September 30, 2011

ငါ့ သွေး ငါ့ မြေ ငါ့ အရည်သွေး။ အပိုင်း ( 15 )


အခန်း ( 15 )

ဟန်သော်ဝေနိုင်ငံ
နန်းတွင်းညီလာခံ


ဘိုးသက်ရှည် အမတ်ကြီး။
အမတ်ကြီး ပြန်ရောက်လာပြီဆိုတော့
ပေးလိုက်တဲ့ တာဝန်နဲ့ ပတ်သက်ပြီး
လျှောက်တင်ပါအုံး။

                    ဟန်သော်ဝေနိုင်ငံရဲ့ ဘုရင်မင်းမြတ်ဖြစ်သူက ညီလာခံ ကျင်းပရာ ခန်းမတွင်းရှိ ပုလ္လင် ပေါ်မှနေရ်ျ ပြော လိုက် သောစကား ဖြစ်လေသည်။ ထို့နောက် နန်းတွင်း၌ သက်တမ်းအရှည်ကြာဆုံး တာဝန်ထမ်းဆောင်နေသော ဘိုးသက်ရှည် အမတ်ကြီးက ရှင်ဘုရင် ရှေ့တော်မှောက်သို့ ထွက်လာကာ .........

မှန်လှပါ ၊ အရှင်မင်းကြီး
ကျွန်တော်မျိုး တာဝန်ကို
အကောင်းဆုံး ထမ်းဆောင်ရွက်လာကြောင်းပါ။
ဆာဂျန်းကိုလည်း နန်းတွင်းသို့
ခေါ်ဆောင်လာခဲ့ကြောင်းပါ။

                    ဘိုးသက်ရှည် အမတ်ကြီးရဲ့ လျှောက်တင်ချက် အဆုံးမှာတော့ ဟန်သော်ဝေ ဘုရင် မင်းမြတ်မှာ .......

ကောင်းပြီ အမတ်ကြီး။
အမတ်ကြီး က ကျုပ်ဆီက
အချိန်ဆယ်ရက် တောင်းပြီး
ဒီတာဝန်ကို ထမ်းဆောင်ခဲ့တာ
အခု အချိန် ခုနှစ်ရက်အတွင်းမှာ
အောင်မြင်စွာ လုပ်ဆောင်လာခဲ့လေတော့
ကျုပ် အမတ်ကြီးကို မလေးစားပဲ
မနေနိုင်ပါဘူး။ အခု ဆာဂျန်းကို
ကျုပ် ရှေ့တော်သို့ ခစား ၀င်ခိုင်းလိုက်ပါ။

                     ဟန်သော်ဝေ ဘုရင်မင်းမြတ်ရဲ့ စကားအဆုံးမှာတော့ နန်းတွင်း အမှုထမ်း တစ်ဦး         က ........

ဆာဂျန်း........
ဘုရင်မင်းမြတ် ရှေ့တော်မှောက်သို့
အခစား ၀င်စေ။

                     အမှုထမ်းရဲ့ ဆင့်ခေါ်ချက် အသံအဆုံးမှာ ဆာဂျန်းတို့ သားအဖ သည် ညီလာခံသဘင် ကျင်းပရာ ခန်းမ အတွင်းဆီသို့ ၀င်ရောက်လာခဲ့ ကြလေသည်။ထို့နောက် ........

ကျွန်တော်မျိုး ဆာဂျန်း
ဘုရင်မင်းမြတ်အား
အရိုသေပြု ခစား ၀င်ရောက်ပါ၏။

                     ဆာဂျန်းသည် ထိုကဲ့သို့ ပြောဆိုပြီး ဟန်သော်ဝေ ဘုရင်မင်းမြတ်အား အရိုသေပေး လိုက်လေသည်။ နောက်မှ ပါလာသော သားဖြစ်သူကလည်း လိုက်ရ်ျ အရိုသေ ပြုလေသည်။ ထို့နောက် ဘုရင်ဖြစ်သူက ......

မောင်မင်းနဲ့ ပါလာတာ
ဘယ်သူတုန်းကွယ့်။

မှန်လှပါ မင်းကြီး
ကျွန်တော်မျိုးရဲ့
တစ်ဦးတည်းသော
သားဖြစ်ပါတယ်။
ကျွန်တော်မျိုးနဲ့အတူ
လိုက်ပါ တာဝန်ထမ်းဆောင်ရန်အတွက်
လိုက်ပါလာခဲ့ခြင်း ဖြစ်ပါသည်။

ကောင်းပြီ ဆာဂျန်း
မောင်မင်း အခု ရောက်လာပြီ ဆိုတော့
အခုပဲ တာဝန်ကို စတင်ထမ်းဆောင်ပါတော့။
သင့်ကို ယုံကြည်စွာနဲ့ စစ်ဦးစီးရာထူးကို
နှင်းအပ်လိုက်မယ်။
တာဝန်ကို အကောင်းဆုံး ၊ အကျေပြွန်ဆုံး
ဖြစ်အောင် ထမ်းဆောင်ရွက်ပါ။
မောင်မင်းနဲ့အတူ လိုက်ပါ တာဝန်ထမ်းဆောင်မယ့်
မောင်မင်းရဲ့ သားကိုတော့ တပ်မှူးကလေး ရာထူးကနေ စပြီး
တာဝန်ထမ်းဆောင် စေရမယ်။

ကျေးဇူးကြီးမြတ်လှပါတယ်
အရှင်မင်းကြီး။
ကျွန်တော်မျိုး ဆာဂျန်း
အရိုးကြေကြေ အရည်ခမ်းခမ်း
အသက်ကို ပဓါန မထားပဲ
ပေးအပ်တဲ့ တာဝန်ကို
ရွတ်ရွတ်ချွံချွံ ထမ်းဆောင်ပါမည်ဟု
ကတိပြု အပ်ပါတယ်။

ကောင်းပြီ ၊ ဆာဂျန်း
မောင်းမင်းဟာ အခုချိန်ကစပြီး
ဟန်သော်ဝေနိုင်ငံရဲ့ စစ်ဦးစီး
ဖြစ်သွားချေပြီ။

                        
                        ထို့နောက် ဘုရင်ဖြစ်သူသည် နန်းတွင်း အမှုထမ်းများကို အချက်ပြလိုက်လေရာ နန်းတွင်းအမှုထမ်း များသည် ဆာဂျန်း နှင့် သားဖြစ်သူ အတွက် တာဝန်ထမ်းဆောင်ရန် ရာထူး အပ် နှင်းသည့် အနေဖြင့် ချပ်ဝတ်တန်ဆာများ နှင့် ရာထူး အမှတ်အသား တံဆိပ်ပြားတို့ကို အပ်နှင်း လေ သည်။ ထို့နောက် အမှုထမ်းတို့သည် အသီးသီး ပြန်လည် ထွက်ခွာ သွားကြပြီးနောက် ဟန်သော်ဝေ ဘုရင်မင်းမြတ်သည် ညီလာခံကို သိမ်းလိုက်လေသည်။


**************************************


အမိုဝေ ခံတပ်။


                          အမိုဝေ ခံတွင်းရှိ အစည်းဝေးခန်းမတွင်း၌ စစ်သေနာပတိ ၀က္ကနော် အပါအ၀င် စစ်သူကြီး လော်ဒီယာ နှင့် တခြားတပ်မှူးများသည် ခံတပ်ဖြူကြီးရဲ့ မြေပုံကို ဖြန့်ခင်းလျှက် တိုက်ခိုက် သိမ်းပိုက်ရန်အတွက် နည်းဗျူ ဟာများကို ရေးဆွဲနေကြလေသည်။ စစ်သေနာပတိ ၀က္ကနော်က .........

စစ်သူကြီး ......
မောင်ရင်က ခံတပ်တွင်းကို
ရောက်ထားဖူးတယ်ဆိုတော့
ဒီအစီစဉ်ကို မောင်ရင် အမြင်ကို
ပြောပါအုံး။

အစီစဉ်ကောင်းမွန်ပါတယ် သေနာပတိ
ကျွန်တော်မျိုး တစ်ခုပဲ
ထပ်ဖြည့်ချင်ပါတယ်။
ခံတပ်ကို အရှေ့ ကနေ တိုက်ခိုက်နေရင်းက
လက်ရွေးစင် တပ်ဖွဲ့ကို
ခံတပ် အနောက်ပိုင်းဆီကနေ
အလစ်ဝင်တိုက် စေချင်ပါတယ်။
ဒါမှ ရန်သူ့ တပ်တွေက
အာရုံတွေ ထွေပြားသွားပြီး
အရှေ့ဘက်စစ်မျက်နှာပြင်မှာ
အာရုံ စူးစိုက်မှု လျော့ နည်းသွားပါလိမ့်မယ်။
အင်အားလည်း အနောက်ဘက်ကို
ခွဲဝေ ပေးလိုက်ရပါလိမ့်မယ်။
ရန်သူတွေ အာရုံစူးစိုက်မှု လျော့နည်းလေ
ခံတပ်ကို သိမ်းပိုက်နိုင်ဖို့ ပိုမို လွယ်ကူလာလေ
ဖြစ်လာမှာပါ။

အင်း ................
မောင်ရင် အကြံမဆိုးပါဘူး။
အစီစဉ်ကို ပိုပြီး ပြည့်စုံစေပါတယ်။
မောင်ရင့် ရဲ့ လက်ရွေးစင် တပ်ဖွဲ့ကို
အနောက်ဘက်ပိုင်းမှာ လှုပ်ရှားခိုင်းပါ။
ကျုပ်တို့ ရန်သူဘက်မှာ စစ်သူကြီးမရှိခင်
နှစ်ရက်အတွင်း ခံတပ်ကို ချီတက်မယ်။
နောက်သုံးရက်အတွင်းမှာ ဒီ ခံတပ်ကို
ကျုပ်တို့ အပြီး သိမ်းယူမယ်။
ပြင်ဆင်စရာရှိတာတွေအားလုံးကို
မောင်ရင် ပြင်ဆင်ထားပါ။
ဒီ တိုက်ပွဲ မှာလည်း မောင်ရင်က
စစ်မြှားဦး ကပဲ တာဝန်ယူပါ။
ကျန်တဲ့ တပ်မှူးတွေက စစ်သူကြီးရဲ့
ညွှန်ကြားချက် အတိုင်း ဆောင်ရွက်ပါ။

အမိန့်တော်အတိုင်းပါ
သေနာပတိ။


                           အမိုဝေ ခံတပ်၏ ထိုနေ့ အစည်းဝေးပွဲ၌ စစ်သူကြီး ၀က္ကနော်သည် နောက်ဆုံး အ ကြိမ် အဖြစ် ခံတပ် ဖြူကြီးအား သိမ်းပိုက်နိုင်ရန် အစီမံများ နှင့် အဆုံးဖြတ်များကို ပေးပြီးနောက် အစည်းဝေးကို ပိတ်သိမ်းလိုက်လေသည်။ စစ်သူကြီး လော်ဒီယာ နှင့်တကွ ကျန် တပ်မှူးများ အားလုံး သည်လည်း တိုက်ပွဲဆီသို့သာ အာရုံစူးစိုက်လျှက် ထိုးစစ်အတွက် ပြင်ဆင်ရမည့် အရာများအားလုံးကို လုပ်ဆောင်ရန်အတွက် အသီးသီး ထွက်ခွာ သွားကြလေတော့သည်။


( ဆက်လက်ဖော်ပြပါမည်။ )

Rocker77




2 comments:

  1. စီဘောက်မတွေ့လို့ ဒီကပဲ အော်သွားတယ် သူငယ်ချင်းရေ။။ အလည်ရောက်တယ်လို့ :):)

    ReplyDelete
  2. This comment has been removed by the author.

    ReplyDelete