September 23, 2011

ငါ့ သွေး ငါ့ မြေ ငါ့ အရည်သွေး။ အပိုင်း ( 11 )


အခန်း ( 11 )


အမ .. အဆင့်သင့် ဖြစ်ပြီလား။

                      မယ်မြ တစ်ယောက် အမ ဖြစ်သူ မယ်ခ ကို မေးလိုက်ခြင်းပင် ဖြစ်လေသည်။

အဆင့်သင့်ပါပဲ။
ဒါနဲ့ အဘ ရော၊
မတွေ့ မိပါလား။

အမလေး အမရယ်
အဘက လှည်းပေါ်တောင်
ရောက်နေပြီ။

အင်း........
ဒါဆိုလည်း သွားကြစို့လေ။

                     စကားဆုံးသည်နှင့်တပြိုက်နက် မယ်ခ နှင့် မယ်မြ တို့သည် မိမိတို့ရဲ့ အဆောင် လက်နက် များ ကို ကိုင်စွဲ လျက် တည်းခိုဆောင်အောက်ထပ်ရှိ ခရီးထွက်ရန် အသင့်ဖြစ်နေသော ဘိုးခေါင်းဖြူရဲ့ လှည်းဆီသို့ ဆင်းလာခဲ့ကြလေသည်။ တည်းခိုဆောင်အောက်သို့ ရောက်လေသော် ဘိုးခေါင်းဖြူက သူ၏ လှည်းတွင် မယ်ခ ရဲ့ မြင်းကိုပါ တွဲထားလေသည်။ ထို့ပြင် ပါလာသောကုန်စည်များအားလုံးကို အကုန်စင် ရောင်းပြီးထားသည်မို့ လှည်း နောက်ခန်းကိုလည်း လူစီးလှည်း ပုံစံ သို့ပြောင်းလဲ ထား လေ သည်။ အကြောင်းမှာ မယ်ခ တစ်ယောက် ဒဏ်ရာရပြီးနောက် ပြန်လည် ကောင်းမွန်လာသော် လည်း ကိုယ်တွင်းရှိ အဆိပ်တို့မှာ အကုန်စင် မလွင့်ပြယ်သေးပဲ ကျန်ရှိနေသောကြောင့် ဖြစ်လေ သည်။ မယ်ခ မှာ လှုပ်ရှားမူပြင်း ထန် ပါက ကိုယ်တွင်း၌ အဆိပ်များ ပိုမို ပျံ့ နှံ့ မှာ စိုးရ်ျ ဖြစ်လေ သည်။ မယ်မြ မှာမူ ခရီးစဉ် စတင်ခဲ့ချိန်က အတိုင်း သူမရဲ့ မြင်း ကိုသာ စီးနှင်းပြီး လိုက်ပါမည် ဖြစ် လေသည်။

                    မယ်ခ နှင့် မယ်မြ တို့ တည်းခိုဆောင် အောက်သို့ ရောက်လေသော် ဘိုးခေါင်းဖြူက လှည်းဘေး၌ ရပ် စောင့် နေသည်ကို တွေ့မြင် ရလေသည်။ မယ်ခ သည် လှည်းဘေးရှိ ဘိုးခေါင်းဖြူ ထံသို့ သွားရောက်လိုက်ပြီး ........

အဘ.......
လမ်းခရီးအတွက်
ဘာတွေ သတင်းရထားပြီးပြီလဲ။

ဒီ မြို့ကို ၀င်ထွက်တဲ့ ကုန်သည်တွေရဲ့
ပြောစကားအရတော့
ဒီကနေ ငါးရက် ခရီးနှင်ရင်
လှေဆိပ် ကို ရောက်မယ်။
လှေ ဆိပ်ကနေ ဟိုဘက်ကမ်းကူးလိုက်ရင်
ဟန်သော်ဝေ နယ်ထဲကို ရောက်သွားတယ်။
အဲ့ဒီကနေ တစ်ရက် ခရီးနှင် လိုက်ရင်
တောင်ပေါ်ဆေးဆရာကြီး ဆီကို
ရောက်တယ်လို့ ပြောသွားကြတယ်။
လမ်းမှာ တစ်ခါတလေ လုယက်သူတွေ
ထွက်တိုက်တက်ကြတယ်လို့ လည်း
ပြောသွားကြပါတယ်။

ကောင်းပါပြီး ၊ အဘ .......
အစီစဉ်အတိုင်းပဲ ဆက်လုပ်လိုက်ပါ။

                       ပြောဆိုပြီးနောက် မယ်ခ သည် လှည်းပေါ်သို့ တက်လိုက်လေသည်။ မယ်ခ လှည်းပေါ် သို့ တက်ပြီးသည် နှင့် တပြိုင်နက် ဘိုးခေါင်းဖြူသည် ခရီးစဉ်ကို စတင်လိုက်လေသည်။ မယ်မြ သည် လည်း သူမရဲ့ စီးတော် မြင်းကို စီးနှင်း လျက် လိုက်ပါသွားလေသည်။

***************************************


                        တောလမ်း ဟု ဆိုသော်လည်း သစ်ပင်ကြီးများ ထူထပ်များပြားစွာ မရှိပဲ ကုန်းလွင် ပြင်များ သာ ပိုများ လေသည်။ ကုန်သည် လှည်းတို့ ဖြတ်သန်းသွားလာရာ လမ်းဖြစ်သည်နှင့် အညီ လမ်းတလျှောက်ရှိ အရိပ်ကောင်းသော နေရာ တို့တွင် ကုန်သည်လှည်းတို့ စခန်းချခဲ့ရ်ျ ကျန်ရစ် နေခဲ့ကြသော ခြေရာလက်ရာအချို့ကိုလည်း တွေ့ရတက်သည်။ ဒီနေ့ သည် မယ်ခ တို့ သုံးယောက် ခရီးနှင်လာခဲ့ကြသည်မှာ သုံးရက်မြောက်ရက် ဖြစ်လေသည်။ ယခု အချိန်ထိ ရာသီဥတုမှာ လည်း မျှမျှတတ သာသာယာယာ ပင် ရှိနေသေးတယ်။ ထို့ကြောင့် မယ်ခ တို့ သုံးယောက်သည် ခရီးကို အပြင်းနှင်လို့ ရ သော် လည်း မယ်ခ ရဲ့ ကိုယ်တွင်း အဆိပ် ဒဏ်ကြောင့် ခရီးပန်းမှု အဖြစ်ပေါ်စေရန် ပုံမှန်အတိုင်းသာ ခရီးဆက်နေ ကြလေ သည်။ ထိုသို့ဖြင့် မယ်ခ တို့ သုံးယောက်သည် ခရီးနှင် ခဲ့ကြ လေရာ ညနေ နေ၀င်ရီတရော အချိန်သို့ တိုင်ခဲ့ ကြလေသည်။

                       မယ်ခ တို့သုံးယောက်သည် နေမ၀င်ခင်အမှီ လွင်ပြင်ငယ်တစ်ခုကို ဖြတ်သန်း လိုက်ကြ လေသည်။ ထို လွင်ပြင်ငယ်လေးကို ဖြတ်သန်းပြီးနောက် စိမ်းစိုနေသော တော အုပ်ငယ်လေး တစ်ခု ကို မြင်ကြရလေသည်။ ထို့နောက် ဘိုးခေါင်းဖြူက ........

သမီးတို့ ........
ဒီည ဒီတောစပ်လေးမှာပဲ
စခန်းချ ရအောင်။
ရေ စီးသံလည်း ကြားနေရတယ်။
ဒီ နားမှာ ရေလည်း ရမယ် ထင်တယ်။

                      ထို အခါ မယ်ခ က လှည်းတွင်းမှ နေရ်ျ ပတ်ဝန်းကျင်ကို အကဲခတ် ကြည့်လိုက်ပြီး ........

ဒီနေရာလေး မဆိုးပါဘူး အဘ ။
နားကြတာပေါ့။

                     မယ်ခ ရဲ့ စကားဆုံးလေသော် ဘိုးခေါင်းဖြူက အရိပ်ကောင်းသော သစ်တစ်ပင် အနား တွင် လှည်းကို ရပ်လိုက် ပြီး လှည်းမှ မြင်းတို့ကို ဖြုတ်လိုက်ကာ အနားရှိ အပင်တွင် ချည်ထား လိုက် လေ သည်။ မယ်ခ မှာ လှည်း ပေါ်မှ ဆင်းပြီး ရေသံကြားရာနေရာဆီသို့ စူးစမ်းရန် ထွက်လာခဲ့ လေ သည်။ မယ်မြ ကတော့ မှောင်လာလျှင် အလင်းရောင် ရရှိရန် နှင့် သားရဲတိရစ္ဆာန်တို့ရဲ့ ရန်မှာ ကာ ကွယ် နိုင်ရန် မီးဖိုရန်အတွက် သစ်ကိုင်းခြောက်များကို လိုက်စုနေလေသည်။

                     မယ်ခ သည် ရေသံကြားရာ နေရာဆီသို့ နားစွင့်လျက် ဦးတည်ရ်ျ လာခဲ့လေရာ နောက် ဆုံးတွင် စမ်း ချောင်း လေး တစ်ခုနားသို့ ရောက်လာလေသည်။ ထို စမ်းချောင်းငယ်လေးမှာ မည် သည့် နေရာမှ မြစ်ဖျားခံ စီးဆင်းလာ သည်ကို မသိရသော်လည်း သောက်သုံးရန် ရေကိုမှု ကောင်း စွာ ရနိုင်သည့် အနေထားရှိလေသည်။ ထို့ပြင် စမ်းချောင်းငယ် တွင်းမှ ရေတို့သည် အေးမြ ကြည်လင် နေပြီး အောက်ခံ ကျောက်သားလေးများကိုပင် မြင်နေရလေသည်။

                     မယ်ခ သည် စမ်းချောင်ငယ်လေးနားသို့ သွားကာ ရေစီးလမ်းကြောင်းဘေးနား၌ ထိုင် လိုက်ပြီး လက်ခုပ် ၌ ရေကို ယူကာ သောက်သုံးကြည့်လိုက်လေရာ ရေသည် ပေါ့ခြင်း ငံခြင်း မရှိပဲ အေးမြရ်ျ နေလေသည်။ ထို့ကြောင့် မယ်ခ သည် စမ်းချောင်းလေး ဘေးနား၌ ထိုင်ကာ ရေကို တစ်ဝ ကြီး သောက်လိုက်ကာ မိမိ၌ ပါလာသော ရေဗူး ၌လည်း ရေ ဖြည့် လိုက်လေသည်။ ထို့နောက် ခရီး ပန်းမှုကို ပြေပျေက်စေရန် ကိုယ်လက် သန့်စင်လိုက်ပြီး ဘိုးခေါင်းဖြူတို့ စခန်းချ ရာ နေရာသို့ ပြန် လာ ခဲ့လေသည်။  စခန်းချရာ နေရာသို့ ရောက်လျှင် မယ်မြ က သစ်ကိုင်းခြောက်များကို စုရ်ျ မီးဖို ထားနှင့်ပြီး ညစာအတွက် ရိက္ခာခြောက်များကို ထုတ်ကာ ပြင်ဆင်နေသည်ကို တွေ့ရလေသည်။ ဘိုးခေါင်းဖြူကမှု မြင်းသုံးကောင် ကို ဆွဲလျက် မြင်းများကို ရေတိုက်ရန် စမ်းချောင်းလေး ဆီသို့ ထွက်ခွာ သွားလေသည်။

****************************************


                          တစ်နေကုန် ခြစ်ခြစ်တောက် ပူထားသော နေမင်းကြီးသည် ယခုအခါ ပုန်းကွယ်နေ ရ်ျ အိပ်စက်နေလေ သည်။ ကောင်းကင်ယံ၌ ကြယ်စင်အပေါင်းက ကွေးညွတ်စွာ ပြုံးပြနေသော လ မင်းနဲ့အတူ မြူးတူးဆော့ ကစားလျက် ရှိနေ လေသည်။ ညဆိုသော အမှောင်ထုရဲ့ စိုးပိုင်မှုနဲ့အတူ အအေးဓါတ်တို့ကလည်း တစ်စတစ်စ ပိုကဲ လာလေသည်။ တစ်ချက် တစ်ချက် လွင်ပြင်ငယ်ဆီမှ တိုက်ခတ်လာသော လေအေးများကြောင့် သစ်ပင်တို့ဆီမှ လှုပ်ခတ်နေသော သစ်ကိုင်းသစ်ခတ် တို့ရဲ့ အသံများက ခြောက်ခြားစရာလည်း ကောင်းနေပေသည်။

                     သစ်ကိုင်းခြောက်များကို စုစည်းကာ ဖွဲ့စည်းထားသော မီးပုံတစ်ခု အနီး၌ လူသုံး ယောက် သည် တစ် ယောက် တစ်နေရာစီ နေရာယူလျက် မှေးစက်အိပ်စက် နေကြလေသည်။ ထို သူတို့၏ မလှမ်းမကမ်း အနီးနားတွင် လှည်း တစ်စီး ကို တောက်ထောက်ရ်ျ ရပ်ထားလေသေးသည်။ လှည်းမှ မြင်းများကိုတော့ အနီးမလှမ်းမကမ်းရှိ သစ်ပင်၌ ကြိုးချည် ထားလေသည်။ ထို မြင်း များ သည် လည်း တစ်နေကုန် ပြေးလွှားလှုပ်ရှား ထားကြသည်မို့ ကောင်းမွန်စွာ အနားယူလျက် ရှိ နေ ကြလေသည်။ ထိုသို့ လွင်ပြင်ငယ်အနီး တောအုပ်စပ်တွင် အိပ်စက်အနားယူနေကြသူများမှာ မယ်ခ တို့ သုံးယောက် ပင် ဖြစ်လေသည်။

                     ထိုသို့ သုံးယောက်သား အိပ်မောကျ နေလျက်ရှိစဉ် သစ်ပင်၌ ချည်ထားသော မြင်းသုံး ကောင်အနက်မှ တစ်ကောက်မှာ လှုပ်လှုပ် ရွရွ ဖြစ်လာလေသည်။ ထို့နောက် ရှေ့ ခွာ တစ်ချောင်း အား မြေပြင်ပေါ်သို့ လေးငါးချက်မျှ ယက် လိုက်လေသည်။ ထို မြင်းသည် မယ်ခ ၏ စီးတော်မြင်း ဖြစ် လေသည်။ မယ်ခ ၏ မြင်းရဲ့ လှုပ်ရှားမှုကြောင့် ကျန်မြင်းနှစ် ကောင်မှာလည်း ခပ်လှုပ်လှုပ် ဖြစ်လာ လေသည်။ ထိုသို့ မြင်းများရဲ့ အပြုမူကြောင့် အိပ်စက်နေသော မယ်ခ တို့သုံးယောက် သည် ပတ်ဝန်း ကျင်ကို သတိပြုမိကြလေသည်။ မယ်ခ သည် အိပ်စက်နေရင်းမှ အနီးရှိ မိမိရဲ့ အဆောင်ဓါးကို လက် ထဲ သို့ ယူထားလိုက်လေသည်။ ထို့နောက် ဓါးအိမ်မှ ဓါးကို ထုတ်ရလွယ်ကူစေရန် လက်မ နှင့် အသာ လေး အနည်းငယ် ထုတ် ထား လိုက်လေသည်။ ဘိုးခေါင်းဖြူမှာလည်း အိပ်စက်နေရင်းကပင် သူ့ရဲ့ အဆောင် ဓါးပြားကြီးကို ရင်ဘတ်ပေါ်သို့ ထင်ထား လိုက်လေသည်။ မယ်မြ ကတော့ တုပ်တုပ်မျှပင် မလှုပ်ချေ။

                     မယ်ခ နှင့် ဘိုးခေါင်းဖြူတို့သည် အိပ်စက်နေရင်းမှ ပတ်ဝန်းကျင်ကို နားစွန့်လျက် ရှိနေ ကြ ပေသည်။ စောစောပိုင်းက လှုပ်လှုပ်ရွရွ ဖြစ်နေသော မြင်းတို့သည်လည်း အနည်းငယ် ငြိမ်သက် သွားကြသည်။ လွင်ပြင်ငယ်ဆီမှ တိုက် ခတ်နေသော လေတို့သည်လည်း ရပ်ဆိုင်းသွားခြင်းကြောင့် သစ်ကိုင်းလှုပ်သံတို့သည်လည်း ငြိမ်သက်သွားပြီး ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်လျက် ရှိနေပေသည်။ ထိုအခိုက် မယ်ခရဲ့ မြင်းမှ ရုတ်တရက် ထရ်ျ ဟီ လေတော့သည်။

ဟီးးးးးးး ဟီးးးးးးးး ဟီးးးးးးးးးး

                     မြင်း ဟီး သံရဲ့ အဆုံးမှာ မယ်မြ သည် အနီးရှိ လေးနှင့်မြှားကို လျင်မြန်စွာ ကောက်ယူ လိုက် ပြီးတော အုပ်ဘက်ဆီသို့ မြှားတစ်ချောင်း ပစ်သွင်းလိုက်လေသည်။

ဝှစ် .................
အား ..................

                    တစ်ခါ ထပ်မံရ်ျ ညာဘက်သို့ လှည့်ကာ နောက်တစ်စင်း ပစ်သွင်းလိုက် လေပြန်သည်။

ဝှစ် ................
အား .................

                    ထိုမှ တဖန် အနောက်ဘက်သို့ လှည့်ကာ နောက်ထပ် မြှားတစ်စင်း ပစ်သွင်းလိုက် ပြန် လေသည်။

ဝှစ် ...............
အား ....................

                   မယ်မြ ရဲ့ လျင်မြန်စွာ လှုပ်ရှားလိုက်မှု ကြောင့် အနီးသို့ ချဉ်းကပ်လာသော လူသုံး ယောက် သည် ဇီဝိန် ချုပ် ငြိမ်းသွားကြ လေသည်။ ထို့နောက် ညာသံပေးလျက် တောအုပ်တွင်းမှ လူ တစ်စုသည် မယ်ခ တို့ သုံးယောက်ဆီသို့ ပြေးဝင် လာကြလေသည်။ ခန့်မှန်း ချေ လူ အယောက် ( 30 ) မျှ ဖြစ်နိုင်လေသည်။ ည အမှောင်ချိန် ဖြစ်သည့်အလျောက် မယ်ခ တို့ သည် ပြေးဝင်လာကြသူများ ကို သဲကွဲစွာ မမြင်ရသော်လည်း မိမိတို့ရဲ့ အဆောင်လက်နက်များကို ကိုယ်စီ အသင့် ကိုင် ဆောင် ထား လိုက်ကြလေသည်။ တိုက်ခိုက်ရန်နေရာကိုမူ အလင်းရောင် ရှိသော စခန်းချရာ မီးပုံ အနီးတစ် ၀ိုက် တွင်သာ ပြင် ဆင်ထားကြလေသည်။

                  ပြေးဝင်လာကြသူများသည် တဖြေးဖြေး ရုပ်လုံးပေါ်လာကာ မယ်ခ တို့ သုံးယောက်နှင့် တစ်ကိုက်စာမျှ အကွာဝေးသို့ ရောက်ကြလျှင် မယ်ခ တို့သုံးဦးသည် လက်နက်ပုန်းများကို ကိုယ်စီ ထုတ်ကာ ထိုသူများဆီသို့ ပစ်သွင်း လိုက် ကြလေသည်။

ဝှစ် .......... ၀ှစ် ................ ၀ှစ်..................

အားးးးးးးးးး အားးးးးးးးးးးးးးး အားးးးးးးးးးး

                  လက်နက်ပုန်းဖြင့် ပစ်ခတ်မှုကြောင့် အော် သံများရဲ့ နောက်ကွယ်၌ လူ ကိုးယောက် လောက် တုန်းခနဲ ဖြစ် ကုန် ကြလေသည်။ ထို့နောက် ဆက်လက်ဝင်ရောက်လာကြသူများကို အဆောင်လက်နက်များကို ထုတ်ကာ တိုက်ကြလေ တော့သည်။

ချလွမ်...........ထန် ..............
ဒုတ် ........... အား .............
အား ........ ချလွမ် .............
ဝှစ် ..............အား ..............

                   သုံးယောက်ပေါင်းပြီး တိုက်ကွက်ထုတ် တိုက်ထုတ် လိုက်ကြလေရာ တစ်ဖက်မှ လူ ( 20 ) နီးပါး ကျသွား လေသည်။ ထို့နောက် နောက်လူတို့သည် မယ်ခ တို့ သုံးယောက်အား ဆက်မ တိုက်ဝံ့ တော့ပဲ တောအုပ်ထဲသို့ ပြန်လည်ကာ ပြေးဝင် ပျောက်ကွယ် သွားကြလေသည်။ မယ်ခ တို့ သုံး ယောက် သည်လည်း တစ်ယောက်ကို တစ်ယောက်ကြည့်ကာ မိမိ တို့ရဲ့ အဆောင်လက်နက်များကို ပြန်လည် သိမ်းဆည်းလိုက်ကြလေသည်။
                   
                    ထို့နောက် ဘိုးခေါင်းဖြူက သေဆုံးနေသော အလောင်းများကို လိုက်လံ စစ်ဆေး ကြည့် ရာ ထူးထူး ခြား ခြား အမှတ်သားများကို မတွေ့ရချေ။ ဘိုခေါင်းဖြူက မယ်ခ အား ..........

အမှတ်အသား မတွေ့ရဘူး သမီး
ဒီ နယ် တ၀ိုက်မှာ ခိုးဆိုး လုယက်
နေတဲ့ သူတွေပဲ ဖြစ်မယ်ထင်တယ်။
လူ နည်းတယ်ဆိုပြီး လာတိုက်ကြတာလည်း
ဖြစ်လိမ့်မယ်။

                    ဘိုးခေါင်းဖြူရဲ့ စကားအဆုံး၌ မယ်မြ က ..........

သူတို့ ဒီနေ့ည တွက်ကိန်း မှား သွားကြပြီ ထင်တယ်။

                     မယ်မြ ရဲ့ စကား ဆုံးလေတော့ မယ်ခ က.............

ငါတို့ကတော့ အချမ်းပြေ သွားကြတာပေါ့

                     ထို့နောက် သုံးယောက်သား တ ဟား ဟား ရယ် မော လိုက် ကြလေသည်။


(ဆက်လက်ဖော်ပြပါမည်။ )




No comments:

Post a Comment