October 5, 2011

ငါ့ သွေး ငါ့ မြေ ငါ့ အရည်သွေး။ အပိုင်း ( 17 )



အခန်း ( 17 )

ခံတပ်ဖြူ ..........


                        ခံတပ်ဖြူ တပ်မှူးသည် ခံတပ်တံတိုင်းပေါ်၌ ရှိနေစဉ် ယုဒီပနိုင်ငံ တပ်များဘက်ဆီမှ မြင်းငါးကောင် သည် တမန်အလံ လွှင့်ထူလျက် ခံတပ်ဖြူဘက်သို့ လာနေသည်ကို တွေ့မြင် လိုက်ရ သည်။ ထိုသူတို့သည် စကားပြောဆိုရန် လာရောက်ကြခြင်း ဖြစ်လေသည်။ မြင်း ငါးကောင် သည် တံတိုင်းရှေ့သို့ ရောက်လေသော် ကျုံး အနီးတွင် ရပ်လိုက်ကာ ထိုသူများထဲမှ ခေါင်းဆောင်ဖြစ်ဟန် ရှိသူက ..........

ဟေ့ ............
ဟန်သော်ဝေ တပ်မှူး
ဘယ်လိုလဲကွ။
မျက်နှာလည်းကလည်း
ဖြူဖတ်ဖြူရော်နဲ့
ဘာလဲ ............
ကျုပ်တို့ တပ်မကြီးကို မြင်ပြီး
သွေးပျက်နေတာလားကွ။
ဟား ဟား ဟား ဟား
သွေးပျက်နေတာဆိုလည်း
အသာတကြည် လက်နက်ချလိုက်ပေါ့ကွာ။
ကျုပ် မောင်ရင် ရဲ့ အသက်ကို အာမခံပါတယ်ကွ။
ဘယ်လိုလဲ။ မောင်ရင် ကြည့်ရတာ
အသက်မသေချင်သေးတဲ့ ပုံစံမျိုးပဲ။
ဟား ဟား ဟား ဟား

အောင်မာ ..........
မင်းလို မလောက်လေး မလောက်စားကောင်ကများ
ဟေ့ ......မောင်ရင်
မောင်ရင် ရောက်နေတဲ့ နေရာက ခံတပ်ဖြူနော်။
သတိလည်း ထားပါအုံး။
ရာဇ၀င်မှာ ခံတပ်ဖြူ ကျရှုံးတယ်ဆိုတာ မရှိဘူးကွ။
ကျုပ် မင်းလို အဆင့်မရှိတဲ့လူနဲ့ စကားမပြောဘူးကွ။
မင်းတို့ စစ်သူကြီးကို လွှတ်လိုက်။


                            ခံတပ်ဖြူရဲ့ တပ်မှူးသည် မာန်ပါပါဖြင့် ပြန်လည်တုန့်ပြန်ပြောဆိုနေသောလည်း စိတ်ထဲတွင်တော့ ထိတ်လန့်ရ်ျ နေလေသည်။ တိုက်ပွဲ အတွေ့ကြုံများ ရှိထားသူပီပီ တဖက် ရန်သူ၏ အင်အားကို မှန်းဆနိုင်ပြီး တိုက်ပွဲ အဖြေ မည်သို့ ထွက်လာနိုင်သည်ကိုလည်း ရိပ်စားမိရ်ျ ဖြစ်လေ သည်။ ထို့ကြောင့် ရန်သူအား ဟန်ပါပါနှင့် ပြန်လည်ပြောဆိုနေရင်း အကြံ ထုတ်လျှက် ရှိနေ လေ သည်။

ဟိတ် ............
အရည်အချင်းမရှိ တဲ့ တပ်မှူး
ဒါ ယုဒီပ နိုင်ငံရဲ့ ရွှေဓါးကိုင် စစ်သူကြီးကွ။
နာမည်မသိရင်လည်း မှတ်ထားလိုက်အုံး။
စစ်သူကြီး လော်ဒီယာ ကွ။
မောင်ရင်လေကျယ်မနေနဲ့။
အသက်မသေချင်ရင်
စဉ်းစားထားပါ။

                            စစ်သူကြီး လော်ဒီယာ ၏ ဘေး၌ပါလာသော လက်ရုံးက ခံတပ်ပေါ်ရှိ ခံတပ်မှူးအား ပြန်လည် တုန့်ပြန်ပြောဆိုလိုက်ခြင်း ဖြစ်လေသည်။ ထို့နောက် စစ်သူကြီးလော်ဒီယာတို့သည် ခံတပ် ရှေ့မှ ယုဒီပနိုင်ငံ တပ်များ ဘက် ဆီသို့ ပြန်လည် ထွက်ခွာ သွားကြလေသည်။ စစ်သူကြီး လော်ဒီယာ သည် ယခုလို လာရောက်စကားပြောဆိုခြင်းသည် အစီ မံများထဲမှ တစ်ခု ဖြစ်ပြီး တိုက်ပွဲ မဆုံးမီ ရန် သူ့  တပ်များအား စိတ်ဓါတ်ပျက်ပြားစေရန် စိတ်ဓါတ်စစ်ဆင်ခြင်းလည်း ဖြစ် လေသည်။

                            ရန်သူ့ ဘက်မှ စစ်သူကြီး ပြန်လည် ထွက်ခွာသွားပြီးနောက် ခံတပ်ဖြူ တပ်မှူးသည် အနည်းငယ် တွေဝေနေကာ ကျန်ရစ်နေခဲ့လေသည်။ ရန်သူ့ တပ်များကို ကြည့်ပြီးလည်း စိတ်ပျက် လျှက် ရှိနေပြီး ဆုံးဖြတ်ချက် နှင့် ညွှန်ကြားချက်များပေးရန် ချီတုံချတုံ ဖြစ်နေလေသည်။ ထိုအချိန် တွင် ငယ်သားတစ်ဦး ရောက်လာပြီး .......

တပ်မှူး ..........
သတင်းပို့ပါတယ်။
အနောက်ပိုင်းမှာ
ရန်သူတွေ တိုက်လာပါတယ်။

ဘာ .............
တတော်အကြံပက်စက်တဲ့ ကောင်တွေ။


                             တပ်မှူးသည် ပြောပြောဆိုဆိုပင် လက်မှ ဓါးကို ဆွဲလျှက် တံတိုင်းဂိတ် ပေါ်မှဆင်း ကာ ခံတပ် အနောက်ပိုင်းသို့ ငယ်သားများနှင့် အတူ ထွက်ခွာ သွားလေသည်။ တပ်မှူးသည် ခံတပ် အနောက်ပိုင်းသို့ ရောက်လေသော် တောအုပ်နှင့် ခံတပ်ဖြူကြား လွင်ပြင်ပေါ်၌ ရန်သူ့ တပ်မ တစ်ခု ကို တွေ့ရလေသည်။ ရန်သူများသည် ခံတပ်ဖြူပေါ်သို့ မီး မြှားများဖြင့် ပစ်ခတ်တိုက်ခတ် နေသည်ကို မြင်တွေ့ရလေသည်။

                             ခံတပ်မှူးသည် မိမိ စစ်သည်များကို တိုက်ပွဲဖြစ်ရာ ခံတပ် အနောက်ပိုင်းသို့ အင် အား ဖြည့်ရန် အမိန့်ပေးလိုက်ပြီး ခံတပ် တံတိုင်းပေါ်မှ မြှားများဖြင့် ပြန်လည် ပစ်ခတ် တိုက်ခိုက် စေလေသည်။ သို့သော် ဟန်သော်ဝေ တပ်များမှ ပစ်ခတ်သော မြှားများသည် ယုဒီပနိုင်ငံ စစ်သည် တော်များ ပေါ်သို့ အပြည့်အ၀ မထိခိုက်ချေ။ အကြောင်းမှာ ယုဒီပ စစ်သည်များသည် မြှားတပ်သား များကို အနောက်ပိုင်းတွင်ထားကာ အရှေ့၌ တခြားစစ်သည်တော်များက ဒိုင်းများ ကို ဆင့်ကဲ ကာရံ ကာ အကာကွယ်ပေးထားလေသော်ကြောင့် ဖြစ်လေသည်။ သို့သော် ယုဒီပ နိုင်ငံ စစ်သည်များမှ ပစ် လွှတ် လိုက်သော မီးမြှားများမှာမူ ခံတပ်တံတိုင်းပေါ်သို့ တိကျစွာ ကျရောက်ပြီး မီးများ လောင်ကျွမ်း ကာ အထိခိုက် များပြား လေသည်။ ခံတပ်မှူးသည် ထိခိုက်ကုန်သော မိမိ စစ်သည်များကို ကြည့်ကာ စိတ်ပျက်လျှက်ရှိနေလေသည်။ ထိုစဉ် ......


ဝုန်း ...... ၀ုန်း ............ ၀ုန်း ..............


                               ကျယ်လောင်စွာ ထွက်ပေါ်လာသော အသံများကို ဆင့်ကဲ ကြားရလေသည်။ ခံတပ် အရှေ့ ဘက်ခြမ်းမှ ဖြစ်လေသည်။ ခံတပ်မှူးသည် ငယ်သားတချို့နှင့် အတူ ခံတပ် အရှေ့ပိုင်းသို့ ပြန်ကူး ရလေသည်။ ခံတပ်တွင်း ၌ လည်း မီးလောင်ကျွမ်းနေမှုကို ထိန်းချုပ်ရန် ပိုမို ခက်ခဲ လာလေ သည်။ မီးများသည် အရှိန်အဟုန်ကောင်းလာပြီး အဆောင် များ ဆီသို့ မဖြေးဖြေး ဆက်လက် ကူး စက်လာ ခဲ့လေသည်။ ခံတပ်မှူးသည် အရှေ့ဘက်ခြမ်းသို့ ရောက်လေသော် ယုဒီပ နိုင်ငံ တပ်များ ဆီမှ ကောက်ရိုးမီးလုံးများနှင့် ဆက်မပစ်တော့ပဲ နည်းဗျူဟာ ပြောင်းကာ လောက်လွှဲ လက်နက်များ ဖြင့် ကျောက်တုံးများကို ထည့်သွင်း ပစ်ခတ်ခြင်း ဖြစ်ကြောင်း တွေ့မြင်ရလေသည်။ ထို့ တ၀ုန်းဝုန်း ဖြင့် အသံများ ကျယ်လောင် စွာ ထွက်ပေါ်လာခြင်း ဖြစ်လေသည်။ အရှေ့ဘက် တံတိုင်းပေါ်၌လည်း ကျောက်တုံးလက်နက်များဖြင့် ပစ်ခတ်ခံထားရ သဖြင့် ဟန်သော်ဝေ စစ်သည်များ အတုံးအရုန်း ကျဆုံးနေသည်ကို မြင်တွေ့ရလေသည်။

                              စစ်သူကြီး လော်ဒီယာသည် ခံတပ်ဖြူကြီးကို ကြည့်ကာ အကျေနပ်ကြီး ကျေနပ်ရ်ျ နေပေသည်။ ဒီပုံစံအတိုင်းဆက်သွားပါက မကြာခင်မှာ ခံတပ်ဖြူကြီး၏ ကျဆုံးခန်းသို့ ရောက်ရှိ လာ တော့မည် ဖြစ်သောကြောင့် ဖြစ်လေ သည်။ မိမိတို့ စီစဉ်ထားသည့်အတိုင်း တဆင့်ပြီးတဆင့် အောင် မြင် နေခြင်းလည်း ဖြစ်လေသည်။ ထို့ကြောင့် နောက်ဆုံး အဆင့် အနေဖြင့် ခံတပ်ဖြူကြီးအား အနီး ကပ် တိုက်ခိုက်ရန် အဆင့်သာ ကျန်ရှိနေတော့လေသည်။ စစ်သူကြီး လော်ဒီယာ သည် မိမိရဲ့ မြင်းကို စီးလျှက် မိမိ တပ်မများ ရှေ့သို့ ထွက်ရပ်လိုက်လေသည်။ စစ်သူကြီးလော်ဒီယာ အရှေ့၌ ထွက်ရပ် လိုက် သည်နှင့်တပြိုင်နက် ယုဒီပနိုင်ငံ စစ်တပ်ကြီး တစ်ခုလုံးသည် တိတ်ဆိတ် ငြိမ်သက်သွားလေ သည်။ စစ်သူကြီး လော်ဒီယာ သည် မြင်းပေါ်မှပင်နေရ်ျ မိမိရဲ့ စစ်သည်များကို တစ်ချက်ကြည့် လိုက်ပြီး ..........


စစ်သည်တို့ ...........
ဒီနေ့ဟာ ငါတို့ရဲ့ သမိုင်းစာမျက်နှာကို
အသစ်ဖွင့်လှစ်မယ့် နေ့ဖြစ်တယ်။
မကြာခင်မှာ ဒီ ခံတပ်ဖြူကြီးဟာ
ငါတို့ရဲ့ လက်ထဲမှာ ကျဆုံးတော့မှာ ဖြစ်တယ်။
ဘယ်ရာဇ၀င်မှာမှ မရှိသေးတဲ့ လုပ်ရပ်ကို
ငါတို့က လုပ်ဆောင်နိုင်တော့မှာ ဖြစ်တယ်။
ဒါကြောင့် ငါတို့ဟာ ငါတို့ရဲ့
အရည်သွေး အရည်ချင်းတွေကို
ထုတ်ပြဖို့ အချိန် ကျရောက်လာပြီ ဖြစ်တယ်။
မဆိုင်းမတွ အခုပဲ ပြသလိုက်ကြပါတော့...........

ဟေး .......................


                               စစ်သူကြီးလော်ဒီယာရဲ့ မိန့်ခွန်းအဆုံးမှာတော့ စစ်သည်များအားလုံးသည် ညာသံပေးလျှက် အမိန့်ကိုထောက်ခံကာ တဖက်မှ ရန်သူများကို ခြောက်ခြားစေရန် ခြောက် လှန့်လိုက်ကြလေသည်။ ညာသံ ပေးသံသည် ရှေ့ဆုံးမှ လှံရှည်ကိုင် တပ်မ များမှ နေရ်ျ နောက်ဆုံး သေနာပတိ ၀က္ကနော်၏ တပ်များအပါအ၀င် ရိက္ခာတပ်များ ၊ နောက်ချန် တပ်များအထိ ပါဝင်လေရာ ကောင်းကင်ယံ တစ်ခုလုံးသို့ ဟိန်းရ်ျ ထွက်ပေါ်လာလေသည်။ ခံတပ်ဖြူကြီး အတွင်း ၌လည်း အရှေ့နှင့်အနောက် ဗျာများနေရသော ခံတပ်မှူးသည် မိမိ၏ လက်ကျန် စစ်သည်များ အားလုံးကို   စုစည်း လိုက်ပြီး အမြင့်တစ်နေရာတွင် မတ်တပ်ရပ်လျှက် ............


စစ်သည်တို့ ...........
ငါတို့ဟာ ဟန်သော်ဝေနိုင်ငံရဲ့
စစ်သည်တော်များ ဖြစ်ကြတယ်။
ဒီနေရာဟာ သမိုင်းကြောင်း အဆက်ဆက်
နာမည်ကြီးခဲ့တဲ့ ခံတပ်ဖြူကြီးလည်း ဖြစ်တယ်။
ဒီ ခံတပ်ကြီးအတွင်းမှာ အသက်သွေးတွေ ပေးဆပ်ပြီးတော့
စတေးခဲ့ကြတဲ့ ငါတို့ရဲ့ နောင်တော် ရဲမက်တွေ ရှိနေကြတယ်။
ဒါကြောင့် ငါတို့ဟာ သူတို့လိုပဲ အသက်သွေးတွေကို
ပေးဆပ်ရမည့် အချိန် ရောက်ရှိလို့ လာခဲ့ပြီ။
ဒါကြောင့် ငါတိုဟာ ဟန်သော်ဝေနိုင်ငံရဲ့
သူရဲကောင်းများပီပီ ငါတို့ရဲ့ သွေးတွေ
ဘယ်လောက်ရဲတယ်ဆိုတာကို ပြသပြီး
ရန်သူ့တွေကို တိုက်ထုတ်ကြပါစို့ .........


ဟိတ် ....... ဟိတ် ......... ဟိတ် .............
ဟိတ် ....... ဟိတ် ......... ဟိတ် .............


                                    ခံတပ်မှူးရဲ့ မိန့်ခွန်း အဆုံးမှာတော့ ခံတပ်ဖြူအတွင်းရှိ ဟန်သော်ဝေ စစ်သည် များသည် ညာသံပေးလျှက် တိုက်ခိုက်ရန်အတွက် စိတ်ခွန်အားကို အမြင့်ဆုံးနေရာထိ ရောက်ရှိ အောင် တင်ဆောင်နေကြလေသည်။ သို့မှသာလျှင် တဖက်မှ အင်အားများပြားလှသော ယုဒီပ နိုင်ငံ ရဲ့ စစ်သည်များကို တွန်းလှန် တိုက်ထုတ် နိုင်မည် ဖြစ်လေ သည်။ ခံတပ် အနောက်ပိုင်း၌လည်း တိုက်ပွဲ က မပြီးဆုံးသေးချေ။ ခံတပ်မှူးသည် အနောက်ဘက် စစ်မျက်နှာပြင်ကို ပိုမို အာရုံထားလျှက် ရှိနေလေသည်။ အကြောင်းမှာ အနောက်ဘက်ခြမ်းရှိ ရန်သူ့ အင်အားသည် အရှေ့ဘက်ထက် နည်း ပါး နေခြင်း၊ အကယ်ရ်ျ ခံတပ်ဖြူအား လက်လွှတ်ရပါကလည်း အနောက်ဘက်မှနေရ်ျ တပ်များ ကို ဆုတ်ခွာနိုင်ခြင်း တို့ကြောင့် ဖြစ်လေသည်။ ထို့စဉ် ငယ်သားတစ်ယောက် ရောက်လာပြီး ခံတပ်မှူး ထံ သတင်းပို့ လာလေသည်။


တပ်မှူး .......တပ်မှူး ...........
အနောက်ဘက်ခြမ်းမှာ
တပ်ကူတွေ ရောက်လာပါတယ်။

ဟေ ........
ဟုတ်လား .........
ကောင်းလေစွ ကောင်းလေစွ။
ကဲ စစ်သည်တို့ ..........
ငါတို့ရဲ့ သွေးတွေ ရဲကြောင်း
ပြသလိုက်ကြပါစို့ ............

ဟေး ...................


                                    ငယ်သား၏ သတင်းပေးပို့မှုကြောင့် ခံတပ်မှူးရဲ့ မျက်နှာသည် ၀င်းလက်သွား သလို ကျန်တဲ့ စစ်သည်များသည်လည်း အားတက်သွားလေသည်။ ထို့ကြောင့် အားလုံးသော သူများ သည် စိတ်များကြွလာကာ ရန်သူ များကို တိုက်ခိုက်ရန် အတွက် အသင့် အနေထားအဖြစ်သို့ ရောက် ရှိ နေကြကုန်လေသည်။


( ဆက်ပါဦးမည်။ )

Rocker77





                       

No comments:

Post a Comment