းတို့ ဆက် လက် နေထိုင်နိုင်ကြပြီး ကုန်ဖလှယ်ခြင်းအားဖြင့် ၄င်းတို့နှစ်ဦးသည် အသင့်အတင့် ဆက်ဆံ နိုင်ကြ လေသည်။
       အာရိယန်တို့သည် စစ်ပွဲ၌ ဖမ်းဆီးရမိသော အသားမည်း ဒရာဗီးဒီးယန်း လူမျိုးများအား ကျွန် အဖြစ်စေခိုင်းကြရာမှ ဇာတ်နိမ့် ဇာတ်မြင့် ဖြစ်ပေါ်စေရန် အစပျိုးခဲ့လေသည်။ အိန္ဒိယ နိုင်ငံတွင် အလွန်ထင်ရှား ကျော်ဇော်သည့် ရာမာယဏဇာတ်တော်ကြီးမှာ အာရိယန်တို့က ဒရာဗီးဒီးယန်း တို့အား တိုက်ခိုက်နှင်ထုတ်သော အဖြစ်ပျက်ကို မှီရ်ျ ရေးသားထားသော ၀တ္ထုကြီး ဖြစ်ပေသည်။       ( 700 - ဘီစီ ) သို့ ရောက်သောအခါ မြေသြဇာကောင်းမွန်သည့် အိန္ဒုမြစ်ဝှမ်း၊ ဂင်္ဂါ မြစ်ဝှမ်း နှင့်  အိန္ဒိယ မြောက်ပိုင်းတစ်ခုလုံးကို အာရိယန်တို့ လက်တွင်းသို့ သက်ဆင်းသွားသည်မှစရ်ျ အိန္ဒိယ ခောတ်သစ်တစ်ခုကို စတင်တည်ထောင် ကြလေသည်။
        အာရိယန်တို့သည် အိန္ဒု မြစ်ဝှမ်းကို အခြေချနေထိုင်လာခဲ့ကြသည်မှစရ်ျ ယဉ်ကျေးမှု တစ်စ တစ်စ တိုးတက်ထွန်းကားလာရာ မက်ဆိုပိုတေးမီးရား ၊ ပါရှား နဲ့ အီဂျစ်ပြည်များပင် ခေတ်ပြိုင် ယဉ်ကျေးမှု ထွန်းကားခဲ့သည့် ဒေသများဖြစ်သည် ဟု ဆိုဖွယ်ရှိလေသည်။ ဟိန္ဒူဆိုသည်မှာ အာရိယန် တို့ စတင်အခြေချနေထိုင် လာခဲ့ကြသည့် အိန္ဒုမြစ်ကို အစွဲပြုရ်ျ ဖြစ်ပေါ်လာ သောအမည် ဖြစ်ပါသည်။ အိန္ဒုကို အိန္ဒိယသားတို့က ဆိန္ဒုဟု ခေါ်ကြသည်။ အာရိယန်တို့သည် ဒရာဗီးဒီးယန်း တို့ကဲ့သို့ပင် လယ်ယာမြေကို အမှီပြုကာ သီးနှံစိုက်ပျိုးကြသူများဖြစ်ပြီး သီးနှံ အထွက်တိုးစေရန် နတ်ဒေ၀တာများ၊ နေ ၊ လ ၊ နက္ခတ်တာရာများနှင့် မီး တို့ကို ကိုးကွယ်ခဲ့ကြလေသည်။
          အိန္ဒိယရဲ့ ပေါင်းသင်းဆက်ဆံ ရေးသဘောတွင်အရေးပါဆုံးမှာ ဇာတ်ဖြစ်ရ်ျ ၄င်း အချင်းရာ သည် အိန္ဒိယတွင်သာ ထူးခြားစွာ ပေါ်ထွန်းသော ကိစ္စတစ်ရပ်ဖြစ်လေသည်။ ထို ဇာတ်အယူဆမှာ အိန္ဒိယကို အလက်ဇန်းဒါးဘုရင်ကြီး ၀င်ရောက်တိုက်ခိုက်လာသော ( 4 - ရာစု ) ဘီစီ မတိုင်မီ နှစ်ပေါင်း ( 600 ) သို့မဟုတ် (800 ) ခန့်ကပင် ဇာတ်များပေါ်ထွန်းနေပြီ ဟု ခန့်မှန်းရလေသည်။ ယေဘုယျအားဖြင့် ဇာတ်လေးမျိုးရှိရာ ( 1 ) ဗြဟ္မဏ ဟူသော ဘုန်းကြီး သို့မဟုတ် ပညာရှိ လူတန်း စား ( 2 ) ခတ္တိယ ဟူသော ပြည်ပိုင်အုပ်ချုပ်မင်းလုပ်သူများနှင့် စစ်သားများ ( 3 ) ၀သ၁ ဟူသော ကုန်သွယ်လယ်ယာ လုပ်သူများ နှင့် ( 4 ) သုဒ္ဓ ဟူသော ကျေးကျွန်များ ဖြစ်ကြသည်။
         ( 517 ) မှ ( 509 ) ဘီစီ အတွင်း ပါရှန် ဘုရင် ပထမ ဒရိုင်ယပ်စ် သည် အိန္ဒုမြစ်ဝှမ်းတိုင်အောင် နယ်ချဲ့လာရ်ျ ပန်ဂျပ်ပြည် အနောက်ပိုင်းကို သိမ်းယူခဲ့သည်။ ဒရိုင်ယပ်စ် ရဲ့ အမိန့်ဖြင့် ဂရိ ရေကြောင်း ဗိုလ်ချုပ် စကီလက် သည် အိန္ဒုမြစ်ညာတွင် ရေတပ်တစ်ခု ဖွဲ့စည်းရ်ျ မြစ်ဝသို့တိုင်အောင် စုန်ဆင်း လျက် မြစ်ကြီးရဲ့ ပထ၀ီဝင်ကို လေ့လာခဲ့သည်။ ပါရှန် တို့သိမ်းထားသောပန်ဂျပ်နိုင်ငံမှာ ပါရှန် လက်နက် နိုင်ငံရဲ့ ပြည်နယ်ကြီး သို့မဟုတ် စထရပ်စ်ပီ နှစ်ဆယ်တွင် တစ်နယ်အဖြစ်ပါဝင်ကာ နှစ်ပေါင်း ( 150 ) မျှ အုပ်စိုးခဲ့ရ်ျ ပါရှန်သို့ နှစ်စဉ် အခွန်ဘဏ္ဍာများပို့ဆက်ရလျက် ( 480 ) ဘီစီတွင် ဧကရာဇ် ဇာဇက်က ဂရိသို့ သွားရောက်စစ်တိုက်သောအခါ ကူညီရန် စစ်တပ်များ ပို့ခဲ့ ရဖူး လေ သည်။ ထိုသို့ဖြင့် ပါရှန်တို့ လက်အောက်တွင် ရှိသဖြင့် အိန္ဒိယနှင့် မြေထဲပင်လယ် ကုန်စည်ကူးသန်း ရောင်းဝယ်ရေး ဖြစ်ထွန်းလာခဲ့ ရလေသည်။ ထို့ကြောင့်ပင် အိန္ဒိယ၌ အေဒီ ( 4 ) ရာစုအထိ သုံးစွဲခဲ့ သော ခါရော့စ်သီ အက္ခရာမှာ ပါသျှ အက္ခရာများနှင့် များစွာနီးစပ်ခဲ့လေသည်။
          ( 330 ) ဘီစီ တွင် မဟာအလက်ဇန်းဒါး ဧကရာဇ်သည် ပါရှန် ပြည်အားလုံးကို အောင်မြင်ပြီး နောက် အရှေ့ဘက်သို့ ဆက်လက်တိုးချဲ့ရာ ( 326 ) ဘီစီ ဖေဖ၀ါရီလတွင် ပန်ဂျပ်သို့ရောက်လေသည်။ သို့သော် ရှစ်နှစ်မျှ အိုးအိမ်နှင့် ကင်းကွာခဲ့ရသော တပ်သားများက ငြင်းဆိုသဖြင့် ဂင်္ဂါ မြစ်ဝှမ်းသို့ တိုင်အောင် ချီတက်ခြင်း မပြုပဲ တပ်ခေါက်ခဲ့လေသည်။ ထို့ကြောင့် ( 325 ) ဘီစီ အောက်တိုဘာလ တွင် ပန်ဂျပ်မှ ထွက်ခွာ ခဲ့သေည်။
          ( 323 ) ဘီစီတွင် ဘုရင် အလက်ဇန်ဒါး သေဆုံးသောအခါ ၄င်းထူထောင်ခဲ့သော လက်နက် နိုင်ငံတော်ကြီးလည်း ပြိုကွဲသွားလေသည်။ ထို့ကြောင့် ပန်ဂျပ်သည် လွတ်လပ်ေ၇း ရပြန်သည်။ ထိုသို့ အုပ်ချုပ်ေ၇းအားဖြင့် ဂရိတို့ရဲ့ လွှမ်းမိုးခြင်းမှာ သက်ဆိုးမရှည်သော်လည်း ယဉ်ကျေးမှုပျံ့နှံ့ရေးတွင် အထူးအကျိုးရှိခဲ့လေသည်။ ဂရိတို့ လာရောက်အုပ်ချုပ်သဖြင့် အုပ်ချုပ်ရေးနည်းပညာ အသစ်နှင့် စစ်ဆင်ရေး နည်းသစ်များကို ရရှိလိုက်ကြသည်။ အလက်ဇန်းဒါ ဘုရင် သေဆုံးသည်ဟု သတင်း ကြားလျှင် ဦးစီးဦးဆောင်ပြုရ်ျ သူပုန်ထသူမှာ ချန်ဒရာဂူပတာ မောရိယ ပင် ဖြစ်လေသည်။ ( 322 ) ဘီစီတွင် မဂဒ၌ ပုန်ကန်ပြီး နန္ဒာမင်းဆက်ကိုဖြုတ်ချကာ ချန်ပရာဂူပတာမောရိယ သည် နန်း တက် ခဲ့လေသည်။ ၄င်းဧ။် နိုင်ငံသည် ဂင်္ဂါ မြစ်ဝကျွန်းပေါ်ဒေသမှ ပန်ဂျပ်နယ်နိမိတ်တိုင်အောင် ကျယ်ပြန့် ခဲ့ လေသည်။
            ချန်ဒရာဂူပတာ မောရိယ ထူထောင်ခဲ့သော မင်းဆက်မှာ နှစ်ပေါင်း ( 137 ) နှစ်မျှ စိုးစံ ချိန် ၀ယ် အိန္ဒိယဧ။် ရာဇ၀င်မှာ ဂရိခရီးသည်များရဲ့ မှတ်တမ်းများကြောင်လည်းကောင်း ၊ ဧကရာဇ် အာသောက ထားခဲ့သော ကျောက်စာကြောင့် လည်းကောင်း အချက်အလက် အထောက်ထားများ စွာရရ်ျ ထင်ရှားသော ခေတ်ဖြစ်လာတော့သည်။ သို့သော မောရိယ မင်းဆက်ပြုတ်ပြီးသောအခါ ဆူပူသောင်းကျန်းမှုများကြောင့် အိန္ဒိယရဲ့ တိုးတက်မှုတွင် အတားဆီးဖြစ်ခဲ့ရလေသည်။ ပထမ မောရိယ မင်းဆက်၌  ယခု ပတ်ထနာ ခေါ် ပါတလိပုတ္တတွင် မြို့တော်တည်ရ်ျ နိုင်ငံတော်ကို အုပ်ချုပ် လေသည်။ အုပ်ချုပ်ေ၇းအဖွဲ့မှာ များစွာ အထက်တန်းကျလှရ်ျ သုံးသိန်းကျော်မျှသော ထာဝရ စစ်တပ် အင်အားလည်း ရှိခဲ့လေသည်။ မော၇ိယမင်းသည် အမျိုးသားလွတ်လပ်ရေး ခေါင်းဆောင် ပြုခဲ့ သော်လည်း ၄င်းအုပ်ချုပ်ပုံမှာ ပြင်းထန်၇က်စက်ရ်ျ ကြီးလေးသော အခွန်တုပ်များကို ကောက်ခံ ခဲ့သည်။ စစ်ဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်သူ စယ်လူကော့စ်နီကတာ က အရှေ့ပိုင်းနိုင်ငံတချို့ကို ပြန်လည် သိမ်းပိုက်မိသဖြင့် ပန်ဂျပ်ကိုလည်း သိမ်းယူရန်( 305 ) ဘီစီတွင် လာရောက်တိုက်ခိုက်လေသည်။    
          ချန်ဒရာဂူပတာ ကခုခံသဖြင့် မအောင်မြင်သည့် အပြင် အာဖဂန်နစ္စတန်ကိုပါ ချန်ဒရာဂူပတာ အား ပေးအပ်ခဲ့ရသည်။ ထိုအခါမှ စရ်ျ လက်နက်နိုင်ငံနှစ်ခုကြား ကြည်သာစွာ ဆက်ဆံခြင်းပြု တော့ သည်။ ( 302 ) ဘီစီလောက်တွင် စယ်လူကော့စ် က စေလွှတ်လိုက်သော ဂရိသံအမတ် မီဂတ်စသီနီစ် သည် ပါတလိ ပုတ္တ မြို့တော်သို့ ရောက်ခဲ့သည်။ သူရဲ့ အရေးသားများစွာကြောင့် ရှေးခေတ် ဂရိ နှင့် ရောမ တို့သည် အိန္ဒိယ ပြည်အကြောင်းကို သိရှိကြလေသည်။
           ချန်ဒရာဂူပတာကို ဆက်ခံသူမှာ သားတော် ဗိန္ဒုသရမင်း ဖြစ်ရ်ျ ၄င်းဧ။် လက်နက် နိုင်ငံတော် မှာ ဘင်္ဂလားမှ အာဖဂန်နစ္စတန်တိုင်အောင် ကျယ်ပြန့်ရ်ျ အိန္ဒိယတွင် နာဘာဒါမြစ်ရဲ့ မြောက်ပိုင်း တစ်ခု လုံးပင် ဖြစ်သည်။ အိန္ဒိယ မှတ်တမ်းများ၌ ထိုမင်းအကြောင်းကို ချီးကျူးရေးသားခြင်း နည်း သော် လည်း ထိုမင်းလက်ထက်တွင် ဆီးရီးယားမင်း ၊ အီဂျစ် မင်း စသည်တို့နှင့် သံတမန်လဲလှယ်ခြင်း များ ပြုခဲ့သောကြောင့် နိုင်ငံခြားမှတ်တမ်းများတွင် ၄င်းအကြောင်းကို  များစွာတွေ့ရလေသည်။ ထိုမင်းသည် ဖခင်ဧ။် လုံ့လနှင့် အစွမ်းကိုပါ အမွေရလိုက်သူ ဖြစ်ရ်ျ နိုင်ငံတော်ကိုချဲ့ထွင်ရ်ျ တောင် ဘက် ခရစ်ရှနားတိုင်အောင် ဒက္ခိဏကုန်းမြင့်ကို တိုက်ခိုက်သိမ်းယူခဲ့လေသည်။ ၄င်းဧ။် သားတော် အာသောက ကိုမူ ပြည်တွင်းပြည်ပမှ လူသိများခဲ့လေသည်။
             များလှစွာသော ကျောက်ပြား၊ ကျောက်တိုင်နှင့် ကျောက်တောင် ကြီးများတွင် ဘုရင်ကြီး အမိန့်ဖြင့် ထွင်းထုထားခဲ့သော အမိန့်ပြန်တမ်းများစွာ ကျန်ခဲ့ရာ ၄င်းတို့ကို လေ့လာလျှင် ဘုရင်ကြီးရဲ့ ၀ါဒ ၊ ရည်ရွယ်ချက်နှင့် အကျင့်စာရိတ္တ တို့ကို ကောင်းစွာသိနိုင်ပါသည်။ ထို မှတ်တမ်းများတွင် ပါ သော ရက်စွဲများမှာ ဘုရင်ကြီး နန်းရပြီးနောက် ( 9 ) နှစ်အကြာ  ( 269 ) ဘီစီတွင် ဘိသိတ်ခံယူသော အခါမှစရ်ျ ရေတွက်မှတ်သားထားသဖြင့် အဖြစ်ပျက်များစွာကို တိကျမှန်ကန်သောရက်စွဲကို ရနိုင် ပေသည်။ အာသောက မင်းကြီးမှာ ( 261 ) ဘီစီတွင် အိန္ဒိယ ကမ်းခြေဖြစ်သည့် မဟာနဒီ နှင့် ဂေါရ၀ရီ  မြစ်နှစ်သွယ်ကြားဒေသရှိ ကလင်ဂ နိုင်ငံကို တိုက်ခိုက်သိမ်းယူခြင်းမှတပါး အခြား မည်သည့် နိုင်ငံကိုမျှ စစ်မပြုခဲ့သဖြင့် မင်းကြီးဧ။် သနားဂရုဏာကို ရှေးရှု့လျက် ငြိမ်းချမ်းရေး ၀ါဒမှာ ထူးခြားမှတ်သားဖွယ်ကောင်းလှပေသည်။
              အာသောက လွန်သောအခါ မောရိယ လက်နက်နိုင်ငံတော်မှာ လျင်မြန်စွာ ပျက်ရ်ျ လိုက်ခဲ့ လေသည်။ အာသောက ကိုဆက်ခံသူ မြေးတော်နှစ်ပါးကြောင့် နိုင်ငံတော် နှစ်စုကွဲရ်ျ တိုင်းစွန် ပြည်နားများ ကို အပရန်တို့ ၀င်ရောက်တိုက်ခိုက်ခြင်းခံရလေသည်။ ( 206 ) ဘီစီတွင် ဆီးရီးယား ပြည့်ရှင် တတိယ အန်တီအိုချော့စ် ကပန်ဂျပ်မြောက်ပိုင်းကို တိုက်လာသည်။ ( 185 ) ဘီစီတွင် ဘက်ထရီးယားပြည့်ရှင် ဒီမီထရိယော့စ် က ပန်ဂျပ်ပြည်ထက်ဝက်ကျော်မျှ သိမ်းယူနိုင် ခဲ့လေသည်။       
             ထိုနှစ်မှာပင် မောရိယမင်းဆက်ဧ။် နောက်ဆုံးမင်းကို စစ်သူကြီး ပွတ်ရှာမစ်တရ က လုပ်ကြံ ရ်ျ သုန်ဂမင်းဆက်သစ်ကို တည်ထောင်လေသည်။ ( 300 ) ဘီစီလောက်တွင် ဂူပတာဧ။် နန်းတော်၌ သံအမတ်အဖြစ်ဖြင့်ရောက်ခဲ့သော မီဂတ်စသီနီစ် ရဲ့ ဖော်ပြချက်အရ အိန္ဒိယ နန်းတော် အဆောက် အအုံများသည် ထို ခေတ် ဂရိနိုင်ငံများဖြစ်သော စူစ နှင့် အက်ဖက်တန ရှိ အဆောက်အအုံများထက် သာသည်ဟု ဖော်ပြပါရှိသော်လည်း ယခုအခါ စန်ချီ အရပ်ရှိ စတုပါ ကျောက်တိုင်မှလွဲရ်ျ မောရိယ ခေတ်ရဲ့ လက်ရာကို မတွေ့နိုင်တော့ပေ။ အသင့်တင့်မျှ ကြွင်းကျန်ရစ်သော ကျောက်ပန်းပု နှင့် ကျောက် လက်ရာအဆောက်အအုံတို့မှာကား ထိုခေတ်သားတို့ရဲ့ အထက်တန်းကျလှသော ယဉ်ကျေး မှုနှင့် တက်ကျွမ်းမှုများကို ကောင်းစွာ ဖော်ပြလျက်ရှိပေသည်။
                 စာပေတွင် အာသောကဧ။် ကျော်စာမှလွဲရ်ျ အထင်ရှားဆုံးသော ကျမ်းမှာ ချန်ဒရာဂူပတာ ဧ။် အမတ်ကြီး ကောတိလိယ ရေးသားပြုစုသော အာသသျှတ္တရ ကျမ်းပင်ဖြစ်ပါသည်။ ၄င်း ကျမ်း သည် နိုင်ငံအုပ်ချုပ်ရေးသဘောနှင့် ကျင့်ထုံးများပါ တွဲဖက်ရ်ျ ပြည့်စုံစွာရေးသားထားသည်။ မောရိယ ခေတ်ဧ။် အုပ်ချုပ်ရေးကျနပုံကိုလည်း ထို စာအုပ်၌ ကောင်းစွာ ဖော်ပြထားလေသည်။ အိန္ဒိယတွင် မောရိယ မင်းဆက်ကုန်ဆုံးခြင်းကား  အိန္ဒိယဧ။် ခေတ်ဦးရာဇ၀င် ပြီးသည်သို့ ရောက်ရှိ လေသည်။
စာကိုး--- ခေတ်ဟောင်းရာဇ၀င် ( ဒေါက်တာ သန်းထွန်း )
             (ခေတ်ဦးကာလ )  မြန်မာနိုင်ငံ နတ်ကိုးကွယ်မှုသမိုင်း  ( မင်းစည်သူ )
                                                                   ပြီးပါပြီ။
                                                                   Rocker77
အိန္ဒိယဧ။် ခေတ်ဦးရာဇ၀င်။
            ရှေးခေတ်အိန္ဒိယနိုင်ငံရဲ့ အကျယ်ဝန်းမှာ ရုရှားကိုချန်လှပ်ရ်ျ ဥရောပတိုက်စာမျှရှိလေသည်။ တရုတ်နိုင်ငံ့လောက်မကျယ်သော်လည်း တရုတ်နိုင်ငံရဲ့ နယ်ကြီး တစ်ဆယ့်ရှစ်နယ်ထက် ကျယ်ဝန်း သည်။ တောင်များ ၊ ချိုင့်ဝှမ်းများကြောင့် အိန္ဒိယ နိုင်ငံ့ အတွင်း၌ပင်  နိုင်ငံငယ်အမြောက်များ သီးခြား ပေါ်ထွန်းလျက် လူမျိုး၊ ဘာသာစကား၊ သာသနာ အယူဝါဒ မှစရ်ျ ယဉ်ကျေးမှုများ၌ လည်း အမျိုးမျိုး ရှိလေသည်။ အိန္ဒိယ ရဲ့ ရာဇ၀င်ကို ပြန်လည် ရေးသားရန်နန်းတွင်းမှတ်တမ်းများ မရှိ သော်လည်း အလွန်ကြွယ်ဝသော စာပေနှင့် အစဉ်လာပုံပြင်များကို ဆက်စပ်ရ်ျ အချက်အလက်များ ရရှိနိုင်ပေသည်။ သို့သော် နှစ်၊ လ၊ ရက် များကို ဖော်ပြရန်မှာများစွာခက်ခဲပေသည်။
          အိန္ဒိယနိုင်ငံရဲ့ ပထမဦးဆုံး မှန်ကန်သည်ဟု ဆုံးဖြတ်ရသောနှစ်မှာ ( 326 ) ဘီစီ နွေဦး ပေါက် ကာလ ၌ မဟာအလက်ဇန်းနား ဘုရင် ၀င်ရောက်တိုက်ခိုက်လာသော ရက်စွဲပင်ဖြစ်ပေသည်။ ရာဇ၀င်ဆရာတို့သည် ၄င်းကို မှီငြင်း ပြုစုလျက် အနောက်တိုင်းရာဇ၀င်များနှင့် ယှဉ်ကာ စာဟောင်း ပေဟောင်း များမှ အချက်လက်များကို စုစည်းပြီး ခေတ်ဦး ရာဇ၀င် နှစ်များကို ( 7 ) ရာစု ဘီစီ ရောက်အောင် ညှိနှိုင်း ပြင်ဆင်ကြသည်။ တောင်ပိုင်း အိန္ဒိယအတွက်ကား အေဒီ ( 6 ) ရာစု ရောက်မှ အားထားလောက်သော နှစ်အပိုင်းခြားကို ၇လေသည်။
           ကျောက်မှတ်တမ်းများအရ ကျောက်ခေတ်ဦးက စရ်ျ အိန္ဒိယတွင် လူနေ ရှိခဲ့ရ်ျ တောင်ပိုင်း၌ ပိုရ်ျ စောစွာ လူနေခဲ့ဟန်ရသည်။ ထို ယဉ်ကျေးမှုမှတစတစ တိုးတက်ကာ ( 1000 ) ဘီစီ လောက်တွင် မြောက်ပိုင်း၌ သံခေတ်ကို ရောက်ပြီဟု ခန့်မှန်းရသည်။ သို့သော် ကြေးခေတ်မှ အကြွင်းကျန်များကို မတွေ့ရသဖြင့် အိန္ဒိယတွင် ကြေးခေတ်ပေါ်ဖူးမည်မဟုတ်ဟု ထင်မှတ်စရာရှိလေသည်။ သို့သော် ကျောက်ခေတ်နှောင်း အိန္ဒိယ သားတို့သည် အိုးထိန်းစက်ဖြင့် အိုးလုပ်ခြင်းအတက်၊ စိုက်ပျိုးခြင်း၊ တိရစ္ဆာန်များကို ယဉ်ပါးအောင်မွေးမြူခြင်း၊ ရွှေတွင်းတူးခြင်း စသော အတက်ပညာများကို ကောင်းစွာတက်မြောက်ကြောင်း အထောက်ထားများကို တွေ့ရလေသည်။ ထို့ပြင် ပြည်ရွှာ တည်ထောင် လျက် သာသနာရေး ပွဲသဘင်များကို ရံဖန်ရံခါ ပြုလုပ်ကြရ်ျ သေသူများကို မြေမြှုပ် သော အဆင့်အထိ ယဉ်ကျေးလျက်ရှိကြသည်။
            လွန်ခဲ့သော နှစ်ပေါင်း 5000 ကျော်အချိန်က အိန္ဒိယ နိုင်ငံ မြောက်ပိုင်းရှိ ဗလူးချစ်စတန် အရပ်မှ အိန္ဒိယနိုင်ငံ အတွင်းသို့ ကုန်းလမ်းမှ ဆင်းလာကြသော  ဒရာဗီဒီးယန်း လူမျိုးများ ရှိလေ သည်။ သူတို့သည် အာရှတိုက် အလည်ပိုင်းမှ ဗလူးချစ်စတန်ကို ဖြတ်လျက် အိန္ဒိယနိုင်ငံအတွင်းသို့ ၀င်ရောက်လာခြင်းဖြစ်သည်။ ဒရာဗီးဒီးယန်း တို့ဧ။် နေရင်းဒေသမှာ မတ်ရန် ကုန်းမြင့်ဒေသ ဖြစ်သည်။ ထိုသူတို့သည် ရေကြည်ရာ မြက်နုရာကို ရှာဖွေရင်း တောအထပ်ထပ် တောင်အထပ်ထပ် ကိုကျော်ဖြတ်ကာ အိန္ဒိယနိုင်ငံရှိ အိန္ဒု မြစ်ဝှမ်းမြေပြန့်သို့ ဆင်းလာကြခြင်းဖြစ်သည်။ တချို့မှာကား ထိုနေရာမှတဆင့် အိန္ဒုမြစ်ဝှမ်းကို ကျော်ဖြတ်ကာ အိန္ဒိယတောင်ပိုင်း ဒက္ခိဏကုန်းမြေဒေသဆီသို့ သွားရောက်နေထိုင်ခဲ့ကြသည်။
            4000-ဘီစီသို့ရောက်သောအခါ ဒရာဗီဒီးယန်းတို့ ပြောင်းရွေ့အခြေချခဲ့သည့် အိန္ဒုမြစ်ဝှမ်း ယဉ်ကျေးမှု သည် အဆင့် အတန်း အတန်ပင် မြင့်မားခဲ့ပေပြီ။ ပါကစ္စတန်နိုင်ငံ လာဟိုးမြို့တော် နှင့် ဗြမ္မဏပဒ်မြို့တော်များသည်လည်းကောင်း၊ ကရာချီမြို့တော်ရဲ့ မြောက်ဘက် မိုင်နှစ်ရာအကွာ တွင်တည်ရှိသော မိုဟင်ဂျိုဒါရို မြို့တော်သည်လည်းကောင်း ထိုခေတ်က ယဉ်ကျေးမှုကို ဦးဆောင် သည့် မြို့တော်များ ဖြစ်ကြသည်။ ထိုခေတ်က လူများသည် ချည်ထည်ရက်လုပ်ဝတ်ဆင်ခြင်း၊ မက်ဆိုပိုတေးမီးယား နှင့် အခြားနိုင်ငံများသို့လည်း ယက်လုပ်ပြီး အထည်များကို တင်ပို့ပေရာ အိန္ဒုမြစ်ကို အစွဲပြုရ်ျ ထိုအထည်များအား ဆင်းဒူး ဟု ခေါ်ပြီး ဂရိတို့က ဆင်းဒန် ဟု ခေါ်လေသည်။ ထိုခေတ်က အိန္ဒိယ အမျိုးသမီးများသည် ရွှေ၊ ငွေ၊ ဆင်စွယ်နှင့် ကြေးနီများကို လက်ကောက်၊ ခြေကျင်း ၊ လည်ဆွဲလုပ်ရ်ျ ၀တ်ဆင်ကြပေသည်။ နီလာ ၊ ပယင်း စသည့် တွင်းထွက် ကျောက်အမျိုး မျိုး ကိုလည်း အဆင်တန်ဆာအဖြစ် ၀တ်ဆင်ကြပေသည်။
            2000 - ဘီစီ ခန့်သို့ ရောက်သောအခါ ဥရောပ ဒင်နု မြစ်ဝှမ်းဇာတိသားများဖြစ်သည့် အာရိယန် တို့သည် ကျွဲ ၊ နွား ၊ တိရစ္တာန် အုပ်များဖြင့် တစ်နေရာမှ တစ်နေရာသို့ ပြောင်းရွေ့ နေထိုင်ကြရင်း အိန္ဒုမြစ်ဝှမ်းသို့ အိန္ဒိယ နိုင်ငံ အနောက်မြောက်ဘက်ရှိ တောင်ကြားလမ်းများ အတိုင်း တစ်သုတ်ပြီး တစ်သုတ် ၀င်ရောက်လာကြပြီး မြောက်ပိုင်း ပန်ဂျပ် ၊ ကသ္မီယ ၊ ရာဇပုတ္တရ နယ်များသို့ ရောက်လာခဲ့ကြရာမှ ဦးစွာရောက်နှင့်နေပြီးဖြစ်သော မြို့ပြယဉ်ကျေးမှုတို့ဖြင့် အဆင့် အတန်း တိုးတက်မြင့်မားနေသော အသားမည်း ဒရာဗီးဒီးယန်းတို့နှင့် စစ်ပွဲကြီးများ ခင်းကာ နေရာ လုကြရ လေသည်။ ဒရာဗီးဒီးယန်းတို့မှာ မိမိတို့ ရှိသမျှ အင်အားဖြင့် အာရိယန်တို့အား ခုခံတွန်းလှန် ပါသော်လည်း တောတောင် ရေမြေအနှံ့ ခြေဆန့်ကာ နေရာရွေ့ပြောင်းနေထိုင်လာခဲ့ကြသော လျင်မြန်ဖြတ်လတ် ကြံ့ခိုင်လှသော အကြမ်းတမ်းခံ အာရိယန်တို့ကို အံတုရန် မစွမ်းနိုင်သဖြင့် အိန္ဒုမြစ်ဝှမ်းကို စွန့်ကာ ဂင်္ဂါ မြစ်ဝှမ်းဆီသို့ ပြောင်းရွှေ့သွားခဲ့ကြလေသည်။
                                                                                                  (ဆက်လက်ဖော်ပြပါမည်။ )
                                                                                                           Rocker77