September 18, 2011

မော်ကင်း ( ခေါ် ) ဆလုံ တိုင်းရင်းသားတို့ရဲ့ ဘာသာစကား နှင့် စာပေ။


                      ဆလုံ တိုင်းရင်းသားတို့သည် မြန်မာနိုင်ငံ တောင်ဘက်စွန်း တနင်္သာရီတိုင်းရှိ မြိတ်ခရိုင် နှင့်

ကော့သောင်း ခရိုင် အတွင်းရှိ ကျွန်းများတွင် လူနည်းစုအဖြစ် သီးခြားနေထိုင်ကြသည်။ မြိတ်ခရိုင် နှင့် ကော့ သောင်း ခရိုင် အတွင်း ဆလုံ တိုင်းရင်းသားများ နေထိုင်ကြသော မြို့နယ်နှင့် ကျွန်းများမှာ မြိတ်မြို့နယ် ၊ ကျွန်းစုမြို့နယ် ၊ ပုလောမြို့နယ် ၊တနင်္သာရီမြို့နယ် ၊ ကော့သောင်းမြို့နယ် ၊ ဘုတ်ပြင်းမြို့နယ် ၊ ဒုန်းကျွန်း ( Done Island ) ၊ ဇာဒက်ကြီးကျွန်း ၊ လန်းပိကျွန်း ( Lumpi Island ) ၊ မကြုံကလက်ကျေးရွာ နှင့် ညောင်ဝိကျေးရွာ တို့ ဖြစ်ကြသည်။
                      ဆလုံ တိုင်းရင်းသားများ ပြောဆိုသော စကားမှာ ( 4 ) မျိုးရှိပြီး လောတ( Lawta ) ၊ လဘီ( Lbi ) ၊ ဂျအိ( Jait ) ၊ ဒန်း ( Dung ) ဘာသာစကားတို့ဖြစ်ကြပြီး ထို လေးမျိုးတွင် ဒန်းဘာသာစကားသည် စံ ဘာသာ စကား (သို့) မူရင်း ဘာသာစကားဖြစ်ကြောင်းကို  Walter Grainge Whtie  ဆိုသူက  The Sea Gypsies pf Malaya စာအုပ်တွင် ဖော်ပြထားပေသည်။
                      ဆလုံ ဘာသာစကားနဲ့ ပါတ်သက်ပြီး ပညာရှင်တွေရဲ့ အယူအဆက ( 2 ) မျိုးကွဲလျက် ရှိပေ သည်။ တစ်မျိုးမှာ ဆလုံ တို့သည် မလေးလူမျိုး အဆက်အနွယ် ဖြစ်သည်ဟူသော အဆိုဖြစ်သည်။ အဘယ် ကြောင့်ဆိုသော် ဆလုံ တိုင်းရင်းသားတို့ ပြောဆိုသော စကားတွင် မလေး အခေါ်ဝေါ်များ ပါဝင်နေ သော ကြောင့် ဖြစ်ပေသည်။
                      နောက်တစ်မျိုးမှာ မွန်-ခမာ အနွယ်ဖြစ်သည် ဟူသော ယူဆချက်ဖြစ်သည်။ မြန်မာပြည်တောင် ပိုင်း၊ အင်ဒိုချိုင်းနား ကျွန်းဆွယ် ၊ ထိုင်းနိုင်ငံ တို့ဘက်မှ မြန်မာပြည်အတွင်းသို့ ၀င်ရောက်လာသော မွန်-ခမာ များထဲတွင် ဆလုံတိုင်းရင်းသားများသည် မွန်များနဲ့အတူ ၀င်ရောက်လာသည် ဟူရ်ျ လည်းကောင်း၊ မွန်-ခမာ တို့ဧ။် အပြောအဆို အသုံးအနှုံန်းတို့သည် ဆလုံတိုင်းရင်းသားတို့ ပြောဆိုသော အသုံးနှုံန်း နှင့် ဆင်သော ကြောင့် မွန်-ခမာ အနွယ်မှ ဆင်းလာသည်ဟု ယူဆ ကြခြင်းဖြစ်ပေသည်။
                      ဆလုံ ဘာသာစကားမျိုးရိုး နှင့် သမိုင်းကြောင်းကို ပြန်ကြည့်လျှင် မြန်မာပြည်တွင် တိဗက် တရုတ်မျိုးရိုး နှင့် သြစထရပ် မျိုးရိုးဟူရ်ျ ဘာသာစကားမျိုးရိုးကြီး နှစ်ခု ရှိရာ ဆလုံဘာသာစကားသည် သြစထရစ်မျိုးရိုးတွင် ပါဝင်ပေသည်။ သြစထရစ်မျိုးရိုးသည် တိဗက်တရုတ်မျိုးရိုး ထက် ရှေးကျသော ဘာသာစကားတစ်ခု ဖြစ်ပေသည်။ သြစထရစ်ဘာသာစကားကိုပြောဆိုသော လူမျိုးများထံမှ တရုတ်တိဗက် ဘာသာစကားပြောဆိုသော လူမျိုးများက အတက်ပညာများကို သင်ကြားခဲ့ရပေသည်။ သို့ဖြစ်ရ်ျ မွန်တို့ထံမှ ဗမာ တို့က သင်ကြားခဲ့ရသည်။ ခမာ တို့ထံမှ ရှမ်းတို့က သင်ကြားခဲ့ရလေသည် ဟု ဦးဖေမောင်တင် ရေးသား သော ဘာသာလောကကျမ်းတွင် တွေ့ရှိရပါသည်။
                      သြစထရစ် ဘာသာစကားမျိုးရိုးကြီးတွင် သြစထရိုနီရှန်း ခေါ် ပင်လယ်ပိုင်းတွင် ပြောသော စကား နဲ့ သြစထရိုအေရှတစ် ဟု ခေါ်သော ကုန်းပိုင်းတွင်ပြောသော စကားဟူရ်ျ နှစ်မျိုးရှိပေရာ ဆလုံ တိုင်းရင်းသား ဘာသာစကားသည် သြစထရိုနီရှန်း အုပ်စုတွင် ပါဝင်ပေသည်။ သြစထရိုနီရှန်း ဘာသာ စကား ကို ပြောဆိုသော လူမျိုးမှာ တောင်ဘက်စွန်းရှိကျွန်များတွင် နေထိုင်သော မော်ကင်း ခေါ် ဆလုံ တိုင်းရင်း သားများ နှင့် ပသျှူး တိုင်းရင်းသား တို့ ဖြစ်ကြသည်။
                      စာပေအနေဖြင့် လေ့လာကြည့်လျှင် ဆလုံတိုင်းရင်းများတွင် ကိုယ်ပိုင် စာပေ မရှိချေ။ 1846 ခုနှစ် တွင် ဒေါက်တာ ဘရေတန်ကလည်းကောင်း ၊ 1900 ပြည့်နှစ်တွင် ခရစ်ယာန်သာသနာပြုဆရာမကြီး ဒေါက်တာဒေစီ အဖွဲ့ က လည်းကောင်း ၊ 1988 ခုနှစ်တွင် ခရစ်ယာန်သာသနာပြု ဆရာမကြီး နော်ဆေးဘေ နှင့် နော်ဖိုးလေ တို့ကလည်းကောင်း အင်္ဂလိပ်အက္ခရာ ၊ ပိုးကရင် အက္ခရာတို့ဖြင့် ဆလုံစာပေကို တီထွင် ပေးခဲ့ကြသည်။ ( 19 ) ရာစု နှစ်ဦးပိုင်းတွင်လည်း အမေရိကန်နှစ်ချင်းခရစ်ယာန်သာသနာပြု မစ္စတာ စတီဗင် ( Mr. Stevens ) ဆိုသူက ရောမ အက္ခရာများကို အသုံးပြုကာ စာပေတီထွင်ပေးခဲ့ပြီး ခေါင်းစဉ်မှာ  A Primer of the Selong Larnguage ဖြစ်ပေသည်။ ၄င်းစာအုပ်မှာ ဖတ်စာအုပ်ငယ်ဖြစ်ပြီး အတော်အတန် ပင်ပြည့်စုံမှုရှိ ကြောင်း၊ ယခု အခါ ရှာဖွေရ်ျ မရတော့ကြောင်း သိရပေသည်။
                      ဆလုံ တိုင်းရင်းသားတို့သည် စာပေသင်ကြားခြင်းထက် ပင်လယ်လုပ်ငန်းခွင်သို့သာ ၀င်ရောက်လုပ် ကိုင်လိုစိတ်ပြင်းပြသောကြောင့် ယခုအချိန်အထိ စာပေဟူရ်ျ တိကျခိုင်မာစွာ ပေါ်ထွက် လာခြင်း မရှိသေးချေ။ ဆလုံ တိုင်းရင်းသားတို့ပြောသော ဘာသာစကား လေးမျိုးအနက် မလေးနှင့် အဆက် သွယ်ရှိသော လူမျိုးများက လောတ ၊ လန်းပိကျွန်းနှင့် ဘုတ်ပြင်းမြို့နယ်တွင်နေထိုင်ကြသော ဆလုံ တိုင်းရင်း သား များက ဂျအိ စကားကိုပြောဆိုကြပေသည်။ မြိတ်ခရိုင်အတွင်းမှာ နေထိုင်ကြတဲ့ ဆလုံတိုင်းရင်းသား တွေ က ဒန်း ဘာသာစကားကိုပြောဆိုကြပြီး ကော့သောင်းခရိုင် ကျွန်းစုများအတွင်းမှာ နေထိုင်ကြသူများကတော့  လဘီ ဘာသာစကားကို ပြောဆိုနေထိုင် လျက်ရှိ ကြပေသည်။

 စာကိုး ---- ဒေါ်အေးနုခိုင် ( လုပ်သားကောလိပ် ) ဧ။် ဆလုံရွာသို့ ခရီးသွားမိတ်ဆက်မှ ကောက်နုတ်ဖော်ပြပါသည်။

                                                                                                                 Rocker77


1 comment:

  1. ဟုတ်ကဲ့…
    အားပေးသွားပါတယ်ဗျို့…..

    ReplyDelete