November 17, 2011

ထင်ရှား ကျော်ကြား ရှေးဟောင်း မြို့များ ။



သူငယ်ချင်းများအားလုံး မင်္ဂလာပါဗျာ။

ဒီတစ်ခါတော့ သမိုင်းသုတ အနေနဲ့ ရှေးဟောင်းမြို့တော်များအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။
ဒီ မြို့တော်တွေဟာ ဒီနေ့အချိန်အထိ ကမ္ဘာပေါ်မှာ တည်ရှိနေပြီးတော့ ယဉ်ကျေးမှုအမွေနှစ် 
 နေရာတွေအဖြစ် ခရီးသွားအများအပြား ဆွဲဆောင်ထားနိုင်တဲ့ နေရာတွေလည်း ဖြစ်ပါတယ်။ 
 ဒါကြောင့်သမိုင်းသုတ အနေနဲ့ကော ၊ လည်ပတ်စရာနေရာ အနေနဲ့ပါ ဗဟုသုတ ပိုင်းအနေဖြင့် 
ဖော်ပြပေးလိုက်ပါတယ်။

Angora Wat, Cambodia



ဒီ မြို့တော်ဟောင်းကတော့ အာရှသား တတော်များများ နဲ့ ရင်းနှီးပြီးသား ဖြစ်မှာပါ။ 
  အထူးသဖြင့် ကျွန်တော်တို့ မြန်မာပြည်သူပြည်သားတွေ ကောင်းကောင်းကြားဖူး ကြပါလိမ့်မယ်။ 
အန်ကောဝပ် မြို့တော်ဟောင်းဟာ ကမ်ဘောဒီးယား နိုင်ငံမှာ တည်ရှိပါတယ်။ 
ဒီမြို့တော်ဟောင်းက ( 9 ) ရာစု ကနေ ( 15 ) ရာစု အထိ ရှင်သန်ခဲ့ပြီး ယဉ်ကျေးမှုထွန်းကားတဲ့ 
ကြီးမားတဲ့ လူမျိုးစုကြီး အဖြစ် ရပ်တည်ခဲ့ပါတယ်။ ထို မြို့တော်မှာ ရှိတဲ့ အန်ကောဝပ် 
ဘုရားကျောင်းဟာလည်း ယနေ့အချိန်အထိ ကမ္ဘာပေါ်မှာ ထင်ရှားကျော်ကြားလျက် ရှိနေပြီး 
ကမ္ဘာ့လှည့်ခရီးသွား ဧည့်သည်တွေကို ဆွဲဆောင်မှုအပြည့်ဝ ပေးထားနိုင်ပါတယ်။ ထိုခေတ် 
ထိုအချိန်က ထို မြို့တော်ဟောင်းမှာ နေထိုင်ခဲ့ကြတဲ့ လူမျိုးတွေဟာ Hinduism တွေကနေ ဆင်းသက်
 ခဲ့ကြပြီးတော့ Buddhism အဖြစ် ရပ်တည်ခဲ့ကြတယ်လို့လည်း သမိုင်းပညာရှင်တွေက ဖော်ပြကြ 
ပါတယ်။ ( 1431 ) ခုနှစ် မှာတော့ အိမ်နီးချင်း အယုဒ္ဒယပြည် ရဲ့ တိုက်ခိုက်ဖျက်ဆီးကို ခံခဲ့ရ ပါတယ်။ 
သို့ပေမယ့် အန်ကောဝပ်မြို့တော်ဟောင်း နဲ့ အန်ကောဝပ် ဘုရားကျောင်းတို့ဟာ ယနေ့အချိန်အထိ 
တည်ရှိနေပြီးတော့ ကမ်ဘောဒီးယား နိုင်ငံ အတွက် ဂုဏ်ယူစရာ တစ်ခုအဖြစ် တည်ရှိနေပါတယ်။

 Leptis Magna, Libya



ဒီ မြို့တော်ဟောင်းကတော့ လစ်ဗျားနိုင်ငံမှာ တည်ရှိပြီးတော့ ရိုမန်အင်ပါယာ လို့ ခေါ်တဲ့ 
ရောမအင်ပါကြီးရဲ့ အရေးပါလှတဲ့ မြို့တော် တစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ ပုံထဲမှာ မြင်တွေ့ရတဲ့ အတိုင်း 
ပင်လယ်ကမ်းစပ် မြို့တော် တစ်ခုဖြစ်တာကြောင့် ရောမ ခေတ်မှာ ပင်လယ်ရေကြောင်း 
ကုန်သွယ်မှုရဲ့ အဓိကကျတဲ့ မြို့တော်တစ်ခု ဖြစ်ခဲ့ပြီး ဆာဟာရဒေသ နဲ့ ရောမပိုင် အာရပ် 
နယ်မြေတွေကို ပေါင်းကူးပေးတဲ့ မြို့တော် တစ်ခုလည်း ဖြစ်ခဲ့ ပါတယ်။ ဒီ မြို့တော်ဟောင်းဟာ 
ရောမ အင်ပါယာကြီးအတွက် များစွာ အကျိုးပြုပေးခဲ့တဲ့ မြို့တော် တစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ 
ရောမအင်ပါယာ ရဲ့ ဘုရင် Septimios Sever (193-211p.Ch.) လက်ထက်မှာ ဒီ မြို့ကို 
မြို့တော်ကြီးတစ်ခုအဖြစ် ရောက်ရှိအောင် အဆင့်မြှင့်တင်ပေးခဲ့ ပါတယ်။ ထိုသို့ဖြင့် နောက်ထပ် 
တစ်ရာစု ကြာတဲ့ အချိန်မှာတော့ ဒီမြို့တော်က လူတွေဟာ အသိပညာ ၊ အတက်ပညာတွေကို 
တိုးတက်လာခဲ့ပြီး ရောမ တွေကို တွန်းလှန် နိုင်ခဲ့ကြပါတယ်။

Roasting Bree, United Kingdom




ဒါလေးကတော့ ယူကေနိုင်ငံမှာ ရှိတဲ့ ကျောက်ခေတ်က ရွာလေးတစ်ရွာ ဖြစ်ပါတယ်။ ဒီ ရွာလေးကို 
ကျောက်တုံးကျောက်သားတွေ နဲ့ ပဲ တည်ဆောက်ထားတာ ဖြစ်ပြီး အားလုံးသော 
ကျောက်တုံးတွေဟာ သဲကျောက်များဖြစ်ကြပြီး လက်မှုပညာရပ် နဲ့ ပဲ 
တည်ဆောက်ထားခဲ့တာလည်း ဖြစ်ပါတယ်။ ဒီရွာလေးကို  ( 1850 ) ခုနှစ်မှာ
 ရှာဖွေ တွေ့ရှိခဲ့တာပါ။ ဒီ ရွာလေးကို ( 3180 ) မှ ( 2500 ) ဘီစီ အထိ လူတွေနေထိုင်ခဲ့တာကို 
မှတ်သားတွေ့ရှိရပါတယ်။ ဒီ ရွာလေးမှာ တစ်ခု ထူးခြားတာက အိမ်တိုင်းအိမ်တိုင်းမှာ ရှိတဲ့ 
အသုံးဆောင်တွေ အားလုံးကို ကျောက်သားတွေနဲ့ပဲ ပြုလုပ်ထားခဲ့ကြတာပဲ ဖြစ်ပါတယ်။

Palenque, Mexico



ဒီ မြို့လေးကတော့ မေယန်း လူမျိုးစုလေးတစ်ခု ရဲ့ မြို့တော်ဟောင်းတစ်ခု ဖြစ်ပြီး မက်ဆီကို 
နိုင်ငံမှာ တည်ရှိပါတယ်။ ဒီ မြို့လေးမှာ နေထိုင်ခဲ့ကြတဲ့ လူမျိုးစုတွေဟာ စိုက်ပျိုးရေးကို အဓိက 
အခြေခံကာ ရှင်သန် နေထိုင်ခဲ့ကြတယ်လို့လည်း မှတ်သားရပါတယ်။ မြို့လေးကိုတော့ 
သမိုင်းပညာရှင်တွေက ( 800 - 600 ) ဘီစီ ကလို့ ခန့်မှန်း ထားကြပါတယ်။ ဒီ မြို့လေးက 
 ထိုဒေသမှာ ( 8 ) ရာစု ဘီစီ ခန့် အချိန်က ယဉ်ကျေးမှုအထွန်းကား
 ဆုံး နေရာ တစ်ခုဖြစ်ခဲ့တယ် လို့လည်း ဆိုကြပါတယ်။ ဒီ မြို့လေးက လယ်သမား 
လူတန်းစားများကနေတဆင့်ပြီးတဆင့် တိုးတက်လာကာ မြို့ပြ နိုင်ငံငယ် တစ်ခု အဖြစ် 
ရပ်တည်ခဲ့တာကလည်း တွေ့ရပါတယ်။

 Soukchothai, Thailand







ဒီ မြို့လေးကတော့ ထိုင်းနိုင်ငံ မှာ တည်ရှိပြီးတော့ ထိုင်းနိုင်ငံအတွက် ရှေးအကျဆုံး နဲ့ အရေးကြီးဆုံး မြို့တော် တစ်ခု လည်း ဖြစ်ပါတယ်။ ( 13 ) ရာစုနှစ်မှာ ဒီမြို့တော်ဟာ လွတ်လပ်စွာနဲ့ နိုင်ငံငယ်တစ်ခု 
အဖြစ် တည်ထောင်ခဲ့ပြီး ထိုင်းနယ်မြေတွေ အတွက် ပထမဦးဆုံး နိုင်ငံ တစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ 
ထိုအချိန်က အဲ့ဒီ မြို့ပြ နိုင်ငံမှာ လူဦးရေ အနည်းဆုံး ( 8 ) သောင်းခန့် ရှိတယ်လို့လည်း 
ခန့်မှန်းကြပါတယ်။ သို့ပေမယ့် ( 1351 ) ခုနှစ်မှာ ထိုင်းဒေသ၏ မြို့ပြနိုင်ငံငယ်တွေထဲမှာ 
အယုဒ္ဒယနိုင်ငံက အင်အားအလွန်ကြီးမားလာတာကြောင့် ဒီမြို့မှာ ရှိတဲ့ ပညာရှင်တွေဟာ 
အယုဒ္ဒမြို့ဆီကို ကူးပြောင်းသွားကြပါတယ်။ ဒါကြောင့် ဒီ မြို့ပြနိုင်ငံငယ်လေးဟာ ( 1438 )
 ခုနှစ်မှာ အယုဒ္ဒယ နိုင်ငံ နဲ့ နှစ်ပြည်ထောင် သွေးစည်းကာ ပူးပေါင်းလိုက်ကြပြီး ဘုရင်နိုင်ငံတော်ကို 
စတင်ထူ ထောင်ခဲ့ကြပါတယ်။ ထိုသို့ဖြင့် ( 15 ) ရာစု နှင့် ( 16 ) ရာစု အစောပိုင်းကာလတွေမှာ 
မြို့ပြနိုင်ငံငယ်တွေ အားလုံး ပူးပေါင်းမိကြပြီး ကြီးမားတဲ့ အယုဒ္ဒယဘုရင့်နိုင်ငံတော် 
ပေါ်ထွန်းလာပါတော့တယ်။

 Kalakmoul, Mexico


ဒီ မြို့တော်ကတော့ မေယန်းလူမျိုးတွေရဲ့ အကြီးမားဆုံး မြို့တော်တစ်ခုဖြစ်ပြီး မက်ဆီကို 
နိုင်ငံတွင်းမှ တည်ရှိ ပါတယ်။ ဒီ မြို့တော်ဟာ Tikal မြစ် နားမှာ တည်ရှိခဲ့ပြီး အိမ်နီးချင်း တခြား 
မေယန်းလူမျိုးတွေနဲ့ ကြီးမား ကျယ်ပြန့်တဲ့ သံတမန် ဆက်ဆံရေး မျိုးကို တည်ဆောက်နိုင်ခဲ့ပါတယ်။ 
ဒီ မြို့ပြနိုင်ငံဟာ ( 6 ) ရာစု တ၀က် ကနေပြီးတော့ ( 8 ) ရာစု နှစ်အထိ တည်တံ့ခဲ့ပြီး 
နောက်ဆုံးမှာတော့ ပျက်ဆီးခြင်းသို့ ဆိုက်ရောက်ခဲ့ပါတယ်။

 Babylon, Iraq





ဒီ မြို့တော်ကတော့ သမိုင်းကို လေ့လာလိုက်စားဖူးတဲ့ သူတိုင်း ရင်းနှီးတဲ့ နာမည်တစ်ခု ဖြစ်ပါတယ်။
 ဒီ မြို့တော်က Euphrates မြစ်ကမ်းဘေးမှာ တည်ရှိပြီးတော့ မက်ဆိုပိုတေးမီးယား 
မြို့တော်တစ်ခုလည်း ဖြစ်ပါတယ်။ ဒီ မြို့တော်ကြီးဟာ ထိုခေတ်ထိုအခါက ယဉ်ကျေးမှုကို 
ဦးဆောင်ထားကြသူများလည်း ဖြစ်ခဲ့ပါတယ်။ ဒီ မြို့တော်ကနေ 
အင်ပါယာအဖြစ်တည်ထောင်ခဲ့သူများထဲမှ ထင်ရှားကျော်ကြားခဲ့သူကတော့
 Nebuchadnezzar (604 to 562 BC) ဖြစ်ပြီး သူရဲ့ လက်ထက်မှာ အလွန်ကြီးမားလှတဲ့ 
ဥယျာဉ်ကြီးတစ်ခုကိုလည်း တည်ဆောက်ခဲ့ ပါသေးတယ်။

Chatousa, Turkey



ဒီ မြို့တော်ကတော့ ဟစ်တစ် အင်ပါယာကြီးရဲ့ မြို့တော်လည်း ဖြစ်ပါတယ်။ ဒီ မြို့တော်က ( 17 ) 
ရာစု ပေါ်ပေါက်ခဲ့တာဖြစ်ပြီး ဟစ်တစ် ယဉ်ကျေးမှု ခေတ်ကို ဦးဆောင်ခဲ့ကြတာလည်း ဖြစ်ပါတယ်။ 
ထို မြို့တော်ကြီးက လူပေါင်း ( 5 ) သောင်းခန့် နဲ့ စတင်တည်ထောင်ခဲ့ကြတာလည်း ဖြစ်ပါတယ်။ ထို မြို့တော်ကြီးရဲ့ နန်းတော် အဆောက်အအုံတွေ နဲ့ ဘုရားကျောင်းအဆောက်အအုံတွေကို 
ကျောက်သားတွေ နဲ့ တည်ဆောက်ထား ကြပြီး လူနေအိမ်များကိုတော့ သစ် နှင့် 
နေလှန်းအုတ်တွေကို အသုံးပြုကာ တည်ဆောက်ထားခဲ့ကြခြင်း ဖြစ်ပါတယ်။
 ဒီ မြို့တော်ကြီးဟာ ( 1200 ) လောက်မှာ ပျက်ဆီးသွားခဲ့တယ်လို့လည်း 
 ပညာရှင်တွေက ပြောကြပါတယ်။

 Persepolis, Iran



ဒီ မြို့တော်ဟောင်းကတော့ ပါရှန်းအင်ပါယာရဲ့ အလည်မှာတည်ရှိပြီး ရုံးစိုက်ရာ မြို့တော် အဖြစ် 
တည်ရှိခဲ့တာပါ။ ( 331 ) ဘီစီ မှာ ဂရိခေါင်းဆောင် မဟာအလက်ဇန်းဒါး က တိုက်ခိုက် 
ဖျက်ဆီးခဲ့ပါတယ်။ ဒီ မြို့တော်ဟာ ပါရှန်းတွေ ခေတ်ကောင်းခဲ့စဉ် အချိန်က အလွန်ထင်ရှား 
ကျော်ကြားခဲ့ပါတယ်။ သူတို့ဟာ ထို ဒေသကြီးရဲ့
 ယဉ်ကျေးမှုကို ဦးဆောင် ခဲ့ကြသူများလည်း ဖြစ်ခဲ့ကြပါတယ်။

 Chatra, Iraq



ဒီ မြို့တော်ဟောင်းကတော့ အာရပ်တွေရဲ့ ပထမဆုံး ဘုရင့်နိုင်ငံတော် တစ်ခုရဲ့ မြို့တော် လို့လည်း 
ဆိုကြပါတယ်။ ဒီ မြို့တော်ဟာ ( 241 ) အေဒီ မှာ ရောမ အင်ပါယာ နဲ့ အကြိမ်ကြိမ် စစ်ပွဲတွေ 
ဆင်နွှဲပြီးမှ ပျက်စီးသွားခဲ့ရတာပါ။ ဒီ မြို့တော်ကြီးရဲ့ တည်ဆောက်ခြင်းနည်းပညာ လက်ရာတွေဟာ ဂရိ နဲ့ ရောမ လက်ရာတွေနဲ့ ဆင်တူပြီး အရှေ့ အလယ်ပိုင်းဒေသ ရဲ့ ကြီးမားတဲ့ လူမျိုးစုတွေ 
ရှင်သန်နေထိုင် ခဲ့ကြတယ်ဆိုတာကို သက်သေခံလျက် ရှိနေပါတယ်။

Sanchi, India



ဒီ နေရာကိုတော့ လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်ကျော် မှတ်တမ်းတစ်ခုအရ ( 3 ) ရာစု ဘီစီ မှာ 
တည်ထောင်ခဲ့ကြတယ်လို့ မှတ်သားရပါတယ်။ ဒီ မြို့ဟောင်းမှာ ဗုဒ္ဓဘုရားကျောင်းဆောင်တွေ နဲ့ 
ဘုန်းကြီးကျောင်းတွေကိုတော့ ( 10 - 11 ) ရာစု အေဒီမှာ တည်ဆောက်ထားခဲ့ ကြပါတယ်။ ( 13 ) ရာစု အေဒီ မှာတော့ အိန္ဒိယ မှာဗုဒ္ဓ အယူဝါဒ ဟာ အားပျော့လာပြီး ဒီမြို့ဟောင်းသည်လည်း 
ပျောက်ကွယ်ခဲ့ရ ပါတယ်။ ( 1818 ) ခုနှစ်မှာတော့ဗြိတိသျှ အရာရှိတွေဟာ ဒီမြို့တော်ဟောင်းကို 
ပြန်လည် တွေ့ရှိခဲ့ကြပြီး ယနေ့ အချိန်မှာတော့ ခရီသွားကမ္ဘာလှည့်ဧည့်သည်တွေအတွက် 
အလွန်စွဲဆောင်မှုရှိတဲ့ နေရာတစ်ခု အဖြစ်သို့ ရောက်ရှိလာပါတယ်။

Troy, Turkey





ဒီ မြို့ကတော့ တတော်များများ ရင်းနှီးဖူးပြီးသား မြို့တော်ဟောင်းတစ်ခု ဖြစ်ပါတယ်။ ဒီ 
မြို့တော်ဟောင်းဟာ တူရကီနိုင်ငံ အနောက်မြောက်ဘက်မှာ တည်ရှိပါတယ်။ 
 ဒီ မြို့တော်ဟောင်းကို ( 13 ) ရာစု ဘီစီ မှာ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ ဒီ မြို့ဟာ ရှေးခေတ် 
ဂရိ စာဆိုတော်ကြီး Homer ကြောင့်လည်း ထင်ရှား ခဲ့ပါတယ်။
 နောက်ပိုင်းမှာ Trojan War ကြောင့်လည်း နာမည် ထပ်ပြီး ကျော်ကြားခဲ့ ပြန်ပါသေးတယ်။ 
ဒီ မြို့တော်ဟောင်းဟာ တည်ဆောက်ခဲ့တဲ့ ဗိသုကာ လက်ရာတွေကြောင့် ယနေ့ချိန်အထိ 
ကျော်ကြားနေသေးကာ ခရီးသွားဧည့်သည် တွေအတွက် လည်ပတ်စရာ နေရာတစ်ခုလည်း 
ဖြစ်နေပါသေးတယ်။

ကဲ သူငယ်ချင်းတို့ရေ .........
ကျေနပ်နှစ်သက် နိုင်ကြလိမ့်မယ်လို့လည်း ယူဆ ထားပါတယ်ဗျာ။
သူငယ်ချင်းများအားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း
နှုတ်ဆက် လိုက်ပါတယ်ဗျာ။

မူရင်း ...... http://xsefoto.blogspot.com   

အထက်ပါ လင့်ခ် မှ ပို့စ် အားဆီလျော်အောင် ဘာသာပြန်ထားခြင်း ဖြစ်ပါတယ်။
တစ်စုံတစ်ရာ လွဲမှားမှုများ ရှိခဲ့ပါက ကျွန်တော်၏ ညံ့ဖျင်းမှုသာလျှင် ဖြစ်ပါတယ်။

Rocker77





November 14, 2011

Titanic သင်္ဘော တည်ဆောက်ခဲ့စဉ်က ရှားပါး ဓါတ်ပုံများ။


သူငယ်ချင်းများအားလုံး မင်္ဂလာပါဗျာ။

Titanic သင်္ဘောအကြောင်းကို အားလုံး သိပြီးသား ဖြစ်မှာပါ။ ဒီ သင်္ဘောကြီးကို ( 1909 ) ခုနှစ်ကနေ 
( 1911 ) ခုနှစ် အထိ အင်္ဂလန်နိုင်ငံ လီဗာပူးလ် ဆိပ်ကမ်းမှာ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ ထိုကဲ့သို့ တည်ဆောက်နေခဲ့ ကြပုံများကို မှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးခဲ့ကြတဲ့အတွက် ဒီကနေ့မှာ ပြန်လည် ရှု့ခံစားနိုင်ကြမှာ ဖြစ်ပါတယ်။ အောက်ပါတော့  ဒီသင်္ဘောကြီး တည်ဆောက်ခဲ့စဉ်ခါက ဓါတ်ပုံများကို ဗဟုသုတ အနေဖြင့် တင်ပြပေးလိုက်ပါတယ်။


















မူရင်း ... http://www.planitikos.com

သူငယ်ချင်းများအားလုံး ရွှင်လန်းချမ်းမြေ့ နိုင်ကြပါစေဗျာ။

Rocker77



ကမ္ဘာ့ထိပ်တန်း အကြီးဆုံး စာကြည့်တိုက် ( 10 ) ခု ။


သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ။

ဒီ တစ်ခါတော့ လေးစားအားကျ အတုယူဖွယ် ကောင်းပြီး စိတ်ဝင်စားစရာ ကောင်းတဲ့ 
 ကမ္ဘာ့စာကြည့်တိုက်ကြီးတွေ အကြောင်း ကို ဖော်ပြပေးလိုက်ပါတယ်ဗျာ။ 
 အလုပ်တွေ အရမ်းများပြီး အချိန်လုနေရလို့ ပို့စ်တွေ အတင်နည်းနေ
 တာလေးကို ဒါလေး နဲ့ ကျေနပ်ပေးကြပါလို့လည်း တောင်းပန်လိုက်ပါတယ်ဗျာ။

စာအုပ်စာပေဆိုတာ ဗဟုသုတတွေရဲ့ ပြတင်းပေါက်ရယ်လို့ တင်စားခေါ်ဝေါ်ကြလေတော့
စာတွေ များများဖတ်လေ အသိပညာ ဗဟုသုတတွေ များများတိုးလေပေါ့ဗျာ။
ဒီတော့ ဒီလို စာအုပ်စာပေတွေကို တစ်နေရာတည်းမှာ များများ ဖတ်နိုင်တဲ့ နေရာတွေဖြစ်တဲ့
ကမ္ဘာ့စာကြည့်တိုက်ကြီးတွေကို စုစည်းပေးလိုက်ပါတယ်။ သူငယ်ချင်း တို့ သွားရင်းလာရင်းနဲ့
လမ်းကြုံတော့လည်း သွားရောက်ဖတ်ရှု့နိုင်ကြတာပေါ့ဗျာ။း)




01. Library of Congress, Washington, DC.



Library of Congress, Washington, DC စာကြည့်တိုက်ဟာ အမေရိကန်နိုင်ငံ ၊ ၀ါရှင်တန် မြို့မှာ
တည်ရှိပြီးတော့အမေရိကန် နိုင်ငံရဲ့ အကြီးဆုံး စာကြည့်တိုက် တစ်ခုလည်း ဖြစ်ပါတယ်။
ဒီ စာကြည့်တိုက်ထဲမှာ စာအုပ်စာပေ မျိုးစုံကိုဘာသာစကားအမျိုးမျိုး နဲ့ အုပ်ရေ
သန်း ( 30 ) ကျော် စုစောင်းထားရှိပါတယ်။ ဒီ စာကြည့်တိုက်ကို ( 1800 ) ပြည့်နှစ်မှာ
စတင်တည်ထောင် ထားခဲ့ပြီး စာကြည့်တိုက် အဆောက်အအုံ ဒီဇိုင်းလက်ရာကြောင့်လည်း
နာမည် ကျော်ကြားလှပါတယ်။

02. National Library of China.


 National Library of China စာကြည့်တိုက်ကတော့ တရုတ်နိုင်ငံ ဘေဂျင်းမြို့မှာ တည်ရှိပါတယ်။
ဒီ စာကြည့်တိုက်ဟာ တရုတ်နိုင်ငံရဲ့ အမျိုးသား စာကြည့်တိုက်လည်း ဖြစ်သလို
ဘေဂျင်းမြို့ရဲ့ အထင်ကရ တစ်ခု လည်းဖြစ်ပါတယ်။
ဒီ စာကြည့် တိုက်ထဲမှာ စာအုပ်စာပေပေါင်း ( 22 ) သန်းကို စုစောင်းထားရှိ ပါတယ်။
ဒီ စာကြည့်တိုက်ကို ( 1909 ) ခုနှစ်မှာ စတင် တည်ထောင် ထားခဲ့ပါတယ်။

03. Library of the Russian Academy of Sciences.



Library of the Russian Academy of Sciences စာကြည့်တိုက်ကတော့ ရုရှနိုင်ငံ စိန့်ပီတာစဘတ်မြို့မှာ
တည်ရှိ ပါတယ်။ ဒီ စာကြည့်တိုက်ကို ( 1714 ) ခုနှစ်မှာ အပြီးသတ် တည်ထောင်ထား ခဲ့ပါတယ်။
ဒီ စာကြည့်တိုက် ထဲမှာ စာအုပ်စာပေ ပေါင်း သန်း ( 20 ) ကျော်ကို စုစည်းထားရှိ ပါတယ်။
 ထူးခြားတာကတော့ ဒီ စာကြည့်တိုက်ထဲမှာ သိပ္ပံပညာရပ်ဆိုင်ရာ စာအုပ်ပေါင်း သန်းနဲ့ချီ ရှိနေပြီးတော့ စာအုပ်အများစုမှာ ရုရှ ဘာသာနဲ့ ရေးသားထားတာတွေ ဖြစ်ပါတယ်။

 04. National Library of Canada.



National Library of Canada ဆိုတဲ့ စာကြည့်တိုက်ကတော့ ကနေဒါ နိုင်ငံ Ottawa City မှာ
တည်ရှိပါတယ်။ ဒီ စာကြည့်တိုက်ဟာ ခေတ်သစ် ဒီဇိုင်းလက်ရာတွေ နဲ့ အတူ တည်နေရာ အကွက်ကွင်း ကျခြင်းတို့ကြောင့် ကျော်ကြားလှပါတယ်။ ဒီ စာကြည့်တိုက်ကို ( 1953 ) ခုနှစ်မှာ တည်ထောင်ခဲ့ပြီးတော့ စာအုပ်စာပေပေါင်း ( 18.8 ) သန်း ခန့်ကို စုစည်း ထားရှိပါတယ်။

05. German National Library.



German National Library စာကြည့်တိုက်ကတော့ ဂျာမဏီနိုင်ငံ ဖရန့်ဖတ်မြို့ မှာ တည်ရှိပါတယ်။ 
ဒီ စာကြည့်တိုက်ကို ( 1990 ) ကျမှသာ တည်ထောင်ထားပြီး စာအုပ်ရေ ( 18.5 )သန်းကျော်ကို
စုစောင်းထားရှိပါတယ်။

06. British Library.



British Library ဆိုတဲ့ စာကြည့်တိုက်ကတော့ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့မှာ တည်ရှိပါတယ်။
ဒီ စာကြည့်တိုက်ကိုတော့ ( 1753 ) ခုနှစ်မှာ တည်ထောင်ခဲ့ပြီးတော့ ရှေးကျလှတဲ့ စာကြည့်တိုက်
တစ်ခုလည်း ဖြစ်ပါတယ်။ ဒီ စာကြည့်တိုက်ထဲမှာ စာအုပ်စာပေပေါင်း ( 16 ) သန်းခန့်ကို
စုစောင်း ထားရှိ ပါတယ်။

07. Institute for Scientific Information Russian Academy of Sciences.



Institute for Scientific Information Russian Academy of Sciences စာကြည့်တိုက်ကိုတော့ ရုရှနိုင်ငံရဲ့ 
 မြို့တော် မော်စကို မှာ တည်ထောင်ထားပါတယ်။ စာကြည့်တိုက်ကို တည်ထောင်ထားတဲ့ ခုနှစ်ကတော့ ( 1969 ) ခုနှစ် ဖြစ် ပါတယ်။ ဒီ စာကြည့်တိုက်ထဲမှာတော့ စာအုပ်ပေါင်း 
( 13.5 ) သန်းကို စုစောင်းထားရှိပြီး စာအုပ်များအားလုံးက သိပ္ပံဆိုင်ရာ ဆွေးနွေးချက် စာအုပ်များသာဖြစ်ပြီး ရုရှ ဘာသာနဲ့ပဲ ရေးသားထားတာတွေ ဖြစ်ပါတယ်။

08. Harvard University Library.



Harvard University Library ကတော့ သိပ်ပြီး အထွေထူး ပြောဖို့ လိုမယ် မထင်ပါဘူး။
ဒီ စာကြည့်တိုက်ဟာ Harvard တက္ကသိုလ်ရဲ့ စာကြည့်တိုက်လည်း ဖြစ်ပြီး တက္ကသိုလ်
ကျောင်းသား ကျောင်းသူတွေကို ပညာရပ်တွေ များစွာကိုလည်း မျှဝေ ပေးနေခဲ့တာ ဖြစ်ပါတယ်။
ဒီ စာကြည့်တိုက်ကို ( 1638 ) ခုနှစ်မှာ တည်ထောင်ခဲ့ပြီး စာအုပ်စာပေါင်း ( 13.1 ) သန်းကို
စုစောင်းထား ရှိပါတယ်။

09. Vernadsky National Scientific Library of Ukraine.



 Vernadsky National Scientific Library of Ukraine ကတော့ ယူကရိန်းနိုင်ငံ Kiev မြို့မှာ တည်ရှိပါတယ်။ ဒီ စာကြည့်တိုက်ကို ( 1919 ) ခုနှစ်မှာ တည်ထောင်ထားခဲ့ပြီးတော့ 
တစ်ကမ္ဘာလုံးမှာရှိတဲ့ သိပ္ပံပညာရပ်ဆိုင်ရာ စာအုပ်ပေါင်း ( 13 ) သန်းကို စုစောင်းထားရှိပါတယ်။

10. New York Public Library.



New York Public Library ကတော့ အမေရိကန်နိုင်ငံ ၊ နယူးယောက်ခ် မြို့မှာ တည်ရှိပါတယ်။
ဒီ စာကြည့်တိုက်ကို ( 1895 ) ခုနှစ်မှာ တည်ထောင် ခဲ့ပြီး စာအုပ်စာပေါင်း ( 11 ) သန်းကို
စုစောင်းထား ရှိပါတယ်။


ကဲ သူငယ်ချင်းတို့ရေ.........
လမ်းကြုံလို့ပဲ ဖြစ်ဖြစ်၊ တမင်တကာပဲ ဖြစ်ဖြစ်
သွားရောက်လေ့လာ နိုင်ဖို့
မျှဝေ ပေးလိုက်ပါတယ်ဗျာ။
အားလုံးပဲ ရွှင်လန်းချမ်းမြေ့ နိုင်ကြပါစေဗျာ။


http://www.blogobo.com/read/2488/0/top-10-biggest-libraries-in-the-...  အား ဆီလျော်အောင်
ပြန်ဆိုလိုက်ပါတယ်ဗျာ။ တစ်စုံတစ်ရာ အမှားယွင်းမှာ ပါရှိ နေခဲ့ပါက ကျွန်တော်၏ တာဝန်သာ ဖြစ်ပါကြောင်း .....


Rocker77





November 9, 2011

ငါ့ သွေး ငါ့ မြေ ငါ့ အရည်သွေး ။ အပိုင်း ( 24 )


အခန်း ( 24 )


                       အာရုဏ်တက်ချိန် ၊ မိုးသောက်ယံ အချိန်တို့ကို ကျော်ဖြတ်ပြီးနောက် နေမင်းစစ်ခင်း မိုးစင်စင်လင်းချိန် တွင် ဒီမိုရာ နှင့် မယ်မြ တို့သည် ၄င်းတို့၏ ခရီးစဉ်ကို ဆက်လက်ထွက်ရန် အဆင့် သင့် ဖြစ်နေသဖြင့် လေးရက်မြောက် ခရီး စဉ်ကို စတင်လိုက်ကြလေသည်။ ညက ကောင်းမွန်စွာ အိပ်စက်အနားယူထားသဖြင့် လူ နှင့် မြင်း များပါ လန်းဆန်းတက် ကြွနေကြကာ အင်ပြည့်အားပြည့် ဖြင့် ခရီးစဉ်ကို အပြင်းနှင်နိုင်ကြလေသည်။ တောင်ကုန်းတောင်တန်း ချိုင့်ဝှမ်းလွင်ပြင် တို့ကိုနေ့ဝက် စာမျှ ခရီးနှင် ကျော်ဖြတ်ကြလေပြီးသော် သစ်ခုတ်သမားများ အများစု နေထိုင်ကြသော ရွာငယ် တစ်ရွာသို့ ရောက်ရှိကြလေသည်။ ထို့ကြောင့် ဒီမိုရာ နှင့် မယ်မြ တို့သည် ထို ရွာငယ်လေး ၌ ခရီးစဉ် ကို ခေတ္တရပ်နားကာ ရွာထဲရှိ ဆိုင်ငယ်လေး တစ်ခုသို့ ၀င်ပြီး နံနက်စာကို သုံးဆောင်ကြလေသည်။

                      ထိုသို့ ဒီမိုရာ နှင့် မယ်မြ တို့သည် ဆိုင်ငယ်လေးအတွင်း၌ နံနက်စာကို အေးဆေးစွာ သုံး ဆောင်နေစဉ် မလှမ်းမကမ်း စားပွဲဝိုင်းတစ်ခုတွင် ရွာထဲမှ ရွာသားများ၏ ငြင်းခုန် စကားပြောဆို သံများကို အတိုင်းသား ကြားမိ ကြ လေသည်။

ဟ .... မင်းသတင်းက
ဟုတ်ကော ဟုတ်ရဲ့လားကွ။

ဟုတ်ပါတယ်ဆိုမှဗျာ။
ကျုပ် မနက်ကပဲ မြို့မှာ
သစ်တွေ သွားပို့တော့
မြို့ကလူတွေ ပြောနေကြတာဗျ။

ငါ တော့ မထင်ပါဘူးကွာ။
ခံတပ်ဖြူ ဆိုတာကြီးက
ဘယ်တုန်းကမှ ကျရှုံးဖူးတာ
မဟုတ်ဘူးကွ။
မင်း အကြားမှားတာ နေမှာပါကွာ။

                       ထိုကဲ့သို့ ရွာသားများ တစ်ယောက်တစ်ပေါက်ဖြင့် ငြင်းခုန်ပြောဆိုနေကြ ခြင်းကို ကြား မိ ကြသော ဒီမိုရာ နှင့် မယ်မြ တို့မှာ အသံလာရာဆီသို့ နားစွင့်နေကြရင်း တစ်ယောက်မျက်နှာ တစ် ယောက် ကြည့်မိကြလေသည်။ ထို့နောက် စကားသံများကို ဆက်လက် နားစွင့် ကြည့်ကြလေရာ .......

ကျုပ် ကြားခဲ့တာက
ခံတပ်ဖြူကြီးက
လုံးဝကို ပြိုကျ ပျက်ဆီးသွားတာတဲ့
တပ်တွေလည်း အထိခိုက်များတယ်တဲ့။
တိုက်ပွဲမှာ ရဲမက်တွေ တကွဲတပြား ဖြစ်ကုန်ပြီး
အသက်လုပြီး ထွက်ပြေး ကြရတာတဲ့။

နေပါအုံး မောင်ရင် ရဲ့
မောင်ရင် ကို ဘယ်သူက
ဒါတွေကို ပြောလိုက်တာတုန်း

မြို့က လူတွေပါ ဆိုမှ ဗျာ။

ဟ ... သူတို့က သိလှချည်လားကွ

အာ... သိဆို
မြို့ထဲကို တိုက်ပွဲမှာ
ဒဏ်ရရာလာပြီး
ထွက်ပြေးလာတဲ့
ရဲမက် လေးငါး ယောက်လောက်
ရောက်လာ ကြတာကိုးကွ။

ဟေ .........................
ဟုတ်လား ။

                      ထိုသို့ဖြင့် အစောပိုင်းက တစ်ယောက်တစ်ပေါက်ဖြင့် ငြင်းခုန်နေကြသော စားပွဲ ၀ိုင်း သည် တိတ်ဆိတ် ငြိမ်သက် သွားကြလေတော့သည်။ ထို့နောက် ရွာသားများသည် ကိုယ်စီကိုယ်စီ ဖြင့် အသီးသီး ဆိုင်တွင်းမှ ထွက်ခွာ သွား ကြလေသည်။ ဒီမိုရာ နှင့် မယ်မြ တို့သည်လည်း မနက်စာ အတွက် ကျသင့် ငွေများကို ရှင်းကာ ဆိုင်းတွင်းမှ ထွက်ကာ မိမိ တို့၏ ခရီးစဉ်ကို မြင်းများကိုယ်စီ စီးနှင်းလျက် ဆက်လက် ထွက်ခွာ လာခဲ့ကြလေသည်။

******************************************


                    ခံတပ်ဖြူ တိုက်ပွဲနေရာ၌ လက်ကျန်လူများကို စုစည်းကာ တပ်ဆုတ်ခွာ ထွက်ပြေး လာ သော တပ်မှူးငယ် ခွန်ဒီနောင် တို့ လူစု နောက်သို့ ယုဒီပ တပ်ဖွဲ့တစ်ခုကလည်း ထပ်ချပ်မကွာ လိုက် ပါ လျှက် ရှိနေလေသည်။ ခွန်ဒီနောင် တို့ လူစုသည် နောက်မှ လိုက်ပါလာသော ရန်သူ့တပ်များ၏ လက်မှ လွတ်မြောက်စေရန် ပြေးရန်မှတပါး အခြားမရှိတော့ချေ။ အကြောင်းမှာ ခွန်ဒီနောင် တို့လူစု သည် လူ ( 20 ) ခန့်လောက်သာ ကျန်ရှိနေတော့ပြီး နောက်မှ လိုက်ပါလာသော ယုဒီပ တပ်များမှာ လူ ( 80 ) နီးပါး ရှိနေလေရာ အင်အားခြင်း မမျှသဖြင့် ယှဉ်ရ်ျ တိုက်ခိုက်ရန် သိပ်ပြီး မလွယ်ကူတော့ သော ကြောင့် ဖြစ်လေသည်။ ခွန်ဒီနောင် တို့ လူစုသည် မောပန်းနေသော မြင်းများကို အားသွန် ခွန်စိုက် ပြေးခိုင်းလျက် ရှေ့မှ အပြင်းနှင်လေပြီး နောက်မှ လိုက်ပါလာသော ယုဒီပ မြင်းတပ်မှာ တိုက်ပွဲတွင် ရင်ဆိုင်ခဲ့သော မြင်း တပ်မဟုတ်သော ကြောင့် သူတို့၏ မြင်းများမှ အားအင် ပြည့်ဝ နေကြသေးသည်။

                   ထိုသို့ အနေထားဖြင့် ပြေးလွှားဆုတ်ခွာနေရင်း ခွန်ဒီနောင်သည် နောက်မှ လိုက်ပါ လာ သော ရန်သူများ မျက်ခြေပြတ်စေရန် ရည်ရွယ်လျက် လမ်းကြောင်းပြောင်းလဲကာ တောအုပ်ငယ် တစ်ခု အတွင်းသို့ ၀င်ရောက် လိုက်ကြ လေသည်။ ထို တောအုပ်ငယ်လေးသည် သစ်ပင်ကြီးများ ၊ ခြုံနွယ်များ ထူထပ်နေသဖြင့် ပုန်းအောင်းရန် လွယ်ကူသဖြင့် ခွန်ဒီနောင်တို့ လူစု သည် ထိုအရာ များဖြင့် အကာကွယ်ယူကာ တောအုပ်တွင်း၌ တပ်ဖျောက်ကာ ၀င်ရောက် ပုန်းအောင် နေကြ လေ သည်။ ထို့နောက် နောက်မှ လိုက်ပါလာသော ယုဒီပ တပ်များသည် ထို တောအုပ်ငယ်အစပ်သို့ ရောက်ရှိကြလျှင် ခေါင်းဆောင်ဖြစ်သူက သူ၏တပ်များကို ခေတ္တရပ်ရန် အချက် ပြလိုက်လေသည်။ ပြီးနောက် တပ်များကို အုပ်စု သုံးစု ခွဲကာ တောအုပ်တွင်းသို့ ၀င်ရောက် ရှာဖွေ စေလေသည်။

                  သို့ဖြင့် အုပ်စု ခွဲကာ ၀င်ရောက်လာကြသော ယုဒီပ စစ်သည်များအားလုံးကို တောအုပ် တွင်း၌ အသင့်နေရာ ယူ ပုန်းအောင်းနေကြသော ဟန်သောဝေ တပ်မှူးငယ် ခွန်ဒီနောင် နှင့် ရဲမက် များသည် အတိုင်းသား မြင်တွေ့နေရပြီး တိတ်ဆိတ်စွာ နေရာယူလျက် လုပ်ကြံကြရန် ပုန်းအောင်း လျက် ရှိနေပေသည်။ ယုဒီပ တပ်ခေါင်းဆောင်သည် တောအုပ် တွင်းသို့ ၀င်ရောက်ပါက လုပ်ကြံခံရ မည်ကို တွက်ဆမိသော်လည်း အုပ်စု သုံးခု ခွဲလိုက်သဖြင့် အင်အား နည်းပါးသွားကို တော့ သတိလွတ် ခဲ့လေခြင်း ဖြစ်လေသည်။ ခွန်ဒီနောင်တို့ လူစု သည် ၀င်ရောက်လာကြသော ရန်သူ့ စစ်သည်များကို သစ်ပင်ကြီးမှ ပေါ်မှ လည်းကောင်း ၊ ခြုံနွယ်များအကွယ် မှ နေရ်ျ လည်းကောင်း ၊ ချိုင့်ခွက် များ တွင်းမှ နေရ်ျ လည်း ကောင်း ပုန်းနေကြကာ မိမိတို့ စီးနှင်းလာသော မြင်းများကိုလည်း လှဲသိပ် ထား သူ က လှဲသိပ်လျက် ၊ ခြုံများ နောက်ကွယ် တွင် ကွယ်ထားသူက ကွယ်ထားလျက် ထားရှိစေပြီး ချောင်းမြောင်းနေကြလေသည်။ သို့ဖြင့် တဖြည်းဖြည်း တိုးဝင်လာကြ သော ယုဒီပ တပ်များကို သတ် ကွင်းဧရိယာ တွင်းသို့ ၀င်ရောက် ရောက်ရှိကြလျှင် ဟန်သော်ဝေ တပ်မှူးငယ် ခွန်ဒီနောင် က အချက်ပြ အမိန့် ပေးလိုက်လေရာ ရဲမက်များသည် ပြောက်ကျားနည်းဖြင့် ရန်သူများကို လုပ်ကြံ ကြလေတော့သည်။


ရွှတ် ....... ဒုတ် ....... အင့် ..............
အူး........ အီး ......... အား ..........


                     ထိုသို့ အော်ဟစ်သံ ၊ တိုက်ခိုက်သံများ နှင့်အတူ ယုဒီပ စစ်သည်များသည် အတုံးအရုံး ကျဆုံး ကုန်ကြ လေတော့သည်။ တိုက်ခိုက်ခံရမှုအသံများကို ကြားကြားခြင်း ကျန် ယုဒီပ တပ်ဖွဲ့ နှစ်ခု သည် အသံလာရာ ဘက်ဆီသို့ ချက် ချင်း ရောက်ရှိလာကြလေရာ အလာကောင်းပေမယ့် အချိန်မမှီ တော့ပဲ သေဆုံးနေသော မိမိတို့၏ စစ်သည် ရုပ်အလောင်း များကိုသာ တွေ့မြင်ကြရလေသည်။ ထိုအခြင်းရာကို တွေ့မြင် လိုက်ရသော ယုဒီပ တပ်ခေါင်းဆောင်သည် သွေးပွက်ပွက်ဆူ ကာ ဟန် သော်ဝေ တပ်များနောက်ဆီသို့ ဆက်လက် လိုက်တိုက်ရန် အမိန့်ကို ပေးလေတော့သည်။ ကျဆုံး ကုန်သော စစ် သည် အင်အားမှာ အုပ်စု သုံးစု ထဲမှ တစ်စုစာ အင်အားဖြစ်ပြီး လူ ( 30 ) နီးပါး ဖြစ် လေသည်။ ထို့နောက် ယုဒီပ တပ် ခေါင်းဆောင်၏ အမိန့်အရ ကျန် စစ်သည် များသည် ဟန်သော်ဝေ တပ်များနောက်သို့ လိုက်ကြလေရာ တောအုပ်ကို လွန် လေသော် လွင်ပြင်ငယ် တစ်ခုကို တွေ့ရပြီး ထို လွင်ပြင်ငယ် ပေါ်၌ ဖြတ်သန်းနေကြသော ဟန်သော်ဝေ ရဲမက် များကို တွေ့ ရှိကြသဖြင့် မြင်းများ ကို အပြင်း ဒုန်းစိုင်းကြလေရာ နောက်ဆုံးတွင် ဟန်သော်ဝေ ရဲမက်များကို တဖန် မှီရ်ျ လာလေသည်။

                     ဟန်သော်ဝေ တပ်မှူးငယ် ခွန်ဒီနောင်သည် မိမိတပ်၏ မြင်းများ မောပန်းနေခြင်းကို သတိပြုမိသဖြင့် လမ်းကြောင်းကို ထပ်မံ ပြောင်းလဲလိုက်ကာ လွင်ပြင် အနိမ့်ပိုင်း ဆင်ခြေလျော ဘက်သို့ ဦးတည် လိုက်လေသည်။ ထိုသို့ ပြေးလွှားနေရင်းဖြင့် လွင်ပြင် ဆင်ခြေလျော အဆုံးနား ရှိ ချောင်းငယ်လေး တစ်ခုနားသို့ ရောက်ရှိလေသော် နောက်မှ လိုက်ပါလာသော ယုဒီပ တပ်များက မှီလာရန် အနည်းငယ်သာ လိုတော့သဖြင့် တပ်မှူးငယ် ခွန်ဒီနောင် သည် နောက်ထပ် တိုက်ပွဲတစ်ခု ကို ရှောင်လွှဲရန် မဖြစ်နိုင်တော့မှန်း သိသဖြင့် မိမိ၏ လူစုကို နှစ်ခြမ်းခွဲကာ ဆင်ခြေလျော ၏ ဘယ် ညာနှစ်ဘက် တွင် တပ်စွဲကာ အသင့်စောင့်ဆိုင်းနေစေပြီး အရှိန်ဖြင့် ထိုးဆင်းလာကြသော ယုဒီပ တပ်များကို ဘေးနှစ်မှ ညှပ်ရ်ျ ဖိတိုက် စေလေသည်။

                       ထို့ကြောင့် ယုဒီပ တပ်များသည် ရုတ်တရက် အငိုက်မိသွားပြီး စစ်သည် အတော်များ များ ကျဆုံး ကုန် ကြလေသည်။ ထို့နောက် ယုဒီပ တပ်များကလည်း ပြန်လည် ခုခံ တိုက်ခိုက်ကြ လေရာ လွင်ပြင်ငယ်၏ ဆင်ခြေလျော အနိမ့် ပိုင်း ချောင်းစပ်နေရာတွင် တိုက်ပွဲ ဖြစ်ပွားလေ တော့သည်။ ဟန်သော်ဝေ ရဲမက်များသည် လူအင်အားခြင်း မမျှသော်လည်း ရဲစွမ်းသတ္တိရှိရှိ ဖြင့် အသက်ကို ပဓာန မထားကာ ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ကြသဖြင့် ယုဒီပ တပ်များအထိနာကာ အကျဆုံး များလေသည်။ ဟန်သော်ဝေ ရဲမက်များသည် မိမိထက် အင်အား နှစ်ဆ စာမျှ ရှိနေသော ရန်သူများ ကို ရဲမက် တစ်ယောက် လျှင် ရန်သူ နှစ်ယောက်မျှဖြင့် အသေအကျေ တိုက်ခိုက်ကြခြင်းလည်း ဖြစ်ပေသည်။

                        တိုက်ပွဲငယ်သည် အချိန်ကြာမြင့်လာသည်နှင့်အမျှ တောက်လျှောက်ပင်ပန်း နေကြ သော ဟန်သော်ဝေ ရဲမက်များသည် ခြေကုန်လက်ပန်း ကျလာကာ တဖြေးဖြေး အသက်ပေးလာ ကြရလေသည်။ ဟန်သော်ဝေ တပ်မှူးငယ် ခွန်ဒီနောင် သည်ပင်လျှင် အဆက်မပြတ် တိုက်ခိုက်နေရ သော တိုက်ပွဲကြောင့် အလွန်မောပန်း လျက်ရှိနေပြီး ဘေးပတ်ဝန်း ကျင်ကို သတိပြုမိချိန်တွင် ချောင်းစပ်၌ ရုပ်အလောင်းများ ပြည့်နှက်နေသည်ကို သတိပြုမိလာလေသည်။ ထို့နောက် မိမိ တပ် သား များကို ရှာဖွေကြည့်လေရာ အသက်ရှင်သူ ငါးယောက်လောက်သာ ရှိနေပြီး ရန်သူ့ အင်အား မှာလည်း ဆယ် ယောက် လောက်ပင် ရှိနေတော့သည်။ ထို့ကြောင့် တပ်မှူးငယ် ခွန်ဒီနောင်သည် မိမိ၏ လက်ကျန်အားအင်တွေကို စုစည်း လိုက်ပြီး ထိုလက်ကျန် တပ်သားများ တိုက်ခိုက်နေရာ နေရာ သို့ သွားရောက် ကူပေးလိုက်လေသည်။ ရဲမက်တို့သည် တပ်မှူး ငယ်ရောက်လာသည်ကို မြင်ကြလျှင် ............

တပ်မှူး .... ပြေးလေ .... ပြေးတော့ .......
ကျုပ်တို့ ခံချ ထားမယ်။
တပ်မှူးလွတ်အောင်သာပြေး။

ကျုပ် မင်းတို့ကို မထားခဲ့နိုင်ဘူးကွ။
ကျုပ် လည်း မင်းတို့နဲ့ အတူ သေမယ်။

မရဘူး တပ်မှူး။
တပ်မှူး အသက်ရှင်မှ ရမယ်။
ဦးစီး စောင့်နေလိမ့်မယ်။

                        ထို စကားကို တပ်မှူးငယ် ခွန်ဒီနောင် ကြားလေသော် အနည်းငယ် တွေဝေ သွားပြီး နောက် ဆုံးဖြတ် ချက်တစ်ခုကို ချကာ ...............

ကျုပ် မင်းတို့ကို မထားခဲ့နိုင်ဘူး။
ဆုတ် ......... အားလုံး ပြန်ဆုတ်ကြ ။
ဒါ အမိန့် ။
ဘယ်သူမှ မလွန်ဆန်ရဘူး။

တပ်မှူး ..... တပ်မှူး .... တပ်မှူး .......

                        ရဲမက်များ၏ တားမြစ်သံများသည် ထိုအချိန်တွင် အသုံးမ၀င်တော့ပဲ အမိန့်ကြောင့် လက်ကျန် လူ လေးငါးယောက်နှင့် တပ်မှူးငယ် ခွန်ဒီနောင် တို့သည် နောက်တဖန် တပ်ဆုတ် ပြန် ပြေးကြပြန်လေသည်။ ထိုသို့ ဆုတ်ခွာ ကြသော ဟန်သော်ဝေ ရဲမက်များနောက်သို့ ယုဒီပ တပ်ခေါင်း ဆောင်ကလည်း လက်ကျန်လူများကို စုစည်းကာ ဆက်လက် လိုက်တိုက် ခိုင်းလေသည်။

လိုက် ......... လိုက်တိုက်ကြ ။
တစ်ယောက်မှ မလွတ်စေနဲ့။
ခေါင်းဆောင်ကို အရှင် မိအောင်ဖမ်းကြ။

                       ယခုအချိန်တွင်တော့ ဟန်သော်ဝေ ရဲမက်များအဖို့ ပြေးနိုင်မှ လွတ်မြောက်မည် ဖြစ် သဖြင့် ပြေးရန်မှ တပါး အခြား မရှိတော့ပြန်ချေ။ တပ်မှူးငယ် ခွန်ဒီနောင်၏ လူစုသည် ပြေးသာ ပြေးနေကြသော်လည်း အလွန်တရာ ပင်ပန်းနေကြခြင်း ၊ ဒဏ်ရာရ သူများ ရှိနေခြင်းကြောင့် ခရီးမတွင်ကြချေ။ ခွန်ဒီနောင်တို့ လူစုသည် ချောင်းငယ်ကို ဖြတ် ကျော်ပြီးနောက် တောတွင်း လမ်းဘက်သို့ တိုးဝင်ပြေးကြလေရာ ထို တောတွင်းလမ်းမှာ သစ်ပင်ကြီးများသာ ပေါက် ရောက် လျှက်ရှိနေပြီး ပုန်းအောင်းရန် နေရာများ ရှားပါးသောကြောင့် ပြေးမြဲတိုင်း ဆက်ပြေး နေကြရ လေသည်။ ထိုသို့ ပြေးလွှားနေရင်းဖြင့် သိပ်မကြာမီ အချိန်တွင် နောက်မှ လိုက်ပါလာသော ယုဒီပ တပ်များသည် တဖန် ပြန်မှီ လာကြပြန် လေသည်။ နောက်ဆုံးတွင် နောက်မှ လိုက်လာကြသော ယုဒီပ လက်ကျန် စစ်သည်များသည် ခွန်ဒီနောင်တို့ လူစုအား တောတွင်း တစ်နေရာတွင် ၀ိုင်း မိကြလေသည်။ ထိုသို့ ၀ိုင်းမိ လိုက်စဉ်တွင် ယုဒီပ တပ်ခေါင်းဆောင်က ......

ဟေ့ ... ဟန်သော်ဝေ ခေါင်းဆောင်
လက်နက်ချလိုက်ပါတော့။
မောင်ရင် ဆက်ပြေးနေလည်း
လွတ်ဖို့ မရှိတော့ဘူး။
အေးဆေးစွာ အဖမ်းခံလိုက်ပါ။
မောင်ရင့်ကို ကျုပ် ရန်မရှာပါဘူး။

ဟား... ဟား... ဟား......
မောင်ရင် ရယ်စရာ လာပြောနေတာလားဟ။
ဒါနောက်ပြောင်ရမယ့် အချိန်မဟုတ်ဘူးကွ။
မောင်ရင့်မှာ အရည်ချင်းရှိရင်
ကျုပ်ကို လာတိုက်ပါ။
ကျုပ် ကတော့ မသေမချင်း လက်နက်ချဖို့
မရှိဘူးကွ။

ကောင်းပြီးလေ။
ဒါဆိုလည်း ကျုပ်က
မောင်ရင် ဆန္ဒကို
ဖြည့်ဆည်းပေးရမှာပေါ့။


                         ယုဒီပ တပ်ခေါင်းဆောင်သည် ထိုသို့ ပြောဆိုပြီးနောက် တိုက်ခိုက်မည် အပြု ဘယ် ဆီက ဘယ်လို ပစ်လွှတ်လိုက်မှန်း မသိသော မြှားတစ်စင်းသည် ယုဒီပ တပ်ခေါင်းဆောင်၏ လက် မောင်း တွင်းသို့ ထိုးဖောက်ဝင်ရောက် ကာ စိုက်ဝင်သွားလေသည်။

ဝှစ်...................
အား ....................

                       နှစ်ဘက်သော စစ်သည်ရဲမက်များသည် မြှား လာရာ လမ်းကြောင်းဆီသို့ ပြိုင်တူ ကြည့်မိကြလေရာ မြင်းနှစ်ကောင်ကို တွေ့ရပြီး မြင်းတစ်ကောင်ပေါ်၌ အနက်ရောင် ၀တ်စုံးကို ၀တ်ဆင်ထားပြီး ရုပ်ရည်ချောမော လှပသည့် မိန်းခလေး တစ်ဦးသည် လက်၌ လေးကို ကိုင်ထား သည်ကို တွေ့မြင်ရပြီး စောစောက မြှားအား သူမ ပစ်လွှတ်လိုက်ဟန် ရှိ နေလေသည်။ သူ၏ ဘေး၌ တခြား မြင်းတစ်ကောင်ပေါ်၌ အညိုရောင် အဆင်းရှိသော ၀တ်စုံကို ၀တ်ဆင်ထားသည့် ရုပ်ရည် သန့်ပြန့်သော လူရွယ်တစ်ဦး သည် လက်ရာ အလွန်ကောင်းသော ဓါး တစ်လက်ကို ကျော်၌လွယ် သိုင်းထားလျက် ရှိနေ သည်ကို တွေ့မြင်ကြရလေသည်။ ထို လူရွယ်နှင့် မိန်းခလေးတို့သည် မြင်းပေါ်မှ ဆင်းလာကာ ရဲမက်စစ်သည်များ ရှိ ရာနေရာဆီသို့ လှမ်းလျှောက်လာ ကြပြီး ............

ဟေ့ ... မောင်ရင် ....
မမျှတတဲ့ အလုပ်တွေကို
မြင်နေရတာ မျက်စိထဲမှာ
ဘယ်လိုမှ ကြည့်လို့မကောင်းဘူးကွာ။
ဒါ ကျုပ်တို့ ဟန်သော်ဝေ ရဲမက်တွေ ထင်ပါ့။
မောင်ရင်တို့ ခုချိန် ပြန်လှည့်သွားရင်
ကောင်းမယ် ထင်တယ်။

ဟား ... ဟား .... ဟား .....
မောင်ရင် လာပြီး နောက်ပြောင်နေတာတော့
မဟုတ်လောက်ပါဘူးနော်။
မောင်ရင်တို့ နှစ်ယောက် က သူတို့ဘက်က
ဝင်တိုက်ပေးလိုက်လေ။
ဒါဆို မျှတ သွားမှာပေါ့။
တိုက်ကြ .....................

                        ယုဒီပ တပ်ခေါင်းဆောင်သည် စကားကို ခပ်ရွဲ့ရွဲ့ ပြောဆိုကာ တိုက်ခိုက် အမိန့်ပေး လိုက်လေသည်။ ထိုသို့ အမိန့်ပေးသံနှင့် အတူ ယုဒီပ စစ်သည်များက တိုက်ခိုက်ကြမည်အပြု လေးကို ကိုင်ဆောင်ထားသော မိန်းခလေး သည် ယုဒီပ စစ်သည်များကို မြှားဖြင့် ပစ်ခတ်လိုက်လေရာ စစ် သည် တချို့ ကျဆုံးကုန်ကြလေသည်။ သူမ ၏ မြှားပစ် နည်းပညာမှာ လွန်စွာ အဆင့်တန်း မြင့်လှပြီး တစ်ချက်ပစ်လွှတ်လျှင် လေးမှ မြှားသုံးစင်း တပြိုင်နက်ထွက်ကာ ထို မြှား များသည် အလွန်လျင် မြန် လှသည့်အပြင် ပစ်မှတ်ကိုလည်း တိကျမှု ရှိနေလေသည်။ ထို မိန်းခလေး ၏ လှုပ်ရှားမှု နှင့် အတူ သူ၏ အဖော် လူရွယ်မှာလည်း နောက်ကျောမှ ဓါးကို ထုတ်ကာ ကျန်ရှိနေသော စစ်သည်များကို တိုက်ခိုက် လိုက်လေရာ တခဏ အတွင်းမှာပင် ယုဒီပ စစ်သည်များသည် တစ်ယောက်မျှ မကျန် တော့ပဲ ကျဆုံးကုန်ကြလေသည်။ ထိုသို့ဖြင့် မြန်ဆန် စွာ ဖြစ်ပျက်သွားသော ဖြစ်ပျက်မှုတွင် မင်သက် ငေး မော မိနေသော ယုဒီပ တပ်ခေါင်းဆောင်သည် မင်တက် မိနေစဉ်တွင်

ဟေ့ .... မောင်ရင်.....
ဘာလဲ သွေးပျက်သွားတာလား။
မပြေးသေးပဲ ဘာလုပ် နေတာတုန်း။

ကျုပ် သွေးမပျက်ပါဘူး။
ကျုပ် အံ့သြနေတာပါ။
ကျုပ် က စစ်သည်တစ်ယောက်ပါ။
ဘယ်တိုက်ပွဲမှာမှ ခင်ဗျားတို့ နှစ်ယောက်လို့
စွမ်းရည်ရှိတဲ့ သူမျိုးကို မတွေ့ဖူးသေးလို့ပါ။
ဘာပဲ ဖြစ်ဖြစ် ကျုပ်ကို အသက်ချမ်းသာခွင့်
ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ဒီ အကြွေးကို ကျုပ် တစ်ချိန်ချိန်မှာ
ပြန်လည် ပေးဆပ်ပါ့မယ်။
ကံ ရှိရင် ပြန်ဆုံကြတာပေါ့။

                         ထိုသို့ ပြောဆိုပြီးနောက် ယုဒီပ တပ်ခေါင်းဆောင်သည် နောက်ကြောင်း ပြန်လှည့် ကာ ထွက်ပြေး သွားလေသည်။ ထို့နောက် ခွန်မှူးငယ် ခွန်ဒီနောင်တို့ လူစု သည် ထို လူရွယ်အနီးသို့ ရောက်လာကြပြီး .......

ကျေးဇူးတင်ပါတယ် နောင်ကြီး။
နောင်ကြီး တို့ ရောက်မလာခဲ့ရင်
ကျုပ်တို့ ခုလောက်ဆို သေနေလောက်ပြီ ထင်ပါ့။
ကျုပ် က ဟန်သော်ဝေ တပ်မှူး ခွန်ဒီနောင်ပါ။

ရပါတယ် နောင်ကြီးရာ။
ကျုပ်တို့က အရေးကြီး ကိစ္စနဲ့
ဒီကနေ ဖြတ်သွားတုန်း တွေ့လိုက်ရလို့ပါ။
ကျုပ်က ဒီမိုရာပါ။ သူက မယ်မြ ပါ။

                          ခွန်ဒီနောင် နှင့် ဒီမိုရာတို့သည် တစ်ဦးနဲ့ တစ်ဦး မိတ်ဆက် လိုက်ကြပြီး သူတို့၏ လက်နက်များကို ကိုယ်စီကိုယ်စီ သိမ်းဆည်းလိုက်ကြလေသည်။ အချိန်သည် ညနေ ပိုင်းသို့ ရောက် ရှိနေပြီ ဖြစ်သောကြောင့် ခွန်ဒီနောင် တို့ လူစု ကော ၊ ဒီမိုရာ တို့ နှစ်ဦးပါ ခရီးဆက်ရန် မဖြစ် နိုင်ကြ တော့သည်မို့ ထို တောတွင်း ၌ပင် စခန်းချကာ ညအိပ် လိုက်ကြ ရန် ဆုံးဖြတ် လိုက်ကြလေ တော့ သည်။

( ဆက်လက်ဖော်ပြပါမည်။ )

Rocker77







November 2, 2011

ငါ့ သွေး ငါ့ မြေ ငါ့ အရည်သွေး။ အပိုင်း ( 23 )



အခန်း ( 23 )


                       အချိန်အားဖြင့် သန်းခေါင်ယံ အချိန်ဖြစ်လေသည်။ ကောင်းကင်ယံ ၌ လင်းလက် နေသော ကြယ်လေး များနှင့်အတူ ထွက်ပေါ်နေသော လမင်းငယ်မှာ လက်သည်းခွံပမာ ပါးလွှာ လျက်ရှိနေလေသည်။ စစ်မက်ဖြစ်ပွားနေချိန် ဖြစ် သဖြင့် ခံတပ်ဖြူ၏ ခံတပ်ရိုးပေါ်၌ အစောင့် စစ်သည် တိုးပွားကာ ချထားပြီး သတိမလစ်ဟင်းစေရန်လည်း စစ်ဦးစီးဆာဂျန်း ကိုယ်တိုင် ကြီး ကြပ်ဆောင်ရွက် ထားရှိလေသည်။ သို့သော် အချိန်က သန်းခေါင်ယံအချိန် ဖြစ်သဖြင့် ခံတပ်တွင်း၌ တာဝန် ကျ ရဲမက်များမှ အပ ကျန်သူများအားလုံးသည် အိပ်စက်အနားယူလျက် ရှိနေကြလေသည်။

                       ထိုအခိုက် အမှောင်ထုကို အကာကွယ်ယူလျက် ယုဒီပနိုင်ငံ၏ တပ်များသည် ခံတပ် ဖြူဘက်သို့ မီးတုတ် များကို ငြှိမ်းသတ်လျက် တရွေ့ရွေ့ဖြင့် အသံတိတ် ချဉ်းကပ်လာကြလေသည်။ ထိုသို့ အနှေးချီကာ အသံတိတ် တက်လာ သော ယုဒီပ တပ်များတွင် မြင်းတပ် ၊ လေးတပ် ၊ ခြေလျင် တပ်များ ၊ လှံရှည်ကိုင် တပ်များ နှင့် လောက်လွဲ ပစ်စင်ကြီး များလည်း ပါဝင် ကြလေသည်။ ထို တပ် များအားလုံးကို ယုဒီပ နိုင်ငံရဲ့ စစ်သေနာပတိ ၀က္ကနော်ကိုယ်တိုင် ဦးဆောင်ချီတက် လာခြင်း ဖြစ်ပြီး စစ်သူကြီး လော်ဒီယာလည်း ပါဝင်ခဲ့ကာ အလုံးအရင်းဖြင့် တက်လာကြခြင်း ဖြစ်လေသည်။

                        ထိုသို့ဖြင့် ချီတက်လာသော ယုဒီပတပ်များသည် ခံတပ်ဖြူကြီး၏ မြှားပစ်ကွင်းထဲသို့ မရောက်မှီ နေရာ တွင် ရပ်တန့်လိုက်ကြပြီး တပ်များအသီးသီးသည် ဗျူဟာကျကျ အသင့်နေရာ ယူ လိုက်ကြလေသည်။ ထိုအချိန်အထိ တဖက် ခံတပ်ဖြူအတွင်းရှိ ဟန်သော်ဝေ ရဲမက်များကတော့ မသိ ရှိကြသေးပဲ ပုံမှန်အတိုင်းသာ ရှိနေကြသေးလေသည်။ စစ်သူကြီး လော်ဒီယာသည် မိမိတပ်များ၏ နေရာယူမှုပြီးစီးသည့် အနေထား နှင့် တဖက်ရှိ ရန်သူ့တပ်များအခြေနေကို တစ်ချက် အကဲ ခတ် လိုက်ပြီး စိတ်ချရသော အနေထားရှိသဖြင့် အချက်ပြ အမိန့်ကို ပေးလိုက်လေတော့သည်။ စစ်သူကြီး လော်ဒီယာ၏ အမိန့်ကို ရရှိပြီးသည့်နောက် ယုဒီပ အဝေးပစ်စင် တပ်သားများသည် လောက်လွဲ လက်နက်ကြီးများပေါ်သို့ မြေဖြင့် ပြုလုပ် ထားသော ဆီအိုးကြီးများကို ပစ်လွှတ်ရန် တင်ဆောင် လိုက်ကြလေသည်။ ထို့နောက် ပစ်စင်များမှ မောင်းတံကြီးများကို ဖြုတ်ချလိုက်လေရာ ဆီအိုးများ အားလုံးသည် လေထဲ၌ ၀ဲပျံကာ အရှိန်ဖြင့် ပြေးထွက်သွားပြီး ခံတပ်ဖြူကြီး၏ ကျောက်သား တံတိုင်း နံရံများကို ထိမှန်ကာ ဆီများ ပေးကျံ ကုန်ကြလေသည်။

ခလွမ်း ........ ခလွမ်း .......... ခလွမ်း .............

                         ခံတပ်နံရံသို့ ထိမှန်လာသော ဆီအိုးများ ကွဲသံများကြောင့် တံတိုင်းပေါ်ရှိ ဟန်သော်ဝေ ရဲမက်များ သည် ရန်သူရှိနေပြီ ဖြစ်ကြောင်းကို သိရှိကြကာ အချက်ပြ အသံများ ပေး လိုက်ကြလေသည်။ ထို့နောက် တိတ်ဆိတ်နေ  သော ခံတပ်တစ်ခုလုံးသည် လှုပ်လှုပ်ရှားရှား ဖြစ်လာ ကြပြီး တိုက်ပွဲအတွက် အသင့်ပြင်ဆင် ကြလေတော့သည်။ ထိုအချိန် အထိ ယုဒီပ တပ်များကလည်း ခံတပ်တံတိုင်းဆီသို့ ဆီအိုးများကို အဆက်မပြတ် ပစ်လွှတ်နေကြလေသည်။ ယုဒီပ တပ်များ သည် လောက်လွဲပစ်စင် ငါးခုမှနေရ်ျ ဆီအိုးများကို ပစ်ခတ်နေကြခြင်းဖြစ်ပြီး ၄င်းတို့၏ ပစ်မှတ်မှာ ခံတပ် ဖြူ အရှေ့ဘက်ခြမ်းရှိ ဂိတ်တံခါး နှစ်ခု၏ ကြား နံရံတံတိုင်းဆီသို့သာ ဖြစ်လေသည်။ ထိုသို့ ပစ်ခတ် နေစဉ်အတွင်းဝယ် ဟန်သော်ဝေ ရဲမက် များသည်လည်း တိုက်ခိုက်ရန် အတွက် အသင့်ဖြစ်လာ ကြပြီး စစ်ဦးစီး ဆာဂျန်းအပါအ၀င် တပ်မှူးငယ် ခွန်ဒီနောင် နှင့် ခံတပ်မှူးတို့သည်လည်း ခံတပ် တံတိုင်းပေါ်သို့ ရောက်ရှိ လာကြလေသည်။ ဟန်သော်ဝေ စစ်ဦးစီး ဆာဂျန်းသည် ခံတပ် တံတိုင်း ပေါ်သို့ ရောက်ရှိသည်နှင့် တပြိုင်နက် အခြေနေကို စုံစမ်းလေရာ တံတိုင်းပေါ်ရှိ တာဝန်ကျ တပ်ဗိုလ် တစ်ယောက် က ...............

ရန်သူ့ဘက်က အဝေးပစ်စင်တွေနဲ့
ဆီအိုးတွေ ပစ်လွှတ်လိုက်ခြင်း ဖြစ်ပါတယ်။
ဆီအိုးတွေက နံရံကို ထိမှန်ပြီး တံတိုင်းပေါ်ကို
ကျရောက်ခြင်း မရှိသေးပါဘူး။
အထိခိုက်လည်း မရှိသေးပါဘူး ဦးစီး။

ဘာ ...............
ဆီအိုး နဲ့ ပစ်လာတာလား။

                        တံတိုင်းပေါ်ရှိ စစ်ဦးစီး ဆာဂျန်း၏ စကားမဆုံးသေးမီမှာတင် ခံတပ်အပြင်၌ ရောက်ရှိ တပ်စွဲနေသော ယုဒီပ တပ်များသည် မီးတုတ်များကို ထွန်းညှိ လိုက်ကြလေရာ များပြားလှသော ရန်သူ့တပ်များကို တံတိုင်းပေါ်မှ အထင်း သား မြင်တွေ့ကြရလေသည်။ ထို့နောက် ဆာဂျန်းက ..........

ရန်သူ့ဘက်က အင်အားမနည်းလှပါလား
ခွန်ဒီနောင် နဲ့ ခံတပ်မှူး........
တပ်တွေကို အသင့်ပြင်ပါ။
ခံတပ်အပြင်ကို ထွက်တိုက်ရလိမ့်မယ်။
တံတိုင်းပေါ်မှာ လေးသည်တော်တွေ
နေရာယူထားကြပါ။
ရန်သူ့ ဘက်က ဗျူဟာ ပြောင်းထားပုံရတယ်။
သတိ နဲ့ လှုပ်ရှားကြပါ။

အမိန့်အတိုင်းပါ ဦးစီး ။

                         ထိုသို့ ပြောဆိုကြပြီးနောက် တပ်မှူးငယ် ခွန်ဒီနောင် နှင့် ခံတပ်ဖြူ တပ်မှူးတို့သည် အသီးသီး ပြန် လည် ထွက်ခွာ သွားကြလေသည်။ ဟန်သော်ဝေ စစ်ဦးစီး ဆာဂျန်းမှာတော့ ခံတပ် တံတိုင်းပေါ်၌ ကျန်နေခဲ့ပြီး တိုက်ပွဲ ဖြစ်လာမည့် အခြေနေကို အကဲခတ်သုံးသပ်ကာ ရှိနေခဲ့ လေသည်။

                          ယုဒီပနိုင်ငံ၏ စစ်သေနာပတိ ၀က္ကနော်သည် မိမိရဲ့ လေးကိုယူကာ အနီးရှိ မီးတုတ်မှ မီးဖြင့် မြှားထိပ် မှ မီးစာကို မီးရှို့လျက် မြှားအား ဆီများစိုရွှဲနေသော ခံတပ်ဖြူကြီး၏ တံတိုင်းနံရံ ဆီသို့ ပစ်လွှတ်လိုက်လေသည်။ ထို မီးမြှား သည် လေကို ခွင်းလျက် ပစ်မှတ်ဆီသို့ တည့်တည့်ကျ ရောက်လာကာ ခံတပ်တံတိုင်းအား မီးစတင် စွဲလောင်တော့လေသည်။ စစ်သူကြီး လော်ဒီယာသည် ခံတပ် တံတိုင်း၌ မီးစတင်စွဲလောင်သည်ကို မြင်သည်နှင့် တပြိုင်နက် လောက်လွဲပစ်စင် ငါးခု မှ အစွန်းနှစ်ဘက်ရှိ ပစ်စင်နှစ်ခုအား ဆီအိုးများအစား ကျောက်တုံးများကို ထည့်စေကာ ခံတပ် တံ တိုင်းပေါ်သို့ အဆက်မပြတ် ပစ် လွှတ်စေလေသည်။ အကြောင်းမှာ ရန်သူ့တပ်သားများ လောင်စွဲ နေသော မီးများကို မငြှိမ်းသတ်နိုင်စေရန် စီစဉ်ဆောင်ရွက် ခြင်း ဖြစ်လေသည်။ ထို့နောက် ကျန် ရှိနေသည့် အလယ်မှ ပစ်စင် သုံးခု ကိုတော့ နဂိုအတိုင်း ဆီအိုးများကိုသာ အဆက်မ ပြတ် ပစ်လွှတ် စေလေသည်။ ထို့ကြောင့် ခံတပ်တံတိုင်းနံရံ၌ စွဲလောင်နေသော မီးသည် ပိုမို အရှိန်အဟုန် ကောင်း စွာ ဆက် လက်တောက်လောင်လာခဲ့လေသည်။

                           ခံတပ်တံတိုင်းပေါ်ရှိ ဟန်သော်ဝေ စစ်ဦးစီး ဆာဂျန်းသည် မိမိရဲ့ ရဲမက်များကို လောင်စွဲနေသော မီးများကို ငြှိမ်းသတ်ရန် အမိန့်ပေးလိုက်လေသည်။ ရဲမက်များ မီးငြှိမ်းသတ်ရန် ကြိုးပမ်းနေခိုက် .............

ဝုန်း ........ ၀ုန်း ............ ၀ုန်း ..........

                           တ၀ုန်းဝုန်း ဖြင့် ကျရောက်လာသော ကျောက်တုံးများကြောင့် တံတိုင်းပေါ်ရှိ နေရာယူထားကြ သော ရဲမက်များ နှင့် မီးငြှိမ်းသတ်ရန် ကြိုးပမ်းနေသော ရဲမက်များအားလုံးသည် သွေးသံရဲရဲဖြင့် ထိခိုက်ကြဆုံး ကုန် ကြလေသည်။ ထိုကြောင့် စစ်ဦးစီး ဆာဂျန်းသည် ရန်သူ့ ဘက်က ဗျူဟာကို မှန်းဆလာမိပြီး ........

အားလုံးနားထောင်ကြ
ရန်သူ့တပ်တွေက
အဝေးပစ်စင်တွေနဲ့
ပစ်ခတ်နေပြီး တံတိုင်းကို
ဖြိုချပစ်ဖို့ ကြိုးပမ်းနေတယ်။
ဒါကြောင့် ဒီ ခံတပ်တံတိုင်း
ပြိုမကျခင် ရန်သူ့တပ်တွေကို
ဖြိုဖျက်နိုင်ဖို့ လိုတယ်။
ပစ်စင်တွေကို အဓိက ထားပြီး
တိုက်ခိုက်ကြရမှာ ဖြစ်တယ်။
ခံတပ်ထဲကနေ မဖြစ်မနေ
ထွက်တိုက်ကြရမှာမို့
အထိခိုက် အကျဆုံး များပြားနိုင်တယ်။
ဒါကြောင့် ထိုးစစ်ကို မကျွံမိပါစေနဲ့။
ပစ်စင်တွေကို ဖြိုဖျက်ပြီးတာနဲ့
နောက်ကြောင်းပြန်လှည့် လာပါ။
ဒါမှ ငါတို့ ဒီ ခံတပ်ကို အပြည့်ဝ
ဆက်လက် ကာကွယ်နိုင်ကြလိမ့်မယ်။
ခွန်ဒီနောင် နဲ့ ခံတပ်မှူးတို့ နှစ်ယောက်
စစ်ကြောင်းနှစ်ဖက်ခွဲပြီး
ထိုးစစ်ကို စတင်ကြပါ။

အမိန့်အတိုင်းပါ ဦးစီး ။

                         ထို့နောက်တွင်တော့ ခံတပ်ဖြူကြီး၏ အရှေ့ဘက်မျက်နှာစာရှိ ဂိတ်တံခါးကြီး နှစ်ခု ပွင့်လာပြီး တပ်မှူး ငယ် ခွန်ဒီနောင် နှင့် ခံတပ်မှူးတို့ ခေါင်းဆောင်သော မြင်းတပ်မများသည် ဂိတ် ပေါက်တစ်ခု စီမှနေရ်ျ ထွက်လာကြလေ သည်။ ထို အခြေနေကို မြင်သော ယုဒီပ စစ်သူကြီး လော်ဒီယာ က တစ်ချက်ပြုံးလိုက်ပြီး မိမိရဲ့ လေးတပ် ၊ မြင်းတပ်များ ကို တပ်လှန့် ထားလိုက် လေ သည်။ ထို့နောက် ဆက်လက်ပြီး ရန်သူ့ဘက်မှ လှုပ်ရှားမှုကို အကဲခတ်လျက် စောင့်ကြည့်နေ လေ သည်။ ဂိတ်ပေါက်ဝ နှစ်ခုတွင် နေရာယူထားကြသော မြင်းတပ်မကြီး နှစ်ခုသည် ဦးဆောင်သူ ခေါင်း ဆောင်အသီးသီး ရဲ့ အမိန့်ကို ရရှိကြပြီးနောက် ရန်သူ့တပ်များဘက်ဆီသို့ ထိုးစစ်ကိုစတင်ရန်အတွက် တရှိန်ထိုး ပြေးထွက်ကြလေသည်။ ထို မြင်းတပ်မကြီး နှစ်ခုရဲ့ အနောက်တွင်တော့ ကျန်ရှိနေခဲ့သော ခံတပ်ဖြူကြီး၏ တံတိုင်းနံရံသည် မီး အပူရှိန် မြင့်မားလာမှု ကြောင့် ကျောက်တုံး တစ်တုံးနှင့်တစ်တုံး ချိတ်ဆက်ထားသော စဉ့်ချော်များသည် စတင်အရည်ပျော်လာလျက် ရှိနေလေ သည်။ ခံတပ် တံတိုင်း ပေါ်ရှိ တိုက်ပွဲအခြေနေကို ကြည့်နေသော စစ်ဦးစီး ဆာဂျန်း၏ ရင်တွင်းမှာလည်း မိမိရဲ့ သားဖြစ်သူ နှင့် ရဲမက်တပ်သားများအတွက် ပူလောင်လျက်ရှိနေပြီး တိုက်ပွဲကို စိုးရိမ်ကြီးစွာဖြင့် ကြည့်ရှု့နေကာ ကျန်ရစ်နေခဲ့ လေသည်။

                         တဟုန်ထိုး ပြေးထွက်လာနေသော ရန်သူ့ မြင်းတပ်ကြီးနှစ်ခုအား ယုဒီပ စစ်သေ နာပတိ ၀က္ကနော် နှင့် စစ်သူကြီး လော်ဒီယာတို့သည် မျက်တောင်မခတ်ပဲ မမှိတ်မသုန် ကြည့်ရှု့ နေကြလေသည်။ ရန်သူ့ မြင်းတပ်များသည် တဖြည်းဖြည်းနှင့် မိမိတို့ တပ်များဘက်ဆီသို့ နီးကပ် လာလေရာ သတ်မှတ်အကွာအဝေး တစ်ခုသို့ ရောက်ရှိလာလျှင် စစ် သေနာပတိ ၀က္ကနော်က အချက်ပြ အမိန့်တစ်ခုကို ပေးလိုက်လေရာ ယုဒီပ လေးသည်တော်တို့သည် မိမိတို့၏ လေးမြှားများ ကို ဆွဲတင်လျက် ရန်သူ့ မြင်းတပ်မကြီး များဆီသို့ ကိုယ်စီကိုယ်စီ ပစ်လွှတ် လိုက်ကြလေတော့သည်။

ဝှီး ........ ၀ှီး ........ ၀ှစ် .......... ၀ှစ် .............

                         မြှားတို့သည် ကောင်းကင်လေထုတွင်း၌ ငယ်သံပါအောင် အော်မြည်လာလျက် ဟန်သောဝေ မြင်းတပ် များပေါ်သို့ မိုးစက်မိုပေါက်များသဖွယ် တဟုန်ထိုး ထိုးဆင်းလာကြလေရာ ...........

အား ....... အီး ...... အင်း ...........
ဟီး ......... ဟီး ........

                            မြှားများ၏ ထိုးဖောက်ဝင်ရောက်မှုကြောင့် အပြင်းချီလာသော မြင်းတပ်နှစ်ခုမှ မြင်းများ ၊ စစ် သည်ရဲမက် များသည် ထိခိုက်ဒဏ်ရာ ရရှိကြကုန်လေသည်။ သို့သော် ထိခိုက်မှု မရှိသော ကျန်မြင်းစီး ရဲမက်တို့သည် မိမိ တို့ရဲ့ ကိုယ်စီ လက်နက်များကို ကိုင်စွဲလျက် ရန်သူ့ တပ် များဘက်ဆီသို့ သွေးဆာနေသည့် သရဲသဘက်များသဖွယ် အတင်း ပြေးဝင် ထိုးဖောက် ကြလေ သည်။ ထို့ကြောင့် တိုက်ပွဲမြင်ကွင်းမှာ မြှားမိုးရွာလိုက် ချီတက်လိုက် ဖြစ်ရ်ျ နေလေတော့သည်။ သို့ဖြင့် တဖြည်းဖြည်း နီးကပ်လာသော မြင်းတပ်နှစ်တပ်အား ရင်ဆိုင်တုန့်ပြန် ချေမှုန်းရန်အတွက် စစ်သူကြီး လော်ဒီယာ နှင့် သေနာပတိ ၀က္ကနော်တို့သည် ကိုယ်စီ မြင်းတပ်များကို ဦးဆောင်ကာ ရန်သူ့တပ်များကဲ့သို့ပင် စစ်ကြောင်း နှစ်ကြောင်း ခွဲကာ တန်ပြန်တိုက်စစ်ကို စတင်လိုက်ကြ လေ သည်။ မိမိတို့ရဲ့ မြင်းတပ်များ တဟုန်ထိုး ထွက်ခွာသွားသည်နှင့် တပြိုင်နက် ယုဒီပ လေးတပ်မှ လေး သည်တော်တို့သည် ပစ်လွှတ်နေသော မြှားတို့ကို ရပ်တန့်လိုက်ကြလေသည်။

                            ထိုသို့ဖြင့် လွင်ပြင်ပေါ်၌ တရှိန်ထိုး တိုက်စစ်ဆင်လာကြသော နှစ်ဘက် မြင်းတပ် များသည် မျက်နှာချင်းဆိုင်မိချိန်တွင်တော့ ...............

ယား ........ ၀ှစ် ........ အား .........
ဒုတ် ......... အင့် ........ အူး ..........
အား ........... ရွှတ် ........ ထန် ..........

                        အော်ဟစ်သံ ၊ ညာသံပေးသံ ၊ လက်နက်ချင်း ထိခိုက်ပွတ်တိုက်သံ ၊ မြင်းချင်းတိုးဝှေ့ မိသံ များ ဖြင့် ငရဲခန်းတစ်ခု ပြင်းထန်စွာ ပေါက်ကွဲ ကြလေတော့သည်။ တိုက်ပွဲမြင်ကွင်းမှာ လွန်စွာ ရှုပ်ယှက်ခတ်နေပြီး စည်းလွတ် ၀ါးလွတ် တိုက်ခိုက်နေကြလေသည်။ နှစ်ဘက်စလုံး အလုံးအရင်းဖြင့် ချီတက်တိုက်ခိုက်ကြသော်လည်း ချီတက်ရာ လမ်းကြောင်းတွင် မြှားမိုးဒဏ်ကို ခံစားခဲ့ရသော ဟန်သော်ဝေ မြင်းတပ်မှာ အရေတွက်အားဖြင့် အင်အားလျော့နည်း သွား သဖြင့် တိုက်ပွဲအတွင်းဝယ် တဖြည်းဖြည်း အားပျော့လာလေသည်။ ထိုအချိန်အထိ ယုဒီပတပ်များ၏ အဝေးပစ်စင်များမှ တိုက် ခိုက်နေမှုသည်လည်း ရပ်တန့်သွားခြင်းမရှိသဖြင့် ခံတပ်ဖြူကြီး၏ ကျောက်သားတံတိုင်းတို့မှာ အပူ ရှိန် ပိုမိုမြင့်မား လာပြီး စဉ့်ချော်ရည်ပျော်ထွက်မှုမှာလည်း တိုးပွားလျက်ရှိနေလေသည်။ ထို့ကြောင့် တံတိုင်းပေါ်ရှိ ဟန်သော်ဝေ စစ်ဦးစီး ဆာဂျန်းက တံတိုင်းပေါ်၌ နေရာယူခိုင်းထားသော လေးသည် တော်များကို ခံတပ်အတွင်းပိုင်းသို့ ဆင်းကာ နေရာ ယူခိုင်း ရလေသည်။ စစ်ဦးစီး ဆာဂျန်း နှင့် အ ခြွေရံ ဗိုလ်ပါ လူတစ်စုသည်သာ အပူရှိန် အားပျော့သော တံတိုင်းနေရာမှနေရ်ျ လွင် ပြင် တိုက်ပွဲကို စိုးရိမ်ကြီးစွာ ဆက်လက်စောင့်ကြည့်နေကြလေသည်။

                          လွင်ပြင်တိုက်ပွဲ၌ ယုဒီပ စစ်သေနာပတိ၏ မြင်းတပ်များသည် ဟန်သော်ဝေ မြင်း တပ်များအား တဖြေးဖြေး ပိုမိုသုတ်သင်လာနိုင်လေရာ နောက်ဆုံးတွင် ဟန်သော်ဝေ မြင်းတပ်ကို ဦးဆောင်လာသော ခံတပ်ဖြူ တပ်မှူး နှင့် စစ်သေနာပတိ ၀က္ကနော်တို့ ထိပ်တိုက်ရင်ဆိုင် မိကြ လေသည်။ နှစ်ဦးသား တစ်ယောက်ကိုတစ်ယောက် မြင်သည် နှင့် တပြိုင်နက် ကိုယ်စီ မြင်းဇက် ကြိုးများကို မျက်နှာချင်းဆိုင် လှည့်လိုက်ကာ လက်မှ လက်နက်တို့ကို ကိုင်ဆောင်လျက် ထိပ်တိုက် ရင်ဆိုင်ကြလေရာ .............

ယား ...... ထန် .............

                          စစ်သေနာပတိ ၀က္ကနော်သည် အထူးပြုလုပ်ထားသော အကောင်းစား လှံရှည် လက် နက်တစ်မျိုးကို ကိုင်ဆောင် ထားသောကြောင့် ခံတပ်ဖြူ တပ်မှူး၏ လက်မှ ဓါး သည် လက်နက်ချင်း ထိခိုက်မိရာတွင် အားမတန်သဖြင့် လွတ်ထွက် သွားလေသည်။ ထို့ကြောင့် ၀က္ကနော်သည် မြင်းဇက် ကြိုးကို ပြန်ဆွဲလှည့်ကာ ခံတပ်မှူးဆီသို့ မြင်းကို ပြန်လည် ဦးတည်လိုက်ကာ မြင်းနှစ်ကောင် ယှဉ်မိ သည့်အခိုက် လက်နက်မဲ့နေသော ခံတပ်မှူးအား မိမိလှံရှည်ဖြင့် ခုတ်ပိုင်းလိုက်လေ ရာ ခံတပ်မှူး သည် တိမ်းရှောင်လိုက်သော်လည်း အရှိန်လွန်ကာ မြင်းပေါ်မှ ပြုတ်ကျသွားလေသည်။ ၀က္ကနော် သည် မြင်းပေါ်မှ ကျသွားသော ခံတပ်မှူးဆီသို့ မြင်းကို ဦးတည်ပြန်ကာ လှံရှည်ဖြင့် ခံတပ်မှူးအား ထိုးစိုက်လိုက်လေရာ ခံတပ်မှူး သည် လှဲကျနေရာမှ ရှောင်တိမ်းလိုက်သော်လည်း ၀မ်းဗိုက်ကို ရှပ်ထိ မိသွားလေသည်။ ၀က္ကနော်သည် ထိုသို့ ဒဏ်ရာရ သွား သော ခံတပ်မှူး ဆီသို့ နောက်တဖန် လှံရှည် ဖြင့် ပက်လိုက်လေရာ ရင်ဘတ်နေရာ၌ နောက်ထပ် ဒဏ်ရာတစ်ခု တိုးသွားပြန် လေသည်။ ထို့ နောက် ၀က္ကနော်သည် ဒဏ်ရာကြောင့် လှုပ်ရှားမှုအားနည်းသွားသော ခံတပ်ဖြူ ခံတပ်မှူးအား ရင်ဝ တည့် တည့်သို့ လှံကို ထိုးစိုက် သွင်းလိုက်လေရာ ခံတပ်မှူးမှာ ရှောင်တိမ်းချိန်မရတော့ပဲ ဇီဝိန် ချုပ် ငြိမ်း သွားလေတော့သည်။

                         ခံတပ်မှူး ဦးဆောင်လာသော ဟန်သော်ဝေ မြင်းတပ်များသည် မိမိတို့ရဲ့ ခေါင်း ဆောင် ကျဆုံးသွား သည်ကို မြင်ကြလေသော် ခံတပ်မှူး၏ ရုပ်အလောင်းကို ၀ိုင်းဝန်းရယူရန် ကြိုး စားကြပြီး ရုပ်အလောင်းကို ရရှိကြလေသော် ထို မြင်းတပ်သည် တပ်ဗိုလ်တစ်ဦး၏ အမိန့်နှင့်အတူ ပြန်လည် ဆုတ်ခွာကြလေသည်။ ထိုသို့ ပြန်လည် ဆုတ်ခွာသော ဟန်သော်ဝေ မြင်းတပ်နောက်သို့ ယုဒီပ စစ်သေနာပတိရဲ့ တပ်များက ထပ်ကြပ်မကွာ လိုက်လံ ဖိတိုက်ကြလေသည်။ ထို့ကြောင့် အင် အားခြင်း မမျှတတော့ခြင်း ၊ ခေါင်းဆောင်ကောင်းမရှိတော့ခြင်းများကြောင့် ထို မြင်းတပ်မှာ တပ် ပြိုကွဲ ကာ တကွဲတပြားစီဖြစ်လျက် ဟန်သော်ဝေ ရဲမက်များသည် ခြေဦးတည့်ရာဆီသို့ အသက် လုကာ ကိုယ်လွတ်ရုန်း ထွက်ပြေး ကြရလေတော့သည်။

                         တခြားတဖက်ခြမ်းတွင်လည်း စစ်သူကြီး လော်ဒီယာ၏ ယုဒီပ စစ်သည်များက ဟန်သော်ဝေ ရဲမက် များကို အပြင်းအထန် အပြတ်အသတ် ချေမှုန်းလျက်ရှိနေရာ မြင်းတပ်ကို ဦးဆောင်လာသူ တပ်မှူးငယ် ခွန်ဒီနောင် သည် ရန်သူ့ တပ်ခေါင်းဆောင်ကို သုတ်သင်နိုင်ရန် အတွက် ရှာဖွေကြည့်လေရာ တိုက်ပွဲတစ်နေရာတွင် ယုဒီပ စစ်သူကြီး လော်ဒီယာ နှင့် မျက်နှာချင်း ဆိုင် ဆုံမိကြလေသည်။ ထိုသို့ ဆုံမိကြခိုက် ခွန်ဒီနောင်က စစ်သူကြီး လော်ဒီယာ ဆီသို့ မြင်းကို ဇက်ကြိုးဖွင့်ကာ ဓါးကို ကိုင်မြှောက်လျက် အပြင်းဝင်တိုက် လေသည်။ သို့သော် စစ်သူကြီး လော်ဒီယာ မှာ ခေသူမဟုတ် သဖြင့် တိုက်ကွက်များကို ရှောင်တိမ်းရင်း ပြန်လည် တိုက်ခိုက် လေသည်။

ယား ........ ထန် ......... ထန် .........
ဝှစ် ........ ၀ှစ် ........... ထန် ...........

                          သူတို့ နှစ်ဦးသားသည် လက်ရည်မနိမ့်ကြသူများပီပီ အဆင့်မြင့် တိုက်ကွက်များဖြင့် တိုက်ခိုက်လေ ကြရာ လက်နက်ချင်းထိခိုက်မိ သဖြင့် မီးစများလည်း ပွင့်ထွက်ကုန်လေသည်။ စစ်သူကြီး လော်ဒီယာသည် တဖက်မှ ရန်သူ မှာ လက်ရည်မနိမ့်ကြောင်း ရိပ်စားမိသဖြင့် မြင်းပေါ်မှ ဆင်းကာ ရန်သူအား .........

မောင်ရင့် လက်ရည် မဆိုးပါဘူးပဲကွ။
ဆင်းလာခဲ့ မြင်းပေါ်ကနေ။
စမ်းကြည့်ရတာပေါ့။

                          စစ်သူကြီး လော်ဒီယာ၏ စကားဆုံးသည်နှင့် တပြိုင်နက် တပ်မှူးငယ် ခွန်ဒီနောင် သည်လည်း ဓါး ကို ကိုင်ဆောင်လျက် မြင်းပေါ်မှ ခုန်ဆင်းလိုက်လေသည်။ ထို့နောက် နှစ်ယောက် သား အဆင့်မြင့် တိုက်ကွက်များကို သုံးကာ အပြင်းထန် ရင်ဆိုင် ကြလေသည်။ ထိုသို့ လက်ရည် တူ သူနှစ်ယောက် ယှဉ်ပြိုင်တိုက်ခိုက်နေခြင်းကြောင့် အနိုင်အရှုံး ရလဒ် သည် တတော်နှင့် မထွက်ပေါ် နိုင်ပဲ တိုက်ပွဲအချိန် ကြာလာ ခဲ့လေသည်။ ထိုသို့ တိုက်ပွဲချိန် ကြာလာလေလေ အင်အားချင်း မမျှ တစွာ ယှဉ်ပြိုင်နေသော ဟန်သော်ဝေ ရဲမက်တို့သည် တစ တစ နိမ့်ကျလာပြီး အကျဆုံး များစွာဖြင့် အရှုံးဘက်သို့ ဦးတည် လာလေသည်။ တပ်မှူးငယ် ခွန်ဒီနောင်သည် ထို အချင်းရာကို သတိပြု မိလာ ပြီး တိုက်ခိုက်နေရင်းမှ အနီးရှိ မြင်း တစ်ကောက်ပေါ်သို့ လွှားကနဲ ခုန်တက်လိုက်ပြီး မိမိရဲ့ ရဲမက်များအား ...........

ဆုတ် ......... ပြန်ဆုတ်ကြတော့ ...........

                         အမိန့်ပေးပြီးသည်နှင့် တပြိုင်နက် ခွန်ဒီနောင်သည် မြင်းကို ခံတပ်ဖြူဘက်ဆီသို့ ဦးတည်လိုက် လေသည်။ ထိုသို့ တပ်ပြန်ဆုတ်သော ဟန်သော်ဝေ ရဲမက်များကို ယုဒီပ စစ်သူကြီး လော်ဒီယာ သည် အလွတ်မပေးပဲ ...

လိုက် .....လိုက်တိုက်ကြ ........
တစ်ယောက်မှ မလွတ်စေနဲ့ ။
ခေါင်းဆောင်ကို အရှင်လိုချင်တယ်။

                         ယုဒီပ စစ်သူကြီး လော်ဒီယာသည် အမိန့်ပေးပြီးသည်နှင့် တပြိုင်နက် အနီးရှိ မိမိရဲ့ မြင်းပေါ်သို့ ပြန် တက်ကာ ဆုတ်ခွာသွားသော ဟန်သော်ဝေ ရဲမက်များနောက်သို့ အတင်းဖိတိုက် လေသည်။ တပ်မှူးငယ် ခွန်ဒီနောင်သည် ရှိသမျှ လက်ကျန်လူအင်အားဖြင့် တပ်ကို ပြန်လည် စုစည်းကာ ဆုတ်ခွာစစ်ကို ပြုရင်း နောက်ကြောင်းပြန်လှည့် လျက် ရှိနေ လေသည်။ ထို အခိုက် .........

ဝုန်း.............၀ုန်း ..................

                        ကျယ်လောင်စွာ အသံတစ်ခု ထွက်ပေါ်လာလေသည်။ ထို အသံ လာရာဆီသို့ လှမ်း ကြည့်ကြလေရာ ခံတပ်ဖြူဆီမှ ဖြစ်နေပြီး အရှေ့ဘက် တံတိုင်းနံရံကြီး ပြိုကျ ပျက်စီးသွားခြင်း ဖြစ် လေ သည်။ ထို့ကြောင့် တပ်မှူးငယ် ခွန်ဒီနောင် သည် မိမိ မြင်းကို ခံတပ်ဖြူ ဘက်သို့ အပြင်းနှင်လေ တော့သည်။ ထိုသို့ နံရံ ပြိုကျသည်ကို မြင်သော စစ်သူကြီး လော်ဒီယာ နှင့် သေနာပတိ ၀က္ကနော် တို့သည် မြင်းတပ်များနောက်သို့ ဆက်မလိုက်ခိုင်းကြတော့ပဲ မိမိတို့ရဲ့ တပ်မ နှစ်ခုကို ပြန်လည် ပေါင်းစည်းလိုက်ကြပြီး အလုံးအရင်းဖြင့် ခံတပ်ဖြူကြီး ဆီသို့ စေလွှတ်ကြလေသည်။ ထိုစေလွှတ် သော တပ်များ ၏ နောက်မှ စစ်သူကြီး လော်ဒီယာသည်လည်း လိုက်ပါသွားလေသည်။

                        ဟန်သော်ဝေ စစ်ဦးစီး ဆာဂျန်းသည် မိမိရဲ့ မြင်းတပ်များ အကျဆုံးများပြီး ဆုတ်ခွာ လာရခြင်း ၊ ခံတပ် နံရံတံတိုင်း ပြိုကျကာ ၀င်ပေါက်သဖွယ် ဖြစ်သွားခြင်းများကြောင့် ခံတပ်တွင်းရှိ တပ်များအားလုံးကို စုစည်းကာ ခံတပ် အနောက်ပိုင်းသို့ ပြောင်းရွေ့ တပ်စွဲ စေလေသည်။ ထို့နောက် ခံတပ် အတွင်းပိုင်း၌ ကြိုတင်ပြုလုပ်ထားခဲ့သော စက် ၀ိုင်းပုံ မြောင်းထဲမှ ကောက်ရိုးများကို မီး စ တင် ရှို့လိုက်လေတော့သည်။ ထိုသို့ မီး ရှို့ပြီး သိပ်မကြာမီ အချိန်တွင် ခံတပ် တစ်ခုလုံး၌ မီးခိုးများ အူထွက်လာကာ မည်သည့် အရာကိုမျှ သည်းကွဲစွာ မမြင်ရတော့ပေ။ လွင်ပြင်တစ်နေရာ ၌ တပ်ပြန် ဆုတ်ကာ ခံတပ်ဘက်ဆီသို့ အပြင်းနှင်လာသော တပ်မှူးငယ် ခွန်ဒီနောင်သည် ခံတပ်ဘက်ဆီမှ မီးခိုးများကို မြင်လေသော် ခံတပ်တွင်းသို့ ပြန်ဝင်ရင် မဖြစ်နိုင်တော့မှန်း သိသဖြင့် လမ်းကြောင်းကို နောက်ပြန်လှည့်ကာ တောအုပ်ဘက်ဆီသို့ ဦးတည် လိုက်လေသည်။ ထိုသို့ လမ်းကြောင်းပြောင်း ခိုက် နောက်မှ အပြင်းချီလာသော ယုဒီပ တပ်များမှ မြင်းတပ်မ တစ်ခုသည် ခွန်ဒီနောင်တို့ တပ်စု ကို တွေ့မြင်သွားပြီး နောက်မှ ထပ်ချပ်မကွာ လိုက်ပါလာကြလေသည်။

                         ခံတပ်ဖြူဆီသို့ ခံတပ်သိမ်းတိုက်ပွဲ ဆင်နွှဲရန် အပြင်းချီလာသော ယုဒီပ တပ်များသည် ပြိုကျသွား သော နံရံပေါက်သို့ ရောက်ရှိခိုက် ခံတပ်တွင်း၌ မီးခိုးများ ပိန်းထူးနေအောင် တွေ့မြင်ရ သဖြင့် အတင်းမ၀င်ကြတော့ပဲ အရှိန် လျော့ကာ စမ်းတ၀ါးဝါးဖြင့် ခံတပ်တွင်းသို့ ၀င်ရောက်လာ ကြလေသည်။ ထိုသို့ ၀င်ရောက်လာကြသော ယုဒီပ တပ်သားများ သည် ပတ်ဝန်းကျင်ကို စစ်ဆေး ကြည့်ရှု့ကြသော်လည်း ပိန်းပိန်းထူနေသော မီးခိုများကြောင့် မည်သည့်အရာကိုမျှ မြင်တွေ့ ရခြင်း မရှိကြချေ။ ထို့ကြောင့် ၀င်ရောက်လာသော ယုဒီပ တပ်များထဲမှ စစ်သည်တစ်ဦးက စိတ်မရှည် နိုင်တော့ပဲ .........

ဟေ့ ..............
ဘယ်ရောက်ကုန်ကြလဲကွ။
ဘာလဲ ငါတို့ကို ကြောက်လို့
ထွက်ပြေးကုန်ကြတာလား။

                         ခံတပ်ဖြူအတွင်း၌ ထို စစ်သည်၏ စကားသံ ဆုံးသည်နှင့် တပြိုင်နက် ..........

ဝှစ် ....... ၀ှစ် ......... ၀ှစ် ..........
အား ....... အား ........ အီး ............

                         ဘယ်နေရာမှ ဘယ်လို ပစ်လွှတ်လိုက်မှန်း မသိသော မြှားတို့ ရောက်ရှိလာပြီး ခံတပ် တွင်းရှိ ယုဒီပ တပ်မ မှ စစ်သည်များအားလုံးနည်းပါး အတုံးအရုံး ကျဆုံးကုန်ကြလေသည်။ ၀င်ပေါက် ၀ နားတွင်ရှိနေသော စစ်သည်များ သည်ပင်လျှင် မြှား ဒဏ်ရာများ ရရှိ ကုန်ကြလေသည်။ထို့နောက် မြှား ဒဏ်ရာ ရလာသော စစ်သည်တစ်ဦးသည် ခံတပ် တွင်းမှ ပြန်လာထွက်လာသည်ကို နောက်မှ လိုက်ပါလာသော ယုဒီပ စစ်သူကြီး လော်ဒီယာ မြင်လေသော် လေးတပ်ကို ရှေ့ သို့တင်ကာ ခံတပ် တွင်း သို့ မြှားမိုး ရွာသွန်း စေလေသည်။ ခံတပ်သည် စက်ဝိုင်းပုံစံ ဖြစ်နေသည့်အတွက် မြှားများ ကိုလည်း ထိုပုံစံအတိုင်းသာ ပစ်သွင်းလိုက်လေရာ ........

ဝှစ် ...... ၀ှစ် ......... ၀ှစ် .............
အား ...... အင်း ....... အူး ..............

                           ရန်သူများထံမှ မြှားများဖြင့် ပြန်လည် ပစ်ခတ်လာသဖြင့် ဟန်သော်ဝေ စစ်ဦးစီး ဆာဂျန်းသည် မိမိရဲ့ တပ်များအားလုံးကို ဆုတ်ခွာရန် အချက်ပြ အမိန့်ပေးလိုက်ပြီး မီးခိုးများကြောင့် ရန်သူများ မသိရှိခိုက် ခံတပ်အပြင်သို့ ထွက်ခွာ ကြလေသည်။ ခံတပ်တွင်း၌ မီးခိုးများသည် ပိန်းပိန် ထူလျက် ရှိနေသောကြောင့် ရန်သူ့တပ်များသည် ရုတ်တရက် အပြင်းမ၀င် ရောက်နိုင်သေးခင်အချိန် တွင် စစ်ဦးစီး ဆာဂျန်းအဖို့ ဆုတ်ခွာရန် အချိန် ကောင်းပင်ဖြစ်လေတော့သည်။ ဟန်သော်ဝေ တပ်များ သည် ခံတပ်ဖြူကြီးအား ရန်သူများ လက်တွင်း၌ ထားခဲ့လိုက်ရသဖြင့် ရာဇ၀င် သွေးကြွေး တစ်ခု တင်ကျန်ရစ်ခဲ့ကြလေတော့သည်။ သို့ဖြင့် ခံတပ်တွင်း၌ အကျဆုံးမရှိတော့ပဲ ဆုတ်ခွာ ခဲ့ရ သည် မို့ ရဲမက်စစ်သည် အင်အား မှာတော့ များစွာ ကျန်ရှိနေခဲ့လေသည်။ ရာဇ၀င်၌ တစ်ကြိမ် တစ်ခါမျှ မကျဆုံးဖူးခဲ့သော ထို ခံတပ်ဖြူကြီးသည် ယနေ့ ကျဆုံးခန်းသို့ ၀င်ရောက်ခဲ့ရလေရာ ဟန်သော်ဝေ နိုင်ငံအတွက် နာကျည်းနစ်နာစရာကောင်းလှပြီး ယုဒီပ နိုင်ငံအတွက် တော့ သမိုင်း စာမျက်နှာသစ်တစ်ခုကို ဖွင့်လှစ် နိုင်ခဲ့ခြင်းလည်း ဖြစ်လေသည်။ အချိန်အားဖြင့် ပြောပြရရင် နံနက် အာရုတ် ချိန် ကို ကျော်လွန်နေပြီး မိုးသောက်ယံ အချိန်သို့ တိုင် ရောက်ရှိ နေလေတော့သည်။

( ဆက်လက်ဖော်ပြပါမည်။)

Rocker77