အဝေးကို ကြည့်တယ်
ခပ်လှမ်းလှမ်းကို ကြည့်တယ်
မျက်စိ တစ်ဆုံးပါပဲ
အသိုက်ဝန်းလေးတွေ
မိသားစုလေးတွေ
သာယာတဲ့ အိုးအိမ်လေးတွေ ။ ။
အိပ်ကပ်ကို ငုံ့ကြည့်မိတယ်
ရင်ဘတ်ထဲမှာ စူးနစ်နေတယ်
နှလုံးသားက မေးတယ်
သူ့ အိမ် ဘယ်မှာလဲတဲ့ ။ ။
ဦးနှောက်တွေ ခြောက်ခြားနေတယ်
ရှက်စိတ်တွေ ဖုံးလွှမ်းနေတယ်
ဒေါသတွေ မြိုသိပ်ထားရတယ်
ထိန်းချုပ်နေရတယ်
ဖျက်ဆီးနေရတယ် ။ ။
အဝေးကို ပြန်ကြည့်မိတယ်
နှုတ်ခပ်ကို ပြုံးမိတယ်
မျက်ဝန်းက မျက်ရည် တစ်စ ငါ ရခဲ့တယ် ။ ။
မွန်းကြပ်တဲ့ စိတ်တွေ
လေလွင့်တဲ့ ခြေရာတွေနဲ့
မြို့ပြရဲ့ အသက်ရှုသံတွေ ကြားမှာ
အိမ် ဆိုတဲ့ အရာကို ဖမ်းဆုပ်နိုင်ဖို့ ကြိုးစားရင်း
ကြိုးစားရင်းနဲ့ ........... ငါ ............... ငါ ..............။ ။
ခပ်ဝေးဝေးကို ငါ လှမ်းကြည့်နေမိတယ်။ ။
Rocker77
( 8.1.2013 )
01:02 ( PM )