October 3, 2011

ငါ့ သွေး ငါ့ မြေ ငါ့ အရည်သွေး။ အပိုင်း ( 16 )



အခန်း ( 16 )

အမိုဝေခံတပ်။


                       ရာသီဥတုသည် ကြည်လင်နေပြီး ကောင်းကင်၌ တင့်တယ်စွာ ရှိနေသော နေမင်းကြီး သည် နေ့တစ်နေ့ ရဲ့ အစကို ကောင်းမွန်စွာ စတင်လိုက်လေသည်။ နံနက်ဦးပိုင်းအချိန်သို့ ရောက်ရှိပြီ ဆိုတာနဲ့ အမိုဝေခံတပ်တွင်းမှ စစ် သေနာပတိ ၀က္ကနော် ဦးဆောင်သော တပ်မကြီးနှင့်တကွ စစ်သူ ကြီး လော်ဒီယာရဲ့ လက်ရွေးစင် တပ်ဖွဲ့များအပါအ၀င် တပ်မှူးအသီးသီး ခေါင်းဆောင်မှုပြု သော တပ်များသည် ခံတပ်ဖြူကြီးဆီသို့ စတင်ချီတက်ကြလေရာ နေမွန်းတည့် အချိန် တွင် ခံတပ်ဖြူ အပြင် ဘက် လွင်ပြင်နှင့်  တောအုပ်တွင်း နေရာသို့ ရောက်ရှိကြလေသည်။ အမိုဝေခံတပ်၌မု အစောင့် အနေ ဖြင့် တပ်သား နှစ်သောင်း မျှကိုသာ ချန်ရစ်ထားခဲ့ကြလေသည်။

                      ယုဒီပ နိုင်ငံရဲ့ တပ်များသည် တောအုပ်အစပ်သို့ ရောက်ရှိကြလျှင် အပိုင်းပိုင်း ဖြုတ်ကာ သယ်ယူလာခဲ့ သော လက်နက်ကြီးတပ်ဖွဲ့မှ ဘီးတပ်မြှားပစ် ငြမ်းစင်များ ၊ လောက်လွှဲပစ်စင်များ ၊ ကျုံးအားကျော်ဖြတ်ကာ တံတိုင်းပေါ် သို့ တက်ရောက်တက်ခိုက်နိုင်သော ဘီးတပ်ချဉ်းကပ် မျှော်စင် များကို ပြီးစီးအောင် တပ်ဆင်ကြလေသည်။ ထိုသို့ လက်နက် ကြီးများ တပ်ဆင်ပြီးသောအခါ တစ်နေ ကုန် ထွန်းလင်းတောက်ပခဲ့သော နေမင်းကြီးသည် အနောက်ဘက်အရပ်သို့ ပုန်းလျှို စပြုရ်ျ နေလေ သည်။ ထို့ကြောင့် စစ်သေနာပတိ ၀က္ကနော်သည် ယုဒီပ နိုင်ငံ တပ်မ ကြီးကို ထို တောအုပ်ငယ် အတွင်း ၌ စခန်းချလျှက် ရန်သူ့အခြေနေကို စောင့်ကြည့် လျှက်ရှိနေလေသည်။

                       ယုဒီပနိုင်ငံရဲ့ တပ်မကြီးမှ ရှေ့ပြေးကင်းထောက်အဖွဲ့သည် ခံတပ်ဖြူကြီးနှင့် အနီးနိုင်ဆုံး တောအုပ်စပ် မှနေရ်ျ ခံတပ်ဖြူအား အချိန်မပြတ် စောင့်ကြည့်အကဲခတ် လျှက်ရှိနေပေသည်။ တပ် စခန်းချရာ ဧရိယာ အတွင်း၌လည် အတွင်းစည်း အပြင်းစည်း ခွဲကာ ကင်းပုန်းများ နှင့် ကင်း လှည့် စစ်သည်များကို စနစ်တကျ အစောင့်ချထားပြီး စစ်သူကြီး လော်ဒီယာ ကိုယ်တိုင် ကြပ်မတ်ကွပ်ကဲ လျက်ရှိနေပေသည်။ သို့ဖြင့် အချိန်အားဖြင့် တဖြေးဖြေး ညဉ့်ဦးယံ ကို ကျော်လွန် လာပြီး ညဉ့် လယ်ယံ သို့ ရောက်ရှိလာသောအခါ စစ်သူကြီးလော်ဒီယာက သူရဲ့ လက်ရွေးစင် တပ်ဖွဲ့မှ တပ်သား များကို စုစည်းလိုက်လေသည်။ ထို့နောက် ကြိုတင်စီစဉ်ထားသည့်အတိုင်း တပ်ဖွဲ့မှ တပ်သားများကို ခံတပ်ဖြူကြီးနောက်ဘက် မှနေ ရ်ျ အယောင်ပြ တိုက်ခိုက်မှုပြုလုပ်ရန်အတွက် အမှောင်ရဲ့ အကာ ကွယ်ကို အားပြုကာ ခံတပ်ဖြူကြီးရဲ့ အနောက်ပိုင်းသို့ စေလွှတ်လိုက်လေသည်။ စုစုပေါင်း စစ်သည် အင်းအား နှစ်သောင်းမျှ ဖြစ်လေသည်။

                       စစ်သူကြီးလော်ဒီယာသည် လက်ရွေးစင် တပ်ဖွဲ့ကို စေလွှတ်ပြီးနောက် သေနာပတိ ၀က္ကနော်ရှိရာ တဲစခန်း ဆီသို့ သွားရောက်လိုက်လေသည်။ စခန်းတွင်း၌ စစ်သေနာပတိမှာ တစ်ဦး တည်း နေလျက်ရှိနေပေသည်။ စစ်သူကြီး လော်ဒီယာက တဲအတွင်းသို့ ရောက်လေသော် သေနာပတိက ..........

စစ်သူကြီး .........
ဘာအကြောင်း ထူးရှိသေးလဲ ။

အခုချိန်ထိ ပုံမှန်အတိုင်းပါပဲ။
လက်ရွေးစင် အဖွဲ့ကို စေလွှတ်လိုက်ပါပြီ။
အစီစဉ် အတွင်းမှာပဲ အားလုံး ရှိနေပါတယ်။

အင်း ............
ကောင်းတယ်။
လုပ်စရာရှိတာ ဆက်လုပ်ပါ။
သတိမလစ်ဟင်းပါစေနဲ့။

အမိန့် အတိုင်းပါ။
သေနာပတိ

                               ထို့နောက် စစ်သူကြီး လော်ဒီယာသည် တဲစခန်း အတွင်းမှ ပြန်လည် ထွက်ခွာ လာပြီး စခန်းချရာ ဧရိယာအတွင်း လှည့်လည် စစ်ဆေးမှုများ ပြုလုပ်နေလေသည်။

                                အချိန်အားဖြင့် နံနက်အာရုဏ်တက်ချိန်သို့ တိုင်ခဲ့လေသော် ထို အချိန်အထိ ခံတပ်ဖြူကြီးရဲ့ အခြေနေမှာလည်း ပုံမှန်အတိုင်းသာ ရှိနေပြီး အနောက်ဘက် မျက်နှာပြင်သို့ သွား ရောက် နေရာယူထားကြသော လက်ရွေး စင်တပ်ဖွဲ့သည်လည်း အသင့်အနေထားအဖြစ် ရှိနေလေ သည်။ တပ်ဖွဲ့အသီးသီးရှိ တပ်မှူးတပ်ဗိုလ် များအားလုံးသည်လည်း ဆင့်ကဲ သတင်းပို့မှုမှာ အစီစဉ် အတိုင်း အသင့်ဖြစ်ရ်ျ နေလေသည်။ ထို့နောက် စစ်သူကြီး လော်ဒီယာသည် သေနာပတိ ဖြစ်သူ ၀က္ကနော်ထံသို့ ဆက်လက်ရ်ျ သတင်းပို့လေရာ .............

စစ်သူကြီး ........
အချိန်ကျပြီ။
လှုပ်ရှားမှုကို စတင်မယ်။
အမိန့်ပေးလိုက်ပါတော့။

အမိန့်တော် အတိုင်းပါ
သေနာပတိ ။

                                ည က တပ်စခန်းချခဲ့သော ယုဒီပနိုင်ငံ တပ်မကြီသည် တရွေ့ရွေ့နှင့် တောအုပ် တွင်းမှ ထွက်ခွာ လာကာ ခံတပ်ဖြူကြီးဆီသို့ စတင်ချီတက်ကြလေသည်။ ထို့သို့ ချီတက်ရာတွင် ရှေ့ ဆုံး မှ ကင်းထောက်မြင်းစီးစစ်သည် အဖွဲ့ က ဦးဆောင်ပြီး သူ့ရဲ့နောက်မှတော့ မြင်းတပ်မက လိုက်ပါ လာ လေသည်။ ထို့နောက် လေးတပ်မက လိုက်ပါလာကာ လေး တပ်ရဲ့ နောက်မှာတော့ လက်ရွေးစင် လက်ကျန်တပ်ဖွဲ့ နှင့် အတူ လက်နက်ကြီးတပ်ဖွဲ့များ လိုက်ပါကြပြီး နောက်ဆုံးမှာတော့ လှံရှည်ကိုင် တပ်ဖွဲ့ ကို အပိတ်ထားကာ အတန်းလိုက် ချီတက်စေလေသည်။ အလယ်ဗဟိုတည့်တည့် တပ်မ ကြီး မှာတော့ သေနာပတိ ၀က္ကနော် က ဦးဆောင်ပြီး ထို တပ်မကြီးရဲ့ အရှေ့ တပ်မှာတော့ စစ်သူကြီး လော်ဒီယာက ကွပ်ကဲ လာလေသည်။

                                အချိန်သည် မိုးသောက်ယံ ချိန်သို့ ကျရောက်လာပြီ ဖြစ်သဖြင့် ခံတပ်ဖြူကြီး အတွင်း၌ တိတ် ဆိတ် ငြိမ်သက်နေလေသည်။ ခံတပ်တံတိုင်းပေါ်၌ ပုံမှန် ကင်းလှည့် စစ်သည် တို့မှာ လည်း ညဉ့်ဦးယံ ကပင် ကင်းလှည့် တာဝန်ယူထားသဖြင့် ငိုက်မြည်းစ ပြုနေကြလေသည်။ ထို့ ကြောင့် ခံတပ်တံတိုင်းပေါ်၌ စောင့်နေကြသော စစ်သည်တချို့ သည် ခိုကပ်ကာ မှေးစက်နေကြပြီး တချို့မှာ ကင်းစောင့်ရင်း မတ်တပ်ရပ် လျက်ပင် ငိုက်မြည်းနေကြ သေးသည်။ ထိုအချိန် တွင် ယုဒီပ နိုင်ငံ ရဲ့ တပ်မကြီးသည် တောအုပ်အတွင်းမှ ထွက်ပေါ်ချီတက်လာလေရာ ခံတပ်ဖြူကြီးရဲ့ အပြင် ဘက် ၊ တောအုပ် နှင့် ခံတပ်ဖြူကြားရှိ လွင်ပြင်ငယ် နေရာသို့ ရောက်ရှိလို့ လာခဲ့ကြလေသည်။ လွင်ပြင်ပေါ်သို့ ရောက်လျှင် ယုဒီပ နိုင်ငံ စစ် တပ်ကြီးသည် တောအုပ်အတွင်း၌ ချီတက်လာသော ပုံစံ ကိုပြောင်းလိုက်ပြီး တပ်ဖွဲ့များအားလုံးကို ဖြန့်ခင်းကာ အသီးသီး နေရာယူလိုက် ကြလေသည်။

                               တပ်ဖွဲ့များသည် အလယ်ဗဟိုချက်တွင် ကျုံးများအားကျော်ဖြတ်ကာ တံတိုင်း ပေါ်သို့ တက်တိုက် နိုင် သော ဘီးတပ်မျှော်စင်ကြီးများနှင့် လက်နက်ကြီးတပ်များကို ထားရှိ လေ သည်။ ထို တပ်များရဲ့ ဘေးနှစ်ချက်၌ တောင်ပံ သဖွယ် လေးတပ်များကို ထားရှိပြီး မြှားတပ်ရဲ့ ဘေးမှ ထပ်မံကာ မြင်းစီးတပ်များကို ထားရှိလေသည်။ လှံရှည် နှင့် ဒိုင်းများ ကို ကိုင်ဆောင်သော တပ်ဖွဲ့များ သည် ရှေ့ဆုံး၌ အတန်းလိုက် နေရာယူထားပြီး ဒိုင်များကို ကာရံထားလျှက် လှံရှည်များကို မိုးပေါ်သို့ ထောင်မတ် ထားကာ အနောက်ဘက်ရှိ တပ်ဖွဲ့များကို အကာကွယ် ယူပေးထားလေသည်။ အလယ် တပ်မ များရဲ့ နောက်တွင်တော့ သေနာပတိ ၀က္ကနော်ရဲ့ တပ်မတစ်ခု ရှိနေပြီး ဘေးနှစ်ဘက်၌ အလံ ကိုင် တပ်ဖွဲ့များက ၀န်းရံထားလေ သည်။ သေနာပတိရဲ့ နောက်တွင်တော့ ရိက္ခာ တပ်ဖွဲ့ရှိနေပြီး ဘေး နှစ် ဘက်၌ ဓါး နှင့် ဒိုင်း များကိုင်ဆောင်သော နောက်ပိတ် တပ်မ တစ်ခု ကို ပိတ်ထားလေသည်။ စစ်သူကြီး လော်ဒီယာ နှင့် လက်ကျန်လက်ရွေးစင် တပ်ဖွဲ့များသည် လှံရှည်ကိုင် တပ် ဖွဲ့များရဲ့ နောက် တွင် အတန်းလိုက်စီတန်းလျှက် ရှိနေလေသည်။ ထို့ကြောင့် တပ်များအားလုံးကို ဖြန့်ခင်းထားပုံမှာ ကလပ်ပုံ နှင့် ဆင်တူလေသည်။ ထိုသို့ဖြင့် လွင်ပြင်ငယ်၌ ယုဒီပနိုင်ငံ တပ်မကြီးသည် အနှေး ချီတက် လာရာ ခံတပ်ဖြူကြီးနှင့် အတန် ငယ် ကွာဝေးသော နေရာအရောက်တွင် ရပ်တန့် သွားလေသည်။

                            စစ်သူကြီး လော်ဒီယာသည် ရန်သူ့ တပ်စခန်းကို တစ်ချက် အကဲခတ် လိုက်လေ သည်။ မည်သို့မျှ ထူးခြားခြင်းကို မတွေ့ရချေ။ ထို့ကြောင့် နောက်ပိုင်းတပ်များဆီသို့ အချက်ပြ လိုက် လေရာ တိုက်ခိုက်ရန်အသင့် ဖြစ်နေသော လောက်လွှဲ လက်နက်ကြီးများသည် ရှေ့သို့ အနည်း ငယ် တိုး ကာ ပစ်ခတ်တိုက်ခိုက်ရန်အတွက် နေရာယူကာ အသင့်ပြင် လိုက်ကြပြီး မောင်းတံကြီးများကို ဆွဲတင်လိုက်ကြလေသည်။ ထို့နောက် ကောက်ရိုး ၊ သစ်စေး ၊ နောက်ချေး နှင့် ချော်ဆီ တို့ကို အချိုး အစား အတိုင်း လုံးထားသော ကောက်ရိုးလုံးကြီးများကို မောင်းတံကြီးများတွင် ပစ်ခတ်ရန်အတွက် ထည့်သွင်း လိုက်လေသည်။ ထို့နောက်တွင်တော့ မီးတုတ်များကို မီးရှို့ကာ အသင့်စောင့်နေသော ရဲမက်များက ထို ကောက်ရိုးလုံးကြီး များကို မီးရှို့လိုက်လေရာ ကောက်ရိုးလုံးများသည် အရှိန် ကောင်းစွာ ဖြင့် မီးစွဲလောင်လေတော့သည်။ ထို့နောက် ပစ်စင်များ ရှိ မောင်းတံများကို ဖြုတ်ချ လိုက် လေရာ မီးလုံးကြီးများသည် ခံတပ်ဖြူကြီး အတွင်းသို့ ကျရောက်ကာ မီးများလောင်ကျွမ်း လေ တော့သည်။ ထို့သို့ ပစ်ခတ်ရာတွင် လောက်လွှဲ ပစ်ပေါင်း ခုနှစ်ခု ပါဝင်သောကြောင့် တစ်ကြိမ် ပစ် လျှင် ကောက်ရိုး မီးလုံးကြီး ခုနှစ်လုံးခန့် ခံတပ်ဖြူကြီးအတွင်းသို့ ကျရောက်လာလေသည်။

                           ခံတပ်ဖြူကြီးတွင်းမှ မီးတောက် မီးလျှံများ ပေါ်ထွက်လာသောကြောင့် ခံတပ်တွင်းရှိ စစ်သည်များ သည် ၀ရုံးသုန်းကားနှင့် ဆောက်တည်ရာမရ ဖြစ်ကုန်ကြလေသည်။ ခံတပ်အား လက်ရှိ ထိန်းကွပ်နေသော ခံတပ်မှူးမှာ လည်း ညက သောက်ထားသော အရှိန်ကြောင့် ငယ်သားများ သတင်း ပေးပို့မှသာ နိုးလာလေသည်။ တပ်မှူးသည် ပတ်ဝန်း ကျင်ကို ကြည့်ပြီး ရုတ်တရက် ခေတ္တမျှ တွေဝေနေလေသည်။ ထို့နောက် အဆောင်တွင်းမှ အပြင်သို့ ထွက်ကာ ငယ်သားများ အား မီးများကို ငြိမ်းသတ်ရန်၊ ရိက္ခာများကို မီးမစွဲ စေရန် နှင့်  မြင်းများ မီးလန့်ပြီး မပြေးစေရန်တို့ကို ညွှန်ကြားလိုက် လေသည်။ ထို့နောက် ရန်သူ့တပ်များရှိရာဘက် ခံတပ်တံတိုင်းပေါ်သို့ တက်သွားလေရာ ခံတပ် မှူး သည် ယုဒီပနိုင်ငံရဲ့ စစ်တပ်ကြီးကို မြင်လေသော် သွေးပျက်သွားလေသည်။ ရန်သူ့ အင်အားမှာ လွန်စွာမှ များပြားလှပြီး ခံတပ်ဖြူအတွင်း၌ စစ် သည် အင်အား မှာမူ တစ်သိန်း ၀န်းကျင်သာ ရှိ လေသည်။

( ဆက်ပါဦးမည်။ )

Rocker77



No comments:

Post a Comment